Property Expo
×

စိတ္တိုင္းမက်ျဖစ္ခဲ့ရတဲ့ ကိုယ့္ရဲ႕ခႏၶာကိုယ္ ကို ယံုၾကည္မႈအျပည့္နဲ႔ လူေရွ႕မွာ ထုတ္ေဖာ္ျပသဖို႔ဆိုတာ အရင္ကအိပ္မက္ တစ္ခုျဖစ္ခဲ့ေပမယ့္ အခုေတာ့ သူတို႔လို အမ်ဳိးသမီးေတြအတြက္ ၿပိဳင္ပြဲတစ္ခုေပၚလာလို႔ မနန္းေလာင္လ်န္းက ေပ်ာ္ရႊင္ေနတဲ့ပံုျဖစ္ေနပါတယ္။

Plus Size ေခတ္လို႔ ေျပာရမလိုေတာင္ ျဖစ္လာတဲ့ အခုေခတ္ရဲ႕ ၀ယဥ္ေက်းမယ္ ေပါင္ ၁၈၀ နဲ႔ အထက္ယွဥ္ၿပိဳင္ပြဲမွာ သူ႕ကိုယ္သူ ယံုယံုၾကည္ၾကည္နဲ႔ ၿပိဳင္ပြဲ၀င္ဖို႔ သူျပင္ဆင္ေနပါၿပီ။

အသက္ (၂၅) ႏွစ္မွာ ေပါင္ ၂၀၀ ျဖစ္ေနတဲ့ မနန္းေလာင္လ်န္းဟာ အရင္ကလူၾကားထဲ တိုးဖို႔ေတာင္ မ၀ံ့မရဲျဖစ္ခဲ့ရသူပါ။ အခုဆိုရင္ စက္တင္ဘာ ၃ ရက္မွာ က်င္းပေတာ့မယ့္ Miss Plus Size  BeautyQueen မယ္ၿပိဳင္ပြဲအတြက္သူပါ၀င္ဖို႔ အရမ္းစိတ္လႈပ္ ရွားေနပါၿပီ။

‘‘အရင္တုန္းကဆိုရင္ ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး ကိုယ့္ဘာသာကိုယ္စိတ္မလံုၿခံဳဘူး။ အားငယ္သလိုလို ေမြးရာပါခ်ဳိ႕ယြင္းေနသလိုေပါ့။ တျခားသူေတြကလည္း ဒီ၀တဲ့အေပၚမွာတျခားၿဂိဳဟ္က လာသလုိဆက္ဆံခံရတယ္ေလ’’ဟု မနန္းေလာင္လ်န္းက ေျပာျပပါတယ္။

ကေလးဘ၀တည္းက ခႏၶာကိုယ္အေလးခ်ိန္မ်ားခဲ့သူမို႔ သူငယ္ခ်င္းအခ်င္းခ်င္းရဲ႕ စေနာက္မႈဒဏ္ကိုခံခဲ့ရၿပီး အသက္ႀကီးလာခ်ိန္မွာလည္း ပတ္၀န္းက်င္အသိုင္းအ၀ိုင္းက ခြဲျခားဆက္ဆံမႈတခ်ဳိ႕ကို ခံခဲ့ရတယ္လို႔ ၎က ဖြင့္ဟေျပာဆိုပါတယ္။

‘‘ညီမက ငယ္ငယ္ကတည္းက ၀ ေတာ့ ပိုဆိုးတာေပါ့။ အၿမဲအစခံ ရတယ္ေလ’’

အခုဆိုရင္ ႏိုင္ငံတကာမွာ က်င္းပေနၿပီျဖစ္တဲ့ ကိုယ္အေလး ခ်ိန္မ်ားတဲ့ အမ်ဳိးသမီးေတြအ တြက္ Plus Size မယ္ၿပိဳင္ပြဲကို ပထမဆံုးအေနနဲ႔ ရန္ကုန္ၿမိဳ႕မွာ မၾကာခင္ရက္ပိုင္းအတြင္းမွာ က်င္းပျပဳလုပ္ေတာ့မွာ ျဖစ္ပါတယ္။

‘‘ႏိုင္ငံျခားမွာ အဲဒီပြဲေတြလုပ္ ကတည္းက အရမ္းစိတ္၀င္စားခဲ့ တာ။ ဒီမွာလည္း ရွိရင္ေကာင္းမယ္ ေပါ့။ ငါသာဆို၀င္ၿပိဳင္မွာပဲ ၀ လည္း ငါတို႔လုပ္ႏိုင္တယ္ဆိုၿပီး ၀င္ၿပိဳင္ျဖစ္ခဲ့တာပါ’’ဟု မနန္း ေလာင္လ်န္းက ပါ၀င္ယွဥ္ၿပိဳင္ျဖစ္ ပံုကို အားတက္သေရာေျပာပါ တယ္။လူမႈကြန္ရက္ကေနတစ္ ဆင့္ ကိုယ္အေလးခ်ိန္မ်ားတဲ့ အမ်ဳိးသမီးငယ္ေလးမ်ားေပါင္း ၿပီး အခ်င္းခ်င္းစုဖြဲ႕ထားတဲ့ အဖြဲ႕ ေလးက တစ္ႏွစ္ျပည့္လာခဲ့တဲ့အ ခ်ိန္မွာ အမွတ္တရအေနနဲ႔ ေပ်ာ္ ပြဲရႊင္ပြဲျပဳလုပ္ဖို႔ စီစဥ္ရာကေန အ ေပ်ာ္တမ္း ၀ယဥ္ေက်းမယ္ၿပိဳင္ပြဲ ေလးအစပ်ဳိးျပဳလုပ္ခဲ့တာပဲ ျဖစ္ ပါတယ္။

ဒီေန႔ေခတ္ ႏိုင္ငံတကာမွာ က်င္းပေနၾကတဲ့ Miss ၿပိဳင္ပြဲေတြ ကဲ့သို႔ Cat Walk ေလွ်ာက္ျခင္း၊ ေခတ္မီအကမ်ားနဲ႔ ကျပေဖ်ာ္ေျဖ ယွဥ္ၿပိဳင္ရမွာ ျဖစ္တဲ့အတြက္ ကိုယ္အေလးခ်ိန္မ်ားသူတို႔အဖို႔ သာမန္မိန္းကေလးေတြထက္ ရင္ ခုန္စိတ္လႈပ္ရွားစရာေတြနဲ႔ အခက္အခဲတခ်ဳိ႕ႀကံဳေတြ႕ရႏုိင္တယ္လို႔ မနန္းေလာင္လ်န္းက စိုးရိမ္ပူပန္ စြာ ေျပာျပပါတယ္။

‘‘၀တဲ့သူေတြ ေတာ္ေတာ္ မ်ားမ်ားက သိတဲ့အတိုင္း ဥပမာ ညီမဆို ေဒါက္ျမင့္ေတြ မစီးႏုိင္ ဘူး။ လမ္းေလွ်ာက္က်င့္ရတယ္။ အစိမ္းသက္သက္ႀကီးကေန တ ကယ့္ Pro လိုမ်ဳိးယွဥ္ၿပိဳင္ရမွာဆို ေတာ့ တကယ္တမ္းေလွ်ာက္ၿပီဆို ရင္ ကိုယ့္ခႏၶာကိုယ္ကို မနည္း သယ္ရမွာ’’ဟု မနန္းေလာင္လ်န္း က ရယ္ေမာရင္းေျပာပါတယ္။

ကိုယ္အေလးခ်ိန္ ၁၈၀ ႏွင့္ အထက္ အမ်ဳိးသမီးမ်ားအတြက္ ပထမဆံုးအႀကိမ္က်င္းပမယ့္ Plus Size Miss ၿပိဳင္ပြဲကို စက္တင္ဘာ ၃ ရက္ ညေနမွာ ျမရိပ္ညိဳ ဟိုတယ္ေရွ႕မွာရွိတဲ့ City FM ႐ုံး၀င္းအတြင္းျပဳလုပ္က်င္းပမွာ ျဖစ္ပါတယ္။

200lbs Beauties Mya-nmar Group ရဲ႕ တစ္ႏွစ္ျပည့္အ ထိမ္းအမွတ္အျဖစ္ ေစ်းေရာင္းပြဲ ကိုလည္း က်င္းပေပးသြားမွာျဖစ္ ၿပီး Plus Size Miss Beauty Queen ၿပိဳင္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ သူအမ်ဳိးသမီး ၂၀ ခန္႔ရွိေၾကာင္း သိရပါတယ္။

‘‘ခႏၶာကိုယ္ ၀တဲ့သူေတြမွာ ဆိုရင္ မိသားစုထဲကျဖစ္ျဖစ္ အ ျပင္ကသူငယ္ခ်င္းေတြထဲက ျဖစ္ ျဖစ္ စေနာက္ခံရတာမ်ဳိးရွိတယ္။ ဒါကို စိတ္ဓာတ္က်စရာမလိုဘဲနဲ႔ ကိုယ့္ပတ္၀န္းက်င္မွာ တက္တက္ ႂကြႂကြေနထိုင္ၿပီး ယံုၾကည္မႈရွိစြာ ေနထုိင္ႏုိင္ၾကဖို႔ ဒီပြဲေလးကို ရည္ ရြယ္ၿပီး ျပဳလုပ္ျဖစ္တာပါ’’ဟု အဆိုပါပြဲစီစဥ္သူ မခင္စုစုစံက ေျပာပါတယ္။

အဆိုပါၿပိဳင္ပြဲသုိ႔၀င္ေရာက္ ယွဥ္ၿပိဳင္လိုသူမ်ားအတြက္ အ သက္အရြယ္ကန္႔သတ္ထားျခင္း မရွိဘဲ ခႏၶာကိုယ္အေလးခ်ိန္ ၁၈၀နဲ႔အထက္ အပ်ဳိမ်ားသာမက အိမ္ ေထာင္သည္မ်ားကိုပင္ ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ျပဳထားပါတယ္။

‘‘ဒီၿပိဳင္ပြဲမွာ ကိုယ့္ထက္လွ တဲ့သူေတြ Body ေတာင့္တဲ့သူေတြမ်ားၿပီး စတိုင္က်တဲ့သူေတြမ်ား လို႔ ဆုရကို ရရမယ္လို႔ေတာ့ မမွန္း ရဲပါဘူး။ ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေတာ့ရွိပါတယ္’’ဟု မနန္းေလာင္လ်န္းက ေျပာပါတယ္။

အရင္ကဆိုရင္ ခႏၶာကိုယ္၀ တဲ့သူေတြအတြက္ ဖက္ရွင္ပိုင္း ဆိုင္ရာအ၀တ္အစား၊ ဖိနပ္မွအစ ေရြးခ်ယ္ရ အလြန္ခက္ခဲခဲ့ၿပီး အခု ေနာက္ပိုင္းမွာေတာ့ Plus Size ခႏၶာကိုယ္ပိုင္ရွင္မ်ား သီးသန္႔ ထုတ္လုပ္ေရာင္းခ်လာတဲ့ ဖက္ ရွင္မ်ားအတြက္ အလြန္အဆင္ ေျပလာသည္ဟု အသက္ (၂၁) ႏွစ္အရြယ္ ကိုယ္အေလးခ်ိန္ ေပါင္ ၁၈၀ ရွိတဲ့ မမိုးပြင့္ျဖဴက ေျပာပါ တယ္။

‘‘အရင္ကဆို အက်ႌအ၀တ္ အစား၊ ဖိနပ္ေတြ၀ယ္ဖို႔ ဆိုင္ကို သြားရင္ အစ္မနဲ႔ ေတာ္တဲ့ ဆိုဒ္မရွိ ဘူးဆိုၿပီး ခဏခဏအေျပာခံခဲ့ရ ဖူးတယ္။ အဲဒီအတြက္ အက်ႌဆို အပ္ခ်ဳပ္ဆိုင္မွာ သြားခ်ဳပ္ခဲ့ရၿပီး ဖိနပ္ဆိုလည္း ေအာ္ဒါမွာယူစီးရ တဲ့အထိ အလုပ္႐ႈပ္ခံျဖစ္ခဲ့ရတယ္။ အခုေနာက္ပိုင္းမွာေတာ့ ဒါေတြ အဆင္ေျပလာတဲ့အျပင္ ညီမတို႔ လို ခႏၶာကိုယ္၀တဲ့သူေတြကို ပြဲ ထုတ္တဲ့ပြဲေတြပါ က်င္းပလာတဲ့ အတြက္ အားတက္မိတယ္။ လာ မယ့္ႏွစ္မွာ အဲဒီၿပိဳင္ပြဲကို ၀င္ၿပိဳင္ ျဖစ္မယ္’’ဟု ၎က ေျပာပါတယ္။Plus Size Miss Beauty Queen ၿပိဳင္ပြဲကို သြားေရာက္ ၾကည့္႐ႈအားေပးလိုသူေတြအ တြက္ ေစ်းေရာင္းပြဲေတာ္လူ၀င္ ေၾကးက တစ္ေထာင္က်ပ္သာျဖစ္ ၿပီး ၿပိဳင္ပြဲအတြက္ကိုေတာ့ ၀င္ ေၾကး ငါးေထာင္က်ပ္ေကာက္ခံ ထားပါတယ္။

၀၀ကစ္ကစ္ခ်စ္စရာေကာင္းတဲ့ အမ်ဳိးသမီးေတြရဲ႕ မယ္ၿပိဳင္ပြဲ ဟာ တျဖည္းျဖည္းနဲ႔ ရက္နီးကပ္ လာပါၿပီ။ ဒီၿပိဳင္ပြဲမွာ ၀င္ေရာက္ ယွဥ္ၿပိဳင္မယ့္ မနန္းေလာင္လ်န္း ရဲ႕ ရင္ခုန္စိတ္လႈပ္ရွားမႈေတြက လည္း အရင္ကထက္ ပိုပိုၿပီး ျမန္ လာသလို သူ႕ရဲ႕ ယံုၾကည္မႈဟာ လည္း ပိုမိုခိုင္မာလာေနပါၿပီ။

‘‘ပထမတုန္းက အေပ်ာ္ေပါ့။ အခုေတာ့ ၿပိဳင္ပြဲနီးလာေလ စိတ္ လႈပ္ရွားေလပဲ။ ၿပီးေတာ့ ယံုၾကည္ မႈလည္း ရွိလာတယ္’’

ခႏၶာကိုယ္၀လို႔ စေနာက္ခံရ တာကို အရင္က ေခါင္းငုံႏႈတ္ပိတ္သည္းခံျဖစ္ခဲ့ေပမယ့္ Plus Sizeမယ္ၿပိဳင္ပြဲစတင္လာခ်ိန္ကစလို႔ အားအင္ေတြ အျပည့္ျဖစ္လာၿပီးသတၱိေတြရွိလာတယ္လို႔လည္း ဆိုပါတယ္။‘‘တကယ္ေတာ့ ၀တာက က်န္းမာေရးအတြက္ မေကာင္း ေပမယ့္ ဘ၀တစ္ခုလံုးနဲ႔ ယွဥ္ရင္ အေရးမပါပါဘူး။ ၀လည္း လွ ေအာင္ေနလို႔ရတယ္’’

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စိတ်တိုင်းမကျဖြစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ် ကို ယုံကြည်မှုအပြည့်နဲ့ လူရှေ့မှာ ထုတ်ဖော်ပြသဖို့ဆိုတာ အရင်ကအိပ်မက် တစ်ခုဖြစ်ခဲ့ပေမယ့် အခုတော့ သူတို့လို အမျိုးသမီးတွေအတွက် ပြိုင်ပွဲတစ်ခုပေါ်လာလို့ မနန်းလောင်လျန်းက ပျော်ရွှင်နေတဲ့ပုံဖြစ်နေပါတယ်။

Plus Size ခေတ်လို့ ပြောရမလိုတောင် ဖြစ်လာတဲ့ အခုခေတ်ရဲ့ ဝယဉ်ကျေးမယ် ပေါင် ၁၈၀ နဲ့ အထက်ယှဉ်ပြိုင်ပွဲမှာ သူ့ကိုယ်သူ ယုံယုံကြည်ကြည်နဲ့ ပြိုင်ပွဲဝင်ဖို့ သူပြင်ဆင်နေပါပြီ။

အသက် (၂၅) နှစ်မှာ ပေါင် ၂၀၀ ဖြစ်နေတဲ့ မနန်းလောင်လျန်းဟာ အရင်ကလူကြားထဲ တိုးဖို့တောင် မဝံ့မရဲဖြစ်ခဲ့ရသူပါ။ အခုဆိုရင် စက်တင်ဘာ ၃ ရက်မှာ ကျင်းပတော့မယ့် Miss Plus Size  BeautyQueen မယ်ပြိုင်ပွဲအတွက်သူပါဝင်ဖို့ အရမ်းစိတ်လှုပ် ရှားနေပါပြီ။

‘‘အရင်တုန်းကဆိုရင် ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာကိုယ်စိတ်မလုံခြုံဘူး။ အားငယ်သလိုလို မွေးရာပါချို့ယွင်းနေသလိုပေါ့။ တခြားသူတွေကလည်း ဒီဝတဲ့အပေါ်မှာတခြားဂြိုဟ်က လာသလိုဆက်ဆံခံရတယ်လေ’’ဟု မနန်းလောင်လျန်းက ပြောပြပါတယ်။

ကလေးဘဝတည်းက ခန္ဓာကိုယ်အလေးချိန်များခဲ့သူမို့ သူငယ်ချင်းအချင်းချင်းရဲ့ စနောက်မှုဒဏ်ကိုခံခဲ့ရပြီး အသက်ကြီးလာချိန်မှာလည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ခွဲခြားဆက်ဆံမှုတချို့ကို ခံခဲ့ရတယ်လို့ ၎င်းက ဖွင့်ဟပြောဆိုပါတယ်။

‘‘ညီမက ငယ်ငယ်ကတည်းက ၀ တော့ ပိုဆိုးတာပေါ့။ အမြဲအစခံ ရတယ်လေ’’

အခုဆိုရင် နိုင်ငံတကာမှာ ကျင်းပနေပြီဖြစ်တဲ့ ကိုယ်အလေး ချိန်များတဲ့ အမျိုးသမီးတွေအ တွက် Plus Size မယ်ပြိုင်ပွဲကို ပထမဆုံးအနေနဲ့ ရန်ကုန်မြို့မှာ မကြာခင်ရက်ပိုင်းအတွင်းမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

‘‘နိုင်ငံခြားမှာ အဲဒီပွဲတွေလုပ် ကတည်းက အရမ်းစိတ်ဝင်စားခဲ့ တာ။ ဒီမှာလည်း ရှိရင်ကောင်းမယ် ပေါ့။ ငါသာဆိုဝင်ပြိုင်မှာပဲ ၀ လည်း ငါတို့လုပ်နိုင်တယ်ဆိုပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ’’ဟု မနန်း လောင်လျန်းက ပါဝင်ယှဉ်ပြိုင်ဖြစ် ပုံကို အားတက်သရောပြောပါ တယ်။လူမှုကွန်ရက်ကနေတစ် ဆင့် ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးငယ်လေးများပေါင်း ပြီး အချင်းချင်းစုဖွဲ့ထားတဲ့ အဖွဲ့ လေးက တစ်နှစ်ပြည့်လာခဲ့တဲ့အ ချိန်မှာ အမှတ်တရအနေနဲ့ ပျော် ပွဲရွှင်ပွဲပြုလုပ်ဖို့ စီစဉ်ရာကနေ အ ပျော်တမ်း ဝယဉ်ကျေးမယ်ပြိုင်ပွဲ လေးအစပျိုးပြုလုပ်ခဲ့တာပဲ ဖြစ် ပါတယ်။

ဒီနေ့ခေတ် နိုင်ငံတကာမှာ ကျင်းပနေကြတဲ့ Miss ပြိုင်ပွဲတွေ ကဲ့သို့ Cat Walk လျှောက်ခြင်း၊ ခေတ်မီအကများနဲ့ ကပြဖျော်ဖြေ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကိုယ်အလေးချိန်များသူတို့အဖို့ သာမန်မိန်းကလေးတွေထက် ရင် ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ အခက်အခဲတချို့ကြုံတွေ့ရနိုင်တယ်လို့ မနန်းလောင်လျန်းက စိုးရိမ်ပူပန် စွာ ပြောပြပါတယ်။

‘‘ဝတဲ့သူတွေ တော်တော် များများက သိတဲ့အတိုင်း ဥပမာ ညီမဆို ဒေါက်မြင့်တွေ မစီးနိုင် ဘူး။ လမ်းလျှောက်ကျင့်ရတယ်။ အစိမ်းသက်သက်ကြီးကနေ တ ကယ့် Pro လိုမျိုးယှဉ်ပြိုင်ရမှာဆို တော့ တကယ်တမ်းလျှောက်ပြီဆို ရင် ကိုယ့်ခန္ဓာကိုယ်ကို မနည်း သယ်ရမှာ’’ဟု မနန်းလောင်လျန်း က ရယ်မောရင်းပြောပါတယ်။

ကိုယ်အလေးချိန် ၁၈၀ နှင့် အထက် အမျိုးသမီးများအတွက် ပထမဆုံးအကြိမ်ကျင်းပမယ့် Plus Size Miss ပြိုင်ပွဲကို စက်တင်ဘာ ၃ ရက် ညနေမှာ မြရိပ်ညို ဟိုတယ်ရှေ့မှာရှိတဲ့ City FM ရုံးဝင်းအတွင်းပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။

200lbs Beauties Mya-nmar Group ရဲ့ တစ်နှစ်ပြည့်အ ထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲ ကိုလည်း ကျင်းပပေးသွားမှာဖြစ် ပြီး Plus Size Miss Beauty Queen ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် သူအမျိုးသမီး ၂၀ ခန့်ရှိကြောင်း သိရပါတယ်။

‘‘ခန္ဓာကိုယ် ဝတဲ့သူတွေမှာ ဆိုရင် မိသားစုထဲကဖြစ်ဖြစ် အ ပြင်ကသူငယ်ချင်းတွေထဲက ဖြစ် ဖြစ် စနောက်ခံရတာမျိုးရှိတယ်။ ဒါကို စိတ်ဓာတ်ကျစရာမလိုဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ တက်တက် ကြွကြွနေထိုင်ပြီး ယုံကြည်မှုရှိစွာ နေထိုင်နိုင်ကြဖို့ ဒီပွဲလေးကို ရည် ရွယ်ပြီး ပြုလုပ်ဖြစ်တာပါ’’ဟု အဆိုပါပွဲစီစဉ်သူ မခင်စုစုစံက ပြောပါတယ်။

အဆိုပါပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်လိုသူများအတွက် အ သက်အရွယ်ကန့်သတ်ထားခြင်း မရှိဘဲ ခန္ဓာကိုယ်အလေးချိန် ၁၈၀နဲ့အထက် အပျိုများသာမက အိမ် ထောင်သည်များကိုပင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်။

‘‘ဒီပြိုင်ပွဲမှာ ကိုယ့်ထက်လှ တဲ့သူတွေ Body တောင့်တဲ့သူတွေများပြီး စတိုင်ကျတဲ့သူတွေများ လို့ ဆုရကို ရရမယ်လို့တော့ မမှန်း ရဲပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတော့ရှိပါတယ်’’ဟု မနန်းလောင်လျန်းက ပြောပါတယ်။

အရင်ကဆိုရင် ခန္ဓာကိုယ်၀ တဲ့သူတွေအတွက် ဖက်ရှင်ပိုင်း ဆိုင်ရာအဝတ်အစား၊ ဖိနပ်မှအစ ရွေးချယ်ရ အလွန်ခက်ခဲခဲ့ပြီး အခု နောက်ပိုင်းမှာတော့ Plus Size ခန္ဓာကိုယ်ပိုင်ရှင်များ သီးသန့် ထုတ်လုပ်ရောင်းချလာတဲ့ ဖက် ရှင်များအတွက် အလွန်အဆင် ပြေလာသည်ဟု အသက် (၂၁) နှစ်အရွယ် ကိုယ်အလေးချိန် ပေါင် ၁၈၀ ရှိတဲ့ မမိုးပွင့်ဖြူက ပြောပါ တယ်။

‘‘အရင်ကဆို အကျႌအဝတ် အစား၊ ဖိနပ်တွေဝယ်ဖို့ ဆိုင်ကို သွားရင် အစ်မနဲ့ တော်တဲ့ ဆိုဒ်မရှိ ဘူးဆိုပြီး ခဏခဏအပြောခံခဲ့ရ ဖူးတယ်။ အဲဒီအတွက် အကျႌဆို အပ်ချုပ်ဆိုင်မှာ သွားချုပ်ခဲ့ရပြီး ဖိနပ်ဆိုလည်း အော်ဒါမှာယူစီးရ တဲ့အထိ အလုပ်ရှုပ်ခံဖြစ်ခဲ့ရတယ်။ အခုနောက်ပိုင်းမှာတော့ ဒါတွေ အဆင်ပြေလာတဲ့အပြင် ညီမတို့ လို ခန္ဓာကိုယ်ဝတဲ့သူတွေကို ပွဲ ထုတ်တဲ့ပွဲတွေပါ ကျင်းပလာတဲ့ အတွက် အားတက်မိတယ်။ လာ မယ့်နှစ်မှာ အဲဒီပြိုင်ပွဲကို ဝင်ပြိုင် ဖြစ်မယ်’’ဟု ၎င်းက ပြောပါတယ်။Plus Size Miss Beauty Queen ပြိုင်ပွဲကို သွားရောက် ကြည့်ရှုအားပေးလိုသူတွေအ တွက် ဈေးရောင်းပွဲတော်လူဝင် ကြေးက တစ်ထောင်ကျပ်သာဖြစ် ပြီး ပြိုင်ပွဲအတွက်ကိုတော့ ဝင် ကြေး ငါးထောင်ကျပ်ကောက်ခံ ထားပါတယ်။

၀၀ကစ်ကစ်ချစ်စရာကောင်းတဲ့ အမျိုးသမီးတွေရဲ့ မယ်ပြိုင်ပွဲ ဟာ တဖြည်းဖြည်းနဲ့ ရက်နီးကပ် လာပါပြီ။ ဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် မနန်းလောင်လျန်း ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေက လည်း အရင်ကထက် ပိုပိုပြီး မြန် လာသလို သူ့ရဲ့ ယုံကြည်မှုဟာ လည်း ပိုမိုခိုင်မာလာနေပါပြီ။

‘‘ပထမတုန်းက အပျော်ပေါ့။ အခုတော့ ပြိုင်ပွဲနီးလာလေ စိတ် လှုပ်ရှားလေပဲ။ ပြီးတော့ ယုံကြည် မှုလည်း ရှိလာတယ်’’

ခန္ဓာကိုယ်ဝလို့ စနောက်ခံရ တာကို အရင်က ခေါင်းငုံနှုတ်ပိတ်သည်းခံဖြစ်ခဲ့ပေမယ့် Plus Sizeမယ်ပြိုင်ပွဲစတင်လာချိန်ကစလို့ အားအင်တွေ အပြည့်ဖြစ်လာပြီးသတ္တိတွေရှိလာတယ်လို့လည်း ဆိုပါတယ်။‘‘တကယ်တော့ ဝတာက ကျန်းမာရေးအတွက် မကောင်း ပေမယ့် ဘဝတစ်ခုလုံးနဲ့ ယှဉ်ရင် အရေးမပါပါဘူး။ ဝလည်း လှ အောင်နေလို့ရတယ်’’


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top