Property Expo
×

ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ခ႐ုိင္မွာ ျမန္မာအမ်ဳိးသမီးတစ္ဦး ဇီကာဗုိင္းရပ္စ္ ကူးစက္ခံရတယ္လို႔ သိရပါတယ္။

DVB သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ခ်င္းမိုင္ခရုိင္ရဲ႕ ဆန္းဆိုင္ျမိဳ႕နယ္ထဲမွာ ဇီကာ ဗုိင္းရပ္ကူးစက္ခံရသူ ျမန္မာ အမ်ိဳးသမီးတစ္ဦးနဲ႔ ထုိင္းအမ်ိဳးသမီးတစ္ဦးကို ေတြ႕ရွိတာ ျဖစ္တယ္လို႔ ခ်င္းမိုင္ခ႐ုိင္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ေျပာထားတာ ျဖစ္ပါတယ္။

ႏွစ္ဦးစလံုးဟာ ကိုယ္ဝန္ေဆာင္ေတြျဖစ္ျပီး ျမန္မာအမိ်ဳးသမီးဟာ ကိုယ္ဝန္ ၈ လရွိျပီလို႔ သိရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ အဆိုပါ ျမန္မာအမ်ိဳးသမီးဟာ ဆန္းဆန္လံုရပ္ကြက္ထဲကို လြန္ခဲ့တဲ့ တစ္လေလာက္ကမွ လာေရာက္တည္းခိုေနထုိင္ေနတာျဖစ္ျပီး လည္ေခ်ာင္းဆက္တုိက္နာလာတာဟာ ရက္ ၂၀ ရွိေနျပီလို႔ ခ်င္းမိုင္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဦးစီးမႉးက ေျပာထားေၾကာင္း သတင္းမွာ ေဖာ္ျပထားပါတယ္။

အျခားထုိင္းအမ်ိဳးသမီးဟာလည္း  ဆန္ဆိုင္းလံုရပ္ကြက္က ျဖစ္ျပီး ကိုယ္ဝန္ ၆ လရွိကာ  အဖုအပိန္႔ေတြ ထေနတယ္လို႔ သိရပါတယ္။ ပထမအစက ေၾကာင္ေမႊးနဲ႔ မတည့္တာလို႔ ထင္ခဲ့ေပမဲ့ စစ္ေဆးၾကည့္မွ ဇီကာဗုိင္းရပ္ကူးစက္ခံထားရမွန္း ေတြ႕ရွိတာ ျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun



#Unicode Version

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ မြန်မာအမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သိရပါတယ်။

DVB သတင်းဌာနရဲ့ ဖော်ပြချက်အရ ချင်းမိုင်ခရိုင်ရဲ့ ဆန်းဆိုင်မြို့နယ်ထဲမှာ ဇီကာ ဗိုင်းရပ်ကူးစက်ခံရသူ မြန်မာ အမျိုးသမီးတစ်ဦးနဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို တွေ့ရှိတာ ဖြစ်တယ်လို့ ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောထားတာ ဖြစ်ပါတယ်။

နှစ်ဦးစလုံးဟာ ကိုယ်ဝန်ဆောင်တွေဖြစ်ပြီး မြန်မာအမျိုးသမီးဟာ ကိုယ်ဝန် ၈ လရှိပြီလို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် အဆိုပါ မြန်မာအမျိုးသမီးဟာ ဆန်းဆန်လုံရပ်ကွက်ထဲကို လွန်ခဲ့တဲ့ တစ်လလောက်ကမှ လာရောက်တည်းခိုနေထိုင်နေတာဖြစ်ပြီး လည်ချောင်းဆက်တိုက်နာလာတာဟာ ရက် ၂၀ ရှိနေပြီလို့ ချင်းမိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူးက ပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အခြားထိုင်းအမျိုးသမီးဟာလည်း  ဆန်ဆိုင်းလုံရပ်ကွက်က ဖြစ်ပြီး ကိုယ်ဝန် ၆ လရှိကာ  အဖုအပိန့်တွေ ထနေတယ်လို့ သိရပါတယ်။ ပထမအစက ကြောင်မွှေးနဲ့ မတည့်တာလို့ ထင်ခဲ့ပေမဲ့ စစ်ဆေးကြည့်မှ ဇီကာဗိုင်းရပ်ကူးစက်ခံထားရမှန်း တွေ့ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top