Property Expo
×

၁၉၉၄ ခုႏွစ္မွာ ေရွးေဟာင္းသုေတသနပညာရွင္တဦးဟာ ဟန္ေဂရီႏုိင္ငံရဲ႕ ဘုရားေက်ာင္းတခုထဲမွာ မပုပ္မသိုးေသးတဲ့ အေလာင္း ၂ ေလာင္းကို ရွာေတြ႔ခဲ့ပါတယ္။
ဒီေဆးစိမ္ထားတဲ့ အေလာင္း ၂ ေလာင္းကေတာ့ တီဘီေရာဂါနဲ႔ ေသဆံုးသြားတယ္လုိ႔ ယူဆရတဲ့ ဗာရုိနီကာလုိ႔ ေခၚတဲ့ အသက္ ၃၈ ႏွစ္အရြယ္ မိခင္တဦးနဲ႔ သူမရဲ႕သား ေရာ္ဟန္လုိ႔ ေခၚတဲ့ အသက္ ၁ ႏွစ္အရြယ္ ကေလးရဲ႕ အေလာင္းေတြပါ။

လက္တေလာမွာေတာ့ ဒီေဆးစိမ္အေလာင္းေတြကို ကယ္လီဖိုးနီးယားျပည္နယ္ စန္တာအန္နာၿမိဳ႕မွာရွိတဲ့ Orange Country ေဆးဌာနသို႔ ပို႔ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

ကၽြမ္းက်င္သူေတြကေတာ့ ဒီရုပ္အေလာင္းေတြ ဘာေၾကာင့္ေသဆံုးရတယ္ ဆိုတာ သိရန္ ခြဲစိတ္ၾကည့္ဖုိ႔ စီစဥ္ေနၾကၿပီး၊ အေလာင္းျမႇဳပ္ႏွံထားတဲ့ေနရာမွလည္း အေရးႀကီး သတင္းအခ်က္အလက္ေတြ ေတြ႔ရဖို႔ ႀကိဳးစားေနၾကပါတယ္။

ဒါက ေလ့လာမႈအတြက္ အထင္အရွား ျပသေနေပမဲ့ ဒီဘုရားေက်ာင္းအတြင္းက အေလာင္းေတြ ျမႇဳပ္ႏွံထားတဲ့ေနရာမွာ ေနာက္ထပ္ ေဆးစိမ္ထားတဲ့ အေလာင္း ၂၅၀ ထပ္မံ ေတြ႔ရွိေနတာပါ။

ကြ်မ္းက်င္သူေတြကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀၀ ေလာက္က ပ႗ိဇီဝေဆးေတြ ဒါမွမဟုတ္ ေဆးဝါးေတြ မရွိဘူးဆုိတာ သိရွိေပမယ့္ ဒီလူေတြ ဘာလုိ႔ ေသဆံုးရလဲဆုိတာနဲ႔ အဲ့ဒီအခ်ိန္တုန္းက ကေလးေတြအမ်ားႀကီး ေသဆံုးရတဲ့အေၾကာင္းရင္းအတြက္ အေျဖမ်ား ပိုၿပီး သိရမလားလုိ႔ ဆက္လက္ ရွာေဖြေနၾကတာပါ။

အေလာင္းေတြ ခြဲစိတ္ထားတာရဲ႕ ေနာက္ဆံုးရလဒ္ေတြကို သိဖုိ႔ ဒီႏွစ္ စက္တင္ဘာလအထိ ခြင့္ျပဳထားၿပီး ဒီစမ္းသပ္မႈေတြ ၿပီးရင္ ဘယ္လုိ သမုိင္းဆုိင္ရာ ေတြ႔ရွိခ်က္ေတြမ်ား ေဖာ္ထုတ္ႏုိင္မလဲဆုိတာ ကြ်မ္းက်င္သူေတြက စိတ္အား ထက္သန္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
၁၉၉၄ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင်တဦးဟာ ဟန်ဂေရီနိုင်ငံရဲ့ ဘုရားကျောင်းတခုထဲမှာ မပုပ်မသိုးသေးတဲ့ အလောင်း ၂ လောင်းကို ရှာတွေ့ခဲ့ပါတယ်။
ဒီဆေးစိမ်ထားတဲ့ အလောင်း ၂ လောင်းကတော့ တီဘီရောဂါနဲ့ သေဆုံးသွားတယ်လို့ ယူဆရတဲ့ ဗာရိုနီကာလို့ ခေါ်တဲ့ အသက် ၃၈ နှစ်အရွယ် မိခင်တဦးနဲ့ သူမရဲ့သား ရော်ဟန်လို့ ခေါ်တဲ့ အသက် ၁ နှစ်အရွယ် ကလေးရဲ့ အလောင်းတွေပါ။

လက်တလောမှာတော့ ဒီဆေးစိမ်အလောင်းတွေကို ကယ်လီဖိုးနီးယားပြည်နယ် စန်တာအန်နာမြို့မှာရှိတဲ့ Orange Country ဆေးဌာနသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီရုပ်အလောင်းတွေ ဘာကြောင့်သေဆုံးရတယ် ဆိုတာ သိရန် ခွဲစိတ်ကြည့်ဖို့ စီစဉ်နေကြပြီး၊ အလောင်းမြှုပ်နှံထားတဲ့နေရာမှလည်း အရေးကြီး သတင်းအချက်အလက်တွေ တွေ့ရဖို့ ကြိုးစားနေကြပါတယ်။

ဒါက လေ့လာမှုအတွက် အထင်အရှား ပြသနေပေမဲ့ ဒီဘုရားကျောင်းအတွင်းက အလောင်းတွေ မြှုပ်နှံထားတဲ့နေရာမှာ နောက်ထပ် ဆေးစိမ်ထားတဲ့ အလောင်း ၂၅၀ ထပ်မံ တွေ့ရှိနေတာပါ။

ကျွမ်းကျင်သူတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်က ပဋ္ဋိဇီဝဆေးတွေ ဒါမှမဟုတ် ဆေးဝါးတွေ မရှိဘူးဆိုတာ သိရှိပေမယ့် ဒီလူတွေ ဘာလို့ သေဆုံးရလဲဆိုတာနဲ့ အဲ့ဒီအချိန်တုန်းက ကလေးတွေအများကြီး သေဆုံးရတဲ့အကြောင်းရင်းအတွက် အဖြေများ ပိုပြီး သိရမလားလို့ ဆက်လက် ရှာဖွေနေကြတာပါ။

အလောင်းတွေ ခွဲစိတ်ထားတာရဲ့ နောက်ဆုံးရလဒ်တွေကို သိဖို့ ဒီနှစ် စက်တင်ဘာလအထိ ခွင့်ပြုထားပြီး ဒီစမ်းသပ်မှုတွေ ပြီးရင် ဘယ်လို သမိုင်းဆိုင်ရာ တွေ့ရှိချက်တွေများ ဖော်ထုတ်နိုင်မလဲဆိုတာ ကျွမ်းကျင်သူတွေက စိတ်အား ထက်သန်နေကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top