Property Expo
×

                အေညႇာ္နံ႔ႏွင့္ မီးခိုးေငြ႕မ်ားက ေရရွည္တြင္ က်န္းမာေရးကို ထိခိုက္ေစပါသည္။
 သင္တု႔ိ၏ မီးဖိုေခ်ာင္တြင္ အသံတိတ္လူသတ္သမား ေရာက္ေနပါၿပီလား။

ေလထုညစ္ညမ္းမႈေၾကာင့္ ကမၻာေပၚတြင္ လူဦးေရ ေလးသန္းခန္႔ ႏွစ္စဥ္အသက္ဆံုး႐ံႈးေနရသည္ဟု ကမၻာ့က်န္းမာေရးအဖြဲ႕က ထုတ္ျပန္ထားသည္။ အစားအေသာက္ခ်က္ျပဳတ္ရာတြင္ အသံုးျပဳသည့္ မီးေသြး၊ ထင္း၊ ႏြားေခ်း၊ ေက်ာက္မီးေသြး၊ ဇီဝေလာင္စာ စသည္တို႔မွထြက္သည့္ မီးခိုးေငြ႕မ်ားက အိမ္တြင္းေလထုညစ္ညမ္းျခင္းကို ျဖစ္ေပၚေစၿပီး အမ်ဳိးသမီးမ်ားႏွင့္ ကေလးငယ္မ်ား၏ က်န္းမာေရးကိုအဓိက ၿခိမ္းေျခာက္ေနသည့္ ျပႆနာတစ္ရပ္ ျဖစ္လာေနသည္။

‘‘မီးဖိုေခ်ာင္ရဲ႕ မီးခိုးေငြ႕ကို အသံတိတ္လူသတ္သမားအျဖစ္ က်န္းမာေရးစစ္တမ္းေတြက ေျပာလာၿပီ’’ဟု အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာေက်ာ္စြာဦးက ဆိုသည္။

လူဦးေရ ထူထပ္လာသည့္ ရန္ကုန္ၿမိဳ႕တြင္ အထပ္ျမင့္တိုက္မ်ားျဖင့္ ေနရာထုိင္ခင္းအတြက္ ေျဖရွင္းေနေသာ္လည္း တိုက္ခန္းအမ်ားစုသည္ က်ဥ္းေျမာင္းကာ ေလဝင္ေလထြက္မေကာင္းေပ။

ေလဝင္ေလထြက္ မေကာင္းသည့္ တိုက္ခန္းထဲတြင္ မီးဖိုေခ်ာင္မွထြက္သည့္ မီးခိုးနံ႔၊ ေညႇာ္နံ႔၊ ေဆးလိပ္ေငြ႕၊ ျခင္ေဆးေခြႏွင့္ အေမႊးတိုင္ထြန္းရာမွ ထြက္လာသည့္အနံ႔မ်ားကို ေန႔စဥ္႐ွဴ႐ိႈက္ ေနရေသာ္လည္း ၎တို႔သည္ က်န္းမာေရးႏွင့္ပတ္သက္သည့္ ျပႆနာမ်ား ျဖစ္ေပၚလာႏိုင္မည္ကို သတိမမူမိၾကေခ်။ အိမ္တြင္း ေလထုညစ္ညမ္းမႈ ျဖစ္ေစေသာ ယင္းအဆိပ္ေငြ႕မ်ားသည္ တျဖည္းျဖည္းခ်င္း အသက္႐ွဴလမ္းေၾကာင္း အတြင္းသို႔ ဝင္ေရာက္သြားသည္။

‘‘ၿမိဳ႕ျပ တိုက္ခန္းေတြကက်ဥ္းလာတယ္။ ေလဝင္ေလထြက္ ျပတင္းေပါက္မရွိဘူး။ အရင္ေခတ္က ေဆာက္ခ်င္သလိုေဆာက္ၿပီး ဥပေဒမဲ့၊ စည္းမဲ့ကမ္းမဲ့လုပ္ခဲ့တာေၾကာင့္ တခ်ဳိ႕တုိက္ေတြဆိုျပတင္းေပါက္ေတာင္ မပါေတာ့ဘူး။ လူေတြကလည္း ကိုယ့္အုိးကိုယ့္ဆန္နဲ႔ အဆင္ေျပေအာင္ေနရေတာ့ ဒါကို မတြက္မိလိုက္ဘူး။ ၾကာလာတဲ့အခါ အိမ္တြင္းမွာေရာပတ္ဝန္းက်င္မွာပါ ေလထုညစ္ညမ္းမႈဒဏ္ခံစားလာရၿပီး အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ၊ ႏွလံုးနဲ႔ ေသြးေၾကာဆုိင္ရာေရာဂါေတြ ဆက္စပ္ျဖစ္ေပၚလာတာ ေတြ႕ရတယ္’’ဟု ေဒါက္တာေက်ာ္စြာဦးက ဆိုသည္။

အလံုပိတ္တိုက္ခန္းမ်ားတြင္ ေလေအးစက္မ်ား အသံုးျပဳၿပီးေနထုိင္ပါက အျပင္ေလႏွင့္အတြင္း ေလမွ်တမႈမရွိျခင္း၊ အိမ္တြင္းသန္႔ရွင္းမႈအားနည္းျခင္း၊ တစ္ကိုယ္ေရသန္႔ရွင္းမႈႏွင့္ အိမ္ေထာင္ပရိေဘာဂမ်ား သန္႔ရွင္းမႈညံ့ဖ်င္းျခင္းမ်ားက ေရာဂါမ်ားကို လက္ယပ္ေခၚေနသကဲ့သို႔ ျဖစ္ေနသည္။

‘‘သန္႔ရွင္းတဲ့ေလကို ျပည့္ျပည့္ဝဝ မ႐ွဴရဘူး။ အေဆာက္အအံုအတြင္းမွာရွိတဲ့ ေလနဲ႔အေဆာက္အအံု ျပင္ပမွာရွိတဲ့ေလကို သင့္တင့္မွ်တေအာင္ အလဲအလွယ္ လုပ္ခြင့္မရဘူး။ အလံုပိတ္အိမ္မွာ ေလေအးစက္နဲ႔ Exhaust Fun ကိုအားကိုးၿပီး ေနရသူေတြမွာ အသက္႐ွဴလမ္းဆိုင္ရာ ေရာဂါေတြ၊ အဆုတ္အေအးမိတာ၊ အဆုတ္ေရာင္ေရာဂါေတြ ျဖစ္လာၾကတယ္။ အခုဆို ပိုေတြ႕လာရတယ္။ ေဆးလိပ္ေသာက္သူေတြမွာ အဲဒီေရာဂါ ဝင္သြားရင္ ႏွလံုးခုန္ႏႈန္းမမွန္တာ၊ ျမန္တာစတဲ့ ေနာက္ဆက္တြဲဆိုးက်ဳိးရသြားတဲ့ Case ေတြလည္း ေတြ႕ေနရတယ္’’ ဟု လုပ္ငန္းခြင္က်န္းမာေရးဌာန (အၿငိမ္းစား) ၫႊန္ၾကားေရးမွဴး ေဒါက္တာသန္းထြဋ္က ေျပာသည္။

ထို႔အျပင္ အေဆာက္အအံုအေဟာင္းမ်ား၌ ေလဝင္ေလထြက္ သန္႔ရွင္းမႈမရွိေသာေၾကာင့္ ပရိေဘာဂမ်ား မိႈစြဲျခင္း၊ အိပ္ရာခင္း၊ ေခါင္းအံုးစြပ္၊ ျခင္ေထာင္မ်ားတြင္ ဖုန္မႈန္႔ႏွင့္ပိုးမႊားမ်ား ကပ္ၿငိၿပီး ဓာတ္မတည့္ျဖစ္ျခင္း၊ အင္ျပင္ထြက္ျခင္း၊ ပန္းနာရင္က်ပ္ ေရာဂါအခံရွိသူမ်ားတြင္ ပို၍ ေရာဂါဆိုးျခင္းမ်ား ျဖစ္လာေစႏိုင္ပါသည္။

အိမ္တြင္း ေလထုညစ္ညမ္းျခင္းဒဏ္ ခံစားေနရသည့္ ရန္ကုန္ေန ျပည္သူမ်ားသည္ ယာဥ္ေၾကာက်ပ္တည္းမႈေၾကာင့္ ထြက္ေပၚလာသည့္ မီးခိုးေငြ႕မ်ား၊ စက္မႈဇုန္မ်ားမွ ထြက္လာသည့္ အမႈန္အမႊားမ်ား၊ လမ္းေဘးေစ်းသည္မ်ားမွ ေရာင္းခ်ေနသည့္ အကင္မ်ဳိးစံုမွ အနံ႔မ်ား၊ မီးစက္မ်ားမွထြက္သည့္ အခိုးအေငြ႕မ်ားေၾကာင့္ ပတ္ဝန္းက်င္ေလထု ညစ္ညမ္းမႈဒဏ္ကိုပါ ထပ္ဆင့္ခံစားေနရသည္။

အထူးသျဖင့္ ယာဥ္ေၾကာက်ပ္တည္းၿပီး လမ္းေဘးေစ်းသည္ ေပါမ်ားသည့္ လွည္းတန္း၊ လသာကဲ့သို႔ ေနရာမ်ားတြင္ ေနထုိင္သူမ်ားသည္ ကားမ်ားမွထြက္သည့္ ဓာတ္ေငြ႕မ်ား၊ အကင္ဆိုင္မ်ားမွ မီးခိုးေငြ႕မ်ားကို ေန႔စဥ္႐ွဴ႐ိႈက္ေနရသည္။

‘‘အခုဆိုရင္ ေလထုညစ္ညမ္းတာက ဆိုးလာၿပီ။ ကားေတြက ပိတ္ေတာ့ Heat ေတြတက္လာၿပီး ကာဗြန္အေငြ႕ေတြ ထြက္လာတယ္။ ေနာက္လမ္းေဘးေစ်းသည္ရဲ႕အကင္ေတြက ထြက္တဲ့မီးခိုးေတြကလည္း ဆိုးတယ္။ ပတ္ဝန္းက်င္ကို ေတာ္ေတာ္ထိခိုက္တယ္။ ဒါေတြက အဆိပ္ေငြ႕ေတြပဲ။ ၾကာလာရင္ က်န္းမာေရးျပႆနာေတြ ျဖစ္လာၾကမွာ။ နည္းလမ္းရွာဖို႔လိုတယ္’’ဟု ေဒါက္တာေက်ာ္စြာဦးက ဆိုသည္။

ရန္ကုန္ၿမိဳ႕ေလထုတြင္ ကာဗြန္ဒိုင္ေအာက္ဆိုက္၊ မီသိန္းႏွင့္ ဆာလဖာဒိုင္ေအာက္ဆိုက္ကဲ့သို႔ေသာ ဓာတ္မ်ားသည္ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO)၏ စံႏႈန္းသတ္မွတ္ခ်က္ထက္ ပိုမ်ားေနသည္ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာန၏ ေလထုအရည္အေသြးတိုင္းတာေရးရလဒ္မ်ားက ေဖာ္ျပေနသည္။

ရန္ကုန္ၿမိဳ႕၏ ေလထုအရည္အေသြးကို တိုင္းတာစစ္ေဆးရင္းတစ္ဖက္၌လည္း က်န္းမာေရးႏွင့္ ဆက္စပ္သည့္ အေျခအေနမ်ားကို ေလ့လာရာတြင္ ကေလးမ်ား၌ ပန္းနာရင္က်ပ္ေရာဂါ ျဖစ္ပြားႏႈန္းမ်ားလာသည္ကို ေတြ႕ရသည္ဟု လုပ္ငန္းခြင္က်န္းမာေရးဌာန ၫႊန္ၾကားေရးမွဴး ေဒါက္တာၾကည္လြင္ဦးက ေျပာသည္။

‘‘ကေလးေတြမွာ ကားေတြကထြက္တဲ့ အိတ္ေဇာဓာတ္ေငြ႕ကုိ တိုက္႐ိုက္႐ွဴ႐ိႈက္မိတာေၾကာင့္ အရပ္ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစႏုိင္တယ္။ အဆုတ္ဖြံ႕ၿဖိဳးမႈႏႈန္းကလည္း လူႀကီးေတြထက္စာရင္ ပိုခံႏုိင္ရည္မရွိ ျဖစ္ေနတယ္။ အဆုတ္ကလည္း ဖြံ႕ၿဖိဳးေနတဲ့အခ်ိန္ေတြမွာ ထိခိုက္မိသလို ျဖစ္တယ္။ အဆုတ္ရဲ႕လုပ္ငန္းေဆာင္တာ က်ေနတယ္လို႔ ေျပာလို႔ရတယ္’’ဟု ၎က သံုးသပ္သည္။

ေလထု ညစ္ညမ္းမႈႏွင့္ ကေလးမ်ား၏ က်န္းမာေရးအေျခအေန ဆက္စပ္ျခင္းရွိ၊ မရွိကို ရန္ကုန္ကေလးေဆး႐ံုႀကီး (ဟယ္ပင္) ႏွင့္ ရန္ကင္းကေလးေဆး႐ံုႀကီးမွရရွိလာေသာ ေဒတာမ်ားကို ဆန္းစစ္ရာ ၂၀၁၃ မွ ၂၀၁၅ အတြင္း နမိုးနီးယားေရာဂါႏွင့္ ပန္းနာရင္ က်ပ္ေရာဂါမ်ား ျဖစ္ပြားႏႈန္း ပိုျမင့္လာသည္ကို ေတြ႕ရျခင္းျဖစ္သည္။

အသက္ (၅) ႏွစ္ေအာက္ ကေလးမ်ားတြင္ နမိုးနီးယားေရာဂါေၾကာင့္ ေသဆံုးမႈသည္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး ယင္းသည္ အိမ္တြင္းႏွင့္ ပတ္ဝန္းက်င္ေလထုညစ္ညမ္းမႈမ်ားႏွင့္ ဆက္စပ္မႈရွိေနသည္ဟု ကမၻာ့က်န္းမာေရးအဖြဲ႕၏ က်န္းမာေရးစစ္တမ္းမ်ားက ဆိုသည္။

အိမ္တြင္းေလထု ညစ္ညမ္းမႈေၾကာင့္ နမုိးနီးယားေရာဂါျဖစ္ပြားသူ ၁၂ ရာခိုင္ႏႈန္း၊ ေလျဖတ္ေရာဂါျဖစ္ပြားသူ ၃၄ ရာခိုင္ႏႈန္းႏွင့္ ႏွလံုးေသြးေၾကာပိတ္ေရာဂါ ျဖစ္ပြားသူ ၂၆ ရာခိုင္ႏႈန္းအထိ ရွိေနသည္။ ၂၂ ရာခိုင္ႏႈန္းမွာ အဆုတ္ ေရာဂါျဖစ္ပြားေနၿပီး ၆ ရာခိုင္ႏႈန္း မွာအဆုတ္ကင္ဆာျဖစ္၍ ေသဆံုးေနၾကရသည္ဟု ကမၻာ့က်န္းမာေရးအဖြဲ႕က ၂၀၁၂ စစ္တမ္းတြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ေလထုညစ္ညမ္းျခင္းေၾကာင့္ အခ်ိန္မတိုင္မီ အသက္ငယ္ငယ္ျဖင့္ ဖ်ားနာေသဆံုးမႈမျဖစ္ေစရန္ ေလထုသန္႔စင္ေအာင္ ေဆာင္ရြက္ရန္လိုသည္။ ေလထုညစ္ညမ္းမႈ ျဖစ္ေပၚေစေသာ အရာမ်ားကို ဆန္းစစ္ေလ့လာၿပီး ေလွ်ာ့ခ်ႏုိင္မည့္ စီမံကိန္းတစ္ခု ရန္ကုန္ၿမိဳ႕အတြက္ ေရးဆြဲရန္လိုအပ္ေနၿပီျဖစ္ေၾကာင္း က်န္းမာေရးဆိုင္ရာ ကြၽမ္းက်င္သူမ်ားက အႀကံျပဳသည္။

‘‘အိမ္တြင္း ေလထုညစ္ညမ္းမႈေလ်ာ့က်ေအာင္ ေနသာတဲ့ရက္ေတြမွာ ျပတင္းေပါက္ေတြအကုန္ဖြင့္ၿပီး ေလဝင္ေလထြက္ေကာင္းေအာင္ လုပ္ရမယ္။ မီးခိုးေငြ႕၊ ေညႇာ္နံ႔မ်ားတဲ့ေနရာမွာ ေနသူေတြ က Exhaust Fun (မီးခိုးထုတ္လႊတ္သည့္ႁပြန္ေပါက္) ထားသင့္တယ္။ အဲကြန္းအသံုးျပဳတဲ့ အိမ္ေတြမွာ အိမ္အတြင္းေလနဲ႔ အျပင္ေလကို ေလးနာရီျခားတစ္ခါ၊ ေျခာက္နာရီျခားတစ္ခါေလာက္ ဖလွယ္သန္႔စင္ေပးႏုိင္ရင္ ပိုေကာင္းတယ္’’ဟု ေဒါက္တာသန္းထြဋ္က အႀကံျပဳသည္။ အဲကြန္းကုိ ဆက္တိုက္မဖြင့္ဘဲ ေလးနာရီ (သို႔မဟုတ္) ေျခာက္နာရီတစ္ခါ ပိတ္၍ တံခါးေပါက္မ်ားဖြင့္ၿပီး အျပင္ေလဝင္ေအာင္ ျပဳလုပ္ေပးရန္ အႀကံျပဳျခင္းျဖစ္သည္။

သို႔ေသာ္ ရန္ကုန္ၿမိဳ႕ေန ျပည္သူအမ်ားစုကမူ မီးဖိုေခ်ာင္ခန္းမွ ေလထုညစ္ညမ္းမႈက က်န္းမာေရးထိခိုက္ေစႏိုင္သည္ကို မသိရွိၾကေပ။

‘‘ေလထုညစ္ညမ္းမႈေၾကာင့္ လူေတြက်န္းမာေရးထိခိုက္တယ္လို႔ စစ္တမ္းေတြက ေျပာတာ မသိပါဘူး။ ရန္ကုန္မွာ ေလထုညစ္ညမ္းမႈ ျဖစ္ေနတယ္ဆိုတာ သတင္းေတြမွာလည္း သိပ္မေတြ႕ရဘူး။ အသိပညာေပးမႈေတြ လုပ္သင့္ပါတယ္။ ကြၽန္မက ရင္က်ပ္အခံရွိေတာ့ ကိုယ့္အိမ္မွာေတာ့ ျခင္ေဆးထြန္းတာေတြ မလုပ္ဘူး။ ျခင္အတြက္ေတာ့ ဘူးနဲ႔ဖ်န္းတာေတြလုပ္တယ္။ ျခင္ေျပးတဲ့စက္သံုးတယ္။ အဲဒါကိုလည္း အဲကြန္းဖြင့္တဲ့အခ်ိန္ မသံုးဘူး။ အဲကြန္းကိုလည္း အေအးေၾကာက္ေတာ့ ေတာက္ေလွ်ာက္ေတာ့ မဖြင့္ဘူး။ ေလထုညစ္ညမ္းမႈနဲ႔ ပတ္သက္ၿပီး ေဆာင္ရန္ ေရွာင္ရန္ တီဗီတို႔၊ အက္ဖ္အမ္တို႔ကေန ထုတ္လႊင့္ေပးႏိုင္ရင္ ပိုေကာင္းမယ္’’ဟု စမ္းေခ်ာင္းၿမိဳ႕နယ္ မႀကီးႀကီးလမ္းေန မေသာ္တာက ေျပာသည္။

ေတာင္ဒဂံုၿမိဳ႕နယ္ (၂၄) ရပ္ကြက္ေနမႏွင္းႏွင္းက အိမ္တြင္ (၂)ႏွစ္ေက်ာ္ အရြယ္ကေလးငယ္ရွိသည့္အတြက္ ျခင္ေဆးေခြႏွင့္ မီးေသြးမသံုးေတာ့သည္မွာ ၾကာၿပီဟုေျပာသည္။ ထုိ႔အျပင္ အမ်ဳိးသားကိုပင္ ေဆးလိပ္ေသာက္ပါကအိမ္အျပင္ ထြက္ေသာက္ေစသည္။ ေလထုညစ္ညမ္းသည္ကို ကာကြယ္ရန္ ေလထုသန္႔စင္ေပးႏိုင္ေသာ သစ္ပင္မ်ားစိုက္ရန္ မႏွင္းႏွင္းစိတ္ကူးထားသည္။

ေလထုညစ္ညမ္းမႈ ျဖစ္ေစေသာအရာမ်ားကို တစ္ပြဲတိုးနည္းျဖင့္ ေလ်ာ့က်ေအာင္လုပ္၍ မရဘဲ ေသခ်ာစနစ္တက် စီမံကိန္းခ်ၿပီး က်န္းမာေရးဝန္ႀကီးဌာနႏွင့္ အျခားေသာ ႏွီးႏႊယ္သည့္ ဝန္ႀကီးဌာနမ်ား စုေပါင္းၿပီး လုပ္ေဆာင္သင့္သည္ဟု ၎က ေျပာသည္။

ပတ္ဝန္းက်င္ ေလထုညစ္ညမ္းမႈကိုျဖစ္ေစေသာ အေၾကာင္းရင္းမ်ား (ကားအမ်ဳိးအစား၊ ေလာင္စာဆီအမ်ဳိးအစား၊ ကားအစီးအေရအတြက္)ကို ဆန္းစစ္ရွာေဖြျခင္း၊ ၿမိဳ႕ျပသန္႔ရွင္းေရး ဖုန္၊ အမႈိက္ထြက္ရွိမႈ ေလွ်ာ့ခ်ျခင္း၊ စက္မႈဇုန္မ်ားမွ ထြက္လာသည့္ အမႈန္အမႊားမ်ား ေလ်ာ့က်ေအာင္ ျပဳျပင္ျခင္း စသျဖင့္ နည္းလမ္းရွာေဖြၿပီး ဘက္ေပါင္းစံုမွ ေလ်ာ့က်ေအာင္ ျပဳလုပ္ရန္ လိုအပ္သည္။

‘‘ေလထုညစ္ညမ္းမႈျပႆနာကို ေျဖရွင္းရာမွာ တစ္ဦးခ်င္းစီရဲ႕ အသိနဲ႔လည္း ဆုိင္ပါတယ္။ ေဆးလိပ္မေသာက္ရဆုိတဲ့ ေနရာမွာေသာက္ေနတာမ်ဳိးက မျဖစ္သင့္ဘူး။ စည္းကမ္းမရွိတာေတြ ျပင္ဖို႔လိုတယ္။ အစိုးရပိုင္းကလည္း မူဝါဒေတြ ခ်မွတ္ဖို႔လိုသလို လႊတ္ေတာ္ပိုင္းကလည္း သဘာဝပတ္ဝန္းက်င္ထိခိုက္မႈကို ကာကြယ္ႏိုင္မယ့္ ဥပေဒ၊ နည္းဥပေဒေတြကို လိုအပ္ရင္ ဝုိင္းဝန္းျပ႒ာန္းဖို႔လိုတယ္။ ပုဂၢလိက လုပ္ငန္းရွင္ေတြကလည္း ကိုယ့္ရဲ႕ စီးပြားေရးတစ္ခုတည္းမၾကည့္ဘဲ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈမျဖစ္ေအာင္ တတ္ႏုိင္သမွ်ထိန္းၿပီး လုပ္ကိုင္ရမယ္’’ ဟု ေဒါက္တာ ေက်ာ္စြာဦးက ေျပာသည္။

လက္ရွိတြင္ ရန္ကုန္ ေလထုထဲတြင္ ဖုန္ႏွင့္အမႈန္အမႊားပါဝင္မႈမ်ားေနေသာ္လည္း အဆိပ္သင့္ဓာတ္ေငြ႕ပါဝင္မႈ နည္းပါးေနေသးသျဖင့္ ယခုထက္ပို၍ ေလထုညစ္ညမ္းမႈ မဆုိးလာရန္ ေရတိုေရရွည္စီမံကိန္းမ်ား ခ်မွတ္လုပ္ေဆာင္သင့္သည္ဟု ပညာရွင္မ်ားက အႀကံျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 သင်တု့ိ၏ မီးဖိုချောင်တွင် အသံတိတ်လူသတ်သမား ရောက်နေပါပြီလား။

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် လူဦးရေ လေးသန်းခန့် နှစ်စဉ်အသက်ဆုံးရှုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုသည့် မီးသွေး၊ ထင်း၊ နွားချေး၊ ကျောက်မီးသွေး၊ ဇီဝလောင်စာ စသည်တို့မှထွက်သည့် မီးခိုးငွေ့များက အိမ်တွင်းလေထုညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေပြီး အမျိုးသမီးများနှင့် ကလေးငယ်များ၏ ကျန်းမာရေးကိုအဓိက ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ် ဖြစ်လာနေသည်။

‘‘မီးဖိုချောင်ရဲ့ မီးခိုးငွေ့ကို အသံတိတ်လူသတ်သမားအဖြစ် ကျန်းမာရေးစစ်တမ်းတွေက ပြောလာပြီ’’ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ဆိုသည်။

လူဦးရေ ထူထပ်လာသည့် ရန်ကုန်မြို့တွင် အထပ်မြင့်တိုက်များဖြင့် နေရာထိုင်ခင်းအတွက် ဖြေရှင်းနေသော်လည်း တိုက်ခန်းအများစုသည် ကျဉ်းမြောင်းကာ လေဝင်လေထွက်မကောင်းပေ။

လေဝင်လေထွက် မကောင်းသည့် တိုက်ခန်းထဲတွင် မီးဖိုချောင်မှထွက်သည့် မီးခိုးနံ့၊ ညှော်နံ့၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေနှင့် အမွှေးတိုင်ထွန်းရာမှ ထွက်လာသည့်အနံ့များကို နေ့စဉ်ရှူရှိုက် နေရသော်လည်း ၎င်းတို့သည် ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်မည်ကို သတိမမူမိကြချေ။ အိမ်တွင်း လေထုညစ်ညမ်းမှု ဖြစ်စေသော ယင်းအဆိပ်ငွေ့များသည် တဖြည်းဖြည်းချင်း အသက်ရှူလမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားသည်။

‘‘မြို့ပြ တိုက်ခန်းတွေကကျဉ်းလာတယ်။ လေဝင်လေထွက် ပြတင်းပေါက်မရှိဘူး။ အရင်ခေတ်က ဆောက်ချင်သလိုဆောက်ပြီး ဥပဒေမဲ့၊ စည်းမဲ့ကမ်းမဲ့လုပ်ခဲ့တာကြောင့် တချို့တိုက်တွေဆိုပြတင်းပေါက်တောင် မပါတော့ဘူး။ လူတွေကလည်း ကိုယ့်အိုးကိုယ့်ဆန်နဲ့ အဆင်ပြေအောင်နေရတော့ ဒါကို မတွက်မိလိုက်ဘူး။ ကြာလာတဲ့အခါ အိမ်တွင်းမှာရောပတ်ဝန်းကျင်မှာပါ လေထုညစ်ညမ်းမှုဒဏ်ခံစားလာရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေ ဆက်စပ်ဖြစ်ပေါ်လာတာ တွေ့ရတယ်’’ဟု ဒေါက်တာကျော်စွာဦးက ဆိုသည်။

အလုံပိတ်တိုက်ခန်းများတွင် လေအေးစက်များ အသုံးပြုပြီးနေထိုင်ပါက အပြင်လေနှင့်အတွင်း လေမျှတမှုမရှိခြင်း၊ အိမ်တွင်းသန့်ရှင်းမှုအားနည်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အိမ်ထောင်ပရိဘောဂများ သန့်ရှင်းမှုညံ့ဖျင်းခြင်းများက ရောဂါများကို လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။

‘‘သန့်ရှင်းတဲ့လေကို ပြည့်ပြည့်ဝဝ မရှူရဘူး။ အဆောက်အအုံအတွင်းမှာရှိတဲ့ လေနဲ့အဆောက်အအုံ ပြင်ပမှာရှိတဲ့လေကို သင့်တင့်မျှတအောင် အလဲအလှယ် လုပ်ခွင့်မရဘူး။ အလုံပိတ်အိမ်မှာ လေအေးစက်နဲ့ Exhaust Fun ကိုအားကိုးပြီး နေရသူတွေမှာ အသက်ရှူလမ်းဆိုင်ရာ ရောဂါတွေ၊ အဆုတ်အအေးမိတာ၊ အဆုတ်ရောင်ရောဂါတွေ ဖြစ်လာကြတယ်။ အခုဆို ပိုတွေ့လာရတယ်။ ဆေးလိပ်သောက်သူတွေမှာ အဲဒီရောဂါ ဝင်သွားရင် နှလုံးခုန်နှုန်းမမှန်တာ၊ မြန်တာစတဲ့ နောက်ဆက်တွဲဆိုးကျိုးရသွားတဲ့ Case တွေလည်း တွေ့နေရတယ်’’ ဟု လုပ်ငန်းခွင်ကျန်းမာရေးဌာန (အငြိမ်းစား) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်က ပြောသည်။

ထို့အပြင် အဆောက်အအုံအဟောင်းများ၌ လေဝင်လေထွက် သန့်ရှင်းမှုမရှိသောကြောင့် ပရိဘောဂများ မှိုစွဲခြင်း၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ ခြင်ထောင်များတွင် ဖုန်မှုန့်နှင့်ပိုးမွှားများ ကပ်ငြိပြီး ဓာတ်မတည့်ဖြစ်ခြင်း၊ အင်ပြင်ထွက်ခြင်း၊ ပန်းနာရင်ကျပ် ရောဂါအခံရှိသူများတွင် ပို၍ ရောဂါဆိုးခြင်းများ ဖြစ်လာစေနိုင်ပါသည်။

အိမ်တွင်း လေထုညစ်ညမ်းခြင်းဒဏ် ခံစားနေရသည့် ရန်ကုန်နေ ပြည်သူများသည် ယာဉ်ကြောကျပ်တည်းမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များ၊ စက်မှုဇုန်များမှ ထွက်လာသည့် အမှုန်အမွှားများ၊ လမ်းဘေးဈေးသည်များမှ ရောင်းချနေသည့် အကင်မျိုးစုံမှ အနံ့များ၊ မီးစက်များမှထွက်သည့် အခိုးအငွေ့များကြောင့် ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည်။

အထူးသဖြင့် ယာဉ်ကြောကျပ်တည်းပြီး လမ်းဘေးဈေးသည် ပေါများသည့် လှည်းတန်း၊ လသာကဲ့သို့ နေရာများတွင် နေထိုင်သူများသည် ကားများမှထွက်သည့် ဓာတ်ငွေ့များ၊ အကင်ဆိုင်များမှ မီးခိုးငွေ့များကို နေ့စဉ်ရှူရှိုက်နေရသည်။

‘‘အခုဆိုရင် လေထုညစ်ညမ်းတာက ဆိုးလာပြီ။ ကားတွေက ပိတ်တော့ Heat တွေတက်လာပြီး ကာဗွန်အငွေ့တွေ ထွက်လာတယ်။ နောက်လမ်းဘေးဈေးသည်ရဲ့အကင်တွေက ထွက်တဲ့မီးခိုးတွေကလည်း ဆိုးတယ်။ ပတ်ဝန်းကျင်ကို တော်တော်ထိခိုက်တယ်။ ဒါတွေက အဆိပ်ငွေ့တွေပဲ။ ကြာလာရင် ကျန်းမာရေးပြဿနာတွေ ဖြစ်လာကြမှာ။ နည်းလမ်းရှာဖို့လိုတယ်’’ဟု ဒေါက်တာကျော်စွာဦးက ဆိုသည်။

ရန်ကုန်မြို့လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် ဆာလဖာဒိုင်အောက်ဆိုက်ကဲ့သို့သော ဓာတ်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ စံနှုန်းသတ်မှတ်ချက်ထက် ပိုများနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ လေထုအရည်အသွေးတိုင်းတာရေးရလဒ်များက ဖော်ပြနေသည်။

ရန်ကုန်မြို့၏ လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရင်းတစ်ဖက်၌လည်း ကျန်းမာရေးနှင့် ဆက်စပ်သည့် အခြေအနေများကို လေ့လာရာတွင် ကလေးများ၌ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနှုန်းများလာသည်ကို တွေ့ရသည်ဟု လုပ်ငန်းခွင်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦးက ပြောသည်။

‘‘ကလေးတွေမှာ ကားတွေကထွက်တဲ့ အိတ်ဇောဓာတ်ငွေ့ကို တိုက်ရိုက်ရှူရှိုက်မိတာကြောင့် အရပ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်။ အဆုတ်ဖွံ့ဖြိုးမှုနှုန်းကလည်း လူကြီးတွေထက်စာရင် ပိုခံနိုင်ရည်မရှိ ဖြစ်နေတယ်။ အဆုတ်ကလည်း ဖွံ့ဖြိုးနေတဲ့အချိန်တွေမှာ ထိခိုက်မိသလို ဖြစ်တယ်။ အဆုတ်ရဲ့လုပ်ငန်းဆောင်တာ ကျနေတယ်လို့ ပြောလို့ရတယ်’’ဟု ၎င်းက သုံးသပ်သည်။

လေထု ညစ်ညမ်းမှုနှင့် ကလေးများ၏ ကျန်းမာရေးအခြေအနေ ဆက်စပ်ခြင်းရှိ၊ မရှိကို ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်) နှင့် ရန်ကင်းကလေးဆေးရုံကြီးမှရရှိလာသော ဒေတာများကို ဆန်းစစ်ရာ ၂၀၁၃ မှ ၂၀၁၅ အတွင်း နမိုးနီးယားရောဂါနှင့် ပန်းနာရင် ကျပ်ရောဂါများ ဖြစ်ပွားနှုန်း ပိုမြင့်လာသည်ကို တွေ့ရခြင်းဖြစ်သည်။

အသက် (၅) နှစ်အောက် ကလေးများတွင် နမိုးနီးယားရောဂါကြောင့် သေဆုံးမှုသည် ၅၀ ရာခိုင်နှုန်းကျော်ရှိပြီး ယင်းသည် အိမ်တွင်းနှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုများနှင့် ဆက်စပ်မှုရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးစစ်တမ်းများက ဆိုသည်။

အိမ်တွင်းလေထု ညစ်ညမ်းမှုကြောင့် နမိုးနီးယားရောဂါဖြစ်ပွားသူ ၁၂ ရာခိုင်နှုန်း၊ လေဖြတ်ရောဂါဖြစ်ပွားသူ ၃၄ ရာခိုင်နှုန်းနှင့် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွားသူ ၂၆ ရာခိုင်နှုန်းအထိ ရှိနေသည်။ ၂၂ ရာခိုင်နှုန်းမှာ အဆုတ် ရောဂါဖြစ်ပွားနေပြီး ၆ ရာခိုင်နှုန်း မှာအဆုတ်ကင်ဆာဖြစ်၍ သေဆုံးနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၂ စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် လေထုညစ်ညမ်းခြင်းကြောင့် အချိန်မတိုင်မီ အသက်ငယ်ငယ်ဖြင့် ဖျားနာသေဆုံးမှုမဖြစ်စေရန် လေထုသန့်စင်အောင် ဆောင်ရွက်ရန်လိုသည်။ လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသော အရာများကို ဆန်းစစ်လေ့လာပြီး လျှော့ချနိုင်မည့် စီမံကိန်းတစ်ခု ရန်ကုန်မြို့အတွက် ရေးဆွဲရန်လိုအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုသည်။

‘‘အိမ်တွင်း လေထုညစ်ညမ်းမှုလျော့ကျအောင် နေသာတဲ့ရက်တွေမှာ ပြတင်းပေါက်တွေအကုန်ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် လုပ်ရမယ်။ မီးခိုးငွေ့၊ ညှော်နံ့များတဲ့နေရာမှာ နေသူတွေ က Exhaust Fun (မီးခိုးထုတ်လွှတ်သည့်ပြွန်ပေါက်) ထားသင့်တယ်။ အဲကွန်းအသုံးပြုတဲ့ အိမ်တွေမှာ အိမ်အတွင်းလေနဲ့ အပြင်လေကို လေးနာရီခြားတစ်ခါ၊ ခြောက်နာရီခြားတစ်ခါလောက် ဖလှယ်သန့်စင်ပေးနိုင်ရင် ပိုကောင်းတယ်’’ဟု ဒေါက်တာသန်းထွဋ်က အကြံပြုသည်။ အဲကွန်းကို ဆက်တိုက်မဖွင့်ဘဲ လေးနာရီ (သို့မဟုတ်) ခြောက်နာရီတစ်ခါ ပိတ်၍ တံခါးပေါက်များဖွင့်ပြီး အပြင်လေဝင်အောင် ပြုလုပ်ပေးရန် အကြံပြုခြင်းဖြစ်သည်။

သို့သော် ရန်ကုန်မြို့နေ ပြည်သူအများစုကမူ မီးဖိုချောင်ခန်းမှ လေထုညစ်ညမ်းမှုက ကျန်းမာရေးထိခိုက်စေနိုင်သည်ကို မသိရှိကြပေ။

‘‘လေထုညစ်ညမ်းမှုကြောင့် လူတွေကျန်းမာရေးထိခိုက်တယ်လို့ စစ်တမ်းတွေက ပြောတာ မသိပါဘူး။ ရန်ကုန်မှာ လေထုညစ်ညမ်းမှု ဖြစ်နေတယ်ဆိုတာ သတင်းတွေမှာလည်း သိပ်မတွေ့ရဘူး။ အသိပညာပေးမှုတွေ လုပ်သင့်ပါတယ်။ ကျွန်မက ရင်ကျပ်အခံရှိတော့ ကိုယ့်အိမ်မှာတော့ ခြင်ဆေးထွန်းတာတွေ မလုပ်ဘူး။ ခြင်အတွက်တော့ ဘူးနဲ့ဖျန်းတာတွေလုပ်တယ်။ ခြင်ပြေးတဲ့စက်သုံးတယ်။ အဲဒါကိုလည်း အဲကွန်းဖွင့်တဲ့အချိန် မသုံးဘူး။ အဲကွန်းကိုလည်း အအေးကြောက်တော့ တောက်လျှောက်တော့ မဖွင့်ဘူး။ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် တီဗီတို့၊ အက်ဖ်အမ်တို့ကနေ ထုတ်လွှင့်ပေးနိုင်ရင် ပိုကောင်းမယ်’’ဟု စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းနေ မသော်တာက ပြောသည်။

တောင်ဒဂုံမြို့နယ် (၂၄) ရပ်ကွက်နေမနှင်းနှင်းက အိမ်တွင် (၂)နှစ်ကျော် အရွယ်ကလေးငယ်ရှိသည့်အတွက် ခြင်ဆေးခွေနှင့် မီးသွေးမသုံးတော့သည်မှာ ကြာပြီဟုပြောသည်။ ထို့အပြင် အမျိုးသားကိုပင် ဆေးလိပ်သောက်ပါကအိမ်အပြင် ထွက်သောက်စေသည်။ လေထုညစ်ညမ်းသည်ကို ကာကွယ်ရန် လေထုသန့်စင်ပေးနိုင်သော သစ်ပင်များစိုက်ရန် မနှင်းနှင်းစိတ်ကူးထားသည်။

လေထုညစ်ညမ်းမှု ဖြစ်စေသောအရာများကို တစ်ပွဲတိုးနည်းဖြင့် လျော့ကျအောင်လုပ်၍ မရဘဲ သေချာစနစ်တကျ စီမံကိန်းချပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသော နှီးနွှယ်သည့် ဝန်ကြီးဌာနများ စုပေါင်းပြီး လုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောသည်။

ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကိုဖြစ်စေသော အကြောင်းရင်းများ (ကားအမျိုးအစား၊ လောင်စာဆီအမျိုးအစား၊ ကားအစီးအရေအတွက်)ကို ဆန်းစစ်ရှာဖွေခြင်း၊ မြို့ပြသန့်ရှင်းရေး ဖုန်၊ အမှိုက်ထွက်ရှိမှု လျှော့ချခြင်း၊ စက်မှုဇုန်များမှ ထွက်လာသည့် အမှုန်အမွှားများ လျော့ကျအောင် ပြုပြင်ခြင်း စသဖြင့် နည်းလမ်းရှာဖွေပြီး ဘက်ပေါင်းစုံမှ လျော့ကျအောင် ပြုလုပ်ရန် လိုအပ်သည်။

‘‘လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရာမှာ တစ်ဦးချင်းစီရဲ့ အသိနဲ့လည်း ဆိုင်ပါတယ်။ ဆေးလိပ်မသောက်ရဆိုတဲ့ နေရာမှာသောက်နေတာမျိုးက မဖြစ်သင့်ဘူး။ စည်းကမ်းမရှိတာတွေ ပြင်ဖို့လိုတယ်။ အစိုးရပိုင်းကလည်း မူဝါဒတွေ ချမှတ်ဖို့လိုသလို လွှတ်တော်ပိုင်းကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်မယ့် ဥပဒေ၊ နည်းဥပဒေတွေကို လိုအပ်ရင် ဝိုင်းဝန်းပြဋ္ဌာန်းဖို့လိုတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလည်း ကိုယ့်ရဲ့ စီးပွားရေးတစ်ခုတည်းမကြည့်ဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်အောင် တတ်နိုင်သမျှထိန်းပြီး လုပ်ကိုင်ရမယ်’’ ဟု ဒေါက်တာ ကျော်စွာဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန် လေထုထဲတွင် ဖုန်နှင့်အမှုန်အမွှားပါဝင်မှုများနေသော်လည်း အဆိပ်သင့်ဓာတ်ငွေ့ပါဝင်မှု နည်းပါးနေသေးသဖြင့် ယခုထက်ပို၍ လေထုညစ်ညမ်းမှု မဆိုးလာရန် ရေတိုရေရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင်သင့်သည်ဟု ပညာရှင်များက အကြံပြုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top