Shwe Zabu River View Condominium Promotion
×

ေဆာင္းေလေအးမ်ား တုိးဝင္လာ၍ ျမန္မာႏုိင္ငံအထက္ ပိုင္းေဒသမ်ား အေအးပိုလာႏိုင္ ေၾကာင္း မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာၾကားသည္။
ေတာင္ပိုင္းေဒသမ်ားတြင္ မုတ္သံုေလဆက္လက္ဆုတ္ခြာ ေနသကဲ့သို႔ ေျမာက္ပိုင္းေဒသမ်ား မွေန၍ ေဆာင္းေလေအးမ်ား တိုး ဝင္လာၿပီး စက္တင္ဘာလကုန္ ခန္႔ကစကာ ျမန္မာႏုိင္ငံအထက္ ပိုင္းေဒသမ်ားတြင္ အေအးပိုလာ ႏုိင္ေၾကာင္း ေဒါက္တာထြန္းလြင္ က ေျပာၾကားသည္။

‘‘ေဆာင္းေလေအးေတြ စတုိးဝင္လာလုိ႔ အေအးပိုလာလိမ့္ မယ္။ အထူးသျဖင့္ အထက္ပိုင္း ေဒသေတြ၊ ေနာက္ၿပီး မုတ္သံုေလ ေၾကာင့္လည္း ေလထုမတည္ မၿငိမ္ျဖစ္ေနလို႔ ထံုးစံအတုိင္း မိုး တိမ္ေတာင္သတိထားဖို႔လည္း လုိတယ္’’ဟု ေျပာသည္။

စက္တင္ဘာ ၂၅ ရက္ခန္႔က စ၍ ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္း တုိင္းေဒသႀကီး အထက္ပိုင္းေဒသ မ်ားတြင္ ေနရာကြက္မိုးႀကီးကာ သိသိသာသာ ေအးလာေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိ သည္။

မုတ္သံုေလဆုတ္ခြာၿပီး ေနာက္ ေအာက္တုိဘာ ၅ ရက္ ေနာက္ပိုင္းကာလမ်ားတြင္ ေတာင္တ႐ုတ္ပင္လယ္ႏွင့္ ဘဂၤ လားပင္လယ္ေအာ္တို႔၌ ေလထုမၿငိမ္သက္ျဖစ္လာႏုိင္ၿပီး ျမန္မာ ႏုိင္ငံေဒသအႏွံ႔ မိုးရြာသြန္းႏုိင္ ေၾကာင္း သတိေပးသည္။

စက္တင္ဘာ ၂၉ ရက္ႏွင့္ ၃၀ ရက္တြင္ တနသၤာရီတိုင္း ေဒသႀကီး၊ ကရင္ႏွင့္ မြန္ျပည္နယ္ တုိ႔၌ ေနရာကြက္၍ မုိးႀကီးႏုိင္ ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္း ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin pyin

#Unicode Version

ဆောင်းလေအေးများ တိုးဝင်လာ၍ မြန်မာနိုင်ငံအထက် ပိုင်းဒေသများ အအေးပိုလာနိုင် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
တောင်ပိုင်းဒေသများတွင် မုတ်သုံလေဆက်လက်ဆုတ်ခွာ နေသကဲ့သို့ မြောက်ပိုင်းဒေသများ မှနေ၍ ဆောင်းလေအေးများ တိုး ဝင်လာပြီး စက်တင်ဘာလကုန် ခန့်ကစကာ မြန်မာနိုင်ငံအထက် ပိုင်းဒေသများတွင် အအေးပိုလာ နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ပြောကြားသည်။

‘‘ဆောင်းလေအေးတွေ စတိုးဝင်လာလို့ အအေးပိုလာလိမ့် မယ်။ အထူးသဖြင့် အထက်ပိုင်း ဒေသတွေ၊ နောက်ပြီး မုတ်သုံလေ ကြောင့်လည်း လေထုမတည် မငြိမ်ဖြစ်နေလို့ ထုံးစံအတိုင်း မိုး တိမ်တောင်သတိထားဖို့လည်း လိုတယ်’’ဟု ပြောသည်။

စက်တင်ဘာ ၂၅ ရက်ခန့်က စ၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းဒေသ များတွင် နေရာကွက်မိုးကြီးကာ သိသိသာသာ အေးလာကြောင်း ဒေသခံများထံမှ သတင်းရရှိ သည်။

မုတ်သုံလေဆုတ်ခွာပြီး နောက် အောက်တိုဘာ ၅ ရက် နောက်ပိုင်းကာလများတွင် တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂ လားပင်လယ်အော်တို့၌ လေထုမငြိမ်သက်ဖြစ်လာနိုင်ပြီး မြန်မာ နိုင်ငံဒေသအနှံ့ မိုးရွာသွန်းနိုင် ကြောင်း သတိပေးသည်။

စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ် တို့၌ နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top