Property Expo
×

အဂၤလန္ႏိုင္ငံ၊ ဆေလာက္ဂ္ၿမိဳ႕မွ အသက္ ၂၄ ႏွစ္အရြယ္ မိန္းကေလးတဦးဟာ မုတ္ဆိတ္ပါ ကမာၻ႔အသက္အငယ္ဆံုး အမ်ိဳးသမီးအျဖစ္ ဂီးနက္စ္ကမာၻ႔စံခ်ိန္၀င္သြားခဲ့ တယ္လို႔ ေမရာသတင္းမွာ စက္တင္ဘာလ ၈ ရက္ေန႔က ေဖာ္ျပခဲ့ပါတယ္။
ခုလိုအေမြးအမွ်င္ေတြနဲ႔ မ်က္ႏွာသြင္ျပင္က မိန္းကေလးဆန္ၿပီး ပိုမိုက္တဲ့ ခံစားခ်က္မ်ိဳး ေပးႏိုင္တယ္လို႔ သူက ေျပာပါတယ္။

ခႏၶာကိုယ္ေပၚမွ အေမြးအမွင္ေတြကို မရိတ္သင္ရဘူးလို႔ တားျမစ္ထားတဲ့ ဆစ္ခ္ ဘာသာ၀င္တေယာက္အျဖစ္ ခံယူလိုက္ၿပီးတဲ့ေနာက္ သူဟာ ခုလိုမ်က္ႏွာေပၚမွ မုတ္ ဆိတ္က်င္စြယ္ေတြေၾကာင့္ ငယ္ဘ၀ကာလတေလွ်ာက္လံုး အႏိုင္က်င့္ေနာက္ေျပာင္ခံခဲ့ ရတာပါ။

သူဟာ ေက်ာင္းမွာ၊ လမ္းမေပၚမွာစသျဖင့္ အုပ္စုဖြဲ႔အႏိုင္က်င့္မႈေတြ ခံလာရတာနဲ႔အမွ် သူ႔ကိုယ္သူသတ္ေသဖို႔အထိ ေတာင္ႀကိဳးစားခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

ခုခ်ိန္မွာေတာ့ အရွည္ ၆ လက္မရွိေနၿပီျဖစ္တဲ့ သူ႔ရဲ႕ မုတ္ဆိတ္ေမြးေတြေၾကာင့္ ဂီးနက္စ္ကမာၻ႔စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။

သူက “က်မအရင္လိုခံစားမႈမ်ိဳးကို ဆက္ခံစားေနေတာ့မွာမဟုတ္သလို၊ ဒီအေမြး အမွ်င္ေတြကိုလည္း မရွိေတာ့ဖို႔၊ ရိတ္သင္လိုက္ဖို႔ ႀကိဳးစားေတာ့မွာမဟုတ္ဘူး။ ဘာလို႔လဲ ဆိုေတာ့ က်မမွာရွိေနတယ္ဆိုတဲ့ က်မျဖစ္ျခင္းဆိုတာ ဘုရားသခင္က ျဖစ္ေစေတာ္မူလို႔ ပါပဲ”လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လတုန္းကေတာ့ သူဟာ လန္ဒန္ဖက္ရွင္ရက္သတၱပါတ္အစီအစဥ္ရဲ႕ ပထမဆံုးေသာ မုတ္ဆိတ္က်င္စြယ္ပါအမ်ိဳးသမီးတဦးအျဖစ္ သ႐ုပ္ျပတင္ဆက္ခဲ့ပါေသးတယ္။

“က်မ ပိုၿပီး မိန္းမသားဆန္လာတယ္လို႔ ခံစားမိပါတယ္။ က်မကိုယ္ က်မခ်စ္ႏိုင္ဖို႔ သင္ယူခဲ့ရပါတယ္။ ခုခ်ိန္မွာေတာ့ ဘယ္အရာကမွ က်မကို မတုန္လႈပ္ေစေတာ့ပါဘူး”လို႔ သူက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
အင်္ဂလန်နိုင်ငံ၊ ဆလောက်ဂ်မြို့မှ အသက် ၂၄ နှစ်အရွယ် မိန်းကလေးတဦးဟာ မုတ်ဆိတ်ပါ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် ဂီးနက်စ်ကမ္ဘာ့စံချိန်ဝင်သွားခဲ့ တယ်လို့ မေရာသတင်းမှာ စက်တင်ဘာလ ၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
ခုလိုအမွေးအမျှင်တွေနဲ့ မျက်နှာသွင်ပြင်က မိန်းကလေးဆန်ပြီး ပိုမိုက်တဲ့ ခံစားချက်မျိုး ပေးနိုင်တယ်လို့ သူက ပြောပါတယ်။

ခန္ဓာကိုယ်ပေါ်မှ အမွေးအမှင်တွေကို မရိတ်သင်ရဘူးလို့ တားမြစ်ထားတဲ့ ဆစ်ခ် ဘာသာဝင်တယောက်အဖြစ် ခံယူလိုက်ပြီးတဲ့နောက် သူဟာ ခုလိုမျက်နှာပေါ်မှ မုတ် ဆိတ်ကျင်စွယ်တွေကြောင့် ငယ်ဘဝကာလတလျှောက်လုံး အနိုင်ကျင့်နောက်ပြောင်ခံခဲ့ ရတာပါ။

သူဟာ ကျောင်းမှာ၊ လမ်းမပေါ်မှာစသဖြင့် အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေ ခံလာရတာနဲ့အမျှ သူ့ကိုယ်သူသတ်သေဖို့အထိ တောင်ကြိုးစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ခုချိန်မှာတော့ အရှည် ၆ လက်မရှိနေပြီဖြစ်တဲ့ သူ့ရဲ့ မုတ်ဆိတ်မွေးတွေကြောင့် ဂီးနက်စ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါပြီ။

သူက “ကျမအရင်လိုခံစားမှုမျိုးကို ဆက်ခံစားနေတော့မှာမဟုတ်သလို၊ ဒီအမွေး အမျှင်တွေကိုလည်း မရှိတော့ဖို့၊ ရိတ်သင်လိုက်ဖို့ ကြိုးစားတော့မှာမဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ကျမမှာရှိနေတယ်ဆိုတဲ့ ကျမဖြစ်ခြင်းဆိုတာ ဘုရားသခင်က ဖြစ်စေတော်မူလို့ ပါပဲ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ သူဟာ လန်ဒန်ဖက်ရှင်ရက်သတ္တပါတ်အစီအစဉ်ရဲ့ ပထမဆုံးသော မုတ်ဆိတ်ကျင်စွယ်ပါအမျိုးသမီးတဦးအဖြစ် သရုပ်ပြတင်ဆက်ခဲ့ပါသေးတယ်။

“ကျမ ပိုပြီး မိန်းမသားဆန်လာတယ်လို့ ခံစားမိပါတယ်။ ကျမကိုယ် ကျမချစ်နိုင်ဖို့ သင်ယူခဲ့ရပါတယ်။ ခုချိန်မှာတော့ ဘယ်အရာကမှ ကျမကို မတုန်လှုပ်စေတော့ပါဘူး”လို့ သူက ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top