Property Expo
×

မိဘေက်းဇူးဆိုတာ အင္မတန္ႀကီးမားတယ္လို႔ ဆိုေပမယ့္ ငရဲအိုး ဂ်ိဳးကပ္မယ့္ မိဘမ်ိဳးေတြလည္း ရွိပါတယ္။ ယင္းကေတာ့ အသက္မျပည့္ ေသးတဲ့ ႏုႏုနနယ္ ကေလးကို မိမိ စားရဖို႔ ေသာက္ရဖို႔အတြက္ မေတာ္မတရား ခိုင္းေစ အလုပ္ လုပ္ေစျခင္း ျဖစ္ပါတယ္။ ျမန္မာျပည္လို ဆင္းရဲတဲ့ တိုင္းျပည္မွာ အျဖစ္မ်ားပါတယ္။
ဆင္းရဲမြဲေတမွုေၾကာင့္ သားသမီးကို သူတပါးလက္ထဲ မျဖစ္မေန ထိုးအပ္ရတဲ့ အျဖစ္ဆိုးေတြ ၾကဳံေနရတာ ရွိေပမယ့္ ကိုယ့္သားသမီး ဘယ္လို ဆက္ဆံခံေနရသလဲ၊ ႏွိပ္စက္ခံေနရသလားဆိုတာကိုေတာ့ မပ်က္မကြက္ စစ္ေဆးဖို႔ ေကာင္းတယ္ မဟုတ္လား။ တခ်ိဳ႕မိဘေတြဆိုရင္ ကေလးအေျခအေန စိတ္မဝင္စားဘဲ ေတာရြာကေန တက္လာၿပီး အိမ္တစ္အိမ္ သို႔မဟုတ္ စက္႐ုံတစ္႐ုံမွာ အပ္ခဲ့ၿပီး ရတဲ့ လခေတြကို လစဥ္ ထိုင္ယူတာမ်ိဳးေတြ ရွိေနတယ္။ အခ်ိဳ႕က်ေတာ့ တစ္ႏွစ္စာ လစာဆိုၿပီးေတာ့ေတာင္ ထုတ္သြားေသးတယ္။

ေတာရြာမွာ ျဖစ္ကတတ္ဆန္း စားေသာက္ေနရတာထက္စာရင္ တို႔ ၿမိဳ႕အိမ္မွာ ေခၚခိုင္းတာ ပိုေကာင္းပါတယ္လို႔ထင္ေနပါသလား။ ကိုယ့္သားသမီးကို သူမ်ားအိမ္မွာ ေသေသရွင္ရွင္ တစ္ခ်က္မွျပန္မၾကည့္ဘဲ ကၽြန္အျဖစ္ ေနရစ္ေတာ့လို႔ ပို႔သင့္ပါသလား။ ေကၽြးေမြးမပ်က္၊ ေဆာင္ရြက္စီမံ၊ ေမြခံထိုက္ေစ အစရွိသျဖင့္ မိဘဝတ္ေတြ၊ ဖခင္ဝတ္၊ မိခင္ဝတ္ေတြကို အျပည့္အဝ မေက်ပြန္နိုင္ရင္ေတာင္ ကိုယ့္သားသမီး တပါးသူလက္မွာ အႏွိပ္စက္ခံေစဖို႔အတြက္ မဆင္မျခင္ ေပးလႊတ္သင့္ပါသလား။

ကေလး ႏုႏုနယ္နယ္ကေလးေတြကို ေမြးထားၿပီး ကိုယ့္အတြက္ မညႇာမတာ ပိုက္ဆံရွာ ခိုင္းတာဟာ တိရစၧာန္ေတြထက္ ပိုၿပီးေတာ့ နိမ့္က်ပါတယ္။ ယင္းအခိုင္းခံမယ့္ ကေလးေတြကို အရြယ္ေရာက္ၿပီး လုပ္သားထက္ အမ်ားႀကီး ပိုနိမ့္တဲ့ ေဈးနဲ႔ ရတာမို႔ အိမ္ေခၚတင္ၿပီးမွ မတန္တဆခိုင္းေစၾကတဲ့ လူေတြဟာလည္း လူသားခ်င္း စာနာစိတ္၊ ကိုယ္ခ်င္းစာစိတ္ ကင္းပါးတာေၾကာင့္ အကုသိုလ္ အက်င့္ တစ္ခု လုပ္ေဆာင္ေနျခင္း ပါပဲ။ အသက္ ၁၈ မျပည့္သူတိုင္းဟာ အသက္မျပည့္သူမ်ား ျဖစ္ပါတယ္။ အသက္ ၁၆ မျပည့္ေသးရင္ ခိုင္းရန္မသင့္တဲ့ အလုပ္မ်ားဆိုၿပီးေတာ့လည္း အလုပ္သမား ဥပေဒအရ တားျမစ္ခ်က္ေတြ မ်ားစြာ ရွိပါတယ္။

အိမ္ေဖာ္၊ အိမ္အကူ ဆိုတာ ကူေဖာ္ေလာင္ဖက္ရရန္ ျဖစ္ပါတယ္။ ႏွိပ္စက္ရန္ မဟုတ္ပါဘူး။ ေျပာတာဆိုတာ မတတ္လို႔ သြန္သင္ရင္ေတာင္ လက္နဲ႔ ထိေတြ႕ ရိုက္ႏွက္ျခင္း၊ စကားျဖင့္ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ျခင္းေတြဟာ ျပစ္မွု ေျမာက္ပါတယ္။ မျဖစ္မေန အိမ္အကူ ေခၚရလို႔ ကေလးေတြ ေခၚရၿပီဆိုရင္ေတာင္ မိမိက အသက္မျပည့္ေသးသူကို ေခၚေကၽြး ျပဳစုရတယ္လို႔သာ မွတ္ယူၿပီးေတာ့ ခိုင္းတာထက္ ျပဳစု ပ်ိဳးေထာင္တာကို ပိုလုပ္ေပးရမွာပါ။ ဒီလိုမဟုတ္ပဲ လက္ကို က်ိဳးေအာင္ ရိုက္တာတို႔။ ကတ္ေၾကးနဲ႔ထိုးတာတို႔။ ႀကိဳးနဲ႔တုတ္တာတို႔ဟာ လူသားမဆန္တဲ့ ကမၻာဦး အရိုင္းလူသားေတြရဲ့ လုပ္ရပ္ ျဖစ္ပါတယ္။ ပါးစပ္ကသာ ဘုရားစာ ဆိုေကာင္းဆိုေနပါမယ္။ မိမိရဲ့ လုပ္ေဆာင္ခ်က္ဟ ငရဲဘဝက ေနာင္သံသရာတိုင္ ကၽြတ္မွာမဟုတ္ေၾကာင္း အလုပ္က သက္ေသျပေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
မိဘကျေးဇူးဆိုတာ အင်မတန်ကြီးမားတယ်လို့ ဆိုပေမယ့် ငရဲအိုး ဂျိုးကပ်မယ့် မိဘမျိုးတွေလည်း ရှိပါတယ်။ ယင်းကတော့ အသက်မပြည့် သေးတဲ့ နုနုနနယ် ကလေးကို မိမိ စားရဖို့ သောက်ရဖို့အတွက် မတော်မတရား ခိုင်းစေ အလုပ် လုပ်စေခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လို ဆင်းရဲတဲ့ တိုင်းပြည်မှာ အဖြစ်များပါတယ်။
ဆင်းရဲမွဲတေမှုကြောင့် သားသမီးကို သူတပါးလက်ထဲ မဖြစ်မနေ ထိုးအပ်ရတဲ့ အဖြစ်ဆိုးတွေ ကြုံနေရတာ ရှိပေမယ့် ကိုယ့်သားသမီး ဘယ်လို ဆက်ဆံခံနေရသလဲ၊ နှိပ်စက်ခံနေရသလားဆိုတာကိုတော့ မပျက်မကွက် စစ်ဆေးဖို့ ကောင်းတယ် မဟုတ်လား။ တချို့မိဘတွေဆိုရင် ကလေးအခြေအနေ စိတ်မဝင်စားဘဲ တောရွာကနေ တက်လာပြီး အိမ်တစ်အိမ် သို့မဟုတ် စက်ရုံတစ်ရုံမှာ အပ်ခဲ့ပြီး ရတဲ့ လခတွေကို လစဉ် ထိုင်ယူတာမျိုးတွေ ရှိနေတယ်။ အချို့ကျတော့ တစ်နှစ်စာ လစာဆိုပြီးတော့တောင် ထုတ်သွားသေးတယ်။

တောရွာမှာ ဖြစ်ကတတ်ဆန်း စားသောက်နေရတာထက်စာရင် တို့ မြို့အိမ်မှာ ခေါ်ခိုင်းတာ ပိုကောင်းပါတယ်လို့ထင်နေပါသလား။ ကိုယ့်သားသမီးကို သူများအိမ်မှာ သေသေရှင်ရှင် တစ်ချက်မှပြန်မကြည့်ဘဲ ကျွန်အဖြစ် နေရစ်တော့လို့ ပို့သင့်ပါသလား။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ အစရှိသဖြင့် မိဘဝတ်တွေ၊ ဖခင်ဝတ်၊ မိခင်ဝတ်တွေကို အပြည့်အဝ မကျေပွန်နိုင်ရင်တောင် ကိုယ့်သားသမီး တပါးသူလက်မှာ အနှိပ်စက်ခံစေဖို့အတွက် မဆင်မခြင် ပေးလွှတ်သင့်ပါသလား။

ကလေး နုနုနယ်နယ်ကလေးတွေကို မွေးထားပြီး ကိုယ့်အတွက် မညှာမတာ ပိုက်ဆံရှာ ခိုင်းတာဟာ တိရစ္ဆာန်တွေထက် ပိုပြီးတော့ နိမ့်ကျပါတယ်။ ယင်းအခိုင်းခံမယ့် ကလေးတွေကို အရွယ်ရောက်ပြီး လုပ်သားထက် အများကြီး ပိုနိမ့်တဲ့ ဈေးနဲ့ ရတာမို့ အိမ်ခေါ်တင်ပြီးမှ မတန်တဆခိုင်းစေကြတဲ့ လူတွေဟာလည်း လူသားချင်း စာနာစိတ်၊ ကိုယ်ချင်းစာစိတ် ကင်းပါးတာကြောင့် အကုသိုလ် အကျင့် တစ်ခု လုပ်ဆောင်နေခြင်း ပါပဲ။ အသက် ၁၈ မပြည့်သူတိုင်းဟာ အသက်မပြည့်သူများ ဖြစ်ပါတယ်။ အသက် ၁၆ မပြည့်သေးရင် ခိုင်းရန်မသင့်တဲ့ အလုပ်များဆိုပြီးတော့လည်း အလုပ်သမား ဥပဒေအရ တားမြစ်ချက်တွေ များစွာ ရှိပါတယ်။

အိမ်ဖော်၊ အိမ်အကူ ဆိုတာ ကူဖော်လောင်ဖက်ရရန် ဖြစ်ပါတယ်။ နှိပ်စက်ရန် မဟုတ်ပါဘူး။ ပြောတာဆိုတာ မတတ်လို့ သွန်သင်ရင်တောင် လက်နဲ့ ထိတွေ့ ရိုက်နှက်ခြင်း၊ စကားဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းတွေဟာ ပြစ်မှု မြောက်ပါတယ်။ မဖြစ်မနေ အိမ်အကူ ခေါ်ရလို့ ကလေးတွေ ခေါ်ရပြီဆိုရင်တောင် မိမိက အသက်မပြည့်သေးသူကို ခေါ်ကျွေး ပြုစုရတယ်လို့သာ မှတ်ယူပြီးတော့ ခိုင်းတာထက် ပြုစု ပျိုးထောင်တာကို ပိုလုပ်ပေးရမှာပါ။ ဒီလိုမဟုတ်ပဲ လက်ကို ကျိုးအောင် ရိုက်တာတို့။ ကတ်ကြေးနဲ့ထိုးတာတို့။ ကြိုးနဲ့တုတ်တာတို့ဟာ လူသားမဆန်တဲ့ ကမ္ဘာဦး အရိုင်းလူသားတွေရဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ပါးစပ်ကသာ ဘုရားစာ ဆိုကောင်းဆိုနေပါမယ်။ မိမိရဲ့ လုပ်ဆောင်ချက်ဟ ငရဲဘဝက နောင်သံသရာတိုင် ကျွတ်မှာမဟုတ်ကြောင်း အလုပ်က သက်သေပြနေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top