Property Expo
×

မန္ခ်က္စတာဒါဘီပြဲ တြင္ ၂-၁ ဂုိးျဖင့္ မန္ယူကုိ အႏုိင္ ရခဲ့ျခင္းသည္ ရမွတ္ သံုးမွတ္ထက္ ပို၍ တန္ဖိုးရိွသည္ဟု မန္စီးတီး အတြက္ ေဗြေဆာ္ဦးဂုိးကို သြင္း ယူခဲ့သည့္ ဘယ္လ္ဂ်ီယံကြင္း လယ္လူ ဒီဘ႐ုိင္က ေျပာၾကား သည္။

မန္ယူ၏ ယခုရာသီပထမ ဆံုး႐ႈံးပြဲႏွင့္ ပတ္သက္၍ ေမးျမန္း ရာ နည္းျပ ေမာ္ရင္ဟုိက ကစားသမားမ်ားသည္ တစ္ခါတစ္ရံ တြင္ နည္းျပမ်ားကို စိတ္ပ်က္ေလ့ ရိွၾကသည္ဟု ေျဖဆုိသည္။

အီယန္နာခ်ဳိ၏ သြင္းဂုိးျဖင့္ မန္စီးတီးက ႏွစ္ဂုိးျပတ္ ဦးေဆာင္ထားစဥ္ မန္စီးတီးဂုိးသမား ဘရာ ဗုိ၏ ေဘာလံုးရွင္းထုတ္ပံုမေသ သတ္မႈေၾကာင့္ အီဗရာဟီမိုဗစ္၏ ေခ်ပဂုိးကုိ ခြင့္ျပဳခဲ့ရကာ အမွား အခ်ိဳ႕ ျပဳလုပ္ခဲ့ေသာ္လည္း ဒါဘီ ပြဲတြင္ ဘရာဗုိ၏ စြမ္းေဆာင္ရည္ ႏွင့္ ပတ္သက္၍ မန္စီးတီးနည္းျပ ဂြါဒီယုိလာက အျပစ္တင္ေျပာၾကားျခင္း မရွိေပ။

‘‘ဘရာဗုိ ဒီေန႔ကစားသြား တာ ကြၽန္ေတာ္ျမင္ခဲ့ဖူးသမွ်ထဲ မွာ အေကာင္းဆံုးစြမ္းေဆာင္မႈ ေတြထဲက တစ္ခုပါပဲ’’ဟု ဂြါဒီယုိ လာက ပဲြအၿပီးတြင္ ေျပာၾကား သည္။

မန္စီးတီးအတြက္ ဒုတိယဂုိး သြင္းယူခဲ့ေသာ အီယန္နာခ်ိဳက မန္ခ်က္စတာဒါဘီပဲြတြင္ ဂုိးသြင္း ယူႏုိင္ခဲ့ျခင္းသည္ အိပ္မက္တစ္ခု အမွန္တကယ္ ျဖစ္လာျခင္းျဖစ္ သည္ဟု ေျပာသည္။ သုိ႔ေသာ္ မိမိတို႔အေနျဖင့္ မန္ယူကို အႏုိင္ယူရန္ မိနစ္ ၉၀ လံုးႀကိဳးစားအား ထုတ္ခဲ့ရသည္ဟု ၎က ေျပာ ၾကားသည္။

ဒုတိယပုိင္းတြင္ အပုိင္ကန္ သြင္းခ်က္တစ္ႀကိမ္ ဂုိးတုိင္ထိၿပီး ထြက္သြားျခင္းႏွင့္ ပတ္သက္၍ ဒီဘ႐ုိင္က မိမိတို႔ ဒုတိယပိုင္း၌ တတိယဂုိးရခဲ့သင့္သည္ဟု ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မန်ချက်စတာဒါဘီပွဲ တွင် ၂-၁ ဂိုးဖြင့် မန်ယူကို အနိုင် ရခဲ့ခြင်းသည် ရမှတ် သုံးမှတ်ထက် ပို၍ တန်ဖိုးရှိသည်ဟု မန်စီးတီး အတွက် ဗွေဆော်ဦးဂိုးကို သွင်း ယူခဲ့သည့် ဘယ်လ်ဂျီယံကွင်း လယ်လူ ဒီဘရိုင်က ပြောကြား သည်။

မန်ယူ၏ ယခုရာသီပထမ ဆုံးရှုံးပွဲနှင့် ပတ်သက်၍ မေးမြန်း ရာ နည်းပြ မော်ရင်ဟိုက ကစားသမားများသည် တစ်ခါတစ်ရံ တွင် နည်းပြများကို စိတ်ပျက်လေ့ ရှိကြသည်ဟု ဖြေဆိုသည်။

အီယန်နာချို၏ သွင်းဂိုးဖြင့် မန်စီးတီးက နှစ်ဂိုးပြတ် ဦးဆောင်ထားစဉ် မန်စီးတီးဂိုးသမား ဘရာ ဗို၏ ဘောလုံးရှင်းထုတ်ပုံမသေ သတ်မှုကြောင့် အီဗရာဟီမိုဗစ်၏ ချေပဂိုးကို ခွင့်ပြုခဲ့ရကာ အမှား အချို့ ပြုလုပ်ခဲ့သော်လည်း ဒါဘီ ပွဲတွင် ဘရာဗို၏ စွမ်းဆောင်ရည် နှင့် ပတ်သက်၍ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အပြစ်တင်ပြောကြားခြင်း မရှိပေ။

‘‘ဘရာဗို ဒီနေ့ကစားသွား တာ ကျွန်တော်မြင်ခဲ့ဖူးသမျှထဲ မှာ အကောင်းဆုံးစွမ်းဆောင်မှု တွေထဲက တစ်ခုပါပဲ’’ဟု ဂွါဒီယို လာက ပွဲအပြီးတွင် ပြောကြား သည်။

မန်စီးတီးအတွက် ဒုတိယဂိုး သွင်းယူခဲ့သော အီယန်နာချိုက မန်ချက်စတာဒါဘီပွဲတွင် ဂိုးသွင်း ယူနိုင်ခဲ့ခြင်းသည် အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာခြင်းဖြစ် သည်ဟု ပြောသည်။ သို့သော် မိမိတို့အနေဖြင့် မန်ယူကို အနိုင်ယူရန် မိနစ် ၉၀ လုံးကြိုးစားအား ထုတ်ခဲ့ရသည်ဟု ၎င်းက ပြော ကြားသည်။

ဒုတိယပိုင်းတွင် အပိုင်ကန် သွင်းချက်တစ်ကြိမ် ဂိုးတိုင်ထိပြီး ထွက်သွားခြင်းနှင့် ပတ်သက်၍ ဒီဘရိုင်က မိမိတို့ ဒုတိယပိုင်း၌ တတိယဂိုးရခဲ့သင့်သည်ဟု ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top