Property Expo
×

အင္းဝအပ္ခ်ဳပ္ဆိုင္က အမ်ိဳးသမီးငယ္ ႏွစ္ဦးအား ႏွိပ္စက္ခဲ့သည့္အမႈကို စတင္သတင္း ေပးရာတြင္ အေရးယူေဆာင္ရြက္ ျခင္းႏွင့္ပတ္သက္၍ ေက်ာက္တံ တားရဲစခန္းရွိ ရဲအရာရွိအခ်ိဳ႕ကို ခံုစံုဖြဲ႕စစ္ေဆးေနၿပီး အေရးယူ ရန္ျပင္ဆင္ေနေၾကာင္း သတင္း ရရွိသည္။

‘‘ဒီအမႈနဲ႔ပတ္သက္ၿပီး အမႈ လက္ခံစစ္ေဆးခဲ့သူေတြကို စစ္ ေနပါတယ္။ စစ္ေဆးေပၚေပါက္ ခ်က္အရ အျပစ္ရွိတယ္ဆိုရင္ ေတာ့ ရဲလုပ္ထုံးလုပ္နည္းေတြအတိုင္းအေရးယူ အခုမွ စစ္ေဆးေနတာျဖစ္တဲ့အတြက္ ဘာမွေတာ့ ေျပာလို႔မရေသးပါဘူး’’ဟု ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ရဲအရာရွိႀကီးတစ္ဦးက ေျပာသည္။

ေက်ာက္တံတားၿမိဳ႕နယ္ အ မွတ္(၉)ရပ္ကြက္ လမ္း ၄၀(အ ထက္)ရွိ အင္းဝအပ္ခ်ဳပ္ဆိုင္ပိုင္ ရွင္ ေဒၚတင္သူဇာ၏ ေနအိမ္တြင္ လြန္ခဲ့သည့္ ငါးႏွစ္ခန္႔မွစတင္ကာ အသက္(၁၂)ႏွစ္အရြယ္ အိမ္အ ကူအမ်ိဳးသမီးငယ္မ်ားကို ေန႔စဥ္ ႏွိပ္စက္ခဲ့၍ Myanmar Now မွ သတင္းေထာက္ ကိုေဆြဝင္းက ေက်ာက္တံတား ရဲစခန္းသို႔ သတင္းေပးပို႔ တိုင္တန္းခဲ့ေသာ္ လည္း ခ်က္ခ်င္းအေရးယူ ေဆာင္ ရြက္ခဲ့ျခင္း မရွိခဲ့ေပ။ ထို႔ေနာက္ အဆိုပါသတင္းေထာက္က ျမန္

မာႏုိင္ငံ အမ်ိဳးသား လူ႔အခြင့္အ ေရးေကာ္မရွင္သို႔ တုိင္ၾကားခဲ့ၿပီး ရန္ကုန္တုိင္း လူကုန္ကူးမႈ တား ဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က စက္ တင္ဘာ ၂၀ ရက္တြင္ တရားလိုျပဳ လုပ္အမႈဖြင့္မွသာ ယင္းအမႈအား စတင္ခဲ့ျခင္းျဖစ္သည္။

‘‘ကြၽန္ေတာ္ စၿပီး ေက်ာက္ တံတားရဲစခန္းကို ဇြန္လေနာက္ ဆံုးပတ္မွာ ဓာတ္ပံု အေထာက္ အထားေတြနဲ႔ တိုင္ခဲ့တယ္။ အမႈ ကို လက္ခံေပးတဲ့ ရဲအရာရွိက ဒုရဲအုပ္ပါ။ ေနာက္ေတာ့ ဘာမွ အေၾကာင္းမထူးဘူးေျပာတယ္။ လူ႔အခြင့္အေရး ေကာ္မရွင္ကို ဆက္တိုင္ေတာ့မွ ျပန္ဆက္သြယ္ တယ္။ ၾသဂုတ္လလယ္ေလာက္ မွာ အစအဆံုးျပန္ၿပီး တိုင္စာလုပ္ အသစ္ျပန္လုပ္ေပးခဲ့ရတယ္’’ဟု အမႈဖြင့္တိုင္ၾကားသူ ကိုေဆြဝင္း က ေျပာသည္။

အိမ္အကူမိန္းကေလးငယ္ မ်ားကို ညႇဥ္းပန္းႏွိပ္စက္ၿပီး လုပ္ခလစာမ်ား မေပးခဲ့ဘဲ ထြက္ေျပး တိမ္းေရွာင္ခဲ့သည့္ ေဒၚတင္သူဇာ အား စက္တင္ဘာ ၂၀ ရက္ ညပိုင္း ႏွင့္ တင္မင္းလတ္(ခ)ဖိုက္ဇယ္၊ စုမြန္လတ္တို႔ကို စက္တင္ဘာ ၂၁ ရက္ ေန႔လယ္၌ ဖမ္းဆီးရမိခဲ့ သည္။

ရန္ကုန္တိုင္း လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က စက္တင္ဘာ ၂၀ ရက္က တရား လိုျပဳလုပ္တိုင္ၾကားခဲ့ၿပီး ေက်ာက္ တံတားရဲစခန္းက လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၄/၃၂ ျဖင့္ အမႈဖြင့္အေရးယူထားကာ အမႈစစ္ေဆးခဲ့သည့္ ရဲအရာရွိ အခ်ိဳ႕ကို စစ္ေဆးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version


အင်းဝအပ်ချုပ်ဆိုင်က အမျိုးသမီးငယ် နှစ်ဦးအား နှိပ်စက်ခဲ့သည့်အမှုကို စတင်သတင်း ပေးရာတွင် အရေးယူဆောင်ရွက် ခြင်းနှင့်ပတ်သက်၍ ကျောက်တံ တားရဲစခန်းရှိ ရဲအရာရှိအချို့ကို ခုံစုံဖွဲ့စစ်ဆေးနေပြီး အရေးယူ ရန်ပြင်ဆင်နေကြောင်း သတင်း ရရှိသည်။

‘‘ဒီအမှုနဲ့ပတ်သက်ပြီး အမှု လက်ခံစစ်ဆေးခဲ့သူတွေကို စစ် နေပါတယ်။ စစ်ဆေးပေါ်ပေါက် ချက်အရ အပြစ်ရှိတယ်ဆိုရင် တော့ ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်းအရေးယူ အခုမှ စစ်ဆေးနေတာဖြစ်တဲ့အတွက် ဘာမှတော့ ပြောလို့မရသေးပါဘူး’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

ကျောက်တံတားမြို့နယ် အ မှတ်(၉)ရပ်ကွက် လမ်း ၄၀(အ ထက်)ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင် ရှင် ဒေါ်တင်သူဇာ၏ နေအိမ်တွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစတင်ကာ အသက်(၁၂)နှစ်အရွယ် အိမ်အ ကူအမျိုးသမီးငယ်များကို နေ့စဉ် နှိပ်စက်ခဲ့၍ Myanmar Now မှ သတင်းထောက် ကိုဆွေဝင်းက ကျောက်တံတား ရဲစခန်းသို့ သတင်းပေးပို့ တိုင်တန်းခဲ့သော် လည်း ချက်ချင်းအရေးယူ ဆောင် ရွက်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့နောက် အဆိုပါသတင်းထောက်က မြန်

မာနိုင်ငံ အမျိုးသား လူ့အခွင့်အ ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပြီး ရန်ကုန်တိုင်း လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စက် တင်ဘာ ၂၀ ရက်တွင် တရားလိုပြု လုပ်အမှုဖွင့်မှသာ ယင်းအမှုအား စတင်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော် စပြီး ကျောက် တံတားရဲစခန်းကို ဇွန်လနောက် ဆုံးပတ်မှာ ဓာတ်ပုံ အထောက် အထားတွေနဲ့ တိုင်ခဲ့တယ်။ အမှု ကို လက်ခံပေးတဲ့ ရဲအရာရှိက ဒုရဲအုပ်ပါ။ နောက်တော့ ဘာမှ အကြောင်းမထူးဘူးပြောတယ်။ လူ့အခွင့်အရေး ကော်မရှင်ကို ဆက်တိုင်တော့မှ ပြန်ဆက်သွယ် တယ်။ သြဂုတ်လလယ်လောက် မှာ အစအဆုံးပြန်ပြီး တိုင်စာလုပ် အသစ်ပြန်လုပ်ပေးခဲ့ရတယ်’’ဟု အမှုဖွင့်တိုင်ကြားသူ ကိုဆွေဝင်း က ပြောသည်။

အိမ်အကူမိန်းကလေးငယ် များကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာများ မပေးခဲ့ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့သည့် ဒေါ်တင်သူဇာ အား စက်တင်ဘာ ၂၀ ရက် ညပိုင်း နှင့် တင်မင်းလတ်(ခ)ဖိုက်ဇယ်၊ စုမွန်လတ်တို့ကို စက်တင်ဘာ ၂၁ ရက် နေ့လယ်၌ ဖမ်းဆီးရမိခဲ့ သည်။

ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်က တရား လိုပြုလုပ်တိုင်ကြားခဲ့ပြီး ကျောက် တံတားရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထားကာ အမှုစစ်ဆေးခဲ့သည့် ရဲအရာရှိ အချို့ကို စစ်ဆေးနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top