Property Expo
×


တ႐ုတ္ကုမၸဏီ ၃၀ ခန္႔ က ေထာပတ္သီးမ်ား၀ယ္ယူေရး စိတ္၀င္စားေနၿပီး ယခုလအတြင္း ျမန္မာႏိုင္ငံသို႔ လာေရာက္ ေလ့ လာေဆြးေႏြးရန္ရွိေၾကာင္း ျမန္မာ ႏိုင္ငံ သစ္သီး၀လံ ပန္းမန္ႏွင့္ဟင္း သီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ ေရာင္းခ်သူမ်ားအသင္း (MFVP) မွ သတင္းရရွိသည္။

တ႐ုတ္ႏိုင္ငံ နန္နင္းၿမိဳ႕တြင္ စက္တင္ဘာ ၁၁ ရက္မွ ၁၄ ရက္ အထိ ျပဳလုပ္သည့္ တ႐ုတ္- အာ ဆီယံ ကုန္စည္္ျပပြဲ၌ ျမန္မာ ႏိုင္ငံမွ ေထာပတ္သီး၊ သရက္သီး၊ ကြၽဲေကာသီး၊ ဖရဲသီး၊ သခြားေမႊး၊ သနပ္ခါးႏွင့္ လက္ဖက္မ်ား သြား ေရာက္ျပသရာ ျမန္မာႏိုင္ငံက ျပသသည့္သီးႏွံမ်ား ၀ယ္ယူရန္ စိတ္၀င္စားမႈမ်ားရွိခဲ့ၿပီး ေထာ ပတ္သီး၀ယ္ရန္ တ႐ုတ္ကုမၸဏီ မ်ားကေဆြးေႏြးခဲ့ေၾကာင္း MFVP ဥကၠ႒ဦးစိုးသန္းမင္းဒင္က ေျပာ သည္။

‘‘သူတို႔က နည္းနည္းပါးပါး လိုခ်င္တာမဟုတ္ဘူး။ ေတာ္ေတာ္ မ်ားမ်ားစားစား လိုခ်င္ေနတဲ့ သ ေဘာရွိတယ္။ တ႐ုတ္ႏိုင္ငံက ေထာပတ္္သီးကို ပီ႐ူး၊ ခ်ီလီ၊ လက္တင္အေမရိကဘက္ကေန တင္သြင္းေနရတာ။ တကယ္လို႔ ျမန္မာႏိုင္ငံကသာ ရမယ္ဆိုရင္ သူတုိ႔ပိုၿပီး လမ္းေၾကာင္းတည့္ သြားမွာေပါ့’’ဟု ဦးစိုးသန္းမင္းဒင္ ကေျပာသည္။

ေထာပတ္သီးမ်ားကို ရွမ္း ႏွင့့္ ခ်င္းျပည္နယ္တုိ႔တြင္ စိုက္ပ်ိဳး ၾကၿပီး ျပည္နယ္အဆင့္ ေထာ ပတ္သီးစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ ေရာင္းခ်သူမ်ား အစုအဖြဲ႕မ်ား ဖြဲ႕စည္းထားကာ ႏိုင္ငံအဆင့္ ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအစုအဖြဲ႕ ကို ဖြဲ႕စည္းရန္ရွိေၾကာင္း ဦးစိုး သန္းမင္းဒင္က ေျပာသည္။

အေမရိကန္ႏိုင္ငံတကာ ဖြံ႕ ၿဖိဳးေရးေအဂ်င္စီ (USAID) ၏ ေငြေၾကး အေထာက္အပံ့ျဖင့္ Winrock International က ၂၀၁၄ ကစ၍ ျမန္မာႏိုင္ငံရွိ စိုက္ ပ်ိဳးေရးလုပ္ငန္းမ်ား တန္ဖိုးျမႇင့္ ထုတ္လုပ္ႏိုင္ရန္ အကူအညီေပး ေနရာ ေထာပတ္သီးစိုက္ပ်ိဳးမႈအ တြက္ နည္းပညာအကူအညီေပး မႈလည္း ပါ၀င္ခဲ့သည္။

Winrock International က ေထာပတ္သီး စိုက္ပ်ိဳးမႈအတြက္ နည္းပညာ အကူအညီေပးမႈ ေၾကာင့္ ျမန္မာ့ေထာပတ္သီးကို ေဟာင္ေကာင္ကုမၸဏီတစ္ခုက တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ ေဒၚလာ ငါးေဒၚလာခြဲျဖင့္ ေစ်း ေကာင္းေပးကာ လာေရာက္၀ယ္ ယူဖူးေၾကာင္း ဦးစုိးသန္းမင္းဒင္ ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

တရုတ်ကုမ္ပဏီ ၃၀ ခန့် က ထောပတ်သီးများဝယ်ယူရေး စိတ်ဝင်စားနေပြီး ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက် လေ့ လာဆွေးနွေးရန်ရှိကြောင်း မြန်မာ နိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့်ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း (MFVP) မှ သတင်းရရှိသည်။

တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက် အထိ ပြုလုပ်သည့် တရုတ်- အာ ဆီယံ ကုန်စည်ပြပွဲ၌ မြန်မာ နိုင်ငံမှ ထောပတ်သီး၊ သရက်သီး၊ ကျွဲကောသီး၊ ဖရဲသီး၊ သခွားမွှေး၊ သနပ်ခါးနှင့် လက်ဖက်များ သွား ရောက်ပြသရာ မြန်မာနိုင်ငံက ပြသသည့်သီးနှံများ ဝယ်ယူရန် စိတ်ဝင်စားမှုများရှိခဲ့ပြီး ထော ပတ်သီးဝယ်ရန် တရုတ်ကုမ္ပဏီ များကဆွေးနွေးခဲ့ကြောင်း MFVP ဥက္ကဋ္ဌဦးစိုးသန်းမင်းဒင်က ပြော သည်။

‘‘သူတို့က နည်းနည်းပါးပါး လိုချင်တာမဟုတ်ဘူး။ တော်တော် များများစားစား လိုချင်နေတဲ့ သ ဘောရှိတယ်။ တရုတ်နိုင်ငံက ထောပတ်သီးကို ပီရူး၊ ချီလီ၊ လက်တင်အမေရိကဘက်ကနေ တင်သွင်းနေရတာ။ တကယ်လို့ မြန်မာနိုင်ငံကသာ ရမယ်ဆိုရင် သူတို့ပိုပြီး လမ်းကြောင်းတည့် သွားမှာပေါ့’’ဟု ဦးစိုးသန်းမင်းဒင် ကပြောသည်။

ထောပတ်သီးများကို ရှမ်း နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုး ကြပြီး ပြည်နယ်အဆင့် ထော ပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အစုအဖွဲ့များ ဖွဲ့စည်းထားကာ နိုင်ငံအဆင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ ကို ဖွဲ့စည်းရန်ရှိကြောင်း ဦးစိုး သန်းမင်းဒင်က ပြောသည်။

အမေရိကန်နိုင်ငံတကာ ဖွံ့ ဖြိုးရေးအေဂျင်စီ (USAID) ၏ ငွေကြေး အထောက်အပံ့ဖြင့် Winrock International က ၂၀၁၄ ကစ၍ မြန်မာနိုင်ငံရှိ စိုက် ပျိုးရေးလုပ်ငန်းများ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် အကူအညီပေး နေရာ ထောပတ်သီးစိုက်ပျိုးမှုအ တွက် နည်းပညာအကူအညီပေး မှုလည်း ပါဝင်ခဲ့သည်။

Winrock International က ထောပတ်သီး စိုက်ပျိုးမှုအတွက် နည်းပညာ အကူအညီပေးမှု ကြောင့် မြန်မာ့ထောပတ်သီးကို ဟောင်ကောင်ကုမ္ပဏီတစ်ခုက တစ်ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ငါးဒေါ်လာခွဲဖြင့် ဈေး ကောင်းပေးကာ လာရောက်ဝယ် ယူဖူးကြောင်း ဦးစိုးသန်းမင်းဒင် ကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top