Property Expo
×

နဝင္းရပ္ကြက္ရွိ စားေသာက္ဆိုင္တြင္ လူငယ္တစ္ဦး ၏ နာမည္အမွန္မေခၚဆုိဘဲ နာမည္ဖ်က္ကာ ေနာက္ေျပာင္ခဲ့ေသာေၾကာင့္ စက္တင္ဘာ ၉ ရက္တြင္ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

‘‘နာမည္အရင္း မေခၚဘဲ ဆိတ္ေဘာဆိုၿပီး ေနာက္ေျပာင္ေခၚတယ္။ အဲဒါကို မေက်နပ္တာေၾကာင့္ လူငယ္နဲ႔ အတူထိုင္ေနတဲ့ အစ္ကိုျဖစ္သူပါ ႏွစ္ဦးစလံုး သူတို႔အိမ္ကုိ ျပန္သြားတယ္။ တုတ္နဲ႔၀က္အူလွည့္ ယူလာၿပီး အစ္ကိုျဖစ္သူက တုတ္နဲ႔တစ္ခ်က္႐ိုက္တယ္။ ညီျဖစ္သူက ၀က္အူလွည့္နဲ႔ တစ္ခ်က္ထိုးတယ္။ ေဆး႐ံုပို႔ေဆာင္ကုသစဥ္မွာပဲ ေသဆံုးသြားပါတယ္’’ဟု ျပည္ၿမိဳ႕ အမွတ္(၁) ရဲစခန္းမွဴးက ေျပာသည္။

 ထုိလူငယ္ညီအစ္ကိုႏွစ္ဦး ကုိ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္အေရးယူထားၿပီး ထြက္ေျပးတိမ္းေရွာင္သြားသျဖင့္ ဖမ္းဆီးရမိႏုိင္ေရး ေဆာင္ရြက္ေန ေၾကာင္း ျပည္ၿမိဳ႕ အမွတ္(၁) ရဲ စခန္းမွ သိရသည္။

ျပည္ခ႐ိုင္တြင္ စက္တင္ဘာ ၇ ရက္မွ ၉ ရက္အတြင္း အဆုိပါ လူသတ္မႈ အပါအ၀င္ လူသတ္မႈ သံုးႀကိမ္အထိရွိခဲ့ၿပီး ျပည္ၿမိဳ႕တြင္ ႏွစ္မႈႏွင့္ ေပါင္းတည္ၿမိဳ႕တြင္ တစ္ မႈျဖစ္ပြားခဲ့ေၾကာင္း ျပည္ခ႐ိုင္ရဲ တပ္ဖဲြ႕မွ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

နဝင်းရပ်ကွက်ရှိ စားသောက်ဆိုင်တွင် လူငယ်တစ်ဦး ၏ နာမည်အမှန်မခေါ်ဆိုဘဲ နာမည်ဖျက်ကာ နောက်ပြောင်ခဲ့သောကြောင့် စက်တင်ဘာ ၉ ရက်တွင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘နာမည်အရင်း မခေါ်ဘဲ ဆိတ်ဘောဆိုပြီး နောက်ပြောင်ခေါ်တယ်။ အဲဒါကို မကျေနပ်တာကြောင့် လူငယ်နဲ့ အတူထိုင်နေတဲ့ အစ်ကိုဖြစ်သူပါ နှစ်ဦးစလုံး သူတို့အိမ်ကို ပြန်သွားတယ်။ တုတ်နဲ့ဝက်အူလှည့် ယူလာပြီး အစ်ကိုဖြစ်သူက တုတ်နဲ့တစ်ချက်ရိုက်တယ်။ ညီဖြစ်သူက ဝက်အူလှည့်နဲ့ တစ်ချက်ထိုးတယ်။ ဆေးရုံပို့ဆောင်ကုသစဉ်မှာပဲ သေဆုံးသွားပါတယ်’’ဟု ပြည်မြို့ အမှတ်(၁) ရဲစခန်းမှူးက ပြောသည်။

 ထိုလူငယ်ညီအစ်ကိုနှစ်ဦး ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေ ကြောင်း ပြည်မြို့ အမှတ်(၁) ရဲ စခန်းမှ သိရသည်။

ပြည်ခရိုင်တွင် စက်တင်ဘာ ၇ ရက်မှ ၉ ရက်အတွင်း အဆိုပါ လူသတ်မှု အပါအဝင် လူသတ်မှု သုံးကြိမ်အထိရှိခဲ့ပြီး ပြည်မြို့တွင် နှစ်မှုနှင့် ပေါင်းတည်မြို့တွင် တစ် မှုဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင်ရဲ တပ်ဖွဲ့မှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top