Property Expo
×

အခ်စ္ဆိုတာ ဆန္းၾကယ္လွပါတယ္။ သင္တစ္စံုတစ္ေယာက္ကို အရမ္းခ်စ္မိရင္ပဲျဖစ္ျဖစ္၊ အသည္းကြဲရရင္ပဲ ျဖစ္ျဖစ္ အစားပ်က္၊ အအိပ္ပ်က္ျဖစ္တာမ်ိဳး၊ ညဘက္အထိ ခ်စ္သူပို႕ထားတဲ့ မက္ေဆ့ခ်္ေတြကို ဖတ္ၾကည့္လို႔ မ၀ ျဖစ္ေနတာမ်ိဳးစတာေတြဟာ ဘာေၾကာင့္ျဖစ္သလဲဆိုတာကို ဒီအခ်က္ေတြက သင့္ကို အေျဖေပးပါလိမ့္မယ္။

၁။စာထဲေပထဲက ခ်စ္သူနွစ္ဦးရဲ႕ရင္ခုန္သံေတြ ထပ္တူက်တယ္ဆိုတာ တကယ္ ဟုတ္ပါတယ္။-ေလ့လာမႈအရ ခ်စ္သူစုံတြဲ ၃၂တြဲကို ၃မိနစ္ၾကာေအာင္ တစ္ဦးနဲ႕တစ္ဦးအား သုံးမိနစ္ၾကာေအာင္ မ်က္လုံးခ်င္း စိုက္ၾကည့္ခိုင္းျပီး နွလုံးခုန္ႏႈန္းကို အကဲျဖတ္တိုင္းတာခဲ့ရာမွာေတာ့ ၄င္းတို႕ရဲ႕ ႏွလုံးခုန္စည္းခ်က္ဟာ ထပ္တူ က်ေနတာကို ေတြ႕ရပါတယ္။

၂။ ခ်စ္ရတာဟာ လူသားေတြ ကိုးကင္းသုံးလို႕ျဖစ္တဲ့ခံစားမႈလိုပဲ ရင္ခုန္စိတ္လႈပ္ရွား စြဲလမ္းစိတ္ခံစားမႈကို ထုတ္လႊတ္ေပးေၾကာင္း ဦးေနွာက ္ဓာတ္မွန္ရိုက္ၾကည့္ျခင္းမွ အေျဖထုတ္ေပးလိုက္ပါတယ္။
ဒါေၾကာင့္အခ်စ္ဟာ အေကာင္းဆုံးမူးယစ္ေဆးလို႕ေျပာၾကတာေပါ့။

၃ ။သိပၸံနည္းက်ေလ့လာမႈအရ စုံတြဲ ၄၃ တြဲကိုေလ့လာမႈျပဳခဲ့တဲ့အခါ ရည္းစားသက္တမ္း အစပိုင္းကာလမွာ ခ်စ္ခင္စြဲလမ္းမႈျမင့္မားျခင္းဟာ အသိစိတ္္ ထိန္းခ်ဳပ္နိုင္မႈ ေလ်ာ့က်ေစျခင္းနဲ႕ ဆက္စပ္ေနေၾကာင္း ေလ့လာ ေတြ႕ရွိရပါတယ္။
သင္တစ္ေယာက္ေယာက္ကို အလြန္အမင္း ခ်စ္မိတဲ့အခါမွာ သင္ဟာအလုပ္လုပ္ရင္ ေျခတုံခ်တုံ အမွားမွား လုပ္မိတယ္မဟုတ္ပါလား။ အထူးသျဖင့္ ရည္းစားျဖစ္စမွာေပါ့။

၄။ Oxford University မွ သုေတသနျပဳခ်က္အရ သင္ခ်စ္ရသူ ေတြ႕သြားတဲ့အခါမွာ သင္ခ်စ္ခင္ရတဲ့ သူငယ္ခ်င္း ႏွစ္ဦးကို ဆုံးရွံဳးရပါသတဲ့။ ေျပာရရင္ သင့္မသိစိတ္မွာ ခ်စ္သူကပဲ ေနရာယူထားေနလို႔ပါ။
ဟုတ္မဟုတ္ေတာ့ ကိုယ့္ဘာသာ စမ္းစစ္ၾကည့္ၾကေပါ့ေနာ္။

၅။ မၾကာေသးမီက ေလ့လာမႈအရ ခ်စ္တဲ့အခါ စိတ္လႈပ္ရွားမႈကိုျဖစ္ေစတဲ့ ေဟာ္မုန္းဓာတ္ေတြဟာ ဦးေႏွာက္ ကေန ထြက္ပါတယ္။ ဆိုးက်ိဳးအျဖစ္ ႏွလုံးခုန္ျမန္ျခင္း၊ အစားမစားလိုျခင္း၊ အိပ္မေပ်ာ္ျခင္း၊ အလြန္အမင္း စိတ္ လႈပ္ရွားျခင္းတို႕ျဖစ္တတ္ပါတယ္။

၆။ သုေတသနေလ့လာမႈအရ စိတ္ကူးယဥ္ဆန္တဲ့ ခ်စ္ျခင္းဟာ တစ္နွစ္ေလာက္ထိရွိနိုင္ျပီး ေနာက္ပိုင္းမွာေတာ့ တြယ္တာ သံေယာဇဥ္ျဖစ္တဲ့ ခ်စ္ျခင္းပုံစံမ်ိဳးေျပာင္းသြားေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။ စိတ္ကူးယဥ္ဆန္တဲ့ ခ်စ္ျခင္းဟာ တစ္ဦးနဲ႕တစ္ဦးခ်စ္စမွာ အလြန္အမင္း စိတ္လႈပ္ရွားရင္ခုန္ၾကတာမ်ိဳးပါ။ (ပညာရွင္ေတြက ဦးေႏွာက္ဆဲေတြ အတြက္ အေရးပါတဲ့nerve growth factors(NGF)လို႕ေခၚတဲ့ ေသးငယ္တဲ့ ဓာတ္တစ္မ်ိဳးတိုးပြားလာတဲ့အဆင့္ကိုၾကည့္ျပီးဆုံးျဖတ္ထားတာပါ။)အဲဒီ(NGF)ဟာ လူေတြမွာ ပုံမွန္အဆင့္ကို ျပန္ေရာက္သြားရင္ တြယ္တာ သံေယာဇဥ္ျဖစ္တဲ့အခ်စ္ ျဖစ္လာပါတယ္။ ဒါက တစ္ႏွစ္ေလာက္ၾကာမွ ျဖစ္တာပါ။
ဒီခ်စ္ျခင္းက တူနွစ္ကိုယ္ လက္တြဲဖို႕အထိျဖစ္ေစတဲ့ ခ်စ္ျခင္းပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အချစ်ဆိုတာ ဆန်းကြယ်လှပါတယ်။ သင်တစ်စုံတစ်ယောက်ကို အရမ်းချစ်မိရင်ပဲဖြစ်ဖြစ်၊ အသည်းကွဲရရင်ပဲ ဖြစ်ဖြစ် အစားပျက်၊ အအိပ်ပျက်ဖြစ်တာမျိုး၊ ညဘက်အထိ ချစ်သူပို့ထားတဲ့ မက်ဆေ့ချ်တွေကို ဖတ်ကြည့်လို့ မ၀ ဖြစ်နေတာမျိုးစတာတွေဟာ ဘာကြောင့်ဖြစ်သလဲဆိုတာကို ဒီအချက်တွေက သင့်ကို အဖြေပေးပါလိမ့်မယ်။


၁။စာထဲပေထဲက ချစ်သူနှစ်ဦးရဲ့ရင်ခုန်သံတွေ ထပ်တူကျတယ်ဆိုတာ တကယ် ဟုတ်ပါတယ်။-လေ့လာမှုအရ ချစ်သူစုံတွဲ ၃၂တွဲကို ၃မိနစ်ကြာအောင် တစ်ဦးနဲ့တစ်ဦးအား သုံးမိနစ်ကြာအောင် မျက်လုံးချင်း စိုက်ကြည့်ခိုင်းပြီး နှလုံးခုန်နှုန်းကို အကဲဖြတ်တိုင်းတာခဲ့ရာမှာတော့ ၎င်းတို့ရဲ့ နှလုံးခုန်စည်းချက်ဟာ ထပ်တူ ကျနေတာကို တွေ့ရပါတယ်။


၂။ ချစ်ရတာဟာ လူသားတွေ ကိုးကင်းသုံးလို့ဖြစ်တဲ့ခံစားမှုလိုပဲ ရင်ခုန်စိတ်လှုပ်ရှား စွဲလမ်းစိတ်ခံစားမှုကို ထုတ်လွှတ်ပေးကြောင်း ဦးနှောက ်ဓာတ်မှန်ရိုက်ကြည့်ခြင်းမှ အဖြေထုတ်ပေးလိုက်ပါတယ်။
ဒါကြောင့်အချစ်ဟာ အကောင်းဆုံးမူးယစ်ဆေးလို့ပြောကြတာပေါ့။


၃ ။သိပ္ပံနည်းကျလေ့လာမှုအရ စုံတွဲ ၄၃ တွဲကိုလေ့လာမှုပြုခဲ့တဲ့အခါ ရည်းစားသက်တမ်း အစပိုင်းကာလမှာ ချစ်ခင်စွဲလမ်းမှုမြင့်မားခြင်းဟာ အသိစိတ် ထိန်းချုပ်နိုင်မှု လျော့ကျစေခြင်းနဲ့ ဆက်စပ်နေကြောင်း လေ့လာ တွေ့ရှိရပါတယ်။
သင်တစ်ယောက်ယောက်ကို အလွန်အမင်း ချစ်မိတဲ့အခါမှာ သင်ဟာအလုပ်လုပ်ရင် ခြေတုံချတုံ အမှားမှား လုပ်မိတယ်မဟုတ်ပါလား။ အထူးသဖြင့် ရည်းစားဖြစ်စမှာပေါ့။


၄။ Oxford University မှ သုတေသနပြုချက်အရ သင်ချစ်ရသူ တွေ့သွားတဲ့အခါမှာ သင်ချစ်ခင်ရတဲ့ သူငယ်ချင်း နှစ်ဦးကို ဆုံးရှုံးရပါသတဲ့။ ပြောရရင် သင့်မသိစိတ်မှာ ချစ်သူကပဲ နေရာယူထားနေလို့ပါ။
ဟုတ်မဟုတ်တော့ ကိုယ့်ဘာသာ စမ်းစစ်ကြည့်ကြပေါ့နော်။


၅။ မကြာသေးမီက လေ့လာမှုအရ ချစ်တဲ့အခါ စိတ်လှုပ်ရှားမှုကိုဖြစ်စေတဲ့ ဟော်မုန်းဓာတ်တွေဟာ ဦးနှောက် ကနေ ထွက်ပါတယ်။ ဆိုးကျိုးအဖြစ် နှလုံးခုန်မြန်ခြင်း၊ အစားမစားလိုခြင်း၊ အိပ်မပျော်ခြင်း၊ အလွန်အမင်း စိတ် လှုပ်ရှားခြင်းတို့ဖြစ်တတ်ပါတယ်။


၆။ သုတေသနလေ့လာမှုအရ စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းဟာ တစ်နှစ်လောက်ထိရှိနိုင်ပြီး နောက်ပိုင်းမှာတော့ တွယ်တာ သံယောဇဉ်ဖြစ်တဲ့ ချစ်ခြင်းပုံစံမျိုးပြောင်းသွားကြောင်း လေ့လာတွေ့ရှိရပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦးချစ်စမှာ အလွန်အမင်း စိတ်လှုပ်ရှားရင်ခုန်ကြတာမျိုးပါ။ (ပညာရှင်တွေက ဦးနှောက်ဆဲတွေ အတွက် အရေးပါတဲ့nerve growth factors(NGF)လို့ခေါ်တဲ့ သေးငယ်တဲ့ ဓာတ်တစ်မျိုးတိုးပွားလာတဲ့အဆင့်ကိုကြည့်ပြီးဆုံးဖြတ်ထားတာပါ။)အဲဒီ(NGF)ဟာ လူတွေမှာ ပုံမှန်အဆင့်ကို ပြန်ရောက်သွားရင် တွယ်တာ သံယောဇဉ်ဖြစ်တဲ့အချစ် ဖြစ်လာပါတယ်။ ဒါက တစ်နှစ်လောက်ကြာမှ ဖြစ်တာပါ။
ဒီချစ်ခြင်းက တူနှစ်ကိုယ် လက်တွဲဖို့အထိဖြစ်စေတဲ့ ချစ်ခြင်းပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top