Kantharyar Centre
×

ျမန္မာႏုိင္ငံ ျပည္၀င္ခြင့္ဗီဇာနဲ႔ပတ္သက္ၿပီး ေျဖေလွ်ာ့မႈေတြကုိ ႏွစ္ပတ္အတြင္း အတည္ျပဳထုတ္ျပန္ႏုိင္မယ္လို႔ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား၀န္ႀကီးဌာန၊ အၿမဲတမ္းအတြင္း၀န္ဦးျမင့္ႀကိဳင္က ေျပာပါတယ္။

‘‘အဆံုးအျဖတ္ေပးႏုိင္မယ့္ လူႀကီးေတြက ခရီးလြန္ေနၾကတဲ့အတြက္ အတည္ျပဳဆံုးျဖတ္ေပးႏုိင္တဲ့အဆင့္ မေရာက္ေသးတာပါ။ ႏွစ္ပတ္အတြင္းေတာ့အတည္ ျပဳခ်က္ထြက္ႏုိင္ပါတယ္။ အတည္ျပဳခ်က္ရတာနဲ႔ တရား၀င္ထုတ္ျပန္ေပးပါမယ္’’လို႔ ဦးျမင့္ႀကိဳင္က ေျပာပါတယ္။

အစိုးရသစ္လက္ထက္မွာ ဗီဇာေၾကးျပင္ဆင္သတ္မွတ္တာ၊ ေနခြင့္ကာလတိုးျမႇင့္တာနဲ႔ ဗီဇာေလွ်ာက္ထားရာမွာ လိုအပ္တဲ့ သတ္မွတ္ခ်က္ေတြ ေျဖေလွ်ာ့တာျပဳလုပ္ႏိုင္ဖို႕  ဗဟိုအဆင့္ကုိတင္ျပထားၿပီး အတည္ျပဳဆံုးျဖတ္ဖုိ႔အဆင့္ပဲ က်န္ေတာ့တယ္လုိ႔ဆိုပါတယ္။

ဒါ့အျပင္ ျပည္၀င္ခြင့္ဗီဇာ ေျခာက္မ်ိဳးျဖစ္တဲ့ လုပ္ငန္းဗီဇာ၊ လူမႈေရးဗီဇာ၊ သာသနာေရးဗီဇာ၊ ႏုိင္ငံတကာအဖဲြ႕အစည္းမ်ား ဗီဇာ၊ ပညာေရးဗီဇာနဲ႔ အမႈထမ္းဗီဇာတို႔ အႀကိမ္ႀကိမ္ ျပည္၀င္ခြင့္ရရွိဖို႔ ႏုိင္ငံျခားေရးရာ မူ၀ါဒေကာ္မတီကုိ တင္ျပထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာနဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေကို နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်နိုင်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ကြိုင်က ပြောပါတယ်။

‘‘အဆုံးအဖြတ်ပေးနိုင်မယ့် လူကြီးတွေက ခရီးလွန်နေကြတဲ့အတွက် အတည်ပြုဆုံးဖြတ်ပေးနိုင်တဲ့အဆင့် မရောက်သေးတာပါ။ နှစ်ပတ်အတွင်းတော့အတည် ပြုချက်ထွက်နိုင်ပါတယ်။ အတည်ပြုချက်ရတာနဲ့ တရားဝင်ထုတ်ပြန်ပေးပါမယ်’’လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ ဗီဇာကြေးပြင်ဆင်သတ်မှတ်တာ၊ နေခွင့်ကာလတိုးမြှင့်တာနဲ့ ဗီဇာလျှောက်ထားရာမှာ လိုအပ်တဲ့ သတ်မှတ်ချက်တွေ ဖြေလျှော့တာပြုလုပ်နိုင်ဖို့  ဗဟိုအဆင့်ကိုတင်ပြထားပြီး အတည်ပြုဆုံးဖြတ်ဖို့အဆင့်ပဲ ကျန်တော့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပြည်ဝင်ခွင့်ဗီဇာ ခြောက်မျိုးဖြစ်တဲ့ လုပ်ငန်းဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေးဗီဇာ၊ နိုင်ငံတကာအဖွဲ့အစည်းများ ဗီဇာ၊ ပညာရေးဗီဇာနဲ့ အမှုထမ်းဗီဇာတို့ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ရရှိဖို့ နိုင်ငံခြားရေးရာ မူဝါဒကော်မတီကို တင်ပြထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top