Property Expo
×

အမ်ဳိးသမီးမ်ားသည္ လစာတိုးမေတာင္းေသာေၾကာင့္ အမ်ဳိးသားမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ လစာမ်ားမ်ား မရရွိျခင္း ျဖစ္ေၾကာင္း ေျပာဆုိမႈမ်ား မွားယြင္းေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပလိုက္ၿပီ ျဖစ္သည္။

အမ်ဳိးသမီးမ်ားသည္ အမ်ဳိးသားမ်ားကဲ့သို႔ပင္ လစာတိုးျမႇင့္ေပးရန္ ေတာင္းဆိုခဲ့ေသာ္လည္း လစာတိုးျမႇင့္မခံရျခင္းသာ ျဖစ္ေၾကာင္း သုေတသန ပညာရွင္မ်ား ေလ့လာေတြ႕ရွိခဲ့သည္။ ကက္စ္ စီးပြားေရး ေကာလိပ္၊ ၀ါး၀စ္ႏွင့္ ၀စၥကြန္ဆင္ တကၠသုိလ္မ်ားမွ ပညာရွင္မ်ားက အလုပ္သား (၄၆၀၀) တို႔ကို ေလ့လာခဲ့ျခင္း ျဖစ္သည္။

အမ်ဳိးသမီးမ်ားက လစာတိုးေပးရန္ ေတာင္းဆိုမႈမရွိျခင္း ဆိုသည့္ ေျပာဆုိမႈမ်ား တက္တက္စင္ေအာင္ လဲြေနေၾကာင္း ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ ပညာရွင္မ်ားသည္ အခ်ိန္ျပည့္ လုပ္ရသည့္ အမ်ဳိးသားမ်ားႏွင့္ အမ်ဳိးသမီးမ်ား၊ အခ်ိန္ပိုင္း လုပ္ရသည့္ အမ်ဳိးသားမ်ားႏွင့္ အမ်ဳိးသမီးမ်ားအား ေလ့လာခဲ့ျခင္း ျဖစ္သည္။

လစာတုိးျမႇင့္ေပးရန္ ေတာင္းဆိုပါက အမ်ဳိးသားမ်ားသည္ အမ်ဳိးသမီးမ်ားထက္ လစာတိုးျမႇင့္ခံရရန္ (၂၅) ရာခိုင္ႏႈန္း ပိုမိုေသခ်ာေနေၾကာင္း ေတြ႕ရွိခဲ့သည္။ ထုိ႔ျပင္အမ်ဳိးသမီးမ်ားသည္ လစာတိုးေတာင္းပါက အထက္အရာရွိ ၿငိဳျငင္မည္ကို စိုးရိမ္ေသာေၾကာင့္ ႏႈတ္ဆိတ္ကာ ေနတတ္ေၾကာင္း ေျပာဆုိမႈမ်ားလည္း မွားယြင္းေၾကာင္း ေလ့လာမႈက သက္ေသျပခဲ့သည္။

၂၀၁၃-၂၀၁၄ ၾသစေၾတးလ် အလုပ္ခြင္ ဆက္ဆံေရးဆိုင္ရာ စစ္တမ္းပါ သတင္း အခ်က္အလက္မ်ား အေပၚအေျခခံၿပီး၊ ေလ့လာမႈျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။ ၾသစေၾတးလ်သည္ ၀န္ထမ္းမ်ား လစာတိုးေတာင္းျခင္း ရွိမရွိႏွင့္ တိုးေတာင္းပါက တုိးျမႇင့္ေပးခံရျခင္း ရွိမရွိတုိ႔ကုိ စနစ္တက် မွတ္တမ္းတင္ထားသည့္ ႏိုင္ငံတစ္ႏုိင္ငံ ျဖစ္သည္။

 အမ်ဳိးသမီးမ်ား အေပၚ ခဲြျခားဆက္ဆံမႈမ်ားက ရွိေနဆဲ ျဖစ္ေၾကာင္း ယခုေလ့လာမႈေၾကာင့္ ေတြ႕ရွိခဲ့ရသည္ဟု ၀ါး၀စ္တကၠသိုလ္မွ ေဘာဂေဗဒႏွင့္ အျပဳအမူသိပၸံဆိုင္ရာ ပါေမာကၡ အန္ဒ႐ူးေအာ့စ္၀ဲက ေျပာဆုိခဲ့သည္။

လစာတိုးျမႇင့္ ရရွိမႈတြင္လည္း အသက္အရြယ္ ကြာျခားမႈသည္လည္း အေရးပါေသာ က႑မွ ပါ၀င္ေနသည္။ အသက္(၄၀) ေအာက္အမ်ဳိးသားႏွင့္ အမ်ဳိးသမီးမ်ား လစာတိုးေတာင္းပါက လစာကို တူညီေသာ ပမာဏအတိုင္း တိုးျမႇင့္ရရွိတတ္ေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: the messenger

#Unicode Version

အမျိုးသမီးများသည် လစာတိုးမတောင်းသောကြောင့် အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် လစာများများ မရရှိခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ မှားယွင်းကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။

အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ပင် လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း လစာတိုးမြှင့်မခံရခြင်းသာ ဖြစ်ကြောင်း သုတေသန ပညာရှင်များ လေ့လာတွေ့ရှိခဲ့သည်။ ကက်စ် စီးပွားရေး ကောလိပ်၊ ဝါးဝစ်နှင့် ဝစ္စကွန်ဆင် တက္ကသိုလ်များမှ ပညာရှင်များက အလုပ်သား (၄၆၀၀) တို့ကို လေ့လာခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများက လစာတိုးပေးရန် တောင်းဆိုမှုမရှိခြင်း ဆိုသည့် ပြောဆိုမှုများ တက်တက်စင်အောင် လွဲနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များသည် အချိန်ပြည့် လုပ်ရသည့် အမျိုးသားများနှင့် အမျိုးသမီးများ၊ အချိန်ပိုင်း လုပ်ရသည့် အမျိုးသားများနှင့် အမျိုးသမီးများအား လေ့လာခဲ့ခြင်း ဖြစ်သည်။

လစာတိုးမြှင့်ပေးရန် တောင်းဆိုပါက အမျိုးသားများသည် အမျိုးသမီးများထက် လစာတိုးမြှင့်ခံရရန် (၂၅) ရာခိုင်နှုန်း ပိုမိုသေချာနေကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင်အမျိုးသမီးများသည် လစာတိုးတောင်းပါက အထက်အရာရှိ ငြိုငြင်မည်ကို စိုးရိမ်သောကြောင့် နှုတ်ဆိတ်ကာ နေတတ်ကြောင်း ပြောဆိုမှုများလည်း မှားယွင်းကြောင်း လေ့လာမှုက သက်သေပြခဲ့သည်။

၂၀၁၃-၂၀၁၄ သြစတြေးလျ အလုပ်ခွင် ဆက်ဆံရေးဆိုင်ရာ စစ်တမ်းပါ သတင်း အချက်အလက်များ အပေါ်အခြေခံပြီး၊ လေ့လာမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျသည် ဝန်ထမ်းများ လစာတိုးတောင်းခြင်း ရှိမရှိနှင့် တိုးတောင်းပါက တိုးမြှင့်ပေးခံရခြင်း ရှိမရှိတို့ကို စနစ်တကျ မှတ်တမ်းတင်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

 အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှုများက ရှိနေဆဲ ဖြစ်ကြောင်း ယခုလေ့လာမှုကြောင့် တွေ့ရှိခဲ့ရသည်ဟု ဝါးဝစ်တက္ကသိုလ်မှ ဘောဂဗေဒနှင့် အပြုအမူသိပ္ပံဆိုင်ရာ ပါမောက္ခ အန်ဒရူးအော့စ်ဝဲက ပြောဆိုခဲ့သည်။

လစာတိုးမြှင့် ရရှိမှုတွင်လည်း အသက်အရွယ် ကွာခြားမှုသည်လည်း အရေးပါသော ကဏ္ဍမှ ပါဝင်နေသည်။ အသက်(၄၀) အောက်အမျိုးသားနှင့် အမျိုးသမီးများ လစာတိုးတောင်းပါက လစာကို တူညီသော ပမာဏအတိုင်း တိုးမြှင့်ရရှိတတ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: the messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top