Kantharyar Centre
×

အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်မှာ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် ယောက်ျားလေး ဘရော့ဘရောင်းဟာ မကြာမီကာလအတွင်း ကမ္ဘာ့စံချိန်တင် အရပ်အမြင့်ဆုံး လူသား ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။






Credit : Duwun


#Unicode Version

အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်မှာ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် ယောကျ်ားလေး ဘရော့ဘရောင်းဟာ မကြာမီကာလအတွင်း ကမ္ဘာ့စံချိန်တင် အရပ်အမြင့်ဆုံး လူသား ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။

အဆိုပါ ဆယ်ကျော်သက်ဟာ လက်ရှိမှာ အရပ်အမြင့် ၇ ပေနဲ့ ၈ လက်မ ရှိနေပြီဖြစ်ကာ ၎င်းရဲ့အရပ်အမြင့်မှာ ဆက်လက် တိုးလာအုံးမယ်လို့ ဆရာဝန်တွေက ပြောထားပါတယ်။

လက်ရှိမှာ ကမ္ဘာ့အရပ်အမြင့်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်ထားခဲ့သူ ဘရောင်းဟာ တစ်နှစ်မှာ အရပ်အမြင့် ၆ လက်မ တိုးလာနေခဲ့ကြောင်း သိရပါတယ်။

ထိုအခြေအနေအရ ဘရောင်းဟာ လက်ရှိ ကမ္ဘာ့အရပ်အမြင့်ဆုံးဖြစ်သူ ဆူလ်တန်ကိုဆန်ရဲ့ အရပ်အမြင့် ၈ ပေနဲ့ ၂ လက်မ စံချိန်ကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်မယ်လို့ ဆိုပါတယ်။


ဘရောင်းရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနဲ့ အရပ်မြင့်မှုဟာ ပုံမှန်မဟုတ်ဘဲ ဖြစ်ခဲတဲ့ Sotos Syndrome ခေါ် မျိုးဗီဇမူမမှန်မှု ရောဂါကြောင့် ဖြစ်ပါတယ်။ Sotos Syndrome ဟာ လူ ၁၅,၀၀၀ မှာ တစ်ဦးသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဘရောင်းဟာ မူလတန်းကျောင်းသား အရွယ်မှာပင် အရပ်အမြင့် ၅ ပေ ၂ လက်မ ရှိနေခဲ့ပြီး ဆက်လက် မြင့်တက်လာနေဆဲလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top