Kantharyar Centre
×







Credit : Duwun


#Unicode Version

အရမ်းစပ်တယ်လို့ နာမည်ကြီးလှတဲ့ တစ္ဆေငရုတ်သီးကို ကလေး အယောက် ၄၀ က နေ့လယ်စာစား နားချိန်မှာ စမ်းသပ်စားကြည့်ကြတာ ဖြစ်ပြီး ၅ ဦးမှာ ဆေးရုံတက်ခဲ့ရပါတယ်။

အသက် ၁၁ နှစ်၁၄ နှစ်အရွယ်ကြားရှိ ကလေးငယ်တစ်သိုက် ငရုတ်သီးစားပြီး ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တဲ့အတွက် အိုဟိုင်းအိုးပြည်နယ်၊ Milton-Union အလယ်တန်းကျောင်းကို အရေးပေါ်ဝန်ထမ်းတွေ သွားရောက်ခဲ့ရပါတယ်။

ကလေးငယ်တွေဟာ အရေပြားမှာ အကွက်ထခြင်း၊ အဖုအပိန့်များ ထွက်ခြင်း၊ မျက်ရည်ယိုခြင်း၊ ချွေးထွက်ခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ ခံစားနေရတယ်လို့ ယင်းကျောင်းရဲ့ ကြီးကြပ်ရေးမှူါ် ဘရက်ဒ်ရစ်ချီက ပြောပါတယ်။

"အရေးပေါ်ဝန်ဆောင်မှုရဲ့ တုံ့ပြန်မှုက အံ့မခမ်းပါပဲ။ ဆေးဘက်အမှုထမ်းတွေဆီက အကူအညီတွေ အများကြီး ရလိုက်ပါတယ်" လို့ သူက ဆိုပါတယ်။

အသက် ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက်မှာ ယင်းငရုတ်သီးကို စားပြီးနောက် အမြင်အာရုံချို့ယွင်းသလို ဖြစ်ခဲ့ရပြီး တခြား ကျောင်းသား နှစ်ဦးမှာတော့ အော့အန်ကုန်ပါတယ်။

ယင်းငရုတ်သီးကို ကျောင်းကိုသယ်လာတဲ့ကျောင်းသားဘယ်သူဆိုတာကို စုံစမ်းသိရှိပြီးဖြစ်တယ်လို့ ကျောင်းအာဏာပိုင်များက ဆိုပါတယ်။ ယင်းကျောင်းသား ဘယ်လိုပြစ်ဒဏ်မျိုး ပေးခံရသလဲဆိုတာကို မသိရသေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top