Kantharyar Centre
×

 အသဲကြဲတယ္ဆိုတာ ခံရခက္ပါတယ္။ အသဲကြဲတယ္ ဆိုဟာ သင့္အေနနဲ႔ စမ္းသပ္ၾကည့္သင့္တဲ့ အရာမဟုတ္ေပမယ့္လည္း လိုအပ္တဲ့အရာ တစ္ခုျဖစ္တယ္ဆိုတာကိုေတာ့ လက္ခံေစခ်င္ပါတယ္။ လူတစ္ေယာက္ဟာ အခ်စ္တစ္ခုကို မဆံုးရံႈးဘူးပဲနဲ႔ မွန္ကန္တဲ့ အခ်စ္စစ္ ကို ရွာမေတြ႔ႏိုင္ပါဘူး။ အသဲကြဲျခင္းကို ေယဘူယ်အားျဖင့္ေတာ့ တိုက္ဖ်က္ပစ္ဖို႔ လြယ္ပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ ခံစားခဲ့ရတာေတြ ၊ ထိခိုက္သြားခဲ့တာေတြကိုေတာ့ ျမင္ေအာင္ ၾကည့္တတ္ဖို႔ လိုပါလိမ့္မယ္။ အသဲကြဲျခင္းကေန ေကာင္းက်ိဳးေတြလည္း ျပန္လည္ ရရွိလာႏိုင္ပါတယ္။ အဲဒီ ေကာင္းက်ိဳးေတြကို သင္မသိေသးရင္ေတာ့ သတိျပဳထားဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ပံုျပင္ဆန္တဲ့ အခ်စ္ကို စြန္႔လႊတ္လိုက္ႏိုင္ခဲ့ပါတယ္
လူတိုင္းဟာ ကိုယ့္အခ်စ္ေရးကို ေကာင္းမြန္ ၊ ဆန္းၾကယ္ၿပီး ခမ္းနားတဲ့ အခ်စ္ေရး မ်ိဳးပဲ ျဖစ္ေစခ်င္တာပါ။ ေပ်ာ္ရႊင္စရာ နည္းပါး ၊ ခက္ခဲ ၿပီး မတည္ၿငိမ္တဲ့ အခ်စ္ေရး မ်ိဳးကိုေတာ့ ဘယ္သူမွ လိုခ်င္မွာ မဟုတ္ပါဘူး။ အခ်စ္ဆိုတာဟာ လူတစ္ေယာက္ ကို အတြင္း စိတ္ထဲမွာ ပါ လိႈက္လိႈက္လွဲလွဲ ၀မ္းသာေစတဲ့အရာလို႔သာ လူေတြက ပံုေဖာ္ထားၾကတာပါ။ဒါေပမယ့္ လူေတြဟာ အခ်စ္ရဲ ႔ အေမွာင္ဘက္ အျခမ္းကို မသိၾကပါဘူး။ အသဲကြဲျခင္းဟာ သင့္ကို  နာက်င္မႈေတြ ၊ ၀မ္းနည္းစရာေတြနဲ႔ မိတ္ဆက္ေပးၿပီး အခ်စ္ရဲ ႔ အဓိပၸာယ္ကို ဖြင့္ဆိုျပခဲ့ပါတယ္။ အခ်စ္ကို စိတ္ကူးယဥ္အိပ္မက္တစ္ခုလို ေတြးေနလို႔ေတာ့ မျဖစ္ႏိုင္ပါဘူး။ လက္ေတြ႔ဘ၀မွာေတာ့ အခ်စ္ဆိုဟာ ၀မ္းသာစရာေတြ ၊ ၀မ္းနည္းစရာေတြ စသျဖင့္ အေကာင္းနဲ႔ အဆိုး ဒြန္တြဲေနတဲ့အရာတစ္ခုဆိုတာကို လက္ခံႏိုင္ေစမယ့္ ေကာင္းက်ိဳးတစ္ခုကို အရင္ဆံုး ရရွိပါတယ္။

၂။ ဘ၀အေတြ႔အႀကံဳသစ္ေတြ ရရွိလာပါတယ္
အခ်စ္ကို ရွာေဖြေတြ႔ရွိခဲ့ျခင္းဟာ သင့္ဘ၀ကို အရာရာ အဆင္ေျပ မွန္ကန္သြားေစတာေတာ့မွန္ပါတယ္။ ဒါေပမယ့္ အခ်စ္ေရးတစ္ခု အဆံုးသတ္လိုက္တဲ့အခါမွာေတာ့ လူေတြဟာ အခ်စ္ကိုေမးခြန္းထုတ္တဲ့အျပင္ အခ်စ္နဲ႔ ပတ္သက္တဲ့ ဒႆန တစ္ခုကိုပါ စဥ္းစားလာၾကပါတယ္။ အဲဒါကေတာ့ အခ်စ္စစ္ဟာ ေနာက္တစ္ခါ ေတြ႔ႀကံဳဖို႔ ျဖစ္ႏိုင္ပါဦးမလားဆိုတဲ့ ေမးခြန္းမ်ိဳးပါ။ အေျဖမွန္ ကေတာ့ ဘ၀ လို႔ေခၚပါတယ္။ သင့္မွာ ေရြးခ်ယ္ခြင့္မရွိပါဘူး။ သင္ယူရင္း ျပင္ဆင္သြားခြင့္ပဲ ရွိပါတယ္။ ဘ၀ က အခ်စ္စစ္နဲ႔ ထပ္မံေတြ႔ဆံုခြင့္ေပးရင္ သင္ေတြ႔ရပါလိမ့္မယ္။ အခ်စ္စစ္နဲ႔ ကြဲကြာေစခ်င္ရင္ သင္ အသဲကြဲရပါလိမ့္မယ္။

၃။ စိန္ေခၚမႈ အသစ္ကို ရင္ဆိုင္ရပါတယ္
အသဲကြဲသြားတဲ့အခါ သင္ဟာ စိတ္ရႈပ္ေထြးၿပီး ေပ်ာက္ဆံုးလာပါတယ္။ ဘယ္အရာက မွန္တယ္ ၊မွားတယ္ ဆိုတာကိုေတာင္ သိျမင္ႏိုင္ဖို႔ ခဲယဥ္းလာပါတယ္။သင္ဟာ သင္ႏွစ္သက္ခဲ့တဲ့ အရာေတြ မႏွစ္သက္ေတာ့ပါဘူး။ သင္လိုခ်င္တဲ့အရာေတြကိုလည္း မလိုခ်င္ေတာ့ျပန္ပါဘူး။ အဲဒီေနာက္မွာေတာ့ သင္ဟာ ဘ၀ကို ထိန္းခ်ဳပ္ဖို႔ မျဖစ္ႏို္ငေတာ့ပဲနဲ႔ စြန္႔လႊတ္လိုက္ရပါတယ္။ သင့္ဘ၀ကို ရွင္သန္ႏိုင္ဖို႔လည္း ခက္ခဲလာပါတယ္။ အဲဒီ စိန္ေခၚမႈ ကို ေက်ာ္လႊားႏိုင္မယ္ဆိုရင္ သင္ဟာ အရင္ထက္ ပိုမို သန္မာလာပါလိမ့္မယ္။

၄။ ကိုယ့္အားကိုယ္ကိုးတတ္လာပါတယ္
လူေတြဟာ အခ်စ္ေရး တစ္ခုကို ဖန္တီးတဲ့အခါ အလြန္အကၽြံအားျဖင့္ အျပန္အလွန္မွီခိုၾကပါတယ္။ မွီခိုသင့္သေလာက္ မွီခိုတာပဲ ေကာင္းပါတယ္။ မဟုတ္ရင္ အသဲကြဲ တဲ့အခါက်မွ ေဆာက္တည္ရာမရ ျဖစ္လာႏိုင္ပါတယ္။ အသဲကြဲ ဖူးသြားၿပီဆိုရင္ေတာ့ ေနာက္ထပ္တစ္ႀကိမ္ အခ်စ္ေရးတစ္ခု တည္ေဆာက္တဲ့အခါမွာ ကိုယ့္အားကိုယ္ကိုးဖို႔ လိုအပ္တယ္ဆိုတဲ့ အသိတရားတစ္ခုကိုေတာ့ ေကာင္းက်ိဳးအေနနဲ႔ ရရွိေစမွာပါ။
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

 အသဲကွဲတယ်ဆိုတာ ခံရခက်ပါတယ်။ အသဲကွဲတယ် ဆိုဟာ သင့်အနေနဲ့ စမ်းသပ်ကြည့်သင့်တဲ့ အရာမဟုတ်ပေမယ့်လည်း လိုအပ်တဲ့အရာ တစ်ခုဖြစ်တယ်ဆိုတာကိုတော့ လက်ခံစေချင်ပါတယ်။ လူတစ်ယောက်ဟာ အချစ်တစ်ခုကို မဆုံးရှုံးဘူးပဲနဲ့ မှန်ကန်တဲ့ အချစ်စစ် ကို ရှာမတွေ့နိုင်ပါဘူး။ အသဲကွဲခြင်းကို ယေဘူယျအားဖြင့်တော့ တိုက်ဖျက်ပစ်ဖို့ လွယ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ခံစားခဲ့ရတာတွေ ၊ ထိခိုက်သွားခဲ့တာတွေကိုတော့ မြင်အောင် ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။ အသဲကွဲခြင်းကနေ ကောင်းကျိုးတွေလည်း ပြန်လည် ရရှိလာနိုင်ပါတယ်။ အဲဒီ ကောင်းကျိုးတွေကို သင်မသိသေးရင်တော့ သတိပြုထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ပုံပြင်ဆန်တဲ့ အချစ်ကို စွန့်လွှတ်လိုက်နိုင်ခဲ့ပါတယ်
လူတိုင်းဟာ ကိုယ့်အချစ်ရေးကို ကောင်းမွန် ၊ ဆန်းကြယ်ပြီး ခမ်းနားတဲ့ အချစ်ရေး မျိုးပဲ ဖြစ်စေချင်တာပါ။ ပျော်ရွှင်စရာ နည်းပါး ၊ ခက်ခဲ ပြီး မတည်ငြိမ်တဲ့ အချစ်ရေး မျိုးကိုတော့ ဘယ်သူမှ လိုချင်မှာ မဟုတ်ပါဘူး။ အချစ်ဆိုတာဟာ လူတစ်ယောက် ကို အတွင်း စိတ်ထဲမှာ ပါ လှိုက်လှိုက်လှဲလှဲ ဝမ်းသာစေတဲ့အရာလို့သာ လူတွေက ပုံဖော်ထားကြတာပါ။ဒါပေမယ့် လူတွေဟာ အချစ်ရဲ့ အမှောင်ဘက် အခြမ်းကို မသိကြပါဘူး။ အသဲကွဲခြင်းဟာ သင့်ကို  နာကျင်မှုတွေ ၊ ဝမ်းနည်းစရာတွေနဲ့ မိတ်ဆက်ပေးပြီး အချစ်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပြခဲ့ပါတယ်။ အချစ်ကို စိတ်ကူးယဉ်အိပ်မက်တစ်ခုလို တွေးနေလို့တော့ မဖြစ်နိုင်ပါဘူး။ လက်တွေ့ဘဝမှာတော့ အချစ်ဆိုဟာ ဝမ်းသာစရာတွေ ၊ ဝမ်းနည်းစရာတွေ စသဖြင့် အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့အရာတစ်ခုဆိုတာကို လက်ခံနိုင်စေမယ့် ကောင်းကျိုးတစ်ခုကို အရင်ဆုံး ရရှိပါတယ်။

၂။ ဘဝအတွေ့အကြုံသစ်တွေ ရရှိလာပါတယ်
အချစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဟာ သင့်ဘဝကို အရာရာ အဆင်ပြေ မှန်ကန်သွားစေတာတော့မှန်ပါတယ်။ ဒါပေမယ့် အချစ်ရေးတစ်ခု အဆုံးသတ်လိုက်တဲ့အခါမှာတော့ လူတွေဟာ အချစ်ကိုမေးခွန်းထုတ်တဲ့အပြင် အချစ်နဲ့ ပတ်သက်တဲ့ ဒဿန တစ်ခုကိုပါ စဉ်းစားလာကြပါတယ်။ အဲဒါကတော့ အချစ်စစ်ဟာ နောက်တစ်ခါ တွေ့ကြုံဖို့ ဖြစ်နိုင်ပါဦးမလားဆိုတဲ့ မေးခွန်းမျိုးပါ။ အဖြေမှန် ကတော့ ဘ၀ လို့ခေါ်ပါတယ်။ သင့်မှာ ရွေးချယ်ခွင့်မရှိပါဘူး။ သင်ယူရင်း ပြင်ဆင်သွားခွင့်ပဲ ရှိပါတယ်။ ဘ၀ က အချစ်စစ်နဲ့ ထပ်မံတွေ့ဆုံခွင့်ပေးရင် သင်တွေ့ရပါလိမ့်မယ်။ အချစ်စစ်နဲ့ ကွဲကွာစေချင်ရင် သင် အသဲကွဲရပါလိမ့်မယ်။

၃။ စိန်ခေါ်မှု အသစ်ကို ရင်ဆိုင်ရပါတယ်
အသဲကွဲသွားတဲ့အခါ သင်ဟာ စိတ်ရှုပ်ထွေးပြီး ပျောက်ဆုံးလာပါတယ်။ ဘယ်အရာက မှန်တယ် ၊မှားတယ် ဆိုတာကိုတောင် သိမြင်နိုင်ဖို့ ခဲယဉ်းလာပါတယ်။သင်ဟာ သင်နှစ်သက်ခဲ့တဲ့ အရာတွေ မနှစ်သက်တော့ပါဘူး။ သင်လိုချင်တဲ့အရာတွေကိုလည်း မလိုချင်တော့ပြန်ပါဘူး။ အဲဒီနောက်မှာတော့ သင်ဟာ ဘဝကို ထိန်းချုပ်ဖို့ မဖြစ်နိုငတော့ပဲနဲ့ စွန့်လွှတ်လိုက်ရပါတယ်။ သင့်ဘဝကို ရှင်သန်နိုင်ဖို့လည်း ခက်ခဲလာပါတယ်။ အဲဒီ စိန်ခေါ်မှု ကို ကျော်လွှားနိုင်မယ်ဆိုရင် သင်ဟာ အရင်ထက် ပိုမို သန်မာလာပါလိမ့်မယ်။

၄။ ကိုယ့်အားကိုယ်ကိုးတတ်လာပါတယ်
လူတွေဟာ အချစ်ရေး တစ်ခုကို ဖန်တီးတဲ့အခါ အလွန်အကျွံအားဖြင့် အပြန်အလှန်မှီခိုကြပါတယ်။ မှီခိုသင့်သလောက် မှီခိုတာပဲ ကောင်းပါတယ်။ မဟုတ်ရင် အသဲကွဲ တဲ့အခါကျမှ ဆောက်တည်ရာမရ ဖြစ်လာနိုင်ပါတယ်။ အသဲကွဲ ဖူးသွားပြီဆိုရင်တော့ နောက်ထပ်တစ်ကြိမ် အချစ်ရေးတစ်ခု တည်ဆောက်တဲ့အခါမှာ ကိုယ့်အားကိုယ်ကိုးဖို့ လိုအပ်တယ်ဆိုတဲ့ အသိတရားတစ်ခုကိုတော့ ကောင်းကျိုးအနေနဲ့ ရရှိစေမှာပါ။
 

ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top