Kantharyar Centre
×




Credit : Duwun


#Unicode Version

ဖျော်ဖြေပွဲတွေမှာ တွေ့လာရတဲ့ ရဲလေးက ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက် ရိုက်ကူးလို့ နေပါတယ်။ ဇာတ်ကားတွေလည်း တစ်လကို တစ်ကားနှုန်းရိုက်ကူးဖြစ်နေပြီး ရိုက်ကူးရေး နားတဲ့ အချိန်မှာ သီချင်းခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သီချင်းခွေအသစ်ထွက်ဖို့ ပြင်ဆင်နေသလို သီချင်းခွေထွက်ပြီးသွားတာနဲ့  နှစ်စဉ်နှစ်တိုင်း ရန်ကုန်နဲ့ မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

မိသားစုနဲ့အတူ နေထိုင်ပြီး အနုပညာအလုပ်တွေ ပိုလုပ်လာတဲ့ ရဲလေးက ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းကြရတော့မှာပါလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top