Property Expo
×

                                    ဓာတ္ပုံ-ေဂ်ေမာင္ေမာင္(အမရပူရ)

ယခုရက္ပိုင္းအတြင္း လူစည္ကားရာေနရာမ်ားတြင္ပင္ အၾကမ္းဖက္မႈ၊ လုယက္မႈအပါအ၀င္ ဒုစ႐ိုက္မႈမ်ားျဖစ္ပြားလာသည္ကို လူမႈကြန္ရက္ အပါအ၀င္ သတင္းမ်ားက ေဖာ္ျပလာခဲ့သည္။ အထူးသျဖင့္ မိဘေဆြမ်ိဳးႏွင့္ သမီးရည္းစားကဲ့သို႔ အရင္းအခ်ာဟု မွတ္ယူရမည့္သူမ်ားက က်ဴးလြန္သည့္ အၾကမ္းဖက္မႈမ်ားကိုပါ အံ့အားသင့္ဖြယ္ ေတြ႕ျမင္လာရၿပီး တရားဥပေဒစိုးမုိးေရးကို စိန္ေခၚလာသည့္ အၾကမ္းဖက္မႈမ်ားက  ျမန္မာ့လူ႔အသိုင္းအ၀ိိုင္းတြင္ ေက်ာမလံုသည့္ စိုးရိမ္မႈမ်ားကို ပိုမိုျမင့္တက္လာေစရာ ျပည္သူမ်ား၏ စိုးရိမ္ပူပန္မႈႏွင့္ပတ္သက္၍ ျပည္သူ႔အသံအျဖစ္ စုစည္းတင္ျပအပ္ပါသည္။

ညီမွဴးအိမ္ (ကဗ်ာဆရာ၊ ေအာင္လံၿမိဳ႕)

အထူးသျဖင့္ လူငယ္ေတြ ငယ္ငယ္ရြယ္ရြယ္နဲ႔ မူးယစ္ေစတဲ့အရာ  ကို အလြယ္တကူ သံုးစြဲလာၾကတာက အဓိကျဖစ္ပါတယ္။ လူငယ္ေတြ မူးယစ္ေဆး၀ါး သံုးစြဲၾကေတာ့ ေလးစားမႈ၊ ႐ိုေသကိုင္း႐ႈိင္းမႈ၊ ဂါရ၀တရား ေတြ ေပ်ာက္ဆံုးကုန္တာေပါ့။ ဒါေၾကာင့္ ၾကားလို႔ေတာင္မသင့္တဲ့ ရာဇ ၀တ္မႈေတြျဖစ္လာရတယ္။ အထူးသျဖင့္ တုိင္းျပည္အနာဂတ္ေတြျဖစ္တဲ့ ကေလးသူငယ္ဆိုင္ရာ ျပစ္မႈေတြပါ အမ်ားႀကီးျဖစ္လာတာက တိုင္းျပည္ အတြက္လည္းမေကာင္းဘူး။ ဒီေတာ့ မူးယစ္ေစတတ္တဲ့ အရာေတြနဲ႔ပတ္ သက္ၿပီး အေရးေပၚကိုင္တြယ္ဖို႔ လိုအပ္ေနပါၿပီ။ ေနာက္တစ္ပိုင္းက  မိဘေတြျဖစ္ပါတယ္။ စား၀တ္ေနေရး ႐ုန္းကန္ေနရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကိုယ့္ရင္ေသြးေတြအေပၚမွာ ကိုယ္ဖိရင္ဖိ မေစာင့္ ေရွာက္ႏိုင္တာရယ္၊ ေငြေၾကးရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ကိုယ္စြမ္းသေလာက္ သားသမီးကို အရမ္းအလို လိုက္ၾကတာကလည္း အေၾကာင္းအခ်က္တစ္ခုအေနနဲ႔ ပါပါတယ္။ ေနာက္ဆံုးလိုရင္းက မေျပာမျဖစ္တဲ့ တရားဥပေဒစိုးမိုးမႈမရိွလို႔ဘဲေျပာရမွာပါ။ ျပည္သူေတြ ေခါင္းျပားေအာင္အိပ္ႏိုင္ဖို႔လည္း အေရးႀကီးတယ္ေလ။ ေနာက္ၿပီး တရားေရး မ႑ိဳင္ကို တျခားမ႑ိဳင္ေတြက ေထာက္ျပေ၀ဖန္မႈအရမ္းအားနည္းေန တယ္လို႔ျမင္တယ္။ အထူးသျဖင့္ ဥပေဒျပ႒ာန္းေရးအပိုင္းျဖစ္တဲ့ လႊတ္ေတာ္က တရားစီရင္ေရးအပိုင္းကို ေမးခြန္းထုတ္တာ လံုး၀မရွိေသးဘူး။ တရားစီရင္မႈအပိုင္းကိုလည္း ေထာက္ျပေ၀ဖန္ဖုိ႔လိုပါတယ္။ ဒါမွ ေငြမ်ားတရားႏိုင္စနစ္ နည္းမယ္။ ဥပေဒကို ေမွ်ာ့ႀကိဳးလို တင္းလိုက္ေလွ်ာ့လိုက္ လုပ္တာေတြနည္းမယ္။ တရားပေဒကို လူေတြ ေလးစားလိုက္နာၾကမွာျဖစ္ပါတယ္။ ဒီလိုမွ မၾကား၀ံ့မနာသာျပစ္မႈေတြ ေလ်ာ့နည္းသြားမွာ။

ကိုစည္သူေမာင္ (ေက်ာင္းသားေခါင္းေဆာင္)

တရားဥပေဒစိုးမိုးေရးနဲ႔ လံုၿခံဳေရးကို ထိထိေရာက္ေရာက္ ေဆာင္ ရြက္ႏိုင္တဲ့ ရဲတပ္ဖြဲ႕ရဲ႕ တာ၀န္ေက်မႈေပၚလည္း မူတည္တယ္။ အခုေနာက္ပိုင္း ရဲေတြကင္းလွည့္ေနတာေတြ႕ရေပမယ့္ တခ်ိဳ႕ေနရာေတြမွာေတာ့ မရွိတာေတြကို ေတြ႕ရတယ္။ တစ္ဦးခ်င္းရဲ႕ စိတ္ခံစားခ်က္အေပၚမွာ ခ်က္ခ်င္းျဖစ္လာတာေတြကေတာ့ ရဲလည္း တားလို႔မရႏိုင္ဘူး။ မသမာ မႈ၊ ႀကိဳတင္ႀကံစည္မႈ၊ ခိုး၊ဆိုး၊ႏႈိက္ေတြကိုေတာ့ ရဲကမ်က္ျခည္မျပတ္ ေစာင့္ၾကည့္ၿပီးတရားဥပေဒစိုးမိုးေရးအတြက္ တာ၀န္အရွိဆံုးျဖစ္တယ္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ မႈခင္းက်ဆင္းေရးနဲ႔ ပတ္သက္ၿပီး ပညာေပး တာ၊ ေဟာေျပာပြဲေတြလုပ္တာကို သတင္းစာေတြမွာ မၾကာခဏေတြ႕ ေနရေပမယ့္ တကယ္တမ္းထိေရာက္တဲ့ သတင္းအရင္းအျမစ္ေတြကို ဘယ္ကရႏိုင္မလဲဆိုတာကို တစ္ခါတေလမွာ ပစ္ပယ္တယ္လို႔ သံသယျဖစ္တယ္။ ျပည္သူလူထုၾကားမွာ စစ္တမ္းေကာက္ယူမႈ၊ အင္န္ဂ်ီအိုေတြ ကရတဲ့ အခ်က္အလက္ေတြ၊ မႈခင္းက်ဆင္းေရးနဲ႔ပတ္သက္တဲ့ အခ်က္ ေတြရႏိုင္တဲ့ လူ႔အခြင့္အေရးအဖြဲ႕အစည္းေတြ သတင္းေတြကိုလည္း အေလးထားအာ႐ံုစိုက္သင့္တယ္။ ျပည္သူလူထုတစ္ဦးခ်င္းစီက ဥပေဒကိုသိရွိၿပီးေလးစားလိုက္နာဖို႔လိုအပ္တယ္။ ကြၽန္ေတာ္တို႔ျပည္သူေတြက အမႈအခင္းတစ္ခုျဖစ္လာရင္ ႐ံုးေတြကိုေရွာင္ခ်င္ၾကတယ္။ ရဲစခန္း၊ အုပ္ခ်ဳပ္ေရးမွဴး႐ံုးေတြကို မသြားခ်င္ၾကဘူး။ ဒါေၾကာင့္ မႈခင္းက်ဆင္းေရးကိုမတားဆီးႏိုင္ဘဲ ပိုၿပီးဆိုးလာတဲ့အေျခအေနကို ေရာက္သြားသလို ျဖစ္လာတယ္။

စိုင္းေအာင္သူရေဇာ္(ျပည္သူတစ္ဦး)

အခုျဖစ္ေနတာေတြကလည္း လူဆိုး၊ လူေကာင္းဆိုတာ ခြဲျခားဖို႔ ခက္တယ္။ အခုလိုျဖစ္ေနတဲ့ ရာဇ၀တ္မႈေတြေၾကာင့္ ကိုယ့္မိသားစု၊ ကိုယ့္သူငယ္ခ်င္း၊ မိတ္ေဆြေတြ အျပင္သြားလာခ်ိန္မွာ စိတ္ပူေနရတယ္။ ရန္ကုန္မွာကလည္း မနက္မိုးလင္းတာနဲ႔ အလုပ္သြား၊ ညေနဆိုရင္ အ လုပ္ကျပန္ဆိုေတာ့ ပတ္၀န္းက်င္ကိုလည္း သိပ္သတိမထားမိဘူး။ က်ဴးလြန္တဲ့သူကလည္း ျဖစ္လာမယ့္အျပစ္ကို သိပ္မေၾကာက္သလုိမ်ိဳး ေတြေတြ႕ေနရတယ္။ ဒုစ႐ိုက္မႈမျဖစ္ေအာင္ဆိုရင္ ရန္ၿငိဳးမရွိေအာင္ေန ရင္ေတာ့ ရန္ၿငိဳးေၾကာင့္ျဖစ္တဲ့ ျပႆနာေတြမရွိႏိုင္ေတာ့ဘူး။ ဒါေပမဲ့ အခုအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျပင္ကိုသြားလာေနၾကတဲ့အခါမွာ ေတာ့ တန္ဖိုးရွိတဲ့ အဖိုးတန္ပစၥည္းေတြကို မလိုအပ္ဘဲ ၀တ္ဆင္တာမ်ိဳး ေတြ ေရွာင္ေစခ်င္တယ္။

ကိုကြန္းေက်ာ္ (႐ူပေဗဒေနာက္ဆံုးႏွစ္ေက်ာင္းသား၊ မံုရြာတကၠသိုလ္)

ျမန္မာျပည္မွာ အခုလိုဒုစ႐ိုက္မႈေတြ မၾကာခဏဆိုသလို ျမင္ေတြ႕ ေနရတယ္၊ ၾကားေနရတယ္။ ဘာမွမဟုတ္တဲ့ ျပႆနာအေသးအဖြဲက အစ ႀကီးေအာင္လုပ္ေနၾကတယ္။ တရားဥပေဒစိုးမိုးေရးကေတာ့ ေ၀ဖန္ စရာႀကီးပါပဲ။ အခုလိုစိတ္ႂကြေဆးေတြ၊ အရက္ဆိုင္ေမွာင္ခိုေတြေၾကာင့္ လူငယ္ေတြေရာ လူႀကီးေတြပါ ဒုစ႐ိုက္မႈေတြ က်ဴးလြန္တယ္လို႔ ထင္ပါ တယ္။ ျပည္သူေတြရဲ႕ စိတ္ထဲမွာ မလံုၿခံဳမႈနဲ႔ စုိးရိမ္မႈေတြျမင့္တက္လာ တယ္လုိ႔ ျမင္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ အၾကမ္းဖက္မႈမခံရေအာင္ အစစအရာရာ သတိနဲ႔ေနထိုင္သင့္ပါတယ္။ ညအခ်ိန္မေတာ္ အျပင္ ထြက္တာမ်ိဳးေတြ မလုပ္သင့္ေတာ့ဘူး။ ကိုယ့္အိမ္မွာ အၾကမ္းဖက္မႈခံရ ၿပီဆိုရင္ သံပံုးတီးတာတို႔၊ အေရးေပၚအခ်က္ေပးတာမ်ိဳးေတြ ႀကိဳတင္ျပင္ ဆင္ထားသင့္တယ္။ ေဘးပတ္၀န္းက်င္ကို အကူအညီေတာင္းလို႔ရေအာင္လို႔ပါ။ လံုၿခံဳေရးအတြက္ က်ဥ္စက္တို႔၊ ေရာ္ဘာတုတ္တို႔ ေဆာင္ထားသင့္တယ္လုိ႔ ျမင္ပါတယ္။

ဦးသိန္းေအာင္ျမင့္ (မႏၲေလး၊ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ)

တရားဥပေဒက ျပည္သူေတြကို ပီပီျပင္ျပင္ မကာကြယ္ေပးႏိုင္ဘူး။ တရားဥပေဒကို ကာကြယ္ေပးရမယ့္ လူေတြထဲမွာလည္း အလုပ္ေကာင္း ေကာင္းမလုပ္ေတာ့ လူေတြက ဥပေဒကိုယံုၾကည္မႈနည္းလာတယ္။ ဒုစ႐ိုက္သမားေတြအတြက္လည္း အခြင့္အေရးေကာင္းေတြရသြားတယ္။ အဲဒီလိုျဖစ္ေနေတာ့ ျပည္သူေတြက ဥပေဒကို ေလးစားစရာ၊လိုက္နာစရာ လို႔ကို မထင္လာေတာ့ဘူး။ တကယ္တမ္း ဥပေဒက ျပင္းျပင္းထန္ထန္ သာ အျပစ္ေပးရင္ ျပႆနာေတြနည္းလာမွာ။ အခု အင္း၀ကိစၥၾကည့္။ လူ႔အခြင့္အေရးေကာ္မရွင္က လူေတြကိုယ္တိုင္က ရာဇ၀တ္မႈကို ဥပေဒ ကိုေက်ာ္ၿပီး ေငြနဲ႔ညႇိတာေလ။ ရာဇ၀တ္မႈဆိုတာက ေက်ေအးေပးလို႔မွ မရတာ။ တရား႐ံုးဆိုရင္ ကိုယ္အေမြရမယ့္ကိစၥကိုေတာင္ မသြားခ်င္ တာ။ အဲဒီေလာက္ကို တရား႐ံုးေတြကို ျပည္သူေတြက အယံုအၾကည္ ကင္းမဲ့ေနတာ။ ၿပီးေတာ့ ရဲေတြ ကိုယ္တိုင္က လူဆိုးေတြကို ျပန္ေၾကာက္ရတဲ့ဘ၀လိုျဖစ္ေနတာ။ မီဒီယာေတြ၊ အရပ္ဘက္ႏိုင္ငံေရး အင္အားစု ေတြ ရွိေနလို႔ အားကိုးေနရတာ။

ေဒၚေရႊ၀င့္၀ါ (ဗန္းေမာ္)

တစ္စတစ္စ အတင့္ရဲလာတဲ့ လုယက္မႈ၊ အၾကမ္းဖက္မႈအပါအ၀င္ ဒုစ႐ိုက္မႈေတြ တိုးပြားလာျခင္းရဲ႕ အဓိကအရင္းအျမစ္ေတြကေတာ့ မူး ယစ္ေဆး၀ါးသံုးစြဲမႈဟာ လူထုၾကားထဲမွာ မထင္မွတ္ေလာက္ေအာင္ က်ယ္ျပန္႔လာျခင္း၊ အလုပ္အကိုင္ရွားပါးျခင္းေတြေၾကာင့္ အလုပ္လက္မဲ့ လူဦးေရ မ်ားျပားလာျခင္းနဲ႔ အျပစ္ေႂကြးမေက်ခင္ လြတ္ၿငိမ္းခ်မ္းသာ ခြင့္နဲ႔ ျပင္ပကိုလြတ္လာၾကတဲ့ ဒုစ႐ိုက္သမားတခ်ိဳ႕ရဲ႕ အေမွာင့္ပေယာဂ ေၾကာင့္လို႔ျမင္ပါတယ္။ မိမိနဲ႔ မိသားစုလံုၿခံဳေရးအတြက္ ေန႔ညၿခံတံခါး၊ အိမ္တံခါး အၿမဲပိတ္ထားၿပီး သတိနဲ႔ေနေစပါတယ္။ နီးစပ္ရာပတ္၀န္း က်င္ ရပ္မိရပ္ဖအပါအ၀င္ နယ္ေျမရဲစခန္းဖုန္းနံပါတ္၊ နီးစပ္ရာမိတ္ေဆြ မ်ားရဲ႕ဖုန္းနံပါတ္ေတြကို အိမ္မွာလည္း ျမင္သာတဲ့ေနရာမွာ ေရးခ်ိတ္ ထားေစပါတယ္။ အခ်ိန္မေတာ္သြားလာစရာေပၚလာရင္လည္း တစ္ေယာက္တည္းမသြားဘဲ အေဖာ္နဲ႔ သတိ ထားၿပီးသြားဖို႔လိုတယ္လို႔ ထင္ပါတယ္။ အမ်ိဳးသမီးငယ္မ်ား အထူးဆင္ျခင္ရမွာကေတာ့ ယေန႔ ေခတ္စားေနတဲ့ အြန္လိုင္းအခ်စ္ဇာတ္လမ္းမွတစ္ဆင့္ အၾကမ္းဖက္မႈေတြ ျဖစ္ေပၚေနတာေၾကာင့္ အထူးဆင္ျခင္ၿပီး မိဘမ်ား အေနနဲ႔လည္း သားသမီးမ်ားကို မ်က္ကြယ္မထားဘဲ အဆက္မျပတ္ အရိပ္အျခည္ထိန္းသိမ္းေပးဖို႔လိုအပ္ တယ္လို႔ထင္ပါတယ္။

ကိုစိုင္းအိမ္ခမ္း (ေနာက္ဆံုးႏွစ္၊ မႏၲေလးေဆးတကၠသိုလ္)

ကြၽန္ေတာ္တုိ႔ႏိုင္ငံမွာ ဒုစ႐ိုက္မႈက်ဴးလြန္သူအမ်ားစုအျမင္မွာ ဘယ္လိုရွိေနလဲဆိုရင္ ဒါဟာ ႏိုင္ငံေရးလုပ္တာမဟုတ္ဘူး။ ႏိုင္ငံေရး သမားဆို အာမခံမရဘူး။ ဘယ္ေလာက္ပဲေငြနဲ႔လိုက္လိုက္ ႏွစ္ရွည္ ေထာင္က်မယ့္ကိန္းရွိတယ္။ ငါဒီလိုဒုစ႐ိုက္မႈေတြလုပ္လိုက္တယ္ဆို တာ ေငြမ်ားမ်ားလိုက္ရင္ လိုက္ႏိုင္သလို အမႈကလြတ္ေျမာက္ဖို႔ Chance ရွိတယ္။ တစ္ဖက္က  အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ေအးေပးလိုက္ တယ္ဆိုရင္ အမႈကေတာင္ လံုး၀ကင္းလြတ္ႏိုင္တယ္လို႔ ျမင္ၾကတယ္။ အင္း၀အပ္ခ်ဳပ္ဆိုင္ Case မွာပဲၾကည့္။ ဘာမွမဟုတ္တဲ့ အေသးအဖြဲေလး နဲ႔တင္ လူသတ္ေလာက္တဲ့အထိ ဒုစ႐ိုက္မႈက်ဴးလြန္ျခင္းေတြကို ႀကံဳေတြ႕ ေနရတဲ့အတြက္ ျပည္သူေတြရဲ႕စိတ္ထဲမွာ မလံုၿခံဳမႈနဲ႔စိုးရိမ္မႈေတြ ျမင့္ တက္လာေနတယ္လို႔ ထင္ပါတယ္။ အေျခခံလူတန္းစား ဒုစ႐ိုက္သမားေတြကို ျပစ္မႈက်ဴးလြန္တဲ့ဘက္ကို တြန္းပို႔ေပးေနတဲ့ အဓိကအခ်က္ေတြကေတာ့ ပညာေရးနဲ႔ အလုပ္အကိုင္အခြင့္အလမ္းပဲ။ သူေဌးဒုစ႐ိုက္သမား ေတြကို ျပစ္မႈက်ဴးလြန္ဖို႔ အဓိကတြန္းအားေပးတဲ့အခ်က္ကေတာ့ ေငြပဲ။ ေငြမ်ားတရားႏိုင္ဆိုတဲ့အသိ၊ ဥပေဒကို ေငြနဲ႔ အလဲထိုးႏိုင္တယ္ဆုိတဲ့ အသိေတြက ဒီလူေတြမွာ ရွိကိုရွိတယ္။

သၪၨာရႊန္းလဲ့ရည္ (Yangon Youth Network)

ၾကားေနရတာကေတာ့ စိတ္ပ်က္အားေလ်ာ့စရာ၊ သတိထားစရာ၊ မလံုၿခံဳစိတ္ ျဖစ္စရာေတြပါပဲ။ အလကားေန လူလူခ်င္း မသကၤာျဖစ္ရ မယ့္ ပံုစံဘက္ကိုေရာက္ေနတာေပါ့။ ၿမိဳ႕ျပ တစ္ခုျဖစ္တဲ့အခါ၊ ေနာက္ ဒီမိုကေရစီ အကူးအေျပာင္း ဒီလုိအခ်ိန္အခါမ်ိဳးမွာ အၾကမ္းဖက္မႈေတြ ပိုတိုးလာတတ္တယ္လုိ႔ ၾကားသိဖူးပါတယ္။ အခုဆိုရွယ္မီဒီယာအားေကာင္းလာခ်ိန္မွာေတာ့ ဒီလိုကိစၥေတြအေပၚ သတင္းမွ်ေ၀တာ၊ သိလို႔ စုတ္တသပ္သပ္ျဖစ္ရတာထက္ ပိုတဲ့လႈပ္ရွားမႈေတြ လုပ္လို႔ရပါတယ္။ ဥပမာ အခု လူ႔အခြင့္အေရးေကာ္မရွင္ကို ႏုတ္ထြက္ဖို႔ ေတာင္းဆိုတာ မ်ိဳးက ဆိုရွယ္မီဒီယာမွာ သည္းမခံႏိုင္ၾကတဲ့ သူေတြ စုဆံုသြားတာမ်ိဳးေပါ့။ ဒါက ျပည္သူေတြအေနနဲ႔ တာ၀န္သိစိတ္နဲ႔ လုပ္ေဆာင္ႏိုင္တာမ်ိဳးေပါ့။ ေနာက္ မတရားမႈေတြအေပၚ တိုက္ဖ်က္တာ၊ တရားမွ်တမႈ ေတာင္းဆို တာမ်ိဳးကို ဆက္တိုက္လုပ္ေဆာင္လာႏိုင္ လိမ့္မယ္လို႔ထင္ပါတယ္။ အေပၚပိုင္းေပၚလစီျပဳျပင္ေျပာင္းလဲတာကေတာ့ ေရရွည္မွာ အျဖစ္သင့္ဆံုး ဆိုေပမယ့္ ဒါကၾကာႏိုင္ပါတယ္။ မိမိကိုယ္ကိုယ္ကေတာ့ ဒုစ႐ိုက္မႈေတြ မႀကံဳရေအာင္ လံုၿခံဳေရးအသိတိုးဖို႔လိုမယ္။ ေနာက္ယံုၾကည္မႈ မလြန္ကဲေအာင္ သတိထားရပါမယ္။ ၿမိဳ႕ျပတစ္ခုအေနနဲ႔ ရန္ကုန္ၿမိဳ႕က ေျပာင္းလဲ လာၿပီဆို သိထားရပါမယ္။ ရဲအေရးပိုင္ေတြနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ႏိုင္ရပါမယ္။ ကိုယ့္အခြင့္အေရး ကိုယ္သိၿပီး မေၾကာက္မရြံ႕ ဒီမိုကေရစီေခတ္မွာ ရဲရဲ၀ံ့၀ံ့ျဖစ္သင့္ျဖစ္ထိုက္တာကို ျပည္သူေတြက လုပ္ေဆာင္ရဲရပါမယ္။

မထက္ထက္ႏိုင္ (သတင္းအတတ္ပညာေက်ာင္းသူ)

ဒုစ႐ိုက္မႈျဖစ္ရပ္ေတြေၾကာင့္ ျပည္သူေတြရဲ႕ စိတ္ထဲမွာ မလံုၿခံဳမႈနဲ႔ စိုးရိမ္မႈေတြျမင့္တက္လာေနတာေတာ့ အမွန္ပါ။ အခုက လူျပတ္တဲ့ ေနရာတင္မကဘူး။ လူစည္တဲ့ေနရာေတြမွာပါ အျဖစ္မ်ားလာတဲ့အတြက္ ပါ။ ေနာက္ၿပီး အခုျဖစ္ေနတဲ့မႈခင္းေတြကို ၾကည့္မယ္ဆိုရင္ ျပစ္ဒဏ္ေပး မႈေတြ အားနည္းေနတယ္လို႔ ထင္ျမင္မိတယ္။ ဥပမာ မုဒိမ္းမႈကို အလုပ္ ၾကမ္းနဲ႔ေထာင္ဒဏ္ ၂ ႏွစ္ပဲခ်မွတ္တာမ်ိဳးဆိုဒါက ျပစ္ဒဏ္အေသးစားအဆင့္သာသာပဲရွိသလို ျဖစ္သြားတယ္။ အဲဒီလိုသာ ဆက္ျဖစ္ေနမယ္ ဆိုရင္ က်ဴးလြန္တဲ့သူေတြက တရားဥပေဒကို ေပါ့ေပါ့တန္တန္သေဘာ ထားေနဦးမွာပဲ။ ဒါေၾကာင့္ ျပစ္မႈျပစ္ဒဏ္ပိုင္းဆိုင္ရာ ဥပေဒေတြကို သက္ဆုိင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားနဲ႔ တိုင္ပင္ၿပီး အခုေခတ္အေျခအေန နဲ႔ကိုက္ညီေအာင္ ျပင္ဆင္ျပ႒ာန္းေစခ်င္ပါတယ္။ အဓိကကေတာ့ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္မယ့္ပစၥည္းမ်ိဳး ေဆာင္ထားပါ။ လမ္းသြားစဥ္မွာလည္း လြယ္လင့္တကူဖုန္းဖြင့္ထားပါ။ ကားငွားျပန္ရင္လည္း အခု ေနာက္ပိုင္း စိတ္ခ်ရတဲ့ Taxi Service အသံုးျပဳသင့္ပါတယ္။ အၾကမ္းဖက္ ခံရၿပီဆိုရင္လည္း ေအာ္ဟစ္အကူအညီေတာင္းဖို႔ မေၾကာက္ၾကပါနဲ႔။ အခုေနာက္ပိုင္းမွာေတာ့ Self Defense Class ဆိုၿပီး မိန္းကေလးေတြအတြက္ဖြင့္လာပါၿပီ။ အဲဒီသင္တန္းကေနလည္း ကိုယ္လံုပညာရပ္ေတြကို ေလ့လာသင့္တယ္လို႔ ထင္ပါတယ္။

ဦးစိန္လွျဖဴ (ကုန္စံုဆိုင္ရွင္၊ ေမာင္ေတာ)

ဒီမိုကေရစီဆိုတဲ့အရာကို တလြဲအသံုးခ်တာေၾကာင့္ အခုလိုဒုစ႐ိုက္ မႈေတြ၊ မႈခင္းျဖစ္စဥ္ေတြျဖစ္ပြားမႈမ်ားလာတာျဖစ္ပါတယ္။ တရားဥပေဒ စိုးမုိးေရးကလည္း အစကတည္းက ယိမ္းယိုင္ေနတာျဖစ္ၿပီးေတာ့ ျပစ္ ဒဏ္က်သူေတြ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လြတ္လာၿပီး လူထုအတြင္းမွာ ျပစ္မႈက်ဴးလြန္မႈေတြ ဆက္ၿပီးေတာ့ ျပဳလုပ္လာတာေတြလည္း အစိုးရ ဘက္က လုိအပ္ခ်က္တစ္ခုျဖစ္ေနပါတယ္။ ကြၽန္ေတာ္တို႔ ေမာင္ေတာ ဘက္မွာဆိုရင္ မူးယစ္ေဆး၀ါးနဲ႔ ဖမ္းဆီးေထာင္ခ်ခံရတဲ့သူေတြ ေထာင္ ထဲမွာ ၾကာၾကာမေနရဘဲ ျပန္လြတ္လာတာေတြ ရွိေနပါတယ္။ ဘယ္လို ပံုစံမ်ိဳးနဲ႔ လြတ္လာတယ္ဆိုတာေတာ့ မေျပာတတ္ပါဘူး။ အဲဒီလို ထိုက္ သင့္တဲ့ျပစ္ဒဏ္မက်ခံရဘဲ ျပန္လြတ္လာသူေတြဟာ ေနာက္ထပ္ ျပစ္မႈက်ဴးလြန္ဖို႔အတြက္ ပိုလြယ္ကူသြားပါတယ္။ ဒုစ႐ိုက္မႈေတြ၊ ျပစ္မႈေတြမ်ားလာတာေၾကာင့္ ကေလးေတြေက်ာင္းတက္၊ ေက်ာင္းဆင္းကို လူႀကီးေတြက လိုက္ပို႔ေပးေနရပါတယ္။ ၿပီးေတာ့ မူးယစ္ေဆးသမား မ်ားလာတာ ေၾကာင့္ ကေလးေတြဆီမွာ ေရႊေတြေတာင္မ၀တ္ေပးရဲျဖစ္ေနပါတယ္။ အဓိကကေတာ့ အကူအညီေတာင္းခံလို႔ ရမယ့္ ဖုန္းနံပါတ္ေတြ (ဥပမာ- ရဲစခန္း၊ ရဲအသိ၊ ေထြအုပ္စတဲ့)  ရယူထားၿပီးေတာ့ အႏၲရာယ္တစ္ခုခုျဖစ္လာရင္ ခ်က္ခ်င္း အကူအညီေတာင္းခံသြားမွာ ျဖစ္ပါတယ္။

ေဒၚျမႏြယ္ (ျပည္သူ႔အေထာက္အကူျပဳအဖဲြ႕၀င္၊ ျပည္ၿမိဳ႕)

ကြၽန္မတို႔ၿမိဳ႕မွာလည္း အုပ္စုဖြဲ႕႐ိုက္ႏွက္တာေတြ၊ ေရႊ၊ ေငြ၊ ဖုန္း စတဲ့ လုယက္မႈေတြ၊ ကားမွန္ခြဲတာေတြ၊ မိန္းမကို ေယာက္်ားက ဓားနဲ႔ ခုတ္သတ္တာေတြ စတဲ့ဒုစ႐ိုက္မႈေတြရွိတယ္။ ဒီလိုေတြအျဖစ္မ်ားလာ ေတာ့ စိတ္ထဲမွာ လံုၿခံဳမႈမရွိတာအမွန္ပဲ။ ဒုစ႐ိုက္မႈေတြ တိုးပြားလာျခင္း ဟာ အဓိကကေတာ့ တရားဥပေဒ စိုးမုိးမႈ အားနည္းတာေၾကာင့္ပါ။ဒီမိုက ေရစီအစိုးရရဲ႕ စီခ်ိန္စံၫႊန္းနဲ႔အညီ ျပည္သူကို ဗဟိုျပဳတဲ့ ဥပေဒေတြ ျပ႒ာန္းဖို႔လိုတယ္။ ျပ႒ာန္းထားတဲ့ဥပေဒကို အသက္၀င္စိုးမိုးေစဖို႔ေဆာင္ ရြက္တဲ့ အဓိကက်တဲ့ရဲတပ္ဖြဲ႕နဲ႔ တရားစီရင္ေရးအေနနဲ႔ အဂတိလိုက္စား ျခင္းမရွိဘဲ ေဆာင္ရြက္ရမယ္။ အစိုးရအႀကီးအကဲေတြက ဘယ္လိုပဲ မွန္မွန္ကန္ကန္ ေဆာင္ရြက္ေနေပမယ့္ ေအာက္ေျခ၀န္ထမ္းေတြကတရား ဥပေဒစိုးမိုးေရးကို မ်က္ကြယ္ျပဳေနဦးမယ္ဆိုရင္ေတာ့ မလြယ္ကူဘူး။ ကြၽန္မတို႔သားသမီးေတြကို ညပိုင္းဆို ညဥ့္နက္သည္အထိ အျပင္ မထြက္ခိုင္းဘူး။ အခ်ိန္နဲ႔ျပန္၊ အခ်ိန္နဲ႔သြားခိုင္းတယ္။ ဆိတ္ကြယ္ရာ အရပ္ေတြ မသြားခိုင္းဘူး။ အဓိကကေတာ့ သူတစ္ပါးနဲ႔ရန္မျဖစ္ေအာင္ ေနခိုင္းတယ္။ သူတစ္ပါးထိခိုက္နစ္နာေစတာမ်ိဳးကို မလုပ္မိေစဖို႔ ဆံုးမထားတယ္။ လူငယ္ေတြအေနနဲ႔ ႏိုင္ငံ့ေကာင္းက်ိဳးသယ္ပိုးႏိုင္ဖို႔၊ ကိုယ္ခ်င္းစာ တရားထားႏိုင္ဖို႔ ဆံုးမထားပါတယ္။

ဦးစိန္ေဌး (ထိုင္းေရာက္ ျမန္မာလုပ္သားမ်ားအေရး ကူညီေပးေနသူ)

ရန္ကုန္လိုၿမိဳ႕ႀကီးေတြမွာ အရင္ကထက္ လူေနမႈပိုထူထပ္လာ သလားဆိုတဲ့ အခ်က္ေတြကလည္း ျပန္တြက္ၾကည့္ဖုိ႔အမ်ားႀကီးလိုပါတယ္။ အမႈအခင္းေတြကေတာ့ ထိုင္းလိုႏိုင္ငံမ်ိဳးမွာလည္း ေတာ္ေတာ္ ေလးျဖစ္ပြားပါတယ္။ ေန႔စဥ္လူသတ္၊ လုယက္၊ အဓမၼျပဳက်င့္ စသျဖင့္ ေပါ့ေလ။ ကြာျခားတာကေတာ့ ႏိုင္ငံသားေတြကို ကာကြယ္ေစာင့္ေရွာက္ ေပးတဲ့စနစ္လို႔ ေျပာလို႔ရမယ္ထင္တယ္။ ရဲတပ္ဖြဲ႕ဦးေရ၊ စြမ္းရည္၊ အ ေထာက္အကူျပဳကိရိယာ၊ လက္နက္ စသျဖင့္ အရမ္းကြာတာေတြ႕ရပါ တယ္။ ျပ႒ာန္းထားတဲ့ ဥပေဒပိုင္းဆိုင္ရာနဲ႔ ဥပေဒစိုးမိုးေရးလည္း ကြာ ျခားပါတယ္။ ထို႔အတူ ျပည္သူေတြရဲ႕ အသိ အျမင္ေတြလည္း ကြာျခားမႈ အနည္းငယ္ရွိပါတယ္။ တခ်ိဳ႕အခ်က္ေတြမွာေတာ့ ျမန္္မာျပည္က အနည္းငယ္သာတာေတြရွိပါတယ္။ ဥပမာ ထိုင္းမွာဆို ေသနတ္တရားမ၀င္ ကိုင္ေဆာင္မႈေတြမ်ားေပမယ့္ျမန္မာမွာေတာ့နယ္စပ္ေဒသေလာက္ကလြဲရင္ ျပည္တြင္းထဲမွာမရွိသေလာက္ပဲ။ မည္သို႔ဆိုေစကာမူေပါ့။ ဘယ္ႏိုင္ငံပဲျဖစ္ျဖစ္ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ေတြ၊ ေနထိုင္မႈဘ၀ ေတြမွာ လံုၿခံဳစိတ္ခ်ဖို႔အတြက္ကေတာ့ အဓိက အစိုးရမွာတာ၀န္ရွိပါတယ္။ ျပစ္မႈဆိုင္ရာဥပေဒေတြ ခိုင္မာအားေကာင္းေအာင္ ျပ႒ာန္းထားဖို႔ လိုပါ တယ္။ ဒီဥပေဒကို ထိန္းသိမ္းေပးမယ့္ ရဲတပ္ဖြဲ႕ကလည္း ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ၊ နည္းပညာ ျပည့္စံုဖို႔လို႔ပါတယ္။ ဒါမွသာ ျပည္သူကအားကိုးၿပီး ပူးေပါင္းေဆာင္ရြက္မႈေတြ ျမင့္တက္လာမွာပါ။

ဦးထြန္းထြန္းဦး (လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူမ်ားအဖြဲ႕-HRAN)

နံပါတ္(၁)က ကြၽန္ေတာ္တို႔လူ႔အဖြဲ႕အစည္းမွာ စည္းကမ္းရယ္၊ ဥပေဒရယ္၊ လြတ္လပ္ျခင္္းရယ္ကို ကြဲကြဲျပားျပား နားမလည္တာက စတာ။ နံပါတ္(၂)အခ်က္က လူမႈဒုကၡေပါ့ဗ်ာ။ စား၀တ္ေနေရးအဆင္ မေျပလို႔ လူေတြရဲ႕စိတ္ေတြက ထြက္ေပါက္္ေတြ ပိတ္ေနတယ္။ တစ္စံု တစ္ခုျဖစ္လာရင္ လုပ္သင့္မလုပ္သင့္ မဆင္ျခင္ႏိုင္ေတာ့ဘူး။ (၃)အခ်က္ကေတာ့ အစိုးရက ျပည္္သူကိုကူညီလို႔ရတဲ့ နည္းလမ္း။ အဲဒါက ေတာ့ ျပည္သူကို ဥပေဒအရ အကာအကြယ္ေပးတာပဲျဖစ္တယ္။ ဥပေဒ ကို ကိုင္တြယ္က်င့္သံုးေနတဲ့သူေတြကို အစိုးရကထိန္းေက်ာင္းဖို႔ လိုအပ္ တယ္။ ဥပေဒကို ကိုယ္က်ိဳးစီးပြားအတြက္ အသံုးခ်ေနသူေတြကို ထိထိ ေရာက္ေရာက္ အေရးယူသင့္တယ္။ နံပါတ္(၄)အခ်က္ကေတာ့ ႐ုပ္၀တၳဳ ေတြ တိုးတက္လာျခင္းပဲ။ တိုးတက္လာတဲ့ ႐ုပ္၀တၳဳေတြေနာက္ကိုလိုက္ ရင္း စိတ္္ပိုင္းဆိုင္ရာ အေလ့အက်င့္ေတြ က်ဆင္းလာတယ္။ မိသားစုၾကားက ေႏြးေထြးမႈ၊ မိတ္ေဆြသူငယ္ခ်င္းေတြၾကားက ခင္မင္ရင္းႏွီးမႈ ေလ်ာ့က်လာတယ္။ လူအခ်င္းခ်င္း အေပါင္းအသင္းမလုပ္ဘဲ ႐ုပ္၀တၳဳေတြနဲ႔ေပါင္းေနေတာ့ စိတ္ပိုင္းဆိုင္ရာ ေတြ ေလ်ာ့နည္းက်ဆင္းခဲ့ရတယ္။ ေနာက္ဆံုးအခ်က္ကေတာ့ ဘာသာတရားရဲ႕ အဆံုးအမကို မလိုက္နာၾက ေတာ့တာပဲ။ ကိုးကြယ္ယံုၾကည္ရာ ဘာသာတရားရဲ႕ အဆံုးအမကို လိုက္နာက်င့္သံုးၾကမယ္ဆိုရင္ လူ အခ်င္းခ်င္း လွည့္ပတ္ျခင္းေတြ ကင္းမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ယခုရက်ပိုင်းအတွင်း လူစည်ကားရာနေရာများတွင်ပင် အကြမ်းဖက်မှု၊ လုယက်မှုအပါအဝင် ဒုစရိုက်မှုများဖြစ်ပွားလာသည်ကို လူမှုကွန်ရက် အပါအဝင် သတင်းများက ဖော်ပြလာခဲ့သည်။ အထူးသဖြင့် မိဘဆွေမျိုးနှင့် သမီးရည်းစားကဲ့သို့ အရင်းအချာဟု မှတ်ယူရမည့်သူများက ကျူးလွန်သည့် အကြမ်းဖက်မှုများကိုပါ အံ့အားသင့်ဖွယ် တွေ့မြင်လာရပြီး တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လာသည့် အကြမ်းဖက်မှုများက  မြန်မာ့လူ့အသိုင်းအဝိုင်းတွင် ကျောမလုံသည့် စိုးရိမ်မှုများကို ပိုမိုမြင့်တက်လာစေရာ ပြည်သူများ၏ စိုးရိမ်ပူပန်မှုနှင့်ပတ်သက်၍ ပြည်သူ့အသံအဖြစ် စုစည်းတင်ပြအပ်ပါသည်။

ညီမှူးအိမ် (ကဗျာဆရာ၊ အောင်လံမြို့)

အထူးသဖြင့် လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်စေတဲ့အရာ  ကို အလွယ်တကူ သုံးစွဲလာကြတာက အဓိကဖြစ်ပါတယ်။ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲကြတော့ လေးစားမှု၊ ရိုသေကိုင်းရှိုင်းမှု၊ ဂါရဝတရား တွေ ပျောက်ဆုံးကုန်တာပေါ့။ ဒါကြောင့် ကြားလို့တောင်မသင့်တဲ့ ရာဇ ဝတ်မှုတွေဖြစ်လာရတယ်။ အထူးသဖြင့် တိုင်းပြည်အနာဂတ်တွေဖြစ်တဲ့ ကလေးသူငယ်ဆိုင်ရာ ပြစ်မှုတွေပါ အများကြီးဖြစ်လာတာက တိုင်းပြည် အတွက်လည်းမကောင်းဘူး။ ဒီတော့ မူးယစ်စေတတ်တဲ့ အရာတွေနဲ့ပတ် သက်ပြီး အရေးပေါ်ကိုင်တွယ်ဖို့ လိုအပ်နေပါပြီ။ နောက်တစ်ပိုင်းက  မိဘတွေဖြစ်ပါတယ်။ စားဝတ်နေရေး ရုန်းကန်နေရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ရင်သွေးတွေအပေါ်မှာ ကိုယ်ဖိရင်ဖိ မစောင့် ရှောက်နိုင်တာရယ်၊ ငွေကြေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်စွမ်းသလောက် သားသမီးကို အရမ်းအလို လိုက်ကြတာကလည်း အကြောင်းအချက်တစ်ခုအနေနဲ့ ပါပါတယ်။ နောက်ဆုံးလိုရင်းက မပြောမဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုမရှိလို့ဘဲပြောရမှာပါ။ ပြည်သူတွေ ခေါင်းပြားအောင်အိပ်နိုင်ဖို့လည်း အရေးကြီးတယ်လေ။ နောက်ပြီး တရားရေး မဏ္ဍိုင်ကို တခြားမဏ္ဍိုင်တွေက ထောက်ပြဝေဖန်မှုအရမ်းအားနည်းနေ တယ်လို့မြင်တယ်။ အထူးသဖြင့် ဥပဒေပြဋ္ဌာန်းရေးအပိုင်းဖြစ်တဲ့ လွှတ်တော်က တရားစီရင်ရေးအပိုင်းကို မေးခွန်းထုတ်တာ လုံးဝမရှိသေးဘူး။ တရားစီရင်မှုအပိုင်းကိုလည်း ထောက်ပြဝေဖန်ဖို့လိုပါတယ်။ ဒါမှ ငွေများတရားနိုင်စနစ် နည်းမယ်။ ဥပဒေကို မျှော့ကြိုးလို တင်းလိုက်လျှော့လိုက် လုပ်တာတွေနည်းမယ်။ တရားပဒေကို လူတွေ လေးစားလိုက်နာကြမှာဖြစ်ပါတယ်။ ဒီလိုမှ မကြားဝံ့မနာသာပြစ်မှုတွေ လျော့နည်းသွားမှာ။

ကိုစည်သူမောင် (ကျောင်းသားခေါင်းဆောင်)

တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်တဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ကျေမှုပေါ်လည်း မူတည်တယ်။ အခုနောက်ပိုင်း ရဲတွေကင်းလှည့်နေတာတွေ့ရပေမယ့် တချို့နေရာတွေမှာတော့ မရှိတာတွေကို တွေ့ရတယ်။ တစ်ဦးချင်းရဲ့ စိတ်ခံစားချက်အပေါ်မှာ ချက်ချင်းဖြစ်လာတာတွေကတော့ ရဲလည်း တားလို့မရနိုင်ဘူး။ မသမာ မှု၊ ကြိုတင်ကြံစည်မှု၊ ခိုး၊ဆိုး၊နှိုက်တွေကိုတော့ ရဲကမျက်ခြည်မပြတ် စောင့်ကြည့်ပြီးတရားဥပဒေစိုးမိုးရေးအတွက် တာဝန်အရှိဆုံးဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ မှုခင်းကျဆင်းရေးနဲ့ ပတ်သက်ပြီး ပညာပေး တာ၊ ဟောပြောပွဲတွေလုပ်တာကို သတင်းစာတွေမှာ မကြာခဏတွေ့ နေရပေမယ့် တကယ်တမ်းထိရောက်တဲ့ သတင်းအရင်းအမြစ်တွေကို ဘယ်ကရနိုင်မလဲဆိုတာကို တစ်ခါတလေမှာ ပစ်ပယ်တယ်လို့ သံသယဖြစ်တယ်။ ပြည်သူလူထုကြားမှာ စစ်တမ်းကောက်ယူမှု၊ အင်န်ဂျီအိုတွေ ကရတဲ့ အချက်အလက်တွေ၊ မှုခင်းကျဆင်းရေးနဲ့ပတ်သက်တဲ့ အချက် တွေရနိုင်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ သတင်းတွေကိုလည်း အလေးထားအာရုံစိုက်သင့်တယ်။ ပြည်သူလူထုတစ်ဦးချင်းစီက ဥပဒေကိုသိရှိပြီးလေးစားလိုက်နာဖို့လိုအပ်တယ်။ ကျွန်တော်တို့ပြည်သူတွေက အမှုအခင်းတစ်ခုဖြစ်လာရင် ရုံးတွေကိုရှောင်ချင်ကြတယ်။ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံးတွေကို မသွားချင်ကြဘူး။ ဒါကြောင့် မှုခင်းကျဆင်းရေးကိုမတားဆီးနိုင်ဘဲ ပိုပြီးဆိုးလာတဲ့အခြေအနေကို ရောက်သွားသလို ဖြစ်လာတယ်။

စိုင်းအောင်သူရဇော်(ပြည်သူတစ်ဦး)

အခုဖြစ်နေတာတွေကလည်း လူဆိုး၊ လူကောင်းဆိုတာ ခွဲခြားဖို့ ခက်တယ်။ အခုလိုဖြစ်နေတဲ့ ရာဇဝတ်မှုတွေကြောင့် ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေ အပြင်သွားလာချိန်မှာ စိတ်ပူနေရတယ်။ ရန်ကုန်မှာကလည်း မနက်မိုးလင်းတာနဲ့ အလုပ်သွား၊ ညနေဆိုရင် အ လုပ်ကပြန်ဆိုတော့ ပတ်ဝန်းကျင်ကိုလည်း သိပ်သတိမထားမိဘူး။ ကျူးလွန်တဲ့သူကလည်း ဖြစ်လာမယ့်အပြစ်ကို သိပ်မကြောက်သလိုမျိုး တွေတွေ့နေရတယ်။ ဒုစရိုက်မှုမဖြစ်အောင်ဆိုရင် ရန်ငြိုးမရှိအောင်နေ ရင်တော့ ရန်ငြိုးကြောင့်ဖြစ်တဲ့ ပြဿနာတွေမရှိနိုင်တော့ဘူး။ ဒါပေမဲ့ အခုအကြောင်းအမျိုးမျိုးကြောင့် အပြင်ကိုသွားလာနေကြတဲ့အခါမှာ တော့ တန်ဖိုးရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို မလိုအပ်ဘဲ ဝတ်ဆင်တာမျိုး တွေ ရှောင်စေချင်တယ်။

ကိုကွန်းကျော် (ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား၊ မုံရွာတက္ကသိုလ်)

မြန်မာပြည်မှာ အခုလိုဒုစရိုက်မှုတွေ မကြာခဏဆိုသလို မြင်တွေ့ နေရတယ်၊ ကြားနေရတယ်။ ဘာမှမဟုတ်တဲ့ ပြဿနာအသေးအဖွဲက အစ ကြီးအောင်လုပ်နေကြတယ်။ တရားဥပဒေစိုးမိုးရေးကတော့ ဝေဖန် စရာကြီးပါပဲ။ အခုလိုစိတ်ကြွဆေးတွေ၊ အရက်ဆိုင်မှောင်ခိုတွေကြောင့် လူငယ်တွေရော လူကြီးတွေပါ ဒုစရိုက်မှုတွေ ကျူးလွန်တယ်လို့ ထင်ပါ တယ်။ ပြည်သူတွေရဲ့ စိတ်ထဲမှာ မလုံခြုံမှုနဲ့ စိုးရိမ်မှုတွေမြင့်တက်လာ တယ်လို့ မြင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကြမ်းဖက်မှုမခံရအောင် အစစအရာရာ သတိနဲ့နေထိုင်သင့်ပါတယ်။ ညအချိန်မတော် အပြင် ထွက်တာမျိုးတွေ မလုပ်သင့်တော့ဘူး။ ကိုယ့်အိမ်မှာ အကြမ်းဖက်မှုခံရ ပြီဆိုရင် သံပုံးတီးတာတို့၊ အရေးပေါ်အချက်ပေးတာမျိုးတွေ ကြိုတင်ပြင် ဆင်ထားသင့်တယ်။ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းလို့ရအောင်လို့ပါ။ လုံခြုံရေးအတွက် ကျဉ်စက်တို့၊ ရော်ဘာတုတ်တို့ ဆောင်ထားသင့်တယ်လို့ မြင်ပါတယ်။

ဦးသိန်းအောင်မြင့် (မန္တလေး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

တရားဥပဒေက ပြည်သူတွေကို ပီပီပြင်ပြင် မကာကွယ်ပေးနိုင်ဘူး။ တရားဥပဒေကို ကာကွယ်ပေးရမယ့် လူတွေထဲမှာလည်း အလုပ်ကောင်း ကောင်းမလုပ်တော့ လူတွေက ဥပဒေကိုယုံကြည်မှုနည်းလာတယ်။ ဒုစရိုက်သမားတွေအတွက်လည်း အခွင့်အရေးကောင်းတွေရသွားတယ်။ အဲဒီလိုဖြစ်နေတော့ ပြည်သူတွေက ဥပဒေကို လေးစားစရာ၊လိုက်နာစရာ လို့ကို မထင်လာတော့ဘူး။ တကယ်တမ်း ဥပဒေက ပြင်းပြင်းထန်ထန် သာ အပြစ်ပေးရင် ပြဿနာတွေနည်းလာမှာ။ အခု အင်းဝကိစ္စကြည့်။ လူ့အခွင့်အရေးကော်မရှင်က လူတွေကိုယ်တိုင်က ရာဇဝတ်မှုကို ဥပဒေ ကိုကျော်ပြီး ငွေနဲ့ညှိတာလေ။ ရာဇဝတ်မှုဆိုတာက ကျေအေးပေးလို့မှ မရတာ။ တရားရုံးဆိုရင် ကိုယ်အမွေရမယ့်ကိစ္စကိုတောင် မသွားချင် တာ။ အဲဒီလောက်ကို တရားရုံးတွေကို ပြည်သူတွေက အယုံအကြည် ကင်းမဲ့နေတာ။ ပြီးတော့ ရဲတွေ ကိုယ်တိုင်က လူဆိုးတွေကို ပြန်ကြောက်ရတဲ့ဘဝလိုဖြစ်နေတာ။ မီဒီယာတွေ၊ အရပ်ဘက်နိုင်ငံရေး အင်အားစု တွေ ရှိနေလို့ အားကိုးနေရတာ။

ဒေါ်ရွှေဝင့်ဝါ (ဗန်းမော်)

တစ်စတစ်စ အတင့်ရဲလာတဲ့ လုယက်မှု၊ အကြမ်းဖက်မှုအပါအဝင် ဒုစရိုက်မှုတွေ တိုးပွားလာခြင်းရဲ့ အဓိကအရင်းအမြစ်တွေကတော့ မူး ယစ်ဆေးဝါးသုံးစွဲမှုဟာ လူထုကြားထဲမှာ မထင်မှတ်လောက်အောင် ကျယ်ပြန့်လာခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတွေကြောင့် အလုပ်လက်မဲ့ လူဦးရေ များပြားလာခြင်းနဲ့ အပြစ်ကြွေးမကျေခင် လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြင်ပကိုလွတ်လာကြတဲ့ ဒုစရိုက်သမားတချို့ရဲ့ အမှောင့်ပယောဂ ကြောင့်လို့မြင်ပါတယ်။ မိမိနဲ့ မိသားစုလုံခြုံရေးအတွက် နေ့ညခြံတံခါး၊ အိမ်တံခါး အမြဲပိတ်ထားပြီး သတိနဲ့နေစေပါတယ်။ နီးစပ်ရာပတ်ဝန်း ကျင် ရပ်မိရပ်ဖအပါအဝင် နယ်မြေရဲစခန်းဖုန်းနံပါတ်၊ နီးစပ်ရာမိတ်ဆွေ များရဲ့ဖုန်းနံပါတ်တွေကို အိမ်မှာလည်း မြင်သာတဲ့နေရာမှာ ရေးချိတ် ထားစေပါတယ်။ အချိန်မတော်သွားလာစရာပေါ်လာရင်လည်း တစ်ယောက်တည်းမသွားဘဲ အဖော်နဲ့ သတိ ထားပြီးသွားဖို့လိုတယ်လို့ ထင်ပါတယ်။ အမျိုးသမီးငယ်များ အထူးဆင်ခြင်ရမှာကတော့ ယနေ့ ခေတ်စားနေတဲ့ အွန်လိုင်းအချစ်ဇာတ်လမ်းမှတစ်ဆင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အထူးဆင်ခြင်ပြီး မိဘများ အနေနဲ့လည်း သားသမီးများကို မျက်ကွယ်မထားဘဲ အဆက်မပြတ် အရိပ်အခြည်ထိန်းသိမ်းပေးဖို့လိုအပ် တယ်လို့ထင်ပါတယ်။

ကိုစိုင်းအိမ်ခမ်း (နောက်ဆုံးနှစ်၊ မန္တလေးဆေးတက္ကသိုလ်)

ကျွန်တော်တို့နိုင်ငံမှာ ဒုစရိုက်မှုကျူးလွန်သူအများစုအမြင်မှာ ဘယ်လိုရှိနေလဲဆိုရင် ဒါဟာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေး သမားဆို အာမခံမရဘူး။ ဘယ်လောက်ပဲငွေနဲ့လိုက်လိုက် နှစ်ရှည် ထောင်ကျမယ့်ကိန်းရှိတယ်။ ငါဒီလိုဒုစရိုက်မှုတွေလုပ်လိုက်တယ်ဆို တာ ငွေများများလိုက်ရင် လိုက်နိုင်သလို အမှုကလွတ်မြောက်ဖို့ Chance ရှိတယ်။ တစ်ဖက်က  အကြောင်းအမျိုးမျိုးကြောင့် ကျေအေးပေးလိုက် တယ်ဆိုရင် အမှုကတောင် လုံးဝကင်းလွတ်နိုင်တယ်လို့ မြင်ကြတယ်။ အင်းဝအပ်ချုပ်ဆိုင် Case မှာပဲကြည့်။ ဘာမှမဟုတ်တဲ့ အသေးအဖွဲလေး နဲ့တင် လူသတ်လောက်တဲ့အထိ ဒုစရိုက်မှုကျူးလွန်ခြင်းတွေကို ကြုံတွေ့ နေရတဲ့အတွက် ပြည်သူတွေရဲ့စိတ်ထဲမှာ မလုံခြုံမှုနဲ့စိုးရိမ်မှုတွေ မြင့် တက်လာနေတယ်လို့ ထင်ပါတယ်။ အခြေခံလူတန်းစား ဒုစရိုက်သမားတွေကို ပြစ်မှုကျူးလွန်တဲ့ဘက်ကို တွန်းပို့ပေးနေတဲ့ အဓိကအချက်တွေကတော့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းပဲ။ သူဌေးဒုစရိုက်သမား တွေကို ပြစ်မှုကျူးလွန်ဖို့ အဓိကတွန်းအားပေးတဲ့အချက်ကတော့ ငွေပဲ။ ငွေများတရားနိုင်ဆိုတဲ့အသိ၊ ဥပဒေကို ငွေနဲ့ အလဲထိုးနိုင်တယ်ဆိုတဲ့ အသိတွေက ဒီလူတွေမှာ ရှိကိုရှိတယ်။

သဉ္ဇာရွှန်းလဲ့ရည် (Yangon Youth Network)

ကြားနေရတာကတော့ စိတ်ပျက်အားလျော့စရာ၊ သတိထားစရာ၊ မလုံခြုံစိတ် ဖြစ်စရာတွေပါပဲ။ အလကားနေ လူလူချင်း မသင်္ကာဖြစ်ရ မယ့် ပုံစံဘက်ကိုရောက်နေတာပေါ့။ မြို့ပြ တစ်ခုဖြစ်တဲ့အခါ၊ နောက် ဒီမိုကရေစီ အကူးအပြောင်း ဒီလိုအချိန်အခါမျိုးမှာ အကြမ်းဖက်မှုတွေ ပိုတိုးလာတတ်တယ်လို့ ကြားသိဖူးပါတယ်။ အခုဆိုရှယ်မီဒီယာအားကောင်းလာချိန်မှာတော့ ဒီလိုကိစ္စတွေအပေါ် သတင်းမျှဝေတာ၊ သိလို့ စုတ်တသပ်သပ်ဖြစ်ရတာထက် ပိုတဲ့လှုပ်ရှားမှုတွေ လုပ်လို့ရပါတယ်။ ဥပမာ အခု လူ့အခွင့်အရေးကော်မရှင်ကို နုတ်ထွက်ဖို့ တောင်းဆိုတာ မျိုးက ဆိုရှယ်မီဒီယာမှာ သည်းမခံနိုင်ကြတဲ့ သူတွေ စုဆုံသွားတာမျိုးပေါ့။ ဒါက ပြည်သူတွေအနေနဲ့ တာဝန်သိစိတ်နဲ့ လုပ်ဆောင်နိုင်တာမျိုးပေါ့။ နောက် မတရားမှုတွေအပေါ် တိုက်ဖျက်တာ၊ တရားမျှတမှု တောင်းဆို တာမျိုးကို ဆက်တိုက်လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ထင်ပါတယ်။ အပေါ်ပိုင်းပေါ်လစီပြုပြင်ပြောင်းလဲတာကတော့ ရေရှည်မှာ အဖြစ်သင့်ဆုံး ဆိုပေမယ့် ဒါကကြာနိုင်ပါတယ်။ မိမိကိုယ်ကိုယ်ကတော့ ဒုစရိုက်မှုတွေ မကြုံရအောင် လုံခြုံရေးအသိတိုးဖို့လိုမယ်။ နောက်ယုံကြည်မှု မလွန်ကဲအောင် သတိထားရပါမယ်။ မြို့ပြတစ်ခုအနေနဲ့ ရန်ကုန်မြို့က ပြောင်းလဲ လာပြီဆို သိထားရပါမယ်။ ရဲအရေးပိုင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရပါမယ်။ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မကြောက်မရွံ့ ဒီမိုကရေစီခေတ်မှာ ရဲရဲဝံ့ဝံ့ဖြစ်သင့်ဖြစ်ထိုက်တာကို ပြည်သူတွေက လုပ်ဆောင်ရဲရပါမယ်။

မထက်ထက်နိုင် (သတင်းအတတ်ပညာကျောင်းသူ)

ဒုစရိုက်မှုဖြစ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ စိတ်ထဲမှာ မလုံခြုံမှုနဲ့ စိုးရိမ်မှုတွေမြင့်တက်လာနေတာတော့ အမှန်ပါ။ အခုက လူပြတ်တဲ့ နေရာတင်မကဘူး။ လူစည်တဲ့နေရာတွေမှာပါ အဖြစ်များလာတဲ့အတွက် ပါ။ နောက်ပြီး အခုဖြစ်နေတဲ့မှုခင်းတွေကို ကြည့်မယ်ဆိုရင် ပြစ်ဒဏ်ပေး မှုတွေ အားနည်းနေတယ်လို့ ထင်မြင်မိတယ်။ ဥပမာ မုဒိမ်းမှုကို အလုပ် ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ပဲချမှတ်တာမျိုးဆိုဒါက ပြစ်ဒဏ်အသေးစားအဆင့်သာသာပဲရှိသလို ဖြစ်သွားတယ်။ အဲဒီလိုသာ ဆက်ဖြစ်နေမယ် ဆိုရင် ကျူးလွန်တဲ့သူတွေက တရားဥပဒေကို ပေါ့ပေါ့တန်တန်သဘော ထားနေဦးမှာပဲ။ ဒါကြောင့် ပြစ်မှုပြစ်ဒဏ်ပိုင်းဆိုင်ရာ ဥပဒေတွေကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ပြီး အခုခေတ်အခြေအနေ နဲ့ကိုက်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းစေချင်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့်ပစ္စည်းမျိုး ဆောင်ထားပါ။ လမ်းသွားစဉ်မှာလည်း လွယ်လင့်တကူဖုန်းဖွင့်ထားပါ။ ကားငှားပြန်ရင်လည်း အခု နောက်ပိုင်း စိတ်ချရတဲ့ Taxi Service အသုံးပြုသင့်ပါတယ်။ အကြမ်းဖက် ခံရပြီဆိုရင်လည်း အော်ဟစ်အကူအညီတောင်းဖို့ မကြောက်ကြပါနဲ့။ အခုနောက်ပိုင်းမှာတော့ Self Defense Class ဆိုပြီး မိန်းကလေးတွေအတွက်ဖွင့်လာပါပြီ။ အဲဒီသင်တန်းကနေလည်း ကိုယ်လုံပညာရပ်တွေကို လေ့လာသင့်တယ်လို့ ထင်ပါတယ်။

ဦးစိန်လှဖြူ (ကုန်စုံဆိုင်ရှင်၊ မောင်တော)

ဒီမိုကရေစီဆိုတဲ့အရာကို တလွဲအသုံးချတာကြောင့် အခုလိုဒုစရိုက် မှုတွေ၊ မှုခင်းဖြစ်စဉ်တွေဖြစ်ပွားမှုများလာတာဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကလည်း အစကတည်းက ယိမ်းယိုင်နေတာဖြစ်ပြီးတော့ ပြစ် ဒဏ်ကျသူတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး လူထုအတွင်းမှာ ပြစ်မှုကျူးလွန်မှုတွေ ဆက်ပြီးတော့ ပြုလုပ်လာတာတွေလည်း အစိုးရ ဘက်က လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ကျွန်တော်တို့ မောင်တော ဘက်မှာဆိုရင် မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးထောင်ချခံရတဲ့သူတွေ ထောင် ထဲမှာ ကြာကြာမနေရဘဲ ပြန်လွတ်လာတာတွေ ရှိနေပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ လွတ်လာတယ်ဆိုတာတော့ မပြောတတ်ပါဘူး။ အဲဒီလို ထိုက် သင့်တဲ့ပြစ်ဒဏ်မကျခံရဘဲ ပြန်လွတ်လာသူတွေဟာ နောက်ထပ် ပြစ်မှုကျူးလွန်ဖို့အတွက် ပိုလွယ်ကူသွားပါတယ်။ ဒုစရိုက်မှုတွေ၊ ပြစ်မှုတွေများလာတာကြောင့် ကလေးတွေကျောင်းတက်၊ ကျောင်းဆင်းကို လူကြီးတွေက လိုက်ပို့ပေးနေရပါတယ်။ ပြီးတော့ မူးယစ်ဆေးသမား များလာတာ ကြောင့် ကလေးတွေဆီမှာ ရွှေတွေတောင်မဝတ်ပေးရဲဖြစ်နေပါတယ်။ အဓိကကတော့ အကူအညီတောင်းခံလို့ ရမယ့် ဖုန်းနံပါတ်တွေ (ဥပမာ- ရဲစခန်း၊ ရဲအသိ၊ ထွေအုပ်စတဲ့)  ရယူထားပြီးတော့ အန္တရာယ်တစ်ခုခုဖြစ်လာရင် ချက်ချင်း အကူအညီတောင်းခံသွားမှာ ဖြစ်ပါတယ်။

ဒေါ်မြနွယ် (ပြည်သူ့အထောက်အကူပြုအဖွဲ့ဝင်၊ ပြည်မြို့)

ကျွန်မတို့မြို့မှာလည်း အုပ်စုဖွဲ့ရိုက်နှက်တာတွေ၊ ရွှေ၊ ငွေ၊ ဖုန်း စတဲ့ လုယက်မှုတွေ၊ ကားမှန်ခွဲတာတွေ၊ မိန်းမကို ယောက်ျားက ဓားနဲ့ ခုတ်သတ်တာတွေ စတဲ့ဒုစရိုက်မှုတွေရှိတယ်။ ဒီလိုတွေအဖြစ်များလာ တော့ စိတ်ထဲမှာ လုံခြုံမှုမရှိတာအမှန်ပဲ။ ဒုစရိုက်မှုတွေ တိုးပွားလာခြင်း ဟာ အဓိကကတော့ တရားဥပဒေ စိုးမိုးမှု အားနည်းတာကြောင့်ပါ။ဒီမိုက ရေစီအစိုးရရဲ့ စီချိန်စံညွှန်းနဲ့အညီ ပြည်သူကို ဗဟိုပြုတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့လိုတယ်။ ပြဋ္ဌာန်းထားတဲ့ဥပဒေကို အသက်ဝင်စိုးမိုးစေဖို့ဆောင် ရွက်တဲ့ အဓိကကျတဲ့ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးအနေနဲ့ အဂတိလိုက်စား ခြင်းမရှိဘဲ ဆောင်ရွက်ရမယ်။ အစိုးရအကြီးအကဲတွေက ဘယ်လိုပဲ မှန်မှန်ကန်ကန် ဆောင်ရွက်နေပေမယ့် အောက်ခြေဝန်ထမ်းတွေကတရား ဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုနေဦးမယ်ဆိုရင်တော့ မလွယ်ကူဘူး။ ကျွန်မတို့သားသမီးတွေကို ညပိုင်းဆို ညဥ့်နက်သည်အထိ အပြင် မထွက်ခိုင်းဘူး။ အချိန်နဲ့ပြန်၊ အချိန်နဲ့သွားခိုင်းတယ်။ ဆိတ်ကွယ်ရာ အရပ်တွေ မသွားခိုင်းဘူး။ အဓိကကတော့ သူတစ်ပါးနဲ့ရန်မဖြစ်အောင် နေခိုင်းတယ်။ သူတစ်ပါးထိခိုက်နစ်နာစေတာမျိုးကို မလုပ်မိစေဖို့ ဆုံးမထားတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံ့ကောင်းကျိုးသယ်ပိုးနိုင်ဖို့၊ ကိုယ်ချင်းစာ တရားထားနိုင်ဖို့ ဆုံးမထားပါတယ်။

ဦးစိန်ဌေး (ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသူ)

ရန်ကုန်လိုမြို့ကြီးတွေမှာ အရင်ကထက် လူနေမှုပိုထူထပ်လာ သလားဆိုတဲ့ အချက်တွေကလည်း ပြန်တွက်ကြည့်ဖို့အများကြီးလိုပါတယ်။ အမှုအခင်းတွေကတော့ ထိုင်းလိုနိုင်ငံမျိုးမှာလည်း တော်တော် လေးဖြစ်ပွားပါတယ်။ နေ့စဉ်လူသတ်၊ လုယက်၊ အဓမ္မပြုကျင့် စသဖြင့် ပေါ့လေ။ ကွာခြားတာကတော့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် ပေးတဲ့စနစ်လို့ ပြောလို့ရမယ်ထင်တယ်။ ရဲတပ်ဖွဲ့ဦးရေ၊ စွမ်းရည်၊ အ ထောက်အကူပြုကိရိယာ၊ လက်နက် စသဖြင့် အရမ်းကွာတာတွေ့ရပါ တယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပိုင်းဆိုင်ရာနဲ့ ဥပဒေစိုးမိုးရေးလည်း ကွာ ခြားပါတယ်။ ထို့အတူ ပြည်သူတွေရဲ့ အသိ အမြင်တွေလည်း ကွာခြားမှု အနည်းငယ်ရှိပါတယ်။ တချို့အချက်တွေမှာတော့ မြန်မာပြည်က အနည်းငယ်သာတာတွေရှိပါတယ်။ ဥပမာ ထိုင်းမှာဆို သေနတ်တရားမဝင် ကိုင်ဆောင်မှုတွေများပေမယ့်မြန်မာမှာတော့နယ်စပ်ဒေသလောက်ကလွဲရင် ပြည်တွင်းထဲမှာမရှိသလောက်ပဲ။ မည်သို့ဆိုစေကာမူပေါ့။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ၊ နေထိုင်မှုဘ၀ တွေမှာ လုံခြုံစိတ်ချဖို့အတွက်ကတော့ အဓိက အစိုးရမှာတာဝန်ရှိပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေတွေ ခိုင်မာအားကောင်းအောင် ပြဋ္ဌာန်းထားဖို့ လိုပါ တယ်။ ဒီဥပဒေကို ထိန်းသိမ်းပေးမယ့် ရဲတပ်ဖွဲ့ကလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နည်းပညာ ပြည့်စုံဖို့လို့ပါတယ်။ ဒါမှသာ ပြည်သူကအားကိုးပြီး ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တက်လာမှာပါ။

ဦးထွန်းထွန်းဦး (လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့-HRAN)

နံပါတ်(၁)က ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ စည်းကမ်းရယ်၊ ဥပဒေရယ်၊ လွတ်လပ်ခြင်းရယ်ကို ကွဲကွဲပြားပြား နားမလည်တာက စတာ။ နံပါတ်(၂)အချက်က လူမှုဒုက္ခပေါ့ဗျာ။ စားဝတ်နေရေးအဆင် မပြေလို့ လူတွေရဲ့စိတ်တွေက ထွက်ပေါက်တွေ ပိတ်နေတယ်။ တစ်စုံ တစ်ခုဖြစ်လာရင် လုပ်သင့်မလုပ်သင့် မဆင်ခြင်နိုင်တော့ဘူး။ (၃)အချက်ကတော့ အစိုးရက ပြည်သူကိုကူညီလို့ရတဲ့ နည်းလမ်း။ အဲဒါက တော့ ပြည်သူကို ဥပဒေအရ အကာအကွယ်ပေးတာပဲဖြစ်တယ်။ ဥပဒေ ကို ကိုင်တွယ်ကျင့်သုံးနေတဲ့သူတွေကို အစိုးရကထိန်းကျောင်းဖို့ လိုအပ် တယ်။ ဥပဒေကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေသူတွေကို ထိထိ ရောက်ရောက် အရေးယူသင့်တယ်။ နံပါတ်(၄)အချက်ကတော့ ရုပ်ဝတ္ထု တွေ တိုးတက်လာခြင်းပဲ။ တိုးတက်လာတဲ့ ရုပ်ဝတ္ထုတွေနောက်ကိုလိုက် ရင်း စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်တွေ ကျဆင်းလာတယ်။ မိသားစုကြားက နွေးထွေးမှု၊ မိတ်ဆွေသူငယ်ချင်းတွေကြားက ခင်မင်ရင်းနှီးမှု လျော့ကျလာတယ်။ လူအချင်းချင်း အပေါင်းအသင်းမလုပ်ဘဲ ရုပ်ဝတ္ထုတွေနဲ့ပေါင်းနေတော့ စိတ်ပိုင်းဆိုင်ရာ တွေ လျော့နည်းကျဆင်းခဲ့ရတယ်။ နောက်ဆုံးအချက်ကတော့ ဘာသာတရားရဲ့ အဆုံးအမကို မလိုက်နာကြ တော့တာပဲ။ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားရဲ့ အဆုံးအမကို လိုက်နာကျင့်သုံးကြမယ်ဆိုရင် လူ အချင်းချင်း လှည့်ပတ်ခြင်းတွေ ကင်းမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top