Property Expo
×

ယုန္ျဖဴေလးက ေတာင္ေျခက လႈိင္ဂူတစ္ခုေရွ႕မွာစာေရးေနတယ္။
ေျမေခြးတစ္ေကာင္က အနားကပ္လာၿပီး ယုန္ကိုေမးတယ္.. “မင္းဘာအေၾကာင္းေရးေနတာလဲ”

ယုန္ကျပန္ေျဖတယ္ [{ အားႏြဲ႕တဲ့ ယုန္ျဖဴငယ္ေလးတစ္ေကာင္က ေျမေခြးကိုဘယ္လိုသတ္စားလိုက္တယ္}] ဆိုတဲ့အေၾကာင္းေလး.. ။

ေျမေခြးက မယံုဘူး၊ ဒါနဲ႔ ယုန္က ေျမေခြးကိုလႈိဏ္ဂူထဲေခၚသြားတယ္။
ခဏၾကာေတာ့ ယုန္တစ္ေကာင္ထဲ လႈိဏ္ဂူထဲကျပန္ထြက္လာတယ္၊

စာဆက္ ေရးတယ္။

ေတာဝက္တစ္ေကာင္က အနားကပ္လာၿပီး ယုန္ကိုေမးတယ္.. “မင္းဘာအေၾကာင္းေရးေနတာလဲ”

ယုန္ကျပန္ေျဖတယ္ [{ အားႏြဲ႕တဲ့ယုန္ျဖဴငယ္ေလးတစ္ေကာင္က ေတာဝက္ကိုဘယ္လိုသတ္စားလိုက္တယ္}] ဆိုတဲ့အေၾကာင္းေလး.. ။

ေတာဝက္ကလည္း မယံုဘူး၊ ဒါနဲ႔ ယုန္က ေတာဝက္ကိုလႈိဏ္ဂူထဲေခၚသြားတယ္။

ေနာက္ဆံုး လႈိဏ္ဂူထဲမွာ ျခေသၤ့တစ္ေကာင္က ေျမေခြးအ႐ိုးစုနဲ႔ ေတာဝက္အ႐ိုးစု ၾကားထဲမွာ မိန္႔မိန္႔ႀကီးထိုင္ေနတယ္၊ အင္မတန္ရႊင္ျပံဳးေနတဲ့႐ုပ္နဲ႔ သြားၾကားထိုးရင္း ယုန္ကေလး လာပို႔တဲ့စာတိုေလးကို ရြတ္ဖတ္ၾကည့္လိုက္တယ္..

<ဝန္ထမ္းတစ္ဦးရဲ႕စြမ္းရည္က သူေဌးအေပၚလည္းအမ်ားႀကီးမူတည္ပါတယ္ >

ဒႆန ~~ လူတစ္ေယာက္ရဲ႕ စြမ္းရည္ရွိမရွိထက္ အဲဒီလူက ဘယ္သူနဲ႔လက္တြဲလုပ္ေနသလဲအေပၚမူတည္တယ္၊ သင္ဘယ္ေလာက္ပဲ အားစိုက္ထုတ္ထုတ္ သူေဌး Background မေကာင္းရင္အလကားပဲ၊ တစ္ခါတစ္ေလ စိုက္ထုတ္မႈထက္ ေရြးျခယ္မႈက အမ်ားႀကီးအေရးပါတယ္၊ တစ္ခ်က္အေရြးမွားသြားတာနဲ႔ ေနာက္က ႀကိဳးစားသမွ်အခ်ည္းအႏွီးပဲ၊ သင္ေရြးျခယ္တဲ့ ကုမၸဏီနဲ႔ သူေဌးက Backgroundေတာင့္ရဲ႕လား...

အပိုင္း (၂)

ယုန္ျဖဴေလးက ဒီအေၾကာင္းကို သူ႔သူငယ္ခ်င္းကို လႊတ္ခနဲေျပာျပမိလိုက္တယ္၊ သတင္းက ခ်က္ခ်င္းႀကီး ေတာအုပ္ထဲမွာ ပ်ံ႕ႏွံ႔သြားတယ္၊ ျခေသၤ့ႀကီးက ေဒါသအရမ္းထြက္သြားတာေပါ့၊

“ ဒီတစ္ပတ္အတြင္း ငါ့ကို အစာမပို႔ေပးႏိုင္ရင္ မင္းကိုသတ္စားပစ္မယ္” လို႔ ျခိမ္းေျခာက္တယ္

ဒါနဲ႔ ယုန္ကေလးက မိႈင္တိုင္တိုင္ေလးနဲ႔ လိႈဏ္ဂူဝမွာ စာဆက္ ေရးတယ္။

ဒရယ္တစ္ေကာင္က အနားကပ္လာၿပီး ယုန္ကိုေမးတယ္.. “မင္းဘာအေၾကာင္းေရးေနတာလဲ”

ယုန္ကျပန္ေျဖတယ္ [{ အားႏြဲ႕တဲ့ယုန္ျဖဴငယ္ေလးတစ္ေကာင္က ေျမေခြးကိုဘယ္လိုသတ္စားလိုက္တယ္}] ဆိုတဲ့အေၾကာင္းေလး.. ။

ဒရယ္က တဟက္ဟက္နဲ႔ရယ္ၿပီးျပန္ေျပာတယ္.. “ တစ္ေတာေတာင္လံုးဒီအေၾကာင္း သိေနၿပီ.. မင္းအကြက္က႐ိုးေနၿပီ.. ဒါေတြ ၿမိဳ႕မွာသြားေျပာ.. ဟဟ”

ယုန္ကျပန္ေျဖတယ္ “ အဲဒီလို တစ္ေတာေတာင္လံုးသိကုန္လို႔ေပါ့ ကိုဒရယ္ႀကီးရယ္.. ျခေသၤက က်ေနာ့္ကို အလုပ္ျဖဳတ္မယ္လုပ္ေနတယ္၊ က်ေနာ့္အစား အျခားတစ္ေယာက္လိုတယ္တဲ့၊ ကိုဒရယ္ႀကီး ဒီရာထူးကို မလိုခ်င္ဘူးလားဗ်ာ..”

ဒရယ္ေတြေဝသြားတယ္.. ေနာက္လက္ခံလိုက္တယ္၊ ယုန္နဲ႔တူတူ လႈိဏ္ဂူထဲဝင္ၿပီးျခေသၤ့ႀကီးကိုသြားေတြ႕ဖို႔ ဆံုးျဖတ္လိုက္တယ္။

ခဏၾကာေတာ့ ယုန္တစ္ေကာင္ထဲ လိႈဏ္ဂူထဲက ျပန္ထြက္လာတယ္၊

စာဆက္ေရးတယ္။ ျမင္းတစ္ေကာင္ထပ္လာတယ္၊ ခုနလိုပဲေျပာၿပီးအထဲထပ္ေခၚသြားတယ္၊

ေနာက္ဆံုး လႈိဏ္ဂူထဲမွာ ျခေသၤ့ႀကီးက အင္မတန္ရႊင္ျပံဳးေနတဲ့႐ုပ္နဲ႔ သြားၾကားထိုးရင္း ယုန္ကေလး လာပို႔တဲ့စာတိုေလးကို ရြတ္ဖတ္ၾကည့္လိုက္တယ္..

< ဘယ္လိုအေျခအေနပဲေရာက္ေရာက္ Marketing ေကာင္းရင္ သူေဌးအတြက္ ရလာဒ္ဆိုတာ ရွိစၿမဲပဲ >

ဒႆန ~~ မိမိတို႔ရံုးက ကိစၥအျပင္မေပါက္ၾကားပါနဲ႔၊ ေပါက္ၾကားမိၿပီဆိုရင္ အလားတူအတိုင္း အစြမ္းထက္တဲ့ နည္းနဲ႔ အျမန္ဆံုးျပန္ဖာေထးသင့္တယ္၊ ဝန္ထမ္းေကာင္းက သူေဌးအတြက္ တီထြင္ဖန္တီးမႈ အိုင္ဒီယာ အၿမဲရွိေနရမယ္၊ သူေဌးက မင္းဖန္တီးတဲ့လမ္းကိုႏွစ္ၿခိဳက္ေနၿပီဆိုရင္ေတာ့ မင္းရဲ႕ ပန္းတိုင္ဟာ မေဝးေတာ့ပါဘူး။

အပိုင္း (၃)

ျခေသၤ့ႀကီးက တစ္ေန႔တစ္ျခား ပိုပိုႀကီးထြားလာတယ္၊ ယုန္ကေလး ဆက္သတဲ့အစာကို သူစားမဝေတာ့ဘူး၊ ဒါနဲ႔ ယုန္ကိုထပ္ၿခိမ္းေျခာက္တယ္၊
“ ငါ့ရဲ႕ အစာလိုအပ္မႈက ခါတိုင္းထက္ ႏွစ္ဆျဖစ္သြားၿပီ၊ ခါတိုင္း ၄ရက္ကို တစ္ေကာင္စားတယ္၊ အခု ၂ရက္ကို ၁ေကာင္စားမယ္၊ တကယ္လို႔ တစ္ပတ္အတြင္းမွ မေျပာင္းလဲေပးႏိုင္ဘူးဆိုရင္ ငါမင္းကိုသတ္စားရလိမ့္မယ္” တဲ့။

ဒါနဲ႔ ယုန္က လိုဏ္ဂူဝက ထြက္ခြာသြားတယ္၊ ေတာအနက္ႀကီးထဲေျပးဝင္သြားတယ္၊ တစ္ေနရာေရာက္ေတာ့ ေတာင္ဆိတ္နဲ႔ေတြ႕တယ္၊ “ အားႏြဲ႕တဲ့ ယုန္ျဖဴငယ္ေလးတစ္ေကာင္က ေျမေခြးကိုသတ္စားလိုက္တာယုံလား..” ေတာင္ဆိတ္မယံုဘူး၊ ဒါနဲ႔ ေတာင္ဆိတ္ကို လိႈဏ္ဂူထဲထိလမ္းျပေခၚေဆာင္သြားတယ္။

ခဏၾကာေတာ့ ယုန္တစ္ေကာင္တည္းထြက္လာတယ္၊ ခုနလိုပဲ ေတာနက္ထဲထပ္ဝင္သြားတယ္၊ သိုးတစ္ေကာင္နဲ႔ထပ္ေတြ႕တယ္၊ အဲလိုနဲ႔ပဲ အလားတူကိစၥမ်ိဳး ထပ္မံျဖစ္ပြားတယ္ေပါ့။

လတ္စသတ္ေတာ့ ေတာနက္ထဲမွာ ယုန္နဲ႔ျခေသၤ့တို႔အေၾကာင္းကို မသိၾကေသးဘူးတဲ့၊

လႈိဏ္ဂူထဲမွာ ျခေသၤ့ႀကီးက အင္မတန္ရႊင္ျပံဳးေနတဲ့႐ုပ္နဲ႔ သြားၾကားထိုးေနရင္း ယုန္ကေလး လာပို႔တဲ့စာတိုေလးကို ရြတ္ဖတ္ၾကည့္လိုက္တယ္..

< အထိုင္လုပ္ငန္းကေန ေရြ႕လ်ားလုပ္ငန္းေျပာင္းျခင္းရဲ႕ တိုးတက္မႈ>

ဒႆန ~~ ေစ်းကြက္ကိုမနားတမ္းထိုးေဖာက္ပါ၊ မတူညီတဲ့ေနရာေဒသကို လုပ္ငန္းထိုးေဖာက္ျခင္းဟာ မထင္မွတ္တဲ့ရလာဒ္ေကာင္းေတြရႏိုင္တယ္ဆိုတာယံုပါ၊ တကယ္လို႔ မထိုးေဖာက္ခ်င္ခဲ့ရင္ေတာင္ စိတ္ေျပလက္ေပ်ာက္ထသြားၾကည့္ပါ။

အပိုင္း (၄)

အခ်ိန္ကာလေတြၾကာလာတာနဲ႔တစ္ၿပိဳက္နက္ စားလိုက္အိပ္လိုက္နဲ႔ ျခေသၤ့ႀကီးဟာ တစ္ေန႔ တစ္ျခားဝ,ဝ လာတယ္၊ ဒါနဲ႔ အျပင္ထြက္လမ္းေလွ်ာက္ၾကည့္မယ္လို႔ဆံုးျဖတ္လိုက္တယ္၊ ဂူဝလည္းေရာက္ေကာ သူ႔ကိုယ္လံုးက ဂူဝထက္ မတရားႀကီးမားေနတာကိုေတြ႕တယ္.. ဘယ္လိုမွထြက္လို႔မရေတာ့ဘူး..။

ယုန္က ဂူဝကေနျခေသၤ့အျဖစ္ကို ၾကည့္ၿပီးရယ္ၿပီးေျပာတယ္..
“ေနာက္ဆံုးေတာ့ ငါေမွ်ာ္လင့္ေနတဲ့ရက္က ေရာက္လာၿပီပဲ.. ဒီေန႔က စၿပီး ငါဘာေျပာေျပာ မင္းနားေထာင္ရမယ္၊ တစ္ေန႔ မနက္တစ္ခါ ညေနတစ္ခါ ဂူအတြင္းကေန ဟိန္းသံ ေပးရမယ္၊ ႏို႔မို႔ စားဖို႔အစာမပို႔ေပးေတာ့ဘူး”

ျခေသၤ့ႀကီးက မဆိုင္းမတြဘဲ" ရပါတယ္၊ ရပါတယ္.. ငါ့ကိုစားစရာသာပို႔ေပးရင္ မင္းဘာခိုင္းခိုင္းလုပ္ေပးပါ့မယ္ ” ဒီအခ်ိန္မွာ ယုန္ထပ္ေရးထားတဲ့စာေၾကာင္းတိုေလးကို ေတြ႕လိုက္ရတယ္

“ဗ်ဴဟာရဲ႕ အဆံုးမွာ ခြန္အားႀကီးတဲ့သူေတာင္ ပညာရွိတဲ့သူကိုဝပ္တြားရတာပဲေလ” တဲ့။

ဒႆန ~~ ဝန္ထမ္းေကာင္းတစ္ေယာက္ျဖစ္သြားၿပီဆို ဘယ္သူေဌးမွ လက္လြတ္မခံေတာ့ပါဘူး၊ အဲအခ်ိန္က်ရင္ အျခား ကုမၸဏီေျပာင္းမလား သူေဌးကို လစာပဲတိုးခိုင္းမလား မင္းစိတ္ႀကိဳက္ေပါ့၊ မင္းနာမည္က ဟိုးတစ္ေလးေက်ာ္ေနၿပီပဲေလ။

ဂူထဲမွာ အၿမဲေအာင္းေနတဲ့ သူေဌးမလုပ္မိပါေစနဲ႔၊ အၿမဲ အျပင္ေလာကနဲ႔ထိေတြ႕ဆက္ဆံပါ၊ ဝန္ထမ္း စပယ္ယာပတ္ကိုခန္႔ပါ.. :-P ပထမလူေတာ္သလို ဒုတိယ ပညာသင္ဝန္ထမ္းကိုလည္းေတာ္ေအာင္လုပ္ပါေစ၊ ဒါမွ ႏွစ္ေယာက္လံုး အလုပ္ၿမဲေနမွာပါ၊ ဝန္ထမ္းဗိုလ္ျပန္က်တာမခံခ်င္ရင္ နားကိုစြင့္ပါ၊ ဝန္ထမ္းထက္ႀကိဳျမင္တတ္ပါ၊ ႏို႔မို႔ ဝန္ထမ္း ျပန္ေရာင္းစားခံရမွာ အမွန္ပင္။

ဇတ္သိမ္း။

ယုန္ရဲ႕နာမည္က ႀကီးသတဲ့ထက္ႀကီးလာခဲ့တယ္၊ ေတာထဲမွာ သူၿပီး ဘယ္သူမွမရွိေတာ့ဘူး၊ ျခေသၤ့ကေတာင္ သူ႔ကိုေၾကာက္ေနရတာအားလံုးသိသြားတယ္၊

ဒါနဲ႔ပဲ ေတာထဲမွာ ယုန္က စတင္ေမႊပါေလေကာ၊ အေပၚအႏိုင္က်င့္၊ ေအာက္အႏိုင္က်င့္နဲ႔၊ ျခေသၤ့အသံနဲ႔ လုပ္စားေနတယ္ေပါ့၊
ေနာက္ဆံုးတစ္ေန႔မွာ အဲဒီနာမည္ႀကီးတဲ့ယုန္ကို မုဆိုးက အရွင္လတ္လတ္ေထာင္ဖမ္းသြားတယ္၊ ဂူဝမွာ စာတိုေလးျပန္ကပ္ထားခဲ့တယ္

“ တစ္ေတာင္ထက္ တစ္ေတာင္ပိုျမင့္တယ္”

ဒႆန ~~ မိမိကိုယ္မိမိဘဝမေမ့ပါေစနဲ႔။ မိမိထက္သာတဲ့ၿပိဳင္ဘက္က မိမိကိုအသာေလးအလဲထိုးႏိုင္မယ္ဆိုတာသိထားပါ။ ေအာက္ေျခမလြတ္ပါနဲ႔၊ မိမိထက္ ရာထူးနိမ့္ေသာ သူမ်ားကို တေလးတစားဆက္ဆံပါ၊ မေမာက္မာပါနဲ႔၊ တစ္ေယာက္ေယာက္နဲ႔ ခြ်န္ၿပီးေျခထိုးခံရကိန္းရွိသည္။

နိဂံုး။

ေတာထဲမွာ အရင္ကလိုပံုမွန္ျပန္ျဖစ္သြားတယ္၊ ယုန္နဲ႔ျခေသၤ့အေၾကာင္းနဲ႔ ယုန္ကေျမေခြးကိုစားတဲ့ ပံုျပင္ေတြလည္းေမ့ကုန္တယ္။

အရမ္း.. အရမ္းကိုၾကာၿပီးတဲ့ေနာက္မွာ က်ားပ်ိဳေလးက ဒီပံုျပင္ေလးကို ျပန္ၾကားမိသြားတယ္.. အရမ္းလည္း စိတ္အားထက္သန္သြားတယ္၊

ေမ်ာက္တစ္ေကာင္ကိုဖမ္းလိုက္ၿပီး အဲဒီလိုလုပ္ဇတ္ဖန္တီးၾကမယ္.. မလုပ္ဘူးဆိုရင္ သတ္ပစ္မယ္ ၿခိမ္းေျခာက္တယ္။

ေမ်ာက္လည္း သေဘာတူလိုက္တယ္.. ဒါနဲ႔ က်ားက သေဘာက်ၿပီး လိႈဏ္ဂူႀကီးထဲဝင္သြားတယ္၊ လိုဏ္ဂူထဲမွာ ေမ်ာက္ကို ေစာင့္ေနလိုက္တာ သံုးရက္လံုးလံုး တစ္ေကာင္မွ လာမပို႔ဘူး.. မေအာင့္ႏိုင္ေတာ့တာနဲ႔ ဂူျပင္ထြက္ၾကည့္တယ္.. လတ္စသတ္ေတာ့ ေမ်ာက္မသားက လစ္သြားတာၾကာၿပီ.။
ေျမႀကီးေပၚမွာ စာတိုေလးတစ္ေစာင္ထားခဲ့တယ္။

< သူေဌးတစ္ေယာက္ျဖစ္ဖို႔ ဝန္ထမ္းကိုဘယ္လိုစည္းရံုးရမလဲ အရင္နားလည္ေအာင္လုပ္ပါဦးလို႔ >

ဒႆန~~ လုပ္ေဆာင္မႈတိုင္းဟာ လူတိုုင္းအေပၚ အသံုးမတည့္ၾကပါဘူး.. ေခတ္ကာလရဲ႕ေျပာင္းလဲမႈ၊ အခြင့္အေရးရဲ႕အခ်ိန္အပ္စပ္မႈရွိမရွိကို မသိဘဲ ေရွး႐ိုးထံုးႀကီးလမ္းစဥ္ေနာက္ကိုလိုက္မိရင္ေတာ့ ရံႈးနိမ့္ရမွာ မလြဲမေသပင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:themeltingpot4u

Unicode Version

ယုန်ဖြူလေးက တောင်ခြေက လှိုင်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။
မြေခွေးတစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကိုလှိုဏ်ဂူထဲခေါ်သွားတယ်။
ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာတယ်၊

စာဆက် ရေးတယ်။

တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကိုလှိုဏ်ဂူထဲခေါ်သွားတယ်။

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခင်္သြေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်၊ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

<ဝန်ထမ်းတစ်ဦးရဲ့စွမ်းရည်က သူဌေးအပေါ်လည်းအများကြီးမူတည်ပါတယ် >

ဒဿန ~~ လူတစ်ယောက်ရဲ့ စွမ်းရည်ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့လက်တွဲလုပ်နေသလဲအပေါ်မူတည်တယ်၊ သင်ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင်အလကားပဲ၊ တစ်ခါတစ်လေ စိုက်ထုတ်မှုထက် ရွေးခြယ်မှုက အများကြီးအရေးပါတယ်၊ တစ်ချက်အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှအချည်းအနှီးပဲ၊ သင်ရွေးခြယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Backgroundတောင့်ရဲ့လား...

အပိုင်း (၂)

ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲပြောပြမိလိုက်တယ်၊ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်၊ ခင်္သြေ့ကြီးက ဒေါသအရမ်းထွက်သွားတာပေါ့၊

“ ဒီတစ်ပတ်အတွင်း ငါ့ကို အစာမပို့ပေးနိုင်ရင် မင်းကိုသတ်စားပစ်မယ်” လို့ ခြိမ်းခြောက်တယ်

ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝမှာ စာဆက် ရေးတယ်။

ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

ဒရယ်က တဟက်ဟက်နဲ့ရယ်ပြီးပြန်ပြောတယ်.. “ တစ်တောတောင်လုံးဒီအကြောင်း သိနေပြီ.. မင်းအကွက်ကရိုးနေပြီ.. ဒါတွေ မြို့မှာသွားပြော.. ဟဟ”

ယုန်ကပြန်ဖြေတယ် “ အဲဒီလို တစ်တောတောင်လုံးသိကုန်လို့ပေါ့ ကိုဒရယ်ကြီးရယ်.. ခင်္သြေက ကျနော့်ကို အလုပ်ဖြုတ်မယ်လုပ်နေတယ်၊ ကျနော့်အစား အခြားတစ်ယောက်လိုတယ်တဲ့၊ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ..”

ဒရယ်တွေဝေသွားတယ်.. နောက်လက်ခံလိုက်တယ်၊ ယုန်နဲ့တူတူ လှိုဏ်ဂူထဲဝင်ပြီးခင်္သြေ့ကြီးကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊

စာဆက်ရေးတယ်။ မြင်းတစ်ကောင်ထပ်လာတယ်၊ ခုနလိုပဲပြောပြီးအထဲထပ်ခေါ်သွားတယ်၊

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခင်္သြေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

< ဘယ်လိုအခြေအနေပဲရောက်ရောက် Marketing ကောင်းရင် သူဌေးအတွက် ရလာဒ်ဆိုတာ ရှိစမြဲပဲ >

ဒဿန ~~ မိမိတို့ရုံးက ကိစ္စအပြင်မပေါက်ကြားပါနဲ့၊ ပေါက်ကြားမိပြီဆိုရင် အလားတူအတိုင်း အစွမ်းထက်တဲ့ နည်းနဲ့ အမြန်ဆုံးပြန်ဖာထေးသင့်တယ်၊ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲရှိနေရမယ်၊ သူဌေးက မင်းဖန်တီးတဲ့လမ်းကိုနှစ်ခြိုက်နေပြီဆိုရင်တော့ မင်းရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။

အပိုင်း (၃)

ခင်္သြေ့ကြီးက တစ်နေ့တစ်ခြား ပိုပိုကြီးထွားလာတယ်၊ ယုန်ကလေး ဆက်သတဲ့အစာကို သူစားမဝတော့ဘူး၊ ဒါနဲ့ ယုန်ကိုထပ်ခြိမ်းခြောက်တယ်၊
“ ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆဖြစ်သွားပြီ၊ ခါတိုင်း ၄ရက်ကို တစ်ကောင်စားတယ်၊ အခု ၂ရက်ကို ၁ကောင်စားမယ်၊ တကယ်လို့ တစ်ပတ်အတွင်းမှ မပြောင်းလဲပေးနိုင်ဘူးဆိုရင် ငါမင်းကိုသတ်စားရလိမ့်မယ်” တဲ့။

ဒါနဲ့ ယုန်က လိုဏ်ဂူဝက ထွက်ခွာသွားတယ်၊ တောအနက်ကြီးထဲပြေးဝင်သွားတယ်၊ တစ်နေရာရောက်တော့ တောင်ဆိတ်နဲ့တွေ့တယ်၊ “ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုသတ်စားလိုက်တာယုံလား..” တောင်ဆိတ်မယုံဘူး၊ ဒါနဲ့ တောင်ဆိတ်ကို လှိုဏ်ဂူထဲထိလမ်းပြခေါ်ဆောင်သွားတယ်။

ခဏကြာတော့ ယုန်တစ်ကောင်တည်းထွက်လာတယ်၊ ခုနလိုပဲ တောနက်ထဲထပ်ဝင်သွားတယ်၊ သိုးတစ်ကောင်နဲ့ထပ်တွေ့တယ်၊ အဲလိုနဲ့ပဲ အလားတူကိစ္စမျိုး ထပ်မံဖြစ်ပွားတယ်ပေါ့။

လတ်စသတ်တော့ တောနက်ထဲမှာ ယုန်နဲ့ခင်္သြေ့တို့အကြောင်းကို မသိကြသေးဘူးတဲ့၊

လှိုဏ်ဂူထဲမှာ ခင်္သြေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

< အထိုင်လုပ်ငန်းကနေ ရွေ့လျားလုပ်ငန်းပြောင်းခြင်းရဲ့ တိုးတက်မှု>

ဒဿန ~~ ဈေးကွက်ကိုမနားတမ်းထိုးဖောက်ပါ၊ မတူညီတဲ့နေရာဒေသကို လုပ်ငန်းထိုးဖောက်ခြင်းဟာ မထင်မှတ်တဲ့ရလာဒ်ကောင်းတွေရနိုင်တယ်ဆိုတာယုံပါ၊ တကယ်လို့ မထိုးဖောက်ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက်ထသွားကြည့်ပါ။

အပိုင်း (၄)

အချိန်ကာလတွေကြာလာတာနဲ့တစ်ပြိုက်နက် စားလိုက်အိပ်လိုက်နဲ့ ခင်္သြေ့ကြီးဟာ တစ်နေ့ တစ်ခြားဝ,ဝ လာတယ်၊ ဒါနဲ့ အပြင်ထွက်လမ်းလျှောက်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်၊ ဂူဝလည်းရောက်ကော သူ့ကိုယ်လုံးက ဂူဝထက် မတရားကြီးမားနေတာကိုတွေ့တယ်.. ဘယ်လိုမှထွက်လို့မရတော့ဘူး..။

ယုန်က ဂူဝကနေခင်္သြေ့အဖြစ်ကို ကြည့်ပြီးရယ်ပြီးပြောတယ်..
“နောက်ဆုံးတော့ ငါမျှော်လင့်နေတဲ့ရက်က ရောက်လာပြီပဲ.. ဒီနေ့က စပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်၊ တစ်နေ့ မနက်တစ်ခါ ညနေတစ်ခါ ဂူအတွင်းကနေ ဟိန်းသံ ပေးရမယ်၊ နို့မို့ စားဖို့အစာမပို့ပေးတော့ဘူး”

ခင်္သြေ့ကြီးက မဆိုင်းမတွဘဲ" ရပါတယ်၊ ရပါတယ်.. ငါ့ကိုစားစရာသာပို့ပေးရင် မင်းဘာခိုင်းခိုင်းလုပ်ပေးပါ့မယ် ” ဒီအချိန်မှာ ယုန်ထပ်ရေးထားတဲ့စာကြောင်းတိုလေးကို တွေ့လိုက်ရတယ်

“ဗျူဟာရဲ့ အဆုံးမှာ ခွန်အားကြီးတဲ့သူတောင် ပညာရှိတဲ့သူကိုဝပ်တွားရတာပဲလေ” တဲ့။

ဒဿန ~~ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ်မခံတော့ပါဘူး၊ အဲအချိန်ကျရင် အခြား ကုမ္ပဏီပြောင်းမလား သူဌေးကို လစာပဲတိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့၊ မင်းနာမည်က ဟိုးတစ်လေးကျော်နေပြီပဲလေ။

ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေးမလုပ်မိပါစေနဲ့၊ အမြဲ အပြင်လောကနဲ့ထိတွေ့ဆက်ဆံပါ၊ ဝန်ထမ်း စပယ်ယာပတ်ကိုခန့်ပါ.. :-P ပထမလူတော်သလို ဒုတိယ ပညာသင်ဝန်ထမ်းကိုလည်းတော်အောင်လုပ်ပါစေ၊ ဒါမှ နှစ်ယောက်လုံး အလုပ်မြဲနေမှာပါ၊ ဝန်ထမ်းဗိုလ်ပြန်ကျတာမခံချင်ရင် နားကိုစွင့်ပါ၊ ဝန်ထမ်းထက်ကြိုမြင်တတ်ပါ၊ နို့မို့ ဝန်ထမ်း ပြန်ရောင်းစားခံရမှာ အမှန်ပင်။

ဇတ်သိမ်း။

ယုန်ရဲ့နာမည်က ကြီးသတဲ့ထက်ကြီးလာခဲ့တယ်၊ တောထဲမှာ သူပြီး ဘယ်သူမှမရှိတော့ဘူး၊ ခင်္သြေ့ကတောင် သူ့ကိုကြောက်နေရတာအားလုံးသိသွားတယ်၊

ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင်မွှေပါလေကော၊ အပေါ်အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့၊ ခင်္သြေ့အသံနဲ့ လုပ်စားနေတယ်ပေါ့၊
နောက်ဆုံးတစ်နေ့မှာ အဲဒီနာမည်ကြီးတဲ့ယုန်ကို မုဆိုးက အရှင်လတ်လတ်ထောင်ဖမ်းသွားတယ်၊ ဂူဝမှာ စာတိုလေးပြန်ကပ်ထားခဲ့တယ်

“ တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်”

ဒဿန ~~ မိမိကိုယ်မိမိဘဝမမေ့ပါစေနဲ့။ မိမိထက်သာတဲ့ပြိုင်ဘက်က မိမိကိုအသာလေးအလဲထိုးနိုင်မယ်ဆိုတာသိထားပါ။ အောက်ခြေမလွတ်ပါနဲ့၊ မိမိထက် ရာထူးနိမ့်သော သူများကို တလေးတစားဆက်ဆံပါ၊ မမောက်မာပါနဲ့၊ တစ်ယောက်ယောက်နဲ့ ချွန်ပြီးခြေထိုးခံရကိန်းရှိသည်။

နိဂုံး။

တောထဲမှာ အရင်ကလိုပုံမှန်ပြန်ဖြစ်သွားတယ်၊ ယုန်နဲ့ခင်္သြေ့အကြောင်းနဲ့ ယုန်ကမြေခွေးကိုစားတဲ့ ပုံပြင်တွေလည်းမေ့ကုန်တယ်။

အရမ်း.. အရမ်းကိုကြာပြီးတဲ့နောက်မှာ ကျားပျိုလေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်.. အရမ်းလည်း စိတ်အားထက်သန်သွားတယ်၊

မျောက်တစ်ကောင်ကိုဖမ်းလိုက်ပြီး အဲဒီလိုလုပ်ဇတ်ဖန်တီးကြမယ်.. မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်။

မျောက်လည်း သဘောတူလိုက်တယ်.. ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူကြီးထဲဝင်သွားတယ်၊ လိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တာ သုံးရက်လုံးလုံး တစ်ကောင်မှ လာမပို့ဘူး.. မအောင့်နိုင်တော့တာနဲ့ ဂူပြင်ထွက်ကြည့်တယ်.. လတ်စသတ်တော့ မျောက်မသားက လစ်သွားတာကြာပြီ.။
မြေကြီးပေါ်မှာ စာတိုလေးတစ်စောင်ထားခဲ့တယ်။

< သူဌေးတစ်ယောက်ဖြစ်ဖို့ ဝန်ထမ်းကိုဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင်လုပ်ပါဦးလို့ >

ဒဿန~~ လုပ်ဆောင်မှုတိုင်းဟာ လူတိုုင်းအပေါ် အသုံးမတည့်ကြပါဘူး.. ခေတ်ကာလရဲ့ပြောင်းလဲမှု၊ အခွင့်အရေးရဲ့အချိန်အပ်စပ်မှုရှိမရှိကို မသိဘဲ ရှေးရိုးထုံးကြီးလမ်းစဉ်နောက်ကိုလိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသေပင်။


ဖိုးသူတော် (www.phothutaw.com)
Credit:themeltingpot4u
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top