Property Expo
×

ၿပီးခဲ့သည့္ ရက္ပိုင္းက ကျပခဲ့ေသာ ေခတ္သစ္ဧကရီအ ၿငိမ့္ကို ျမန္မာႏုိင္ငံ သဘင္အစည္း အ႐ံုးက ျပင္းထန္စြာ႐ႈတ္ခ် ေၾကာင္း စက္တင္ဘာ ၁၄ ရက္ တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
ေခတ္သစ္ဧကရီအၿငိမ့္ ေဖ်ာ္ေျဖပြဲသည္ သဘင္ႏွင့္သက္ဆုိင္ သည့္ ေဖ်ာ္ေျဖပြဲျဖစ္၍ သဘင္အစည္းအ႐ံုး၏ ေထာက္ခံခြင့္ျပဳခ်က္ ယူရမည္ျဖစ္ေသာ္လည္း အစည္းအ႐ံုးသို႔ ဆက္သြယ္ခဲ့ျခင္းမရွိေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔အျပင္ ေဖ်ာ္ေျဖတင္ဆက္ရာတြင္ သဘင့္သမားစဥ္အရ အမ်ိဳးသမီးမ်ားသည္ လူရႊင္ေတာ္အျဖစ္ ေဆာင္ရြက္ရန္မသင့္ေလ်ာ္ျခင္း၊ ႏွစ္ပါးသြားေဖ်ာ္ေျဖတင္ဆက္မႈကို ပံုစံမက် စိတ္ထင္သလို အေျပာင္အျပက္မ်ားျဖင့္ သ႐ုပ္ေဖာ္ျခင္း၊ လူရႊင္ေတာ္အသြင္ယူထားေသာ မင္းသမီးမ်ား၏ အလြတ္က်က္ထားေသာ ျပက္လံုးမ်ားကထည့္သြင္းအျပက္ခံရေသာ လူပုဂၢိဳလ္မ်ား၏ လူမႈေရးခံစားခ်က္မ်ားကို ထိခိုက္ေစျခင္း၊ ေလသႏၶ မမွန္ကန္မႈေၾကာင့္ ၾကားရသူပရိသတ္မ်ားအတြက္ ႐ိုင္းပ်ျခင္းႏွင့္ ႏွစ္ပါးသြားကေသာ မင္းသားက သဘင္ပညာရွင္မ်ား အထြတ္အျမတ္ထားေသာ မင္းသားေခါင္းေပါင္းကိုခြၽတ္၍ ျပက္လံုးခြင္တြင္ ဝင္ျပက္ျခင္း စသည့္အခ်က္မ်ားေၾကာင့္ ေခတ္သစ္ဧကရီအၿငိမ့္ကို ျမန္မာႏုိင္ငံသဘင္အစည္းအ႐ံုးအေနျဖင့္ ျပင္းထန္စြာ ႐ႈတ္ခ်ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ထို႔ေၾကာင့္ သဘင္ႏွင့္ပတ္ သက္သည့္ ေဖ်ာ္ေျဖပြဲမ်ား က်င္းပမည္ဆုိပါက သဘင့္ပံုရိပ္ကို နိမ့္ က်ေစေသာ ေဖ်ာ္ေျဖမႈမ်ိဳးမျဖစ္ ေစရန္၊ ပြဲစီစဥ္သူမ်ားႏွင့္ အႏုပညာရွင္မ်ားအေနျဖင့္ သဘင္အစည္းအ႐ံုးသို႔ လိုအပ္ေသာ အကိုးအကားမ်ား၊ အႀကံဉာဏ္မ်ား ရယူေဆာင္ရြက္ရန္ ေမတၱာရပ္ခံေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထိုကဲ့သို႔ ေဆာင္ရြက္ျခင္း မရွိဘဲ သဘင္အေငြ႕အသက္ ပါဝင္ေနေသာ ေဖ်ာ္ေျဖပြဲမ်ားႏွင့္ ပတ္သက္၍ ေနာက္ဆက္တြဲဆိုး က်ိဳးမ်ား ေပၚေပါက္ပါက ျမန္မာ ႏုိင္ငံ သဘင္အစည္းအ႐ံုးအေန ျဖင့္ ျမန္မာ့သဘင္ကို ကာကြယ္ ရန္ တာဝန္ရွိေသာေၾကာင့္ သဘင့္စည္းမ်ဥ္းစည္းကမ္းမ်ားအရ လို အပ္ေသာ အေရးယူမႈမ်ား ေဆာင္ရြက္မည္ဟု ထုတ္ျပန္ခဲ့သည္။

ေခတ္သစ္ဧကရီအၿငိမ့္ ေဖ်ာ္ေျဖပြဲကို စက္တင္ဘာ ၉ ရက္က ရန္ကုန္ၿမိဳ႕ အမ်ိဳးသားကဇာတ္႐ံု ၌ ျပဳလုပ္ခဲ့ၿပီး မင္းသမီး လူရႊင္ ေတာ္မ်ားအျဖစ္ အိေခ်ာပို၊ နန္းသူ ဇာ၊ ခင္ဝင့္ဝါႏွင့္ ေမျမင့္မိုရ္တုိ႔က တင္ဆက္ေပးခဲ့ကာ မင္းသားမ်ား အျဖစ္ ေက်ာ္ေက်ာ္ႏွင့္ သိန္းလင္း စိုးတုိ႔က ကျပေဖ်ာ္ေျဖခဲ့သည္။

ယင္းေဖ်ာ္ေျဖပြဲတြင္ တင္ ဆက္ေပးခဲ့ေသာ ျပက္လံုးအခ်ိဳ႕သည္  ညစ္ညမ္းအသြင္ေဆာင္ေန ေသာေၾကာင့္ဟုဆုိကာ ေဝဖန္မႈ မ်ား ထြက္ေပၚခဲ့ၿပီးခ်ိန္၌ ျမန္မာႏုိင္ငံ သဘင္အစည္းအ႐ံုးက ယခု ကဲ့သို႔ ေၾကညာခ်က္ထုတ္ျပန္ျခင္းျဖစ္သည္။

ယခင္ကလည္း မင္းသမီး မ်ားက လူရႊင္ေတာ္အျဖစ္ ကျပ ေဖ်ာ္ေျဖခဲ့သည့္ အၿငိမ့္ပြဲမ်ားရွိခဲ့ ေသာ္လည္း ယခုကဲ့သို႔ ေၾကညာ ခ်က္ထုတ္ျပန္ခဲ့ျခင္းမရွိေပ။

ေခတ္သစ္ဧကရီအၿငိမ့္အတြက္ ၿမိဳ႕နယ္သဘင္အစည္းအ႐ံုး မွ ခြင့္ျပဳမိန္႔ရရွိထားသည္ဟု ပြဲ က်င္းပသူမ်ား၏ ေျပာၾကားခ်က္အရ သိရၿပီး အဖြဲ႕အစည္းတစ္ခုအေနျဖင့္ ပြဲက်င္းပၿပီးသည့္အ ခ်ိန္တြင္ ေၾကညာခ်က္ထုတ္ျပန္ျခင္းထက္ ပြဲမက်င္းပမီအခ်ိန္က တည္းက သတိေပးခ်က္ ထုတ္ျပန္ ေစလိုေၾကာင္း ဦးဇာဂနာက သဘင္အစည္းအ႐ံုး၏ ထုတ္ျပန္ ခ်က္အေပၚ သံုးသပ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 ပြီးခဲ့သည့် ရက်ပိုင်းက ကပြခဲ့သော ခေတ်သစ်ဧကရီအ ငြိမ့်ကို မြန်မာနိုင်ငံ သဘင်အစည်း အရုံးက ပြင်းထန်စွာရှုတ်ချ ကြောင်း စက်တင်ဘာ ၁၄ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ခေတ်သစ်ဧကရီအငြိမ့် ဖျော်ဖြေပွဲသည် သဘင်နှင့်သက်ဆိုင် သည့် ဖျော်ဖြေပွဲဖြစ်၍ သဘင်အစည်းအရုံး၏ ထောက်ခံခွင့်ပြုချက် ယူရမည်ဖြစ်သော်လည်း အစည်းအရုံးသို့ ဆက်သွယ်ခဲ့ခြင်းမရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဖျော်ဖြေတင်ဆက်ရာတွင် သဘင့်သမားစဉ်အရ အမျိုးသမီးများသည် လူရွှင်တော်အဖြစ် ဆောင်ရွက်ရန်မသင့်လျော်ခြင်း၊ နှစ်ပါးသွားဖျော်ဖြေတင်ဆက်မှုကို ပုံစံမကျ စိတ်ထင်သလို အပြောင်အပြက်များဖြင့် သရုပ်ဖော်ခြင်း၊ လူရွှင်တော်အသွင်ယူထားသော မင်းသမီးများ၏ အလွတ်ကျက်ထားသော ပြက်လုံးများကထည့်သွင်းအပြက်ခံရသော လူပုဂ္ဂိုလ်များ၏ လူမှုရေးခံစားချက်များကို ထိခိုက်စေခြင်း၊ လေသန္ဓ မမှန်ကန်မှုကြောင့် ကြားရသူပရိသတ်များအတွက် ရိုင်းပျခြင်းနှင့် နှစ်ပါးသွားကသော မင်းသားက သဘင်ပညာရှင်များ အထွတ်အမြတ်ထားသော မင်းသားခေါင်းပေါင်းကိုချွတ်၍ ပြက်လုံးခွင်တွင် ဝင်ပြက်ခြင်း စသည့်အချက်များကြောင့် ခေတ်သစ်ဧကရီအငြိမ့်ကို မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် သဘင်နှင့်ပတ် သက်သည့် ဖျော်ဖြေပွဲများ ကျင်းပမည်ဆိုပါက သဘင့်ပုံရိပ်ကို နိမ့် ကျစေသော ဖျော်ဖြေမှုမျိုးမဖြစ် စေရန်၊ ပွဲစီစဉ်သူများနှင့် အနုပညာရှင်များအနေဖြင့် သဘင်အစည်းအရုံးသို့ လိုအပ်သော အကိုးအကားများ၊ အကြံဉာဏ်များ ရယူဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်ခြင်း မရှိဘဲ သဘင်အငွေ့အသက် ပါဝင်နေသော ဖျော်ဖြေပွဲများနှင့် ပတ်သက်၍ နောက်ဆက်တွဲဆိုး ကျိုးများ ပေါ်ပေါက်ပါက မြန်မာ နိုင်ငံ သဘင်အစည်းအရုံးအနေ ဖြင့် မြန်မာ့သဘင်ကို ကာကွယ် ရန် တာဝန်ရှိသောကြောင့် သဘင့်စည်းမျဉ်းစည်းကမ်းများအရ လို အပ်သော အရေးယူမှုများ ဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သည်။

ခေတ်သစ်ဧကရီအငြိမ့် ဖျော်ဖြေပွဲကို စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ ၌ ပြုလုပ်ခဲ့ပြီး မင်းသမီး လူရွှင် တော်များအဖြစ် အိချောပို၊ နန်းသူ ဇာ၊ ခင်ဝင့်ဝါနှင့် မေမြင့်မိုရ်တို့က တင်ဆက်ပေးခဲ့ကာ မင်းသားများ အဖြစ် ကျော်ကျော်နှင့် သိန်းလင်း စိုးတို့က ကပြဖျော်ဖြေခဲ့သည်။

ယင်းဖျော်ဖြေပွဲတွင် တင် ဆက်ပေးခဲ့သော ပြက်လုံးအချို့သည်  ညစ်ညမ်းအသွင်ဆောင်နေ သောကြောင့်ဟုဆိုကာ ဝေဖန်မှု များ ထွက်ပေါ်ခဲ့ပြီးချိန်၌ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ယခု ကဲ့သို့ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ယခင်ကလည်း မင်းသမီး များက လူရွှင်တော်အဖြစ် ကပြ ဖျော်ဖြေခဲ့သည့် အငြိမ့်ပွဲများရှိခဲ့ သော်လည်း ယခုကဲ့သို့ ကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ခေတ်သစ်ဧကရီအငြိမ့်အတွက် မြို့နယ်သဘင်အစည်းအရုံး မှ ခွင့်ပြုမိန့်ရရှိထားသည်ဟု ပွဲ ကျင်းပသူများ၏ ပြောကြားချက်အရ သိရပြီး အဖွဲ့အစည်းတစ်ခုအနေဖြင့် ပွဲကျင်းပပြီးသည့်အ ချိန်တွင် ကြေညာချက်ထုတ်ပြန်ခြင်းထက် ပွဲမကျင်းပမီအချိန်က တည်းက သတိပေးချက် ထုတ်ပြန် စေလိုကြောင်း ဦးဇာဂနာက သဘင်အစည်းအရုံး၏ ထုတ်ပြန် ချက်အပေါ် သုံးသပ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top