Kantharyar Centre
×

 အေမရိကန္ စစ္တပ္သည္ နည္းလမ္းႏွစ္သြယ္ျဖင့္ အသံုးျပဳႏုိင္ၿပီး ဘယ္သန္၊ ညာသန္ အားလံုးအတြက္ အဆင္ေျပမည့္ လက္ပစ္ဗံုး တစ္မ်ိဳးကို စမ္းသပ္ တီထြင္ေနေၾကာင္း သိရသည္။

ႏွစ္ေပါင္း ၄၀ အတြင္း ပထမဆံုးအႀကိမ္အျဖစ္ စစ္တပ္က စမ္းသပ္ေနသည့္ လက္ပစ္ဗံုး နည္းပညာသစ္က ေပါက္ကြဲမႈကို ႏွစ္မ်ိဳးႏွစ္စား ေရြးခ်ယ္ႏုိင္ခြင့္ ရရွိလာေစမည္ဟု ဆိုသည္။ တစ္မ်ိဳးမွာ ဗံုးက်ေရာက္သည့္ ေနရာတြင္ အဓိက ဖိအားသက္ေရာက္ ထိခိုက္ေစၿပီး က်န္တစ္မ်ိဳးကမူ ပတ္ဝန္းက်င္ကို အစအနမ်ား လြင့္စင္ၿပီး ဧရိယာက်ယ္က်ယ္ သက္ေရာက္ေစမည္ဟု ဆိုသည္။ ထိုဗံုးကို အသံုးျပဳျခင္းျဖင့္ ဆင့္ပြားထိခိုက္မႈ အေျခအေနကို လိုသလို တုိးျမႇင့္ျခင္း၊ ေလွ်ာ့ခ်ျခင္း ျပဳလုပ္ႏိုင္မည့္ သေဘာလည္း ျဖစ္သည္။

အေမရိကန္ စစ္တပ္၏ ပစ္ကာတာနီ လက္နက္တိုက္တြင္ အဆိုပါ လက္ပစ္ဗံုးကို စမ္းသပ္တီထြင္ အဆင့္ျမႇင့္ေနဆဲ ျဖစ္သည္။ ထုိ႔အျပင္ အျခားေသာ လက္ပစ္ဗံုးမ်ားႏွင့္ ကြဲျပားသည့္ အခ်က္မွာ ဘယ္သန္ျဖစ္ေစ၊ ညာသန္ျဖစ္ေစ အဆင္ေျပ ေခ်ာေမြ႕စြာ လႊဲရမ္းပစ္လႊတ္ႏုိင္ရန္ ဒီဇိုင္းထုတ္ထားျခင္း ျဖစ္သည္။

“လက္ရွိ သံုးေနတဲ့ လက္ပစ္ဗံုးေတြက ဘယ္သန္ေတြအတြက္ ကြဲျပားတဲ့ ခ်ဉ္းကပ္ပံုမ်ိဳး လိုအပ္ပါတယ္”ဟု အေမရိကန္ စစ္တပ္၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ အဆိုပါ လက္ပစ္ဗံုးအသစ္ တီထြင္မႈ ပေရာဂ်က္ မန္ေနဂ်ာ မက္သ႐ူးေဟာလ္က ထိုဗံုး၏ ေနာက္ထပ္ အားသာခ်က္ တစ္ခုမွာ လံုၿခံဳေရးအရ ပိုမို စိတ္ခ်လာရျခင္းဟု ဆိုသည္။

“စနက္တံက တစ္စကၠန္႔ရဲ႕ အစိတ္အပိုင္း ေသးေသးေလး အတြင္းမွာတင္ အလြယ္တကူ ျဖဳတ္လုိ႔ရတယ္။ လက္ထဲမွာ ရွိေနေသးရင္ ဗံုးကို ထမေပါက္ေအာင္ လုပ္ထားလုိ႔ရတယ္”ဟု ေဟာလ္က ေျပာၾကားခဲ့သည္။ သို႔ေသာ္ လက္နက္ကၽြမ္းက်င္သူ တစ္ဦးက အဆုိပါ ဗံုးနည္းပညာသည္ အလြန္ဆန္းသစ္သည့္ တီထြင္ဖန္တီးမႈ တစ္ခု မဟုတ္ဟု သံုးသပ္ခဲ့သည္။

“ဒီေန႔ေခတ္မွာ လက္နက္ နည္းပညာေတြ အမ်ားႀကီး တိုးတက္လာၿပီ။ လုပ္ေဆာင္ႏုိင္ခြင့္ေတြ ပိုက်ယ္ျပန္႔လာၿပီ။ ဒီအခ်ိန္မ်ိဳးက်မွ အေမရိကန္ စစ္တပ္က ဒီနည္းပညာအတြက္ ေငြေၾကးအကုန္အက်ခံ ျမႇဳပ္ႏွံေနတာကို နည္းနည္းေတာ့ အံ့ဩမိတယ္”ဟု ၿဗိတိန္၏ ေတာ္ဝင္ယူႏုိက္တက္ စစ္ေရးသိပၸံ သုေတသီ ဂ်က္စတင္ ဘရြန္႔ခ္က မွတ္ခ်က္ေပးခဲ့သည္။

လက္ပစ္ဗံုးမ်ားကို ပစ္ခတ္ရန္ ေလ့က်င့္သည့္အခါ ညာသန္ႏွင့္ ဘယ္သန္တို႔ၾကား ကြဲျပားသည့္ နည္းစနစ္မ်ိဳး အသံုးျပဳရေၾကာင္း ဘရြန္႔ခ္က ရွင္းျပသည္။ “အဓိက အေၾကာင္းရင္းကေတာ့ ပစ္လိုက္တဲ့အခ်ိန္ လြတ္က်သြားႏုိင္တဲ့ အေျခအေနကို ေရွာင္လႊဲဖုိ႔ပါ။ သာမန္အားျဖင့္ေတာ့ လက္ပစ္ဗံုးေတြဟာ ဘယ္သန္ေတြအတြက္ အသံုးျပဳရတာ နည္းနည္းေလး ပိုခက္ပါတယ္”ဟု ၎က ေျပာၾကားသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 အမေရိကန် စစ်တပ်သည် နည်းလမ်းနှစ်သွယ်ဖြင့် အသုံးပြုနိုင်ပြီး ဘယ်သန်၊ ညာသန် အားလုံးအတွက် အဆင်ပြေမည့် လက်ပစ်ဗုံး တစ်မျိုးကို စမ်းသပ် တီထွင်နေကြောင်း သိရသည်။

နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်တပ်က စမ်းသပ်နေသည့် လက်ပစ်ဗုံး နည်းပညာသစ်က ပေါက်ကွဲမှုကို နှစ်မျိုးနှစ်စား ရွေးချယ်နိုင်ခွင့် ရရှိလာစေမည်ဟု ဆိုသည်။ တစ်မျိုးမှာ ဗုံးကျရောက်သည့် နေရာတွင် အဓိက ဖိအားသက်ရောက် ထိခိုက်စေပြီး ကျန်တစ်မျိုးကမူ ပတ်ဝန်းကျင်ကို အစအနများ လွင့်စင်ပြီး ဧရိယာကျယ်ကျယ် သက်ရောက်စေမည်ဟု ဆိုသည်။ ထိုဗုံးကို အသုံးပြုခြင်းဖြင့် ဆင့်ပွားထိခိုက်မှု အခြေအနေကို လိုသလို တိုးမြှင့်ခြင်း၊ လျှော့ချခြင်း ပြုလုပ်နိုင်မည့် သဘောလည်း ဖြစ်သည်။

အမေရိကန် စစ်တပ်၏ ပစ်ကာတာနီ လက်နက်တိုက်တွင် အဆိုပါ လက်ပစ်ဗုံးကို စမ်းသပ်တီထွင် အဆင့်မြှင့်နေဆဲ ဖြစ်သည်။ ထို့အပြင် အခြားသော လက်ပစ်ဗုံးများနှင့် ကွဲပြားသည့် အချက်မှာ ဘယ်သန်ဖြစ်စေ၊ ညာသန်ဖြစ်စေ အဆင်ပြေ ချောမွေ့စွာ လွှဲရမ်းပစ်လွှတ်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

“လက်ရှိ သုံးနေတဲ့ လက်ပစ်ဗုံးတွေက ဘယ်သန်တွေအတွက် ကွဲပြားတဲ့ ချဉ်းကပ်ပုံမျိုး လိုအပ်ပါတယ်”ဟု အမေရိကန် စစ်တပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ လက်ပစ်ဗုံးအသစ် တီထွင်မှု ပရောဂျက် မန်နေဂျာ မက်သရူးဟောလ်က ထိုဗုံး၏ နောက်ထပ် အားသာချက် တစ်ခုမှာ လုံခြုံရေးအရ ပိုမို စိတ်ချလာရခြင်းဟု ဆိုသည်။

“စနက်တံက တစ်စက္ကန့်ရဲ့ အစိတ်အပိုင်း သေးသေးလေး အတွင်းမှာတင် အလွယ်တကူ ဖြုတ်လို့ရတယ်။ လက်ထဲမှာ ရှိနေသေးရင် ဗုံးကို ထမပေါက်အောင် လုပ်ထားလို့ရတယ်”ဟု ဟောလ်က ပြောကြားခဲ့သည်။ သို့သော် လက်နက်ကျွမ်းကျင်သူ တစ်ဦးက အဆိုပါ ဗုံးနည်းပညာသည် အလွန်ဆန်းသစ်သည့် တီထွင်ဖန်တီးမှု တစ်ခု မဟုတ်ဟု သုံးသပ်ခဲ့သည်။

“ဒီနေ့ခေတ်မှာ လက်နက် နည်းပညာတွေ အများကြီး တိုးတက်လာပြီ။ လုပ်ဆောင်နိုင်ခွင့်တွေ ပိုကျယ်ပြန့်လာပြီ။ ဒီအချိန်မျိုးကျမှ အမေရိကန် စစ်တပ်က ဒီနည်းပညာအတွက် ငွေကြေးအကုန်အကျခံ မြှုပ်နှံနေတာကို နည်းနည်းတော့ အံ့ဩမိတယ်”ဟု ဗြိတိန်၏ တော်ဝင်ယူနိုက်တက် စစ်ရေးသိပ္ပံ သုတေသီ ဂျက်စတင် ဘရွန့်ခ်က မှတ်ချက်ပေးခဲ့သည်။

လက်ပစ်ဗုံးများကို ပစ်ခတ်ရန် လေ့ကျင့်သည့်အခါ ညာသန်နှင့် ဘယ်သန်တို့ကြား ကွဲပြားသည့် နည်းစနစ်မျိုး အသုံးပြုရကြောင်း ဘရွန့်ခ်က ရှင်းပြသည်။ “အဓိက အကြောင်းရင်းကတော့ ပစ်လိုက်တဲ့အချိန် လွတ်ကျသွားနိုင်တဲ့ အခြေအနေကို ရှောင်လွှဲဖို့ပါ။ သာမန်အားဖြင့်တော့ လက်ပစ်ဗုံးတွေဟာ ဘယ်သန်တွေအတွက် အသုံးပြုရတာ နည်းနည်းလေး ပိုခက်ပါတယ်”ဟု ၎င်းက ပြောကြားသွားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top