Property Expo
×

ပန္႔ခ္ (Punk)  စတိုင္ Mohawk ဆံပင္ပံုစံ လို အခၽြန္အတက္မ်ားနဲ႔ ပံုေဖာ္ထားတဲ့ ဆံပင္စတိုင္ေတြဟာ အီရန္ ႏိုင္ငံအတြင္း မွာ တရားမ၀င္ေတာ့ပါဘူး။ အဲဒီလို ဆံပင္ပံုစံေတြဟာ မေကာင္းဆိုး၀ါးေတြကို ၀တ္ျပဳဆုေတာင္းေန တဲ့ ပံုေပါက္ေနတဲ့ အတြက္ ျဖစ္တယ္လို႔ သိရပါတယ္။

အီရန္ အစိုးရက အီရန္ ဆံပင္ ညွပ္စရာမ်ား သမဂၢကို ညႊန္ၾကားခဲ့တာကေတာ့ တက္တူးမ်ား ကိုတားျမစ္ထား ဖို႔နဲ႔ ဆံပင္ညွပ္ဆိုင္ေတြကိုလည္း အမ်ိဳးသားမ်ား အား အလွျပင္ေပးျခင္း ၊ မ်က္ခံုး ၊ ႏႈတ္ခမ္းတို႔မွာ အေပါက္မ်ားေဖာက္ျခင္းတို႔ကို မျပဳလုပ္ေပးရန္ တားျမစ္ဖို႔တို႔ကို ညႊန္ၾကားထားပါတယ္။

အေရွ႕အလယ္ပိုင္းေဒသ က သတင္းေတြကို ေဖာ္ျပေလ့ရွိတဲ့ ISNA သတင္းဌာန ရဲ႕ ထုတ္ျပန္ခ်က္အရ ေတာ့ အီရန္ ဆံပင္ညွပ္ဆရာမ်ား သမဂၢ ရဲ႕ ေခါင္းေဆာင္ Mostafa Govahi က အစၥလာမ္ မစ္ ေဒသ ေတြ အတြင္းက ဖက္ရွင္ လိုက္စားသူေတြနဲ႔ ဆံပင္ ညွပ္ဆရာေတြအားလံုးကို လိုက္နာရမယ့္ စည္းကမ္းေတြ ေၾကညာခဲ့တယ္ လို႔ သိရပါတယ္။

"မေကာင္းဆိုး၀ါး လမ္းစဥ္လိုက္ေနတဲ့ ဆံပင္ပံုစံေတြကို တားျမစ္လိုက္ပါတယ္ ။ အဲဒီလို မေကာင္းဆိုး၀ါး ဆံပင္ညွပ္ထားတဲ့ လူကို လည္း ေသဒဏ္ေပးမွာ ျဖစ္ၿပီး ညွပ္ေပးတဲ့ ဆိုင္ကိုလည္း လိုင္စင္ ရုပ္သိမ္းမွာ ျဖစ္ပါတယ္" လို႔ Mostafa Govahi ကဆိုပါတယ္။

ပန္႔ခ္ဆန္တဲ့ ဆံပင္ ပံုစံမ်ိဳး ၊ အခၽြန္အတက္မ်ားပါ၀င္တဲ့ ဆံပင္ ပံုစံ ေတြဟာ အီရန္ႏိုင္ငံ က လူင္ယေတြအၾကားမွာ ဒီႏွစ္ပိုင္း ေရပန္းစားလာခဲ့ပါတယ္။ ဒါကို အာဏာပိုင္ေတြက အေနာက္တိုင္းဆန္မႈနဲ႔ အစၥလာမ္ ဘာသာေရးကို ဆန္႔က်င္ေနတဲ့ အတြက္ တားျမစ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ပန့်ခ် (Punk)  စတိုင် Mohawk ဆံပင်ပုံစံ လို အချွန်အတက်များနဲ့ ပုံဖော်ထားတဲ့ ဆံပင်စတိုင်တွေဟာ အီရန် နိုင်ငံအတွင်း မှာ တရားမဝင်တော့ပါဘူး။ အဲဒီလို ဆံပင်ပုံစံတွေဟာ မကောင်းဆိုးဝါးတွေကို ဝတ်ပြုဆုတောင်းနေ တဲ့ ပုံပေါက်နေတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

အီရန် အစိုးရက အီရန် ဆံပင် ညှပ်စရာများ သမဂ္ဂကို ညွှန်ကြားခဲ့တာကတော့ တက်တူးများ ကိုတားမြစ်ထား ဖို့နဲ့ ဆံပင်ညှပ်ဆိုင်တွေကိုလည်း အမျိုးသားများ အား အလှပြင်ပေးခြင်း ၊ မျက်ခုံး ၊ နှုတ်ခမ်းတို့မှာ အပေါက်များဖောက်ခြင်းတို့ကို မပြုလုပ်ပေးရန် တားမြစ်ဖို့တို့ကို ညွှန်ကြားထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသ က သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ ISNA သတင်းဌာန ရဲ့ ထုတ်ပြန်ချက်အရ တော့ အီရန် ဆံပင်ညှပ်ဆရာများ သမဂ္ဂ ရဲ့ ခေါင်းဆောင် Mostafa Govahi က အစ္စလာမ် မစ် ဒေသ တွေ အတွင်းက ဖက်ရှင် လိုက်စားသူတွေနဲ့ ဆံပင် ညှပ်ဆရာတွေအားလုံးကို လိုက်နာရမယ့် စည်းကမ်းတွေ ကြေညာခဲ့တယ် လို့ သိရပါတယ်။

"မကောင်းဆိုးဝါး လမ်းစဉ်လိုက်နေတဲ့ ဆံပင်ပုံစံတွေကို တားမြစ်လိုက်ပါတယ် ။ အဲဒီလို မကောင်းဆိုးဝါး ဆံပင်ညှပ်ထားတဲ့ လူကို လည်း သေဒဏ်ပေးမှာ ဖြစ်ပြီး ညှပ်ပေးတဲ့ ဆိုင်ကိုလည်း လိုင်စင် ရုပ်သိမ်းမှာ ဖြစ်ပါတယ်" လို့ Mostafa Govahi ကဆိုပါတယ်။

ပန့်ခ်ဆန်တဲ့ ဆံပင် ပုံစံမျိုး ၊ အချွန်အတက်များပါဝင်တဲ့ ဆံပင် ပုံစံ တွေဟာ အီရန်နိုင်ငံ က လူင်ယတွေအကြားမှာ ဒီနှစ်ပိုင်း ရေပန်းစားလာခဲ့ပါတယ်။ ဒါကို အာဏာပိုင်တွေက အနောက်တိုင်းဆန်မှုနဲ့ အစ္စလာမ် ဘာသာရေးကို ဆန့်ကျင်နေတဲ့ အတွက် တားမြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top