Kantharyar Centre
×




Credit : Duwun


#Unicode Version

အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံကနေ ရန်ကုန်မြို့ထဲကိုပြေးဆွဲနေတဲ့ စပယ်ယာမပါ ၄၅ အဲကွန်းယာဉ်လိုင်းကို ယာဉ်အစီးရေ ၂၅၀ အထိ တိုးမြှင့်ပြေးဆွဲဖို့  စီစဉ်ထားတယ်လို့ ၄၅ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောပါတယ်။

အများပိုင်ဘတ်စ်ကားစနစ်မှာ ပါဝင်ပြေးဆွဲနိုင်ဖို့ ရှေ့ပြေးအဖြစ် ၄၅ အဲကွန်းယာဉ်နှစ်စီးကို ယာဉ်အကူမပါဘဲ စမ်းသပ်ပြေးဆွဲခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့လို့ ဒီယာဉ်လိုင်းတွင် ယာဉ်အကူမပါဘဲ ပြေးဆွဲတာကို ယာဉ်အစီးရေ ၂၅၀ အထိ တိုးမြှင့်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ ဒီယာဉ်လိုင်းကိုအစီးရေ ၂၁ စီးနဲ့ပြေးဆွဲနေပြီး စမ်းသပ်ပြေးဆွဲတဲ့ ယာဉ်အကူမပါတဲ့ အဲကွန်းယာဉ်နှစ်စီးမှာ နေ့စဉ်ခရီးသည် စီးနင်းမှု ဦးရေ ၂၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top