Kantharyar Centre
×

http://www.lwinpyin.com/wp-content/uploads/2016/09/wp-1473580214835.jpg
ျမန္မာႏိုင္ငံမွ ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္ (FIFA) အသိအမွတ္ျပဳ အမ်ဳိးသမီးကြင္းလယ္ ဒိုင္လူႀကီး ေဒၚသိန္းသိန္းေအးသည္ ယခုႏွစ္ကုန္ပိုင္းတြင္ က်င္းပမည့္ ယူ-၂၀ အမ်ဳိးသမီး ကမၻာ့ဖလားၿပိဳင္ပြဲကို ကိုင္တြယ္ခြင့္ ရရွိခဲ့ေၾကာင္း သိရသည္။

FIFA သည္ စက္တင္ဘာ ၉ ရက္က ျမန္မာႏိုင္ငံေဘာလံုး အဖြဲ႕ခ်ဳပ္(MFF) ထံ တရား၀င္စာေပးပို႔ အေၾကာင္းၾကားခဲ့ၿပီး ကမၻာ့ဖလားၿပိဳင္ပြဲတြင္ ပထမဆံုး
ကိုင္တြယ္ခြင့္ရရွိသည့္ ျမန္မာအမ်ဳိးသမီး ကြင္းလယ္ဒိုင္လူႀကီးအျဖစ္
မွတ္တမ္း၀င္ခဲ့သည္။

FIFA သည္ ယင္းၿပိဳင္ပြဲတြင္ တာ၀န္ထမ္းေဆာင္ရန္ အာရွႏိုင္ငံမ်ားမွ ကြင္းလယ္ဒိုင္လူႀကီး သံုးဦးသာ ေရြးခ်ယ္ခဲ့ရာ ျမန္မာႏိုင္ငံမွ အမ်ဳိးသမီး ကြင္းလယ္
ဒိုင္လူႀကီး ေဒၚသိန္းသိန္းေအးမွာ တ႐ုတ္၊ ၾသစေၾတးလ်တို႔မွ ဒိုင္လူႀကီးမ်ားႏွင့္အတူ ေရြးခ်ယ္ခံခဲ့ရျခင္းျဖစ္သည္။

ျမန္မာ အမ်ဳိးသမီး ဒိုင္လူႀကီးမ်ားအနက္ FIFA အသိအမွတ္ျပဳ စည္းၾကပ္ဒိုင္လူႀကီး ေဒၚေကာ့ဂ်ာသည္ ၂၀၀၈ ေပက်င္းအိုလံပစ္ၿပိဳင္ပြဲတြင္ အျမင့္ဆံုး
ေဆာင္ရြက္ခြင့္ ရရွိခဲ့ဖူးၿပီး ကြင္းလယ္ဒိုင္လူႀကီး ေဒၚသိန္းသိန္းေအးမွာ ယူ-၂၀ ကမၻာ့ဖလားၿပိဳင္ပြဲတြင္ ပထမဆံုးအႀကိမ္ ကိုင္တြယ္ခြင့္ရရွိခဲ့ျခင္းျဖစ္သည္။

ယင္းၿပိဳင္ပြဲကို လာမည့္ ႏို၀င္ဘာ ၁၃ ရက္မွ ဒီဇင္ဘာ ၃ ရက္အထိ ပါပူအာနယူးဂီနီႏိုင္ငံ၌ က်င္းပမည္ျဖစ္ၿပီး ၁၆ သင္း ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

ယူ-၂၀ အမ်ဳိးသမီး ကမၻာ့ ဖလားၿပိဳင္ပြဲကို နာမည္ႀကီး အသင္းမ်ားျဖစ္သည့္
အေမရိကန္၊ ဘရာဇီးလ္၊ ဂ်ာမနီ၊ ျပင္သစ္ စသည့္အသင္းမ်ား ယွဥ္ၿပိဳင္ခြင့္
ရရွိထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
မြန်မာနိုင်ငံမှ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အသိအမှတ်ပြု အမျိုးသမီးကွင်းလယ် ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုင်တွယ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

FIFA သည် စက်တင်ဘာ ၉ ရက်က မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) ထံ တရားဝင်စာပေးပို့ အကြောင်းကြားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး
ကိုင်တွယ်ခွင့်ရရှိသည့် မြန်မာအမျိုးသမီး ကွင်းလယ်ဒိုင်လူကြီးအဖြစ်
မှတ်တမ်းဝင်ခဲ့သည်။

FIFA သည် ယင်းပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အာရှနိုင်ငံများမှ ကွင်းလယ်ဒိုင်လူကြီး သုံးဦးသာ ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသမီး ကွင်းလယ်
ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးမှာ တရုတ်၊ သြစတြေးလျတို့မှ ဒိုင်လူကြီးများနှင့်အတူ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

မြန်မာ အမျိုးသမီး ဒိုင်လူကြီးများအနက် FIFA အသိအမှတ်ပြု စည်းကြပ်ဒိုင်လူကြီး ဒေါ်ကော့ဂျာသည် ၂၀၀၈ ပေကျင်းအိုလံပစ်ပြိုင်ပွဲတွင် အမြင့်ဆုံး
ဆောင်ရွက်ခွင့် ရရှိခဲ့ဖူးပြီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ပါပူအာနယူးဂီနီနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ၁၆ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ ဖလားပြိုင်ပွဲကို နာမည်ကြီး အသင်းများဖြစ်သည့်
အမေရိကန်၊ ဘရာဇီးလ်၊ ဂျာမနီ၊ ပြင်သစ် စသည့်အသင်းများ ယှဉ်ပြိုင်ခွင့်
ရရှိထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top