Kantharyar Centre
×

ဂ်ပန္ႏုိင္ငံ ယုိကုိဟားမားၿမဳိ႕ ေဆး႐ုံတစ္႐ုံမွာ လူနာရဲ႕ေသြးေၾကာမွတစ္ဆင့္ သြင္းေပးရတဲ့ ေဆးအိတ္မ်ားအတြင္း အဆိပ္ထုိးသြင္းကာ သတ္ျဖတ္ခဲ့တဲ့ လူသတ္သမားကုိ ရဲတပ္ဖြဲ႕က လုိက္လံ႐ွာေဖြေနပါတယ္။

အုိဂူခ်ီေဆး႐ုံမွာ သက္ႀကီး႐ြယ္အုိ အမ်ဳိးသားႏွစ္ဦး အဆိပ္သင့္ ေသဆုံးခဲ့ေၾကာင္း စစ္ေဆးေတြ႕႐ိွခဲ့ၿပီးေနာက္ လူသတ္သမားကုိ ရဲတပ္ဖြဲ႕က စုံစမ္း႐ွာေဖြေနေၾကာင္း ဂ်ပန္သတင္းဌာနမ်ားက ေဖာ္ျပပါတယ္။

ေသဆုံးခဲ့တဲ့ သက္ႀကီး႐ြယ္အုိႏွစ္ဦးကုိ ဓာတ္ခြဲခန္းစစ္ေဆးမႈအရ ေသြးေၾကာမွတစ္ဆင့္သြင္းေနတဲ့ ပုိးသတ္ေဆးအတြင္း ပါဝင္ေနခဲ့တဲ့ အဆိပ္သင့္ ဓာတုပစၥည္းတစ္မ်ဳိးေၾကာင့္ ေသဆုံးခဲ့ေၾကာင္း သိ႐ွိခဲ့ရပါတယ္။ အဆုိပါ ဓာတုပစၥည္းကုိ လူနာရဲ႕ေသြးေၾကာအတြင္း သြင္းေပးေနတဲ့ ေဆးအိတ္ထဲကုိ ထုိးသြင္းခဲ့တာလုိ႕ ဆုိပါတယ္။

အားလပ္ရက္ သုံးရက္ျဖစ္ခဲ့တဲ့ ကာလအတြင္း ေဆး႐ုံမွာ ဝန္ထမ္းဦးေရ နည္းပါးေနစဥ္ ထုိသုိ႕ ျပဳလုပ္ခဲ့ဖြယ္႐ွိေၾကာင္း တာဝန္႐ွိသူေတြက ေျပာပါတယ္။

ဂ်ပန္ႏုိင္ငံေျမာက္ပုိင္း ဆန္ဒုုိင္းၿမဳိ႕မွာလည္း ၂၀၀၀ ျပည့္ႏွစ္ကလည္း အမ်ဳိးသားသူနာျပဳတစ္ဦးက လူနာတစ္ဦးကုိ အဆိပ္ခတ္ သတ္ခဲ့ၿပီး အျခား ေလးဦးကုိလည္း အဆိပ္ခတ္ရန္ ႀကဳိးပမ္းခဲ့မႈေၾကာင့္ စြဲခ်က္တင္ခံခဲ့ရဖူးေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  AFP

#Unicode Version

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ ဆေးရုံတစ်ရုံမှာ လူနာရဲ့သွေးကြောမှတစ်ဆင့် သွင်းပေးရတဲ့ ဆေးအိတ်များအတွင်း အဆိပ်ထိုးသွင်းကာ သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

အိုဂူချီဆေးရုံမှာ သက်ကြီးရွယ်အို အမျိုးသားနှစ်ဦး အဆိပ်သင့် သေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လူသတ်သမားကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း ဂျပန်သတင်းဌာနများက ဖော်ပြပါတယ်။

သေဆုံးခဲ့တဲ့ သက်ကြီးရွယ်အိုနှစ်ဦးကို ဓာတ်ခွဲခန်းစစ်ဆေးမှုအရ သွေးကြောမှတစ်ဆင့်သွင်းနေတဲ့ ပိုးသတ်ဆေးအတွင်း ပါဝင်နေခဲ့တဲ့ အဆိပ်သင့် ဓာတုပစ္စည်းတစ်မျိုးကြောင့် သေဆုံးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ အဆိုပါ ဓာတုပစ္စည်းကို လူနာရဲ့သွေးကြောအတွင်း သွင်းပေးနေတဲ့ ဆေးအိတ်ထဲကို ထိုးသွင်းခဲ့တာလို့ ဆိုပါတယ်။

အားလပ်ရက် သုံးရက်ဖြစ်ခဲ့တဲ့ ကာလအတွင်း ဆေးရုံမှာ ဝန်ထမ်းဦးရေ နည်းပါးနေစဉ် ထိုသို့ ပြုလုပ်ခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဆန်ဒိုုင်းမြို့မှာလည်း ၂၀၀၀ ပြည့်နှစ်ကလည်း အမျိုးသားသူနာပြုတစ်ဦးက လူနာတစ်ဦးကို အဆိပ်ခတ် သတ်ခဲ့ပြီး အခြား လေးဦးကိုလည်း အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့မှုကြောင့် စွဲချက်တင်ခံခဲ့ရဖူးကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  AFP
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top