Property Expo
×

အေမရိကႏုိင္ငံ ဖေလာ္ရီဒါျပည္နယ္ ကရီးယားဝါးတားျမိဳ႕က အမ်ဳိးသမီးတစ္ဦးဟာ ျပီးခဲ့တဲ့လက ကားတစ္စီးကို မီးရႈိ႕ဖ်က္ဆီးခဲ့တာေၾကာင့္ ဖမ္းဆီးခံခဲ့ရပါတယ္။ ဒါကို ကားမီးရႈိးတဲ့နားမွာရွိတဲ့ လံုျခံဳေရးကင္းေစာင့္ ေစာင့္ၾကည့္ကင္မရာကေန ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

Tampa  Bay Times သတင္းအရ ၁၉ ႏွစ္အရြယ္ Carmen Chamblee ဆုိသူဟာ အဲဒီကားက သူမခ်စ္သူေဟာင္း ပိုင္ဆုိင္တဲ့ကားလုိ႔ ယူဆခဲ့တာေၾကာင့္ ခုလို လုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကို ေျပာျပခဲ့တယ္လုိ႔ သိရပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ကားပုိင္ရွင္အစစ္အမွန္မွာ သူယူဆခဲ့သူ မဟုတ္ခဲ့ပါဘူး။

ကရီးယားဝါးတား တပ္ဖြဲ႔ဌာနရဲ႕ ေျပာဆိုခ်က္အရ Chamblee ကို  အခ်ဳပ္ခန္းမွာ ထိန္းသိမ္းဖုိ႔ စီစဥ္ျပီးျဖစ္ေၾကာင္း သိရပါတယ္။ သူမကုိ ပီနဲလ္လာ့စ္ခရုိင္ေထာင္မွာ လတ္တေလာထိန္းသိမ္းထားျပီး တနဂၤေႏြေန႔က ပထမဆုံးအၾကိမ္ရုံးထုတ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အမေရိကနိုင်ငံ ဖလော်ရီဒါပြည်နယ် ကရီးယားဝါးတားမြို့က အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့လက ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါကို ကားမီးရှိုးတဲ့နားမှာရှိတဲ့ လုံခြုံရေးကင်းစောင့် စောင့်ကြည့်ကင်မရာကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Tampa  Bay Times သတင်းအရ ၁၉ နှစ်အရွယ် Carmen Chamblee ဆိုသူဟာ အဲဒီကားက သူမချစ်သူဟောင်း ပိုင်ဆိုင်တဲ့ကားလို့ ယူဆခဲ့တာကြောင့် ခုလို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကားပိုင်ရှင်အစစ်အမှန်မှာ သူယူဆခဲ့သူ မဟုတ်ခဲ့ပါဘူး။

ကရီးယားဝါးတား တပ်ဖွဲ့ဌာနရဲ့ ပြောဆိုချက်အရ Chamblee ကို  အချုပ်ခန်းမှာ ထိန်းသိမ်းဖို့ စီစဉ်ပြီးဖြစ်ကြောင်း သိရပါတယ်။ သူမကို ပီနဲလ်လာ့စ်ခရိုင်ထောင်မှာ လတ်တလောထိန်းသိမ်းထားပြီး တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top