Kantharyar Centre
×

                     သမၼတ အုိဘားမား လာအုိႏုိင္ငံကုိ ဆုိက္ေရာက္လာစဥ္။

လာအုိႏုိင္ငံ Vientiane ၿမိဳ႕မွာ ဒီကေန႔ စတင္ က်င္းပမယ့္ အာဆီယံ ထိပ္သီး စည္းေ၀းပြဲ တက္ဖုိ႔အတြက္ အေမရိကန္သမၼတ Barack Obama ဟာ တနလၤာေန႔ညက လာအုိႏုိင္ငံကုိ ေရာက္သြားၿပီပါၿပီ။ လက္ရွိ တာ၀န္ ထမ္းေဆာင္ေနတဲ့ အေမရိကန္သမၼတ တဦးအေနနဲ႔ ပထမဆုံးအႀကိမ္ သြားေရာက္တဲ့ ဒီ သမုိင္း၀င္ ခရီးစဥ္အတြင္း သမၼတ အုိဘားမားအေနနဲ႔ အေမရိကန္အစုိးရရဲ႕ အာရွဆုိင္ရာ ေပၚလစီနဲ႔ အဲဒီ ေပၚလစီရဲ႕ အက်ဳိး သက္ေရာက္မႈေတြ အေၾကာင္း မိန္႔ခြန္း ေျပာၾကားဖုိ႔ ရွိပါတယ္။ လာအုိေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံတဲ့အခါမွာေတာ့ ဗီယက္နမ္ စစ္ကာလအတြင္း အေမရိကန္တုိ႔က က်ဲခ်ခဲ့တဲ့ မေပါက္ကြဲေသးတဲ့ ဗုံးေတြ ရွင္းလင္းမွာ အေမရိကန္က အကူအညီ ေပးမယ့္ ကိစၥေတြကုိ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

စက္တင္ဘာလ ၆ ရက္ေန႔ကေန ၈ ရက္ေန႔အထိ က်င္းပမယ့္ ၂၈ ႀကိမ္နဲ႔ ၂၉ ႀကိမ္ေျမာက္ အာဆီယံထိပ္သီးစည္းေ၀းပြဲနဲ႔ အေရွ႕အာရွ ထိပ္သီး စည္းေ၀းပြဲေတြ တက္ဖုိ႔အတြက္ သမၼတ Barack Obama ဟာ တရုတ္ႏုိင္ငံမွာ က်င္းပတဲ့ G20 စက္မႈထိပ္သီး ႏုိင္ငံ ၂၀ ရဲ႕ ထိပ္သီး စည္းေ၀းပြဲတက္ၿပီး လာအုိႏုိင္ငံၿမိဳ႕ေတာ္ Vientiane ကုိ တနလၤာေန႔ ေႏွာင္းပုိင္းက ေရာက္သြားခဲ့တာပါ။

တခ်ိန္ထဲမွာပဲ ဒီထိပ္သီးစည္းေ၀းပြဲကုိ တက္ဖုိ႔ အတြက္ ေဒသတြင္းက ေခါင္းေဆာင္တခ်ဳိ႕ဟာ လာအုိႏုိင္ငံကုိ ေရာက္လာေနၾက ၿပီျဖစ္ၿပီး ျမန္မာ ႏုိင္ငံေတာ္၏အတုိင္ပင္ခံ ပုဂၢဳိလ္လည္းျဖစ္၊ ႏုိင္ငံျခားေရး ၀န္ႀကီးလည္း ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာလည္း အာဆီယံ ထိပ္သီး စည္းေ၀းပြဲနဲ႔ အေရွ႕အာရွ ထိပ္သီး စည္းေ၀းပဲြေတြနဲ႔ ဆက္စပ္ ထိပ္သီး စည္းေ၀းပြဲေတြကုိ တက္ဖုိ႔အတြက္ ဒီကေန႔ ျမန္မာႏုိင္ငံကေန ထြက္ခြာမွာ ျဖစ္ပါတယ္။

လက္ရွိတာ၀န္ထမ္းေဆာင္ေနတဲ့ အေမရိကန္သမၼတဦးအေနနဲ႔ ပထမဆုံး လာအုိႏုိင္ငံကုိ သြားေရာက္တဲ့ ဒီ သမုိင္း၀င္ ခရီးစဥ္ဟာ အေရွ႕ေတာင္ အာရွေဒသမွာ အေမရိကန္အစုိးရအေနနဲ႔ ဆက္ဆံေရး ခ်ိန္ခြင္လွ်ာ ျပန္ညွိေရး အစီအစဥ္ေတြအတြက္ ထပ္ေလာင္း အတည္ျပဳေပးမယ့္ ခရီးစဥ္လည္း ျဖစ္ပါတယ္။

အာရွပစိဖိတ္ေဒသအတြင္းက ေပၚလစီေတြ ေျပာင္းလဲလာေရးနဲ႔ အာဆီယံနဲ႔ အေရွ႕အာရွ ထိပ္သီးစည္းေ၀းပြဲေတြက စားပြဲ၀ုိင္းေတြမွာ အတူ ထုိင္ႏုိင္ေရးတုိ႔ အတြက္ အေမရိကန္ျပည္ေထာင္စုက ဘယ္ေလာက္အထိ ဦးေဆာင္ လုပ္ေဆာင္ခဲ့တယ္ ဆုိတာေတြကုိ သမၼတ အုိဘားမားက အေလးေပး ေျပာၾကားဖုိ႔ ရွိတယ္လုိ႔ အိမ္ျဖဴေတာ္ လက္ေထာက္အမ်ဳိးသားလုံၿခံဳေရး အႀကံေပးပုဂၢဳိလ္ Ben Rhodes က ေျပာပါတယ္။

“ဒါဟာ သမၼတအုိဘားမားအတြက္ ၁၀ ႀကိမ္ေျမာက္ အာရွ ပစိဖိတ္ခရီးစဥ္ ျဖစ္ၿပီး အာရွ ပစိဖိတ္ေဒသ ခ်ိန္ခြင္လွ်ာျပန္ညွိေရးဟာ အေမရိကန္ အစုိးရ ႏုိင္ငံျခားေရးေပၚလစီအတြက္ အဓိကအက်ဆုံး ျဖစ္ပါတယ္။ ဒါေၾကာင့္ အာရွ ပစိဖိတ္ေဒသကုိ အေမရိကန္ရဲ႕ ေပၚလစီေတြ အာရုံစုိက္ လုပ္ေဆာင္ေနတယ္ ဆုိတာနဲ႔ ေဒသတြင္းမွာ က်ေနာ္တုိ႔ရဲ႕ စီးပြားေရးနဲ႔ မဟာျဗဴဟာကိစၥရပ္ေတြကုိ ဗဟုိျပဳထားတဲ့ TPP ပစိတ္ဖိတ္ရပ္၀န္းေဒသႏုိင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီခ်က္ကိစၥနဲ႔ တျခား ေဒသတြင္းက အေရးပါတဲ့ အေၾကာင္း အရာေတြကုိ ေဆြးေႏြး ေျပာဆုိဖုိ႔အတြက္ ဒီခရီးစဥ္က သမၼတအတြက္ အခြင့္အေရး ရေစမွာ ျဖစ္ပါတယ္။ ထိပ္သီးစည္းေ၀းပြဲအတြင္းမွာ ေရေၾကာင္းဆုိင္ရာ ကိစၥရပ္ေတြနဲ႔ ေတာင္တရုတ္ပင္လယ္ကိစၥေတြလည္း ပါ၀င္မွာ ျဖစ္ပါတယ္။”

သမၼတ အုိဘားမားဟာ အာဆီယံ ထိပ္သီးစည္းေ၀းပြဲေတြ တက္ေရာက္တာအျပင္ အေမရိကန္ - လာအုိ ႏွစ္ႏုိင္ငံ ဆက္ဆံေရးကိစၥကုိလည္း ဒီခရီးစဥ္ အတြင္းမွာ ေဆြးေႏြး ေျပာဆုိသြားဖုိ႔ ရွိတာမွာ ဗီယက္နမ္ စစ္ပြဲအတြင္း အေမရိကန္တုိ႔က လာအုိႏုိင္ငံအတြင္း ဗုံးက်ဲခဲ့တဲ့ကိစၥဟာ ထိပ္ဆုံးက ပါ၀င္ေနပါတယ္။

ဗီယက္နမ္စစ္ပြဲအတြင္း Ho Chi Minh trail လုိ႔ေခၚတဲ့ ဟုိခ်ီမင္း လမ္းမႀကီးဟာ လာအုိနဲ႔ ကေမၻာဒီးယားႏုိင္ငံေတြကုိ ျဖတ္ၿပီး ေဖာက္လုပ္ထားတာေၾကာင့္ အဲဒီ လမ္းမႀကီးကုိ ပစ္မွတ္ထားၿပီး အေမရိကန္က ဗုံးက်ဲ တုိက္ခုိက္ခဲ့တာမွာ ဗုံးေတြ အမ်ားစုဟာ လာအုိႏုိင္ငံ ေက်းလက္ေဒသကုိ က်ခဲ့တာပါ။

အေမရိကန္တုိ႔က်ဲခ်ခဲ့တဲ့ မေပါက္ကြဲေသးတဲ့ ဗုံးေတြဟာ ေက်းလက္ေဒသေတြမွာ အမ်ားအျပား က်န္ရွိေနေသးတာေၾကာင့္ အဲဒီ ဗုံးေတြ ရွင္းလင္းေရးကိစၥကုိ အေမရိကန္အစုိးရအေနနဲ႔ အကူအညီေပးသင့္တယ္လုိ႔ လာအုိႏုိင္ငံကုိ မထြက္ခြာခင္ G20 ထိပ္သီးစည္းေ၀းပြဲက်င္းပတဲ့ တရုတ္ႏုိင္ငံ Hangzhou ၿမိဳ႕မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း သမၼတ အုိဘားမားက ေျပာပါတယ္။

“အေမရိကန္နဲ႔ လာႏုိင္ငံႏုိင္ငံတုိ႔ရဲ႕ သမုိင္းေၾကာင္းကုိ ျပန္ၾကည့္မယ္ဆုိရင္၊ မၾကာေသးခင္က က်ေနာ္သြားခဲ့တဲ့ ဗီယက္နမ္နဲ႔ ပတ္သက္ၿပီး ႏွစ္ႏုိင္ငံ ဆက္ဆံေရး တျဖည္းျဖည္း တုိးတက္ ေျပာင္းလဲလာတယ္ဆုိိတာကုိ ထည့္သြင္း စဥ္းစားရမွာ ျဖစ္ပါတယ္။ အျပင္ကေန ၾကည့္မယ္ဆုိရင္ေတာ့ - ယုံၾကည္မႈေတြ တည္ေဆာက္ေနတဲ့ကာလည္း ျဖစ္ေတာ့ - လုပ္ငန္း အေတာ္မ်ားမ်ားကုိ စစ္အတြင္းက က်န္ခဲ့တဲ့ အေမြေတြကိစၥနဲ႔ စတင္ႏုိင္ပါတယ္။ လာအုိႏုိင္ငံ အတြက္ေတာ့ အခုခ်ိန္ထိ ေက်းလက္ေဒသက လူအေတာ္မ်ားမ်ားကုိ အႏၱရာယ္ျပဳေနတဲ့ မေပါက္ကြဲေသးတဲ့ ဗုံးစံေတြကိစၥပါ၀င္ပါတယ္။ လာအုိႏုိင္ငံဟာလည္း ဆင္းရဲၿပီး အခုမွ ဖြံ႔ၿဖိဳးဆဲႏုိင္ငံျဖစ္တဲ့အတြက္ မေပါက္ကြဲေသးတဲ့ ဗုံးစံေတြကုိ သူတုိ႔ခ်ည္းပဲ ရွင္းလင္းဖုိ႔က ေငြေၾကး အရင္းအျမစ္ အလုံအေလာက္ မရွိဘူးျဖစ္ေနပါတယ္။ ဒါေၾကာင့္ က်ေနာ္တုိ႔အေနနဲ႔ အကူအညီေပးသင့္ပါတယ္။ က်ေနာ့္ေမွ်ာ္လင့္ခ်က္ကေတာ့ - လာမယ့္ ရက္အနဲငယ္ အတြင္း က်ေနာ္တုိ႔ ေတြ႔ဆုံ ေဆြးေႏြးၾကတဲ့အခါမွာ လာအုိႏုိင္ငံကုိ အကူအညီေပးမယ္ဆုိတဲ့ ခုိင္မာတိက်တဲ့ အေျဖတစုံတရာ ထြက္လာမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။”

စစ္ပြဲအတြင္း ေပ်ာက္ဆုံးေနတဲ့ အေမရိကန္တပ္ဖြဲ႔၀င္ေတြ ျပန္ေတြ႔ေရးဟာ အေမရိကန္အစုိးရအျပင္ ေပ်ာက္ဆုံးသြားတဲ့ တပ္ဖြဲ႔၀င္ေတြရဲ႕ မိသားစုေတြအတြက္ အေရးပါတဲ့ကိစၥျဖစ္တာေၾကာင့္ ဒီကိစၥကုိလည္း ေဆြးေႏြးသြားမယ္လုိ႔ သမၼတ အုိဘားမားက ေျပာပါတယ္။

ဗီယက္နမ္ စစ္ပြဲျဖစ္ပြားတဲ့ကာလ ၁၉၆၄ ခုႏွစ္နဲ႔ ၁၉၇၃ ခုႏွစ္ေတြအတြင္း လူဦးေရ ၂ သန္းေလာက္သာရွိတဲ့ လာအုိႏုိင္ငံကုိ အေမရိကန္က ဗုံးတန္ခ်ိန္ ၂ သန္းေလာက္ က်ဲခ်ခဲ့တာမွာ မေပါက္ကြဲေသးတဲ့ ဗုံးစံေတြ သန္း ၈၀ ေလာက္ ရွိေနေသးတယ္လုိ႔ ဆုိပါတယ္။ အဲဒီ မေပါက္ေသးတဲ့ ဗုံးစံေတြထိၿပီး လာအုိႏုိင္ငံမွာ အခုခ်ိန္ထိ ေသဆုံး၊ ထိခုိက္ဒဏ္ရာရသူေပါင္း ႏွစ္ေသာင္းေက်ာ္ ရွိသြားၿပီလုိ႔ ဆုိပါတယ္။

သမၼတ အုိဘားမားဟာ လာအုိႏုိင္ငံမွာ ရွိေနစဥ္အတြင္း ေရွးေဟာင္းၿမိဳ႕ျဖစ္တဲ့ Luang Prabang မွာ YSEALI လုိ႔ေခၚတဲ့ အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံ ေဆြးေႏြးပြဲ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

အေမရိကန္ အာဆီယံ ထိပ္သီးစည္းေ၀းပြဲနဲ႔ အေရွ႕အာရွ ေဆြးေႏြးပြဲေတြကေတာ့ စက္တင္ဘာလ ၈ ရက္ေန႔မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။

၂၈ ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးစည္းေ၀းပြဲမွာေတာ့ အာဆီယံအသုိက္အ၀န္း ထူေထာင္မႈ ႀကိဳးပမ္းေဆာင္ရြက္ခ်က္မ်ား၊ အထူးသျဖင့္ အာဆီယံ အသုိက္အ၀န္း ေမွ်ာ္မွန္းခ်က္ ၂၀၂၅ နဲ႔ ေရွ႕ဆက္ ေဆာင္ရြက္မႈဆုိင္ရာ အေကာင္အထည္ေဖာ္မႈေတြကုိ ေဆြးေႏြးၾကမွာ ျဖစ္ၿပီး၊ ၂၉ ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးစည္းေ၀းပြဲမွာေတာ့ အာဆီယံ ျပည္ပဆက္ဆံေရးနဲ႔ အနာဂတ္ ဦးတည္ခ်က္မ်ားဆုိင္ရာ ကိစၥရပ္ေတြအျပင္ ေဒသတြင္းနဲ႔ ႏုိင္ငံတကာ ျပႆနာေတြမွာ ဘုံစိတ္၀င္စားမႈနဲ႔ စုိးရိမ္ပူပန္မႈအေပၚ အျမင္ခ်င္း ဖလွယ္တဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗြီအိုေအ (ျမန္မာပုိင္း)

#Unicode Version
သမ္မတ အိုဘားမား လာအိုနိုင်ငံကို ဆိုက်ရောက်လာစဉ်။
လာအိုနိုင်ငံ Vientiane မြို့မှာ ဒီကနေ့ စတင် ကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေးပွဲ တက်ဖို့အတွက် အမေရိကန်သမ္မတ Barack Obama ဟာ တနင်္လာနေ့ညက လာအိုနိုင်ငံကို ရောက်သွားပြီပါပြီ။ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတ တဦးအနေနဲ့ ပထမဆုံးအကြိမ် သွားရောက်တဲ့ ဒီ သမိုင်းဝင် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားအနေနဲ့ အမေရိကန်အစိုးရရဲ့ အာရှဆိုင်ရာ ပေါ်လစီနဲ့ အဲဒီ ပေါ်လစီရဲ့ အကျိုး သက်ရောက်မှုတွေ အကြောင်း မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။ လာအိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ ဗီယက်နမ် စစ်ကာလအတွင်း အမေရိကန်တို့က ကျဲချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှင်းလင်းမှာ အမေရိကန်က အကူအညီ ပေးမယ့် ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

စက်တင်ဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပမယ့် ၂၈ ကြိမ်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲနဲ့ အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲတွေ တက်ဖို့အတွက် သမ္မတ Barack Obama ဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ G20 စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး စည်းဝေးပွဲတက်ပြီး လာအိုနိုင်ငံမြို့တော် Vientiane ကို တနင်္လာနေ့ နှောင်းပိုင်းက ရောက်သွားခဲ့တာပါ။

တချိန်ထဲမှာပဲ ဒီထိပ်သီးစည်းဝေးပွဲကို တက်ဖို့ အတွက် ဒေသတွင်းက ခေါင်းဆောင်တချို့ဟာ လာအိုနိုင်ငံကို ရောက်လာနေကြ ပြီဖြစ်ပြီး မြန်မာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဆီယံ ထိပ်သီး စည်းဝေးပွဲနဲ့ အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲတွေနဲ့ ဆက်စပ် ထိပ်သီး စည်းဝေးပွဲတွေကို တက်ဖို့အတွက် ဒီကနေ့ မြန်မာနိုင်ငံကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတဦးအနေနဲ့ ပထမဆုံး လာအိုနိုင်ငံကို သွားရောက်တဲ့ ဒီ သမိုင်းဝင် ခရီးစဉ်ဟာ အရှေ့တောင် အာရှဒေသမှာ အမေရိကန်အစိုးရအနေနဲ့ ဆက်ဆံရေး ချိန်ခွင်လျှာ ပြန်ညှိရေး အစီအစဉ်တွေအတွက် ထပ်လောင်း အတည်ပြုပေးမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသအတွင်းက ပေါ်လစီတွေ ပြောင်းလဲလာရေးနဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲတွေက စားပွဲဝိုင်းတွေမှာ အတူ ထိုင်နိုင်ရေးတို့ အတွက် အမေရိကန်ပြည်ထောင်စုက ဘယ်လောက်အထိ ဦးဆောင် လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကို သမ္မတ အိုဘားမားက အလေးပေး ပြောကြားဖို့ ရှိတယ်လို့ အိမ်ဖြူတော် လက်ထောက်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောပါတယ်။

“ဒါဟာ သမ္မတအိုဘားမားအတွက် ၁၀ ကြိမ်မြောက် အာရှ ပစိဖိတ်ခရီးစဉ် ဖြစ်ပြီး အာရှ ပစိဖိတ်ဒေသ ချိန်ခွင်လျှာပြန်ညှိရေးဟာ အမေရိကန် အစိုးရ နိုင်ငံခြားရေးပေါ်လစီအတွက် အဓိကအကျဆုံး ဖြစ်ပါတယ်။ ဒါကြောင့် အာရှ ပစိဖိတ်ဒေသကို အမေရိကန်ရဲ့ ပေါ်လစီတွေ အာရုံစိုက် လုပ်ဆောင်နေတယ် ဆိုတာနဲ့ ဒေသတွင်းမှာ ကျနော်တို့ရဲ့ စီးပွားရေးနဲ့ မဟာဗြူဟာကိစ္စရပ်တွေကို ဗဟိုပြုထားတဲ့ TPP ပစိတ်ဖိတ်ရပ်ဝန်းဒေသနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကိစ္စနဲ့ တခြား ဒေသတွင်းက အရေးပါတဲ့ အကြောင်း အရာတွေကို ဆွေးနွေး ပြောဆိုဖို့အတွက် ဒီခရီးစဉ်က သမ္မတအတွက် အခွင့်အရေး ရစေမှာ ဖြစ်ပါတယ်။ ထိပ်သီးစည်းဝေးပွဲအတွင်းမှာ ရေကြောင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ တောင်တရုတ်ပင်လယ်ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။”

သမ္မတ အိုဘားမားဟာ အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေ တက်ရောက်တာအပြင် အမေရိကန် - လာအို နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စကိုလည်း ဒီခရီးစဉ် အတွင်းမှာ ဆွေးနွေး ပြောဆိုသွားဖို့ ရှိတာမှာ ဗီယက်နမ် စစ်ပွဲအတွင်း အမေရိကန်တို့က လာအိုနိုင်ငံအတွင်း ဗုံးကျဲခဲ့တဲ့ကိစ္စဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

ဗီယက်နမ်စစ်ပွဲအတွင်း Ho Chi Minh trail လို့ခေါ်တဲ့ ဟိုချီမင်း လမ်းမကြီးဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် အဲဒီ လမ်းမကြီးကို ပစ်မှတ်ထားပြီး အမေရိကန်က ဗုံးကျဲ တိုက်ခိုက်ခဲ့တာမှာ ဗုံးတွေ အများစုဟာ လာအိုနိုင်ငံ ကျေးလက်ဒေသကို ကျခဲ့တာပါ။

အမေရိကန်တို့ကျဲချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေဟာ ကျေးလက်ဒေသတွေမှာ အများအပြား ကျန်ရှိနေသေးတာကြောင့် အဲဒီ ဗုံးတွေ ရှင်းလင်းရေးကိစ္စကို အမေရိကန်အစိုးရအနေနဲ့ အကူအညီပေးသင့်တယ်လို့ လာအိုနိုင်ငံကို မထွက်ခွာခင် G20 ထိပ်သီးစည်းဝေးပွဲကျင်းပတဲ့ တရုတ်နိုင်ငံ Hangzhou မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက ပြောပါတယ်။

“အမေရိကန်နဲ့ လာနိုင်ငံနိုင်ငံတို့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်၊ မကြာသေးခင်က ကျနော်သွားခဲ့တဲ့ ဗီယက်နမ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တဖြည်းဖြည်း တိုးတက် ပြောင်းလဲလာတယ်ဆိိုတာကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင်တော့ - ယုံကြည်မှုတွေ တည်ဆောက်နေတဲ့ကာလည်း ဖြစ်တော့ - လုပ်ငန်း အတော်များများကို စစ်အတွင်းက ကျန်ခဲ့တဲ့ အမွေတွေကိစ္စနဲ့ စတင်နိုင်ပါတယ်။ လာအိုနိုင်ငံ အတွက်တော့ အခုချိန်ထိ ကျေးလက်ဒေသက လူအတော်များများကို အန္တရာယ်ပြုနေတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးစံတွေကိစ္စပါဝင်ပါတယ်။ လာအိုနိုင်ငံဟာလည်း ဆင်းရဲပြီး အခုမှ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် မပေါက်ကွဲသေးတဲ့ ဗုံးစံတွေကို သူတို့ချည်းပဲ ရှင်းလင်းဖို့က ငွေကြေး အရင်းအမြစ် အလုံအလောက် မရှိဘူးဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အကူအညီပေးသင့်ပါတယ်။ ကျနော့်မျှော်လင့်ချက်ကတော့ - လာမယ့် ရက်အနဲငယ် အတွင်း ကျနော်တို့ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာ လာအိုနိုင်ငံကို အကူအညီပေးမယ်ဆိုတဲ့ ခိုင်မာတိကျတဲ့ အဖြေတစုံတရာ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။”

စစ်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်တွေ့ရေးဟာ အမေရိကန်အစိုးရအပြင် ပျောက်ဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေအတွက် အရေးပါတဲ့ကိစ္စဖြစ်တာကြောင့် ဒီကိစ္စကိုလည်း ဆွေးနွေးသွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဗီယက်နမ် စစ်ပွဲဖြစ်ပွားတဲ့ကာလ ၁၉၆၄ ခုနှစ်နဲ့ ၁၉၇၃ ခုနှစ်တွေအတွင်း လူဦးရေ ၂ သန်းလောက်သာရှိတဲ့ လာအိုနိုင်ငံကို အမေရိကန်က ဗုံးတန်ချိန် ၂ သန်းလောက် ကျဲချခဲ့တာမှာ မပေါက်ကွဲသေးတဲ့ ဗုံးစံတွေ သန်း ၈၀ လောက် ရှိနေသေးတယ်လို့ ဆိုပါတယ်။ အဲဒီ မပေါက်သေးတဲ့ ဗုံးစံတွေထိပြီး လာအိုနိုင်ငံမှာ အခုချိန်ထိ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူပေါင်း နှစ်သောင်းကျော် ရှိသွားပြီလို့ ဆိုပါတယ်။

သမ္မတ အိုဘားမားဟာ လာအိုနိုင်ငံမှာ ရှိနေစဉ်အတွင်း ရှေးဟောင်းမြို့ဖြစ်တဲ့ Luang Prabang မှာ YSEALI လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန် အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ အရှေ့အာရှ ဆွေးနွေးပွဲတွေကတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာတော့ အာဆီယံအသိုက်အဝန်း ထူထောင်မှု ကြိုးပမ်းဆောင်ရွက်ချက်များ၊ အထူးသဖြင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နဲ့ ရှေ့ဆက် ဆောင်ရွက်မှုဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ဆွေးနွေးကြမှာ ဖြစ်ပြီး၊ ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာတော့ အာဆီယံ ပြည်ပဆက်ဆံရေးနဲ့ အနာဂတ် ဦးတည်ချက်များဆိုင်ရာ ကိစ္စရပ်တွေအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ ပြဿနာတွေမှာ ဘုံစိတ်ဝင်စားမှုနဲ့ စိုးရိမ်ပူပန်မှုအပေါ် အမြင်ချင်း ဖလှယ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top