Property Expo
×

ကမာၻ႕အခ်မ္းသာဆုံးနဲ႕ ဉာဏ္ႀကီး႐ွင္ စာရင္းဝင္သုံးဦးက ၿဂဳိဟ္သားေတြကုိ ပထမဆုံး ႐ွာေဖြေတြ႕႐ွိသူေတြ ျဖစ္လာဖုိ႕ ေမွ်ာ္လင့္ခ်က္ကုိ အေကာင္အထည္ေဖာ္ေတာ့မယ္လုိ႕ ဆုိပါတယ္။

ကမာၻေက်ာ္ ဆုိ႐ွယ္မီဒီယာဝက္ဘ္ဆုိက္ ေဖ့စ္ဘြတ္တည္ေထာင္သူ မာ့ခ္ဇူကာဘတ္၊ နာမည္ေက်ာ္ ႐ု႐ွားစြန္႕ဦးတီထြင္သူ ယူရီမီလ္နာနဲ႕ ကမာၻေက်ာ္ ႐ူပေဗဒပညာ႐ွင္ စတီဖင္ေဟာ့ကင္းတုိ႕က ဒုတိယကမာၻ (Earth 2.0) ကုိ ႐ွာေဖြသြားမယ္လုိ႕ ဆုိပါတယ္။

Proxima b လုိ႕ အမည္ေပးထားတဲ့ ကမာၻနဲ႕အလားသဏၭာန္တူ ေက်ာက္ေဆာင္ထူထပ္တဲ့ ၿဂဳိဟ္မွာ သက္႐ိွေတြ ေနထုိင္ႏုိင္တဲ့ အေျခအေန႐ွိေၾကာင္း သိရပါတယ္။ Proxima b ဟာ ကမာၻနဲ႕ အလင္းႏွစ္ေလးႏွစ္ အကြာအေဝးမွာ တည္႐ွိတယ္လုိ႕လည္း ဆုိပါတယ္။

ဇူကာဘတ္၊ ယူရီနဲ႕ စတီဖင္ေဟာ့ကင္းတုိ႕ သုံးဦးက 'Breakthrough Listen' အမည္႐ွိ စီမံကိန္းကုိ အေမရိကန္ေဒၚလာ သန္း ၁၀၀ ရန္ပုံေငြထည့္ဝင္ၿပီး Proxima b ကုိ ေလ့လာစူးစမ္းကာ ET ကဲ့သုိ႕ ၿဂဳိဟ္သားေတြ႐ွိ မ႐ွိ ႐ွာေဖြသြားႏုိင္ရန္ ေမွ်ာ္လင့္ထားပါတယ္။
Proxima b ၿဂဳိဟ္ကုိ သြားေရာက္ႏုိင္ရန္အတြက္ အလင္းႏွစ္ေလးႏွစ္မွာ မုိင္အားျဖင့္ မုိင္ေပါင္း ၂၅ ထရီလီယံ ျဖစ္ပါတယ္။ လာမယ့္ ဆယ္စုႏွစ္ အနည္းငယ္အတြင္း အနာဂတ္မ်ဳိးဆက္ စူပါျမန္ႏႈန္းျမင့္ အာကာသယာဥ္ျဖင့္ Proxima b ကုိ သြားေရာက္ႏုိင္တဲ့ အေျခအေန ျဖစ္လာမယ္လုိ႕လည္း ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Mail

#Unicode Version
ကမ္ဘာ့အချမ်းသာဆုံးနဲ့ ဉာဏ်ကြီးရှင် စာရင်းဝင်သုံးဦးက ဂြိုဟ်သားတွေကို ပထမဆုံး ရှာဖွေတွေ့ရှိသူတွေ ဖြစ်လာဖို့ မျှော်လင့်ချက်ကို အကောင်အထည်ဖော်တော့မယ်လို့ ဆိုပါတယ်။


ကမ္ဘာကျော် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်၊ နာမည်ကျော် ရုရှားစွန့်ဦးတီထွင်သူ ယူရီမီလ်နာနဲ့ ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းတို့က ဒုတိယကမ္ဘာ (Earth 2.0) ကို ရှာဖွေသွားမယ်လို့ ဆိုပါတယ်။


Proxima b လို့ အမည်ပေးထားတဲ့ ကမ္ဘာနဲ့အလားသဏ္ဌာန်တူ ကျောက်ဆောင်ထူထပ်တဲ့ ဂြိုဟ်မှာ သက်ရှိတွေ နေထိုင်နိုင်တဲ့ အခြေအနေရှိကြောင်း သိရပါတယ်။ Proxima b ဟာ ကမ္ဘာနဲ့ အလင်းနှစ်လေးနှစ် အကွာအဝေးမှာ တည်ရှိတယ်လို့လည်း ဆိုပါတယ်။


ဇူကာဘတ်၊ ယူရီနဲ့ စတီဖင်ဟော့ကင်းတို့ သုံးဦးက 'Breakthrough Listen' အမည်ရှိ စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေထည့်ဝင်ပြီး Proxima b ကို လေ့လာစူးစမ်းကာ ET ကဲ့သို့ ဂြိုဟ်သားတွေရှိ မရှိ ရှာဖွေသွားနိုင်ရန် မျှော်လင့်ထားပါတယ်။

Proxima b ဂြိုဟ်ကို သွားရောက်နိုင်ရန်အတွက် အလင်းနှစ်လေးနှစ်မှာ မိုင်အားဖြင့် မိုင်ပေါင်း ၂၅ ထရီလီယံ ဖြစ်ပါတယ်။ လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်း အနာဂတ်မျိုးဆက် စူပါမြန်နှုန်းမြင့် အာကာသယာဉ်ဖြင့် Proxima b ကို သွားရောက်နိုင်တဲ့ အခြေအနေ ဖြစ်လာမယ်လို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Daily Mail
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top