Kantharyar Centre
×





၎)ဂျင်းစိမ်း၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းမှုန့် စတာတွေဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ နည်းလမ်း အမျိုးမျိုးနဲ့ အသုံးဝင်ပါတယ်....








Unicode Version

သင့်ကျန်းမာရေး အတွက် ကိုယ်အလေးချိန် လျှော့ချရေး သဘာဝ နည်းလမ်း ၁၀ ဖြာ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်.

၁)အသီးအနှံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် တွေဟာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်... ဒါကြောင့် အဝလွန်တဲ့ သူတွေဟာ ဒီအစားအစာ တွေကို မကြာခဏ ပိုစားသင့်ပါတယ်....

၂)ဆားဟာ ခန္ဓာကိုယ် အလေးချိန် တိုးမြင့်ရတဲ့ အဓိက အကြောင်းတစ်ရပ် ဖြစ်တာကြောင့် ဆားအလွန်အကျွံ စားသုံးခြင်း ကလည်း ရှောင်ကျဉ်ရပါမယ်....

၃)နို့ထွက် ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲတွေ ထောပတ်တွေ ဟာလည်း အဆီဓာတ် ကြွယ်ဝတာကြောင့် ရှောင်ကျဉ် သင့်ပါတယ်... အသားနဲ့ အသီးအရွက် မဟုတ်တဲ့ အစားအစာ တွေကိုလည်း ရှောင်ကျဉ် သင့်ပါတယ်...

၄)ဂျင်းစိမ်း၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းမှုန့် စတာတွေဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ နည်းလမ်း အမျိုးမျိုးနဲ့ အသုံးဝင်ပါတယ်....

၅)ဘူးခါးမျိုးတွေနဲ့ ဒန့်ဒလွန်သီး တွေလို အသီးအနှံမျိုး တွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အသုံး တည့်ပါတယ်...

၆)ပျားရည် သောက်သုံးခြင်းဟာ အကောင်းဆုံး အိမ်တွင်းဖြစ် ကိုယ်အလေးချိန် လျှောချရေး နည်းလမ်း တစ်ရပ်ဖြစ်ပါတယ်.. ပျားရည်ဟာ ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ အဆီပိုတွေကို ပုံမှန်လုပ်ငန်းတွေမှာ သုံးနိုင်တဲ့ စွမ်းအင်အဖြစ် ထုတ်ယူ အသုံးပြုနိုင်အောင် လုပ်ဆောင် ပေးပါတယ်... ပျားရည်ကို စတင်သောက်သုံးတဲ့ အခါမှာ ထမင်းစားဇွန်း တစ်ဇွန်း အပြည့်လောက် ပမာဏကို ရေနွေးနဲ့ စသောက်သင့်ပါတယ်... မနက်ပိုင်းမှာ သောက်တာက ပိုကောင်းပါတယ်... ပြီးရင် လတ်ဆတ်တဲ့ ရှောက်သီးဖျော်ရည် လက်ဘက်ရည်ဇွန်း တစ်ဇွန်း လောက်ကိုလည်း ထပ်သောက်ရပါမယ်...

၇) ဂေါ်ဖီထုပ်ကိုလည်း ထိရောက်တဲ့ ကိုယ်အလေးချိန် လျှော့ချမှုမှာ ထည့်သွင်း ထားပါတယ်... ဂေါ်ဖီထုပ်ဟာ သကြားနဲ့ တခြားကာဘွန် ဟိုက်ဒရိတ်တွေကို အဆီအဖြစ် မပြောင်းလဲ သွားအောင် ကာကွယ်ပေးပါတယ်... ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ ဂေါ်ဖီထုပ်က အများကြီး အကျိုးရှိပါတယ်.... ချက်ပြုတ်ပြီးပဲ စားစား... အစိမ်းစားစား အဆင်ပြေပါတယ်...

၈)ကိုယ်အလေးချိန် လျှော့ချရေး စီမံချက်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်... ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ ကြွက်သား တွေကို ပျော့ပြောင်းပြီး ကျန်းမာ သန်စွမ်း စေပါတယ်... ပထမဆုံး လမ်းလျှောက်ခြင်းနဲ့ စတင်သင့်ပြီး နောက်ပိုင်းမှာတော့ ပြေးတာ ရေကူးတာ လှေလှော်တာ တွေကို တစ်ဆင့်ခြင်း လုပ်သွား နိုင်ပါတယ်...

၉) သံပုရာရည်ကလည်း ကိုယ်အလေးချိန် လျှော့ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်.. မနက်တိုင်း ဘာအစာမှမစားခင် သံပုရာရည် တစ်ဖန်ခွက်ကို ရေနွေးနဲ့ ပျားရည်တို့နဲ့ ဖျော်ပြီး သောက်သုံး ရပါမယ်...

၁၀)အစာမစားခင်တိုင်းမှာ သင်စားသောက်မယ့် ပမာဏကို တိုင်းတာပြီး တတ်နိုင်သမျှ အနည်းဆုံး ဖြစ်သင့်ပါတယ်... ဥပမာအားဖြင့် ထမင်းစားရမယ့် ပမာဏဟာ သင့်လက်ထဲမှာ ဆုပ်ထား နိုင်လောက်တဲ့ ပမာဏထက် မပိုသင့်ပါဘူး... အစာအနည်းငယ်ကိုပဲ ၄ နာရီ ၅ နာရီခြား တစ်ခါလောက် ပုံမှန်စားမယ်ဆိုရင် သင့်ကိုယ်တွင်း အစာခြေချက်မှု လုပ်ငန်းစဉ်က ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး စားလိုက်တဲ့ အစားအစာကနေ အဆီတွေ ဖြစ်မလာအောင် ကာကွယ် ပေးနိုင်ပါလိမ့်မယ်... ပုံမှန်လေ့ကျင့်ခန်း ကိုလည်း နေ့စဉ်နေ့တိုင်း မဖြစ်မနေ လုပ်မယ်ဆိုရင်တော့ သင့်ကိုယ်အလေးချိန်ဟာ သိသိသာသာ ကျဆင်းလာမှာ ဖြစ်ပါတယ်...

ဖိုးသူတော် (www.phothutaw.com)
Credit:နှိုင်းရင့်နွေ
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top