Kantharyar Centre
×

ျပည္တြင္းကုိ ေမာ္ေတာ္ယာဥ္တင္သြင္းရာမွာ ႀကံဳေတြ႕ေနရတဲ့  အခက္အခဲငါးခုကို စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကုိ  ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးနဲ႔ ျဖန္႔ျဖဴးေရာင္းခ်ေရး လုပ္ငန္းရွင္မ်ားအသင္း (MAMDA) စက္တင္ဘာ ၂၄ ရက္ ေတြ႕ဆံုေဆြးေႏြးပြဲမွာ တင္ျပခဲ့တယ္လို႔ သိရပါတယ္။

‘‘အသင္းက အခ်က္ငါးခ်က္ကို ေဆြးေႏြးတင္ျပခဲ့တယ္။ ျပည္ေထာင္စုဝန္ႀကီးကလည္း ဒီအခ်က္ငါးခ်က္ကို တျခားသက္ဆုိင္ရာ ဝန္ႀကီးဌာနေတြနဲ႔ ညႇိႏိႈင္း ေဆာင္ရြက္ေပးမယ္လုိ႔ ေျပာတယ္။ ယာဥ္အိုယာဥ္ေဟာင္း အပ္ႏွံမႈစနစ္အစား တျခားအစား ထိုးစနစ္တစ္ခု ေဆာင္ရြက္ေပးဖို႔ တင္ျပခဲ့တယ္’’လုိ႔ အဆိုပါ အသင္းဥကၠ႒ ေဒါက္တာစိုးထြန္းက ေျပာပါတယ္။

တင္ျပခ်က္ေတြထဲမွာ ၂၀၁၅ ဒီဇင္ဘာမတုိင္မီ စီးပြားကူးသန္းမွာ သြင္းကုန္လိုင္ စင္ေလွ်ာက္ထားခဲ့တဲ့ Consignment လုိင္စင္ေတြနဲ႔ တင္သြင္းလာေသာယာဥ္မ်ား ကညနမွာ ယာဥ္နံပါတ္ရယူတာကို ၂၀၁၆ ဒီဇင္ဘာလကုန္မွာ အၿပီးေဆာင္ရြက္တာနဲ႔ ပတ္သက္ၿပီး ညႇိႏိႈင္းေဆာင္ရြက္ေပးဖို႔ ၊ ၂၀၁၇အတြက္ ေမာ္ေတာ္ယာဥ္တင္ သြင္းခြင့္ Model Year သတ္မွတ္ခ်က္ကို ညႇိႏိႈင္းထုတ္ျပန္ေပးဖို႔၊ အေရာင္းစင္တာေတြရဲ႕ Consignment စနစ္နဲ႔ သြင္းခဲ့တဲ့ကား အစီးေရကန္႔သတ္ခ်က္ကို ေျဖေလွ်ာ့ေဆာငရြက္ေပးဖို႔ စတဲ့အခ်က္ေတြကုိ တင္ျပခဲ့တယ္လုိ႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ပြည်တွင်းကို မော်တော်ယာဉ်တင်သွင်းရာမှာ ကြုံတွေ့နေရတဲ့  အခက်အခဲငါးခုကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို  မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) စက်တင်ဘာ ၂၄ ရက် တွေ့ဆုံဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။

‘‘အသင်းက အချက်ငါးချက်ကို ဆွေးနွေးတင်ပြခဲ့တယ်။ ပြည်ထောင်စုဝန်ကြီးကလည်း ဒီအချက်ငါးချက်ကို တခြားသက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစနစ်အစား တခြားအစား ထိုးစနစ်တစ်ခု ဆောင်ရွက်ပေးဖို့ တင်ပြခဲ့တယ်’’လို့ အဆိုပါ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

တင်ပြချက်တွေထဲမှာ ၂၀၁၅ ဒီဇင်ဘာမတိုင်မီ စီးပွားကူးသန်းမှာ သွင်းကုန်လိုင် စင်လျှောက်ထားခဲ့တဲ့ Consignment လိုင်စင်တွေနဲ့ တင်သွင်းလာသောယာဉ်များ ကညနမှာ ယာဉ်နံပါတ်ရယူတာကို ၂၀၁၆ ဒီဇင်ဘာလကုန်မှာ အပြီးဆောင်ရွက်တာနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့ ၊ ၂၀၁၇အတွက် မော်တော်ယာဉ်တင် သွင်းခွင့် Model Year သတ်မှတ်ချက်ကို ညှိနှိုင်းထုတ်ပြန်ပေးဖို့၊ အရောင်းစင်တာတွေရဲ့ Consignment စနစ်နဲ့ သွင်းခဲ့တဲ့ကား အစီးရေကန့်သတ်ချက်ကို ဖြေလျှော့ဆောငရွက်ပေးဖို့ စတဲ့အချက်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top