Kantharyar Centre
×

(၁) Dopamine ေဟာ္မုန္းကို ျမင့္တက္ေစတယ္.. ဒီေဟာ္မုန္းဓါတ္ဟာ သင့္စိတ္ထဲက ေပ်ာ္ရႊင္ျခင္း၊ ဝမ္းနည္းျခင္းစတဲ့ ခံစားခ်က္ေတြကို အေျပာင္းအလဲျဖစ္ေစတဲ့ ေဟာ္မုန္းဓါတ္ေတြ ျဖစ္ပါတယ္။ တရားထုိင္ျခင္းအားျဖင့္ သင့္ရဲ႕စိတ္အတြင္းပုိင္းမွာ ၾကည္လင္လာျပီး ျငိမ္းေအးမႈကို ျဖစ္ေစပါတယ္။ ဒါ့အျပင္ ႏွစ္ျခိဳက္စြာ အိပ္စက္အနားယူျခင္းကိုလည္း အေထာက္အပံ့ျဖစ္ေစပါတယ္။

(၂) Depression နည္းေစတယ္။ စိတ္ဓါတ္က်ဆင္းျခင္း (Depression) ျဖစ္နုိင္ေခ်ကို သိသိသာသာကို က်ဆင္းေစပါတယ္။ အထီးက်န္ျခင္း၊ ဝမ္းနည္းျခင္းစတဲ့ သင့္စိတ္ကို ထိခုိက္ေစနုိင္မယ့္ အေၾကာင္းအရာေတြကို ရင္ဆုိင္ရာမွာ သင့္စိတ္ေတြ သန္မာလာပါတယ္။

 (၃) စိတ္ကုိ ျငိမ္းေအးေစတယ္။ ဒါကေတာ့ တရားထုိင္တဲ့သူတုိင္း ခံစားရပါတယ္။ တရားထုိင္ျခင္းဟာ သင့္စိတ္ေအးခ်မ္းမႈရဲ႕ ဇစ္ျမစ္တစ္ခုလို႔လည္း ေျပာလုိ႔ရပါတယ္။ တရားထုိင္တာဟာ ဘာသာေရးနဲ႔ သက္ဆုိင္ရံုတင္မကဘဲ စိတ္ကုထံုးအေနနဲ႔ပါ အသံုးခ်လုိ႔ရတာေၾကာင့္ လူအေတာ္မ်ားမ်ားဟာ တရားထုိင္ျခင္းကို စြဲစြဲျမဲျမဲလုပ္ေဆာင္လာၾကပါတယ္။

 (၄) ေပ်ာ္ရႊင္ျခင္းေဆးဝါး။ တရားထုိင္ေနတဲ့အခ်ိန္မွာ သင့္ရဲ႕စိတ္ကို ျငိမ္းေအးမႈေပးပါလိမ့္မယ္။ ဒီျငိမ္းေအးမႈဟာ သင့္ရဲ႕မသိစိတ္က ေပ်ာ္ရႊင္ျခင္းေတြကို ႏႈိးဆြေပးပါတယ္။ သင့္ကုိယ္သင္ စိတ္ေက်နပ္မႈ ရွိလာမယ္။ ေလာကၾကီးကို အေကာင္းျမင္တတ္လာမယ္။ ၾကံဳေတြ႔လာမယ့္ အဆုိးေတြကိုလည္း အေကာင္းမြန္ဆံုး တံုျပန္ရင္ဆုိင္လာနုိင္မယ္။ ေျပာရရင္ေတာ့ တရားထုိင္ျခင္းဟာ ေပ်ာ္ရႊင္ျခင္းေဆးဝါး တစ္လက္ပါပဲ။

 (၅) အေတြးအေခၚသစ္ေတြကို ရေစတယ္။ တရားထုိင္ျခင္းရဲ႕ ေကာင္းတဲ့ အက်ိဳးေက်းွဇူးေတြထဲမွာ စိတ္ကိုျငိမ္းေအးေစတာ တစ္ခုတည္း မဟုတ္ေသးပါဘူး။ သင့္ရဲ႕ စိတ္ကူးဥာဏ္ေတြကိုလည္း ကြန္႔ျမဴးေစပါတယ္။ ဒါ့ေၾကာင့္ ေအာင္ျမင္တဲ့သူတုိင္းဟာ တရားထုိင္ျခင္းကို သူတုိ႔ရဲ႕ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြထဲမွာ ထည့္သြင္း လုပ္ေဆာင္ေလ့ရွိပါတယ္။

 (၆) ေစ်းေပါေသာ က်န္းမာေရးလက္ေဆာင္။ တရားထုိင္ျခင္းဟာ စိတ္က်န္းမာေရးတစ္ခုတည္းအတြက္တင္မဟုတ္ပါဘူး။ ကုိယ္က်န္းမာေရးကိုလည္း မ်ားစြာ အေထာက္အကူ ျဖစ္ေစပါတယ္။ တစ္ေန႔ကို ဆယ့္ငါးမိနစ္ကေန နာရီဝက္၊ တစ္နာရီေလာက္ တရားထုိင္ျခင္းနဲ႔ကို သင့္အတြက္ ေငြကုန္ေၾကးက်နည္းတဲ့ က်န္းမာေရးလက္ေဆာင္ေကာင္းတစ္ခု ျဖစ္လာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pyit Tine Htaung

Unicode Version

(၁) Dopamine ဟော်မုန်းကို မြင့်တက်စေတယ်.. ဒီဟော်မုန်းဓါတ်ဟာ သင့်စိတ်ထဲက ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ ခံစားချက်တွေကို အပြောင်းအလဲဖြစ်စေတဲ့ ဟော်မုန်းဓါတ်တွေ ဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့စိတ်အတွင်းပိုင်းမှာ ကြည်လင်လာပြီး ငြိမ်းအေးမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။

(၂) Depression နည်းစေတယ်။ စိတ်ဓါတ်ကျဆင်းခြင်း (Depression) ဖြစ်နိုင်ချေကို သိသိသာသာကို ကျဆင်းစေပါတယ်။ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ သင့်စိတ်ကို ထိခိုက်စေနိုင်မယ့် အကြောင်းအရာတွေကို ရင်ဆိုင်ရာမှာ သင့်စိတ်တွေ သန်မာလာပါတယ်။

 (၃) စိတ်ကို ငြိမ်းအေးစေတယ်။ ဒါကတော့ တရားထိုင်တဲ့သူတိုင်း ခံစားရပါတယ်။ တရားထိုင်ခြင်းဟာ သင့်စိတ်အေးချမ်းမှုရဲ့ ဇစ်မြစ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ တရားထိုင်တာဟာ ဘာသာရေးနဲ့ သက်ဆိုင်ရုံတင်မကဘဲ စိတ်ကုထုံးအနေနဲ့ပါ အသုံးချလို့ရတာကြောင့် လူအတော်များများဟာ တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲလုပ်ဆောင်လာကြပါတယ်။

 (၄) ပျော်ရွှင်ခြင်းဆေးဝါး။ တရားထိုင်နေတဲ့အချိန်မှာ သင့်ရဲ့စိတ်ကို ငြိမ်းအေးမှုပေးပါလိမ့်မယ်။ ဒီငြိမ်းအေးမှုဟာ သင့်ရဲ့မသိစိတ်က ပျော်ရွှင်ခြင်းတွေကို နှိုးဆွပေးပါတယ်။ သင့်ကိုယ်သင် စိတ်ကျေနပ်မှု ရှိလာမယ်။ လောကကြီးကို အကောင်းမြင်တတ်လာမယ်။ ကြုံတွေ့လာမယ့် အဆိုးတွေကိုလည်း အကောင်းမွန်ဆုံး တုံပြန်ရင်ဆိုင်လာနိုင်မယ်။ ပြောရရင်တော့ တရားထိုင်ခြင်းဟာ ပျော်ရွှင်ခြင်းဆေးဝါး တစ်လက်ပါပဲ။

 (၅) အတွေးအခေါ်သစ်တွေကို ရစေတယ်။ တရားထိုင်ခြင်းရဲ့ ကောင်းတဲ့ အကျိုးကျေးှဇူးတွေထဲမှာ စိတ်ကိုငြိမ်းအေးစေတာ တစ်ခုတည်း မဟုတ်သေးပါဘူး။ သင့်ရဲ့ စိတ်ကူးဉာဏ်တွေကိုလည်း ကွန့်မြူးစေပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့သူတိုင်းဟာ တရားထိုင်ခြင်းကို သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ထည့်သွင်း လုပ်ဆောင်လေ့ရှိပါတယ်။

 (၆) ဈေးပေါသော ကျန်းမာရေးလက်ဆောင်။ တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးတစ်ခုတည်းအတွက်တင်မဟုတ်ပါဘူး။ ကိုယ်ကျန်းမာရေးကိုလည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။ တစ်နေ့ကို ဆယ့်ငါးမိနစ်ကနေ နာရီဝက်၊ တစ်နာရီလောက် တရားထိုင်ခြင်းနဲ့ကို သင့်အတွက် ငွေကုန်ကြေးကျနည်းတဲ့ ကျန်းမာရေးလက်ဆောင်ကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။



ဖိုးသူတော် (www.phothutaw.com)
Credit: Pyit Tine Htaung
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top