Property Expo
×

ေနျပည္ေတာ္၊ တပ္ကုန္း-ပင္ေလာင္းလမ္း၊ မိုင္တိုင္အမွတ္ ၅ မိုင္ ၁ ဖာလုံႏွင့္ ၅ မိုင္ ၂ ဖာလုံၾကားတြင္ ဓားဒဏ္ရာ ၃၁ ခ်က္ျဖင့္ ေသဆုံးခဲ့သူ ေဒါက္တာခင္စႏၵီေက်ာ္အားရည္စူး၍ မိသားစုဝင္မ်ားမွ ခရစ္ယာန္ဘာသာထုံးစံအတိုင္း အေလာင္းကိုေတြ႔ရွိသည့္ေနရာတြင္ စက္တင္ဘာ ၁၆ နံနက္ ၁၁ နာရီအခ်ိန္ခန္႔က ဆုေတာင္းပြဲျပဳလုပ္ခဲ့ၾကသည္။ ဆုေတာင္းပြဲကို စိန႔္မိုက္ကယ္ဘုရားေက်ာင္းမွ သင္းအုပ္ဆရာ ဦးစိုးလင္းေအာင္မွ ကြယ္လြန္သူအားရည္စူး၍ ဆုေတာင္းေမတၱာပို႔သခဲ့ျခင္း ျဖစ္သည္။



ေဒါက္တာခင္စႏၵီေက်ာ္အား တပ္ကုန္း-ပင္ေလာင္းလမ္း မိုင္တိုင္အမွတ္ (၅/၁) တြင္ ေနရာအႏွံ႔ထိုးသြင္းဒဏ္ရာ (၂၉) ခ်က္၊ ျပတ္ရွဒဏ္ရာ (၂) ခ်က္ စုစုေပါင္း ဒဏ္ရာ (၃၁) ခ်က္ျဖင့္ ေသဆုံးေနသည္ကို စက္တင္ဘာ ၁၄ ရက္ေန႔က ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။


စက္တင္ဘာ ၁၄ ရက္ေန႔တြင္ ေဒါက္တာခင္စႏၵီေက်ာ္၏ခင္ပြန္း ဗိုလ္မွဴးေ၀ၿဖိဳးေအာင္က ၎၏ညီျဖစ္သူထံ ဖုန္းဆက္၍ ဇနီးမွ လည္ပင္းကို ဓားျဖင့္ထိုးေနသည္ဟုဆိုသျဖင့္ မိခင္ျဖစ္သူကသြားေရာက္ၾကည့္႐ႈရာ တပ္ကုန္း-ပင္ေလာင္းလမ္း မိုင္တိုင္အမွတ္ ၈/၄ တြင္ ကားေပၚ၌ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း၊ ယင္းေၾကာင့္ ေပ်ာက္ဆုံးေနေသာေခၽြးမျဖစ္သူ ေဒါက္တာခင္စႏၵီေက်ာ္ကို တပ္ကုန္းရဲစခန္း၌ အမႈဖြင့္ခဲ့သည္။


ထိုသို႔ အျပန္အလွန္အမႈဖြင့္ထားသည့္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ကားေပၚတြင္ က်န္ရစ္ေနသည့္ ဗိုလ္မွဴးေ၀ၿဖိဳးေအာင္ႏွင့္ ေဒါက္တာခင္စႏၵီေက်ာ္တို႔၏ ၄ ႏွစ္အရြယ္သမီးျဖစ္သူက“ဖခင္ျဖစ္သူက မိခင္ျဖစ္သူအား ဓားျဖင့္ထုိးရန္ ေပြ႕ထမ္းၿပီး ေခ်ာက္ထဲသို႔ ပစ္ခ်ခဲ့ေၾကာင္း၊ ဖခင္ျဖစ္သူသည္ ကားကို သမီးႏွင့္အတူ ဆက္ေမာင္းၿပီး ကားရပ္ကာ ေဖႀကီးက မိမိကိုယ္တိုင္ ဓားျဖင့္ထိုးေနသည္ကို ျမင္ေတြ႕ရေၾကာင္း” ေျပာၾကားခဲ့သည္ဟု ေဒၚစုမြန္မြန္ေက်ာ္၏ ေျပာၾကားခ်က္အရ သိရွိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
နေပြည်တော်၊ တပ်ကုန်း-ပင်လောင်းလမ်း၊ မိုင်တိုင်အမှတ် ၅ မိုင် ၁ ဖာလုံနှင့် ၅ မိုင် ၂ ဖာလုံကြားတွင် ဓားဒဏ်ရာ ၃၁ ချက်ဖြင့် သေဆုံးခဲ့သူ ဒေါက်တာခင်စန္ဒီကျော်အားရည်စူး၍ မိသားစုဝင်များမှ ခရစ်ယာန်ဘာသာထုံးစံအတိုင်း အလောင်းကိုတွေ့ရှိသည့်နေရာတွင် စက်တင်ဘာ ၁၆ နံနက် ၁၁ နာရီအချိန်ခန့်က ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။ ဆုတောင်းပွဲကို စိန့်မိုက်ကယ်ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဦးစိုးလင်းအောင်မှ ကွယ်လွန်သူအားရည်စူး၍ ဆုတောင်းမေတ္တာပို့သခဲ့ခြင်း ဖြစ်သည်။


ဒေါက်တာခင်စန္ဒီကျော်အား တပ်ကုန်း-ပင်လောင်းလမ်း မိုင်တိုင်အမှတ် (၅/၁) တွင် နေရာအနှံ့ထိုးသွင်းဒဏ်ရာ (၂၉) ချက်၊ ပြတ်ရှဒဏ်ရာ (၂) ချက် စုစုပေါင်း ဒဏ်ရာ (၃၁) ချက်ဖြင့် သေဆုံးနေသည်ကို စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။


စက်တင်ဘာ ၁၄ ရက်နေ့တွင် ဒေါက်တာခင်စန္ဒီကျော်၏ခင်ပွန်း ဗိုလ်မှူးဝေဖြိုးအောင်က ၎င်း၏ညီဖြစ်သူထံ ဖုန်းဆက်၍ ဇနီးမှ လည်ပင်းကို ဓားဖြင့်ထိုးနေသည်ဟုဆိုသဖြင့် မိခင်ဖြစ်သူကသွားရောက်ကြည့်ရှုရာ တပ်ကုန်း-ပင်လောင်းလမ်း မိုင်တိုင်အမှတ် ၈/၄ တွင် ကားပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းကြောင့် ပျောက်ဆုံးနေသောချွေးမဖြစ်သူ ဒေါက်တာခင်စန္ဒီကျော်ကို တပ်ကုန်းရဲစခန်း၌ အမှုဖွင့်ခဲ့သည်။


ထိုသို့ အပြန်အလှန်အမှုဖွင့်ထားသည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကားပေါ်တွင် ကျန်ရစ်နေသည့် ဗိုလ်မှူးဝေဖြိုးအောင်နှင့် ဒေါက်တာခင်စန္ဒီကျော်တို့၏ ၄ နှစ်အရွယ်သမီးဖြစ်သူက“ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား ဓားဖြင့်ထိုးရန် ပွေ့ထမ်းပြီး ချောက်ထဲသို့ ပစ်ချခဲ့ကြောင်း၊ ဖခင်ဖြစ်သူသည် ကားကို သမီးနှင့်အတူ ဆက်မောင်းပြီး ကားရပ်ကာ ဖေကြီးက မိမိကိုယ်တိုင် ဓားဖြင့်ထိုးနေသည်ကို မြင်တွေ့ရကြောင်း” ပြောကြားခဲ့သည်ဟု ဒေါ်စုမွန်မွန်ကျော်၏ ပြောကြားချက်အရ သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်) 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top