Property Expo
×







#Unicode Version

တရုတ်နိုင်ငံက သန်းကြွယ်သူဌေးအမျိုးသမီးတစ်ဦးရဲ့ ညရေးဘဝ ရပ်တည်နေထိုင်မှုက တကယ့်ကိုအံ့သြဆန်းကြယ်ဖွယ်ကောင်းပြီး ချီးကျူးစရာကောင်းနေပါတယ်။

ငွေကြေးအမြောက်အမြားပိုင်ဆိုင်ထားပေမယ့်လည်း သာမန်လူ တွေတောင် မလုပ်ကိုင်နိုင်တဲ့ အများပြည်သူအသုံးပြုတဲ့လမ်းတွေ မှာ သန့်ရှင်းရေးအလုပ်ကို ညဘက်အ ချိန်လုပ်ကိုင်နေတဲ့သူမရဲ့မွန် မြတ်တဲ့ စိတ်ထားကတကယ့်ကိုလေး စားဖို့ကောင်းပါတယ်။

ယုဂျိုးဇန်လို့ အမည်ရှိတဲ့ အဆိုပါသန်းကြွယ်သူဌေးမက လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကတည်းက စတင်ပြီးတော့ ဝူဟန်ပြည်နယ် လမ်းမတ လျှောက်မှာ ညဘက်အချိန်သန့်ရှင်းရေးလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ပိုင်ဆိုင်မှုက ၂၀၀၈ ခုနှစ်ကတည်းကစပြီးတော့ အိမ်ရာတွေ ၁၇ လုံးအထိပိုင်ဆိုင်လာခဲ့ကာ ငွေကြေးဒေါ်လာ ၁.၅ သန်းအထိရှိ နေပြီဖြစ်သော်လည်းပဲ ညဘက်ရောက်ချိန်တိုင်းမှာ သန့်ရှင်းရေးဝတ် စုံနဲ့ တံမြက်စည်းတံတစ်ချောင်းနဲ့ လမ်းမတလျှောက်အမှိုက်တွေ လှည်းကျင်းနေတာကို မြင်တွေ့ရပါတယ်။

 သူမအနေနဲ့ ငွေကြေး ကြွယ်ဝချမ်းသာပေမယ့် လူ့ဘဝကြီးမှာ အဓိပ္ပာယ်ရှိရှိနဲ့ ကောင်းကျိုး အလုပ်တွေလုပ်ကိုင်ရင်း ဖြတ်သန်းသွားချင်တယ်လို့ ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top