Kantharyar Centre
×

တုိက်ဳိကို သြားရင္ေတာ့ အ႐ုပ္မေလးေတြနဲ႔တူတဲ့ မိန္းကေလးေတြဟာ မျမင္ခ်င္မွ အဆံုးပါပဲ။ ဒါေပမဲ့ ဆြီဒင္ႏိုင္ငံ၊ စတြတ္ခ္ဟုမ္းမွာေတာ့ အဲဒီလို အ႐ုပ္မပံုစံ မိန္းကေလးမ်ဳိးက အရမ္းကို ရွားပါးပါတယ္။

ဒါေၾကာင့္ အ႐ုပ္မေလးလုိဝတ္ဆင္တဲ့ အသက္ ၂၃ ႏွစ္အရြယ္ ဂ်နီဖာဂ်က္ခ္ဆန္ကို စတြတ္ခ္ဟုမ္းကို လာေရာက္လည္ပတ္တဲ့ ကမာၻလွည့္ခရီးသည္ေတြက စိတ္ဝင္စားၾကတာျဖစ္ပါတယ္။

အင္စတာဂရမ္မွာဆုိရင္  သူမကို ႐ုပ္ရွင္မင္းသမီးတစ္ဦးလို႔ေတာင္ တခ်ဳိ႕က ထင္ေနၾကပါတယ္။ သူမဟာ အင္စတာဂရမ္မွာ အရမ္းကို နာမည္ႀကီးသူလည္းျဖစ္ၿပီး Followr ၁၇,၀၀၀ ရွိပါတယ္။

"တစ္ခါတေလမွာ ကၽြန္မ ဆယ္လီတစ္ေယာက္လုိ ခံစားရတယ္။ ကၽြန္မကို ဓာတ္ပံု႐ိုက္ခ်င္တဲ့ တိုးရစ္ေတြ၊ ကၽြန္မရဲ႕အြန္လုိင္းက ဓာတ္ပံုေတြကို မွတ္မိတဲ့ မိန္းကေလးေတြနဲ႔ ၁၀ မိနစ္တစ္ခါေလာက္ ၾကံဳေနရတယ္" လုိ႔ သူမက ဆုိပါတယ္။

ဒါေပမဲ့လည္း လူေတြရဲ႕သတိထားျခင္းခံရတာ ေကာင္းကြက္ေတြခ်ည္းပဲရွိတာ မဟုတ္ပါဘူး။

"တစ္ခါတေလမွာ လူေတြက ကၽြန္မကို ျပည္သူပိုင္ပစၥည္းတစ္ခုလို ယူဆၾကၿပီး ကၽြန္မကို ေမးခြန္း ႀကိဳက္တာ ေမးခြင့္ရွိတယ္၊ ဓာတ္ပံု႐ိုက္ခြင့္ရွိတယ္လုိ႔ ထင္ၾကတယ္ေလ။ အမ်ားအားျဖင့္ ကၽြန္မ လုပ္ေပးပါတယ္။ ဒါေပမဲ့ တစ္ခါတေလမွာ ပစၥည္းတစ္ခုလို ဆက္ဆံခံရတာ မုန္းတယ္" လို႔ သူမက ေျပာပါတယ္။

ဒါေပမဲ့ ဂ်နီဖာဟာ အ႐ုပ္မေလးတစ္႐ုပ္လို ဝတ္ဆင္႐ံုသာမကဘဲ အ႐ုပ္မလုိေနရတာ ေပ်ာ္ရႊင္သူပါ။

"ကိုယ့္ကိုကိုယ္ အ႐ုပ္မလို႔ ခံစားရၿပီး လွတယ္လုိ႔လည္း ထင္တယ္။ ကၽြန္မ ဒီလုိ တစ္ခ်ိန္လံုး ဝတ္ဆင္တဲ့အတြက္ လူေတြက နားမလည္ၾကဘူး။ ဒါ ကၽြန္မရဲ႕ အခမ္းအနားဝတ္စံုမဟုတ္ဘူး။ ဒါ ကၽြန္မပါပဲ" လို႔ ဂ်နီဖာက ဆုိခဲ့ပါတယ္။

သူမရဲ႕အသက္ ၁၈ ႏွစ္အရြယ္မွာ ခ်စ္စရာေကာင္းတဲ့ပံုစံေလးျဖစ္ေအာင္ အဝတ္အစားဖိုးအတြက္ တစ္လကို ေဒၚလာ ၁၂၀၀ သံုးသူျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

တိုကျိုကို သွားရင်တော့ အရုပ်မလေးတွေနဲ့တူတဲ့ မိန်းကလေးတွေဟာ မမြင်ချင်မှ အဆုံးပါပဲ။ ဒါပေမဲ့ ဆွီဒင်နိုင်ငံ၊ စတွတ်ခ်ဟုမ်းမှာတော့ အဲဒီလို အရုပ်မပုံစံ မိန်းကလေးမျိုးက အရမ်းကို ရှားပါးပါတယ်။

ဒါကြောင့် အရုပ်မလေးလိုဝတ်ဆင်တဲ့ အသက် ၂၃ နှစ်အရွယ် ဂျနီဖာဂျက်ခ်ဆန်ကို စတွတ်ခ်ဟုမ်းကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေက စိတ်ဝင်စားကြတာဖြစ်ပါတယ်။

အင်စတာဂရမ်မှာဆိုရင်  သူမကို ရုပ်ရှင်မင်းသမီးတစ်ဦးလို့တောင် တချို့က ထင်နေကြပါတယ်။ သူမဟာ အင်စတာဂရမ်မှာ အရမ်းကို နာမည်ကြီးသူလည်းဖြစ်ပြီး Followr ၁၇,၀၀၀ ရှိပါတယ်။

"တစ်ခါတလေမှာ ကျွန်မ ဆယ်လီတစ်ယောက်လို ခံစားရတယ်။ ကျွန်မကို ဓာတ်ပုံရိုက်ချင်တဲ့ တိုးရစ်တွေ၊ ကျွန်မရဲ့အွန်လိုင်းက ဓာတ်ပုံတွေကို မှတ်မိတဲ့ မိန်းကလေးတွေနဲ့ ၁၀ မိနစ်တစ်ခါလောက် ကြုံနေရတယ်" လို့ သူမက ဆိုပါတယ်။

ဒါပေမဲ့လည်း လူတွေရဲ့သတိထားခြင်းခံရတာ ကောင်းကွက်တွေချည်းပဲရှိတာ မဟုတ်ပါဘူး။

"တစ်ခါတလေမှာ လူတွေက ကျွန်မကို ပြည်သူပိုင်ပစ္စည်းတစ်ခုလို ယူဆကြပြီး ကျွန်မကို မေးခွန်း ကြိုက်တာ မေးခွင့်ရှိတယ်၊ ဓာတ်ပုံရိုက်ခွင့်ရှိတယ်လို့ ထင်ကြတယ်လေ။ အများအားဖြင့် ကျွန်မ လုပ်ပေးပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ပစ္စည်းတစ်ခုလို ဆက်ဆံခံရတာ မုန်းတယ်" လို့ သူမက ပြောပါတယ်။

ဒါပေမဲ့ ဂျနီဖာဟာ အရုပ်မလေးတစ်ရုပ်လို ဝတ်ဆင်ရုံသာမကဘဲ အရုပ်မလိုနေရတာ ပျော်ရွှင်သူပါ။

"ကိုယ့်ကိုကိုယ် အရုပ်မလို့ ခံစားရပြီး လှတယ်လို့လည်း ထင်တယ်။ ကျွန်မ ဒီလို တစ်ချိန်လုံး ဝတ်ဆင်တဲ့အတွက် လူတွေက နားမလည်ကြဘူး။ ဒါ ကျွန်မရဲ့ အခမ်းအနားဝတ်စုံမဟုတ်ဘူး။ ဒါ ကျွန်မပါပဲ" လို့ ဂျနီဖာက ဆိုခဲ့ပါတယ်။

သူမရဲ့အသက် ၁၈ နှစ်အရွယ်မှာ ချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်အောင် အဝတ်အစားဖိုးအတွက် တစ်လကို ဒေါ်လာ ၁၂၀၀ သုံးသူဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top