Kantharyar Centre
×

အဂၤလန္ႏိုင္ငံက ေရာ့စ္ကို ဝပ္ဆန္ဆိုသူ အသက္ ၃၂ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ေဖ့စ္ဘြတ္ေပၚမွာတင္ထားတဲ့ ဗီဒီယိုဟာ ၾကည့္ရႈသူေတြကို ေအာ့ခ်င္အန္ခ်င္စရာ ျဖစ္ေစခဲ့ပါတယ္။ သူက ဇနီးျဖစ္သူရဲ႕အခ်င္းကို ခ်က္စားျပခဲ့တာပါ။

ဝပ္ဆန္ရဲ႕ဇနီး ဟီသာက ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက သားေယာက္်ားေလးတစ္ဦး ဖြားျမင္ခဲ့ပါတယ္။ မီးေနသည္ ဇနီးရဲ႕ အခ်င္းကို ဝပ္ဆန္က ဟင္းခတ္စရာေတြထည့္ခ်က္ကာ စားျပခဲ့ပါတယ္။ အခ်င္းက စားလို႔လည္းရၿပီး အာဟာရျဖစ္တယ္လို႔ေတာင္ ေျပာလိုက္ပါေသးတယ္။ မခ်က္ရေသးတဲ့ အစိမ္းကိုေရာ၊ ခ်က္ၿပီးသားကိုေရာ စားျပခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕လုပ္ရပ္ကို သူကိုယ္တုိင္ကသာ ဂုဏ္ယူဝင့္ၾကြားေနေပမယ့္ ဇနီးသည္မွာေတာ့ စိတ္မသက္မသာျဖစ္ေနရတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အင်္ဂလန်နိုင်ငံက ရော့စ်ကို ဝပ်ဆန်ဆိုသူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဖေ့စ်ဘွတ်ပေါ်မှာတင်ထားတဲ့ ဗီဒီယိုဟာ ကြည့်ရှုသူတွေကို အော့ချင်အန်ချင်စရာ ဖြစ်စေခဲ့ပါတယ်။ သူက ဇနီးဖြစ်သူရဲ့အချင်းကို ချက်စားပြခဲ့တာပါ။

ဝပ်ဆန်ရဲ့ဇနီး ဟီသာက ပြီးခဲ့တဲ့သီတင်းပတ်တုန်းက သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ မီးနေသည် ဇနီးရဲ့ အချင်းကို ဝပ်ဆန်က ဟင်းခတ်စရာတွေထည့်ချက်ကာ စားပြခဲ့ပါတယ်။ အချင်းက စားလို့လည်းရပြီး အာဟာရဖြစ်တယ်လို့တောင် ပြောလိုက်ပါသေးတယ်။ မချက်ရသေးတဲ့ အစိမ်းကိုရော၊ ချက်ပြီးသားကိုရော စားပြခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့လုပ်ရပ်ကို သူကိုယ်တိုင်ကသာ ဂုဏ်ယူဝင့်ကြွားနေပေမယ့် ဇနီးသည်မှာတော့ စိတ်မသက်မသာဖြစ်နေရတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top