Property Expo
×

တခ်ဳိ႕အဖြဲ႕အစည္းေတြဟာ လုပ္ငန္းခြင္ ဖိစီးမႈဒဏ္ကို အရက္ဆုိင္သြားေရာက္ ဝုိင္းဖြဲ႔စားေသာက္ျခင္းျဖင့္ ေျဖရွင္းဖုိ႔ ေရြးခ်ယ္ၾကပါတယ္။ ရုံးသမားေတြအတြက္ ေသာၾကာညေတြလည္း မူးယစ္ေသာက္စားတဲ့ည အျဖစ္သုိ႔ ေရာက္သြားခဲ့ျပီး တျခားၾကားရက္ေတြမွာ ဘီယာေလး တစ္ခြက္ေလာက္ေမာ့တာေလာက္ကေတာ့ ဘာမွမဟုတ္ ျဖစ္လာပါတယ္။ အရက္စြဲမႈ လကၡဏာေတြကို သိထားဖုိ႔နဲ႔ အရက္ရဲ႕ေက်းကြ်န္လုံးလုံး မျဖစ္သြားမီ ျပန္လည္ ရုန္းထြက္ႏိုင္ဖုိ႔ အေရးၾကီးပါတယ္။

အရက္စြဲျခင္းရဲ႕ အဓိက လကၡဏာရပ္မ်ား

၁။ အခ်ိန္မေရြး အရက္ေသာက္ခ်င္ေနျပီး ေန႔အခ်ိန္လည္း မေရွာင္ ျဖစ္လာပါတယ္။ ေသာက္သည့္ ပမာဏ limit ထား ထိန္းသိမ္းမႈ မရိွေတာ့ပါဘူး။

၂။ ညသန္းေခါင္ အရက္ထေသာက္ၾကတယ္။ သဘာဝမက်ေပမယ့္ အရက္သမားေတြက ေသာက္ေနမွာ ျဖစ္ျပီး မနက္ေသာက္တာ ပိုသေဘာက်ပါေသးတယ္။

၃။ ခံစားခ်က္ေတြ ျပန္လည္ ျပင္းထန္လာဖုိ႔ ေသာက္ၾကတယ္။ ဒီခံစားခ်က္က သင့္ကို လက္ေတြ႔ဘဝ ခဏတာ ေမ့ေပ်ာက္သြားေစေပမယ့္ ေနာက္ဆုံးေတာ့ အဲဒီျပသနာကို သင္ ေရွာင္ေျပးလုိ႔ မရဘူးဆုိတာ သေဘာေပါက္ဖုိ႔ လုိအပ္ပါတယ္။

၄။ ေခြ်းထြက္ျခင္း၊ တုန္တုန္ယင္ယင္ျဖစ္ျခင္း၊ ခံတြင္းပ်က္ျခင္းစတဲ့ အရက္စြဲေနမႈ လကၡဏာေတြ ေတြ႔ၾကဳံခံစားလာရပါတယ္။

၅။ အရက္ေသစာမီွဝဲေသာက္စားျခင္းက ေနစဥ္လႈပ္ရွားမႈမ်ား၊ ပတ္ဝန္းက်င္နဲ႔ ဆက္ဆံမႈေတြနဲ႔ ကင္းကြာလာပါတယ္။

၆။ ဘဝပ်က္ေတာ့မယ့္ အေျခအေနေရာက္ျပီး သူငယ္ခ်င္း အေပါင္းအသင္းေတြက အဆက္သြယ္ျဖတ္ ပစ္ပယ္လာတဲ့အခါ မိမိ ေျခလွမ္း ျပန္ေနာက္ဆုတ္ျပီး မိမိေရွးရႈရာ လမ္းေၾကာင္းကို ေသခ်ာျပန္သုံးသပ္ဖုိ႔ လုိအပ္ပါတယ္။

၇။ ကုိယ္အေလးခ်ိန္ေလ်ာ့က်ျပီး အစာေျခဖ်က္မႈျပသနာေတြလည္း ရင္ဆုိင္လာရပါလိမ့္မယ္။

အရက္စြဲျခင္းက မိသားစုကို ဖ်က္ဆီးျပီး ခြ်တ္ျခဳံက်သြားမႈေတာင္ ျဖစ္သြားေစႏုိင္ပါတယ္။ သုိ႔ေပမယ့္ ကုိယ့္ limit ကို သိျပီး စည္းကမ္းရိွရိွ ေသာက္မယ္ဆုိရင္ ရံဖန္ရံခါ ေသာက္တာေတာ့ ျပသနာမရိွပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

တချို့အဖွဲ့အစည်းတွေဟာ လုပ်ငန်းခွင် ဖိစီးမှုဒဏ်ကို အရက်ဆိုင်သွားရောက် ဝိုင်းဖွဲ့စားသောက်ခြင်းဖြင့် ဖြေရှင်းဖို့ ရွေးချယ်ကြပါတယ်။ ရုံးသမားတွေအတွက် သောကြာညတွေလည်း မူးယစ်သောက်စားတဲ့ည အဖြစ်သို့ ရောက်သွားခဲ့ပြီး တခြားကြားရက်တွေမှာ ဘီယာလေး တစ်ခွက်လောက်မော့တာလောက်ကတော့ ဘာမှမဟုတ် ဖြစ်လာပါတယ်။ အရက်စွဲမှု လက္ခဏာတွေကို သိထားဖို့နဲ့ အရက်ရဲ့ကျေးကျွန်လုံးလုံး မဖြစ်သွားမီ ပြန်လည် ရုန်းထွက်နိုင်ဖို့ အရေးကြီးပါတယ်။

အရက်စွဲခြင်းရဲ့ အဓိက လက္ခဏာရပ်များ

၁။ အချိန်မရွေး အရက်သောက်ချင်နေပြီး နေ့အချိန်လည်း မရှောင် ဖြစ်လာပါတယ်။ သောက်သည့် ပမာဏ limit ထား ထိန်းသိမ်းမှု မရှိတော့ပါဘူး။

၂။ ညသန်းခေါင် အရက်ထသောက်ကြတယ်။ သဘာဝမကျပေမယ့် အရက်သမားတွေက သောက်နေမှာ ဖြစ်ပြီး မနက်သောက်တာ ပိုသဘောကျပါသေးတယ်။

၃။ ခံစားချက်တွေ ပြန်လည် ပြင်းထန်လာဖို့ သောက်ကြတယ်။ ဒီခံစားချက်က သင့်ကို လက်တွေ့ဘဝ ခဏတာ မေ့ပျောက်သွားစေပေမယ့် နောက်ဆုံးတော့ အဲဒီပြသနာကို သင် ရှောင်ပြေးလို့ မရဘူးဆိုတာ သဘောပေါက်ဖို့ လိုအပ်ပါတယ်။

၄။ ချွေးထွက်ခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်းစတဲ့ အရက်စွဲနေမှု လက္ခဏာတွေ တွေ့ကြုံခံစားလာရပါတယ်။

၅။ အရက်သေစာမှီဝဲသောက်စားခြင်းက နေစဉ်လှုပ်ရှားမှုများ၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံမှုတွေနဲ့ ကင်းကွာလာပါတယ်။

၆။ ဘဝပျက်တော့မယ့် အခြေအနေရောက်ပြီး သူငယ်ချင်း အပေါင်းအသင်းတွေက အဆက်သွယ်ဖြတ် ပစ်ပယ်လာတဲ့အခါ မိမိ ခြေလှမ်း ပြန်နောက်ဆုတ်ပြီး မိမိရှေးရှုရာ လမ်းကြောင်းကို သေချာပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်။

၇။ ကိုယ်အလေးချိန်လျော့ကျပြီး အစာခြေဖျက်မှုပြသနာတွေလည်း ရင်ဆိုင်လာရပါလိမ့်မယ်။

အရက်စွဲခြင်းက မိသားစုကို ဖျက်ဆီးပြီး ချွတ်ခြုံကျသွားမှုတောင် ဖြစ်သွားစေနိုင်ပါတယ်။ သို့ပေမယ့် ကိုယ့် limit ကို သိပြီး စည်းကမ်းရှိရှိ သောက်မယ်ဆိုရင် ရံဖန်ရံခါ သောက်တာတော့ ပြသနာမရှိပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top