Property Expo
×

ပိုးမႊားေၾကာက္သည့္ လူငယ္မ်ဳိးဆက္မ်ားက  က်န္းမာေရး လက္ေဆး ဆပ္ျပာရည္ဗူးေလးမ်ား သြားေလရာ ေဆာင္ထား အသံုးျပဳေနေသာေၾကာင့္ ဆပ္ျပာတံုးမ်ား ယခင္ေလာက္ မေရာင္းရေတာ့ေၾကာင္း ေလ့လာမႈ စစ္တမ္းတစ္ရပ္က ဆိုသည္။

          အသက္(၁၈)မွ (၂၄)ၾကား အေမရိကန္ လူငယ္မ်ားသည္ ဆပ္ျပာတံုးထက္ ဆပ္ျပာရည္ကိုသာ ပိုသံုးစြဲၾကေတာ့ေၾကာင္း ေလ့လာသုေတသနက ေဖာ္ျပသည္။ အေမရိကန္တြင္ ၂၀၁၄ မွ ၂၀၁၅ ကာလအတြင္း ဆပ္ျပာတံုးေရာင္းအား (၂ ဒသမ ၂) ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။ ထိုကာလအတြင္း သန္႔စင္ခန္းႏွင့္ ေရခ်ဳိးပစၥည္း ေစ်းကြက္သည္ တစ္ႏုိင္ငံလံုး အတိုင္းအတာျဖင့္ (၂ ဒသမ ၇) ရာခိုင္ႏႈန္း တိုးလာခဲ့သည့္တိုင္ ဆပ္ျပာတံုး ေရာင္းအားက သိသိသာသာ က်ဆင္းလာျခင္း ျဖစ္သည္။ သုေတသနကို Mintel က ျပဳလုပ္ထားျခင္း ျဖစ္သည္။

          လူငယ္မ်ားႏွင့္ အမ်ဳိးသမီးမ်ားသည္ ဆပ္ျပာတံုးထက္ ဆပ္ျပာရည္ကိုသာ အားထားအသံုးျပဳၾကေတာ့ေၾကာင္း ေတြ႕ရသည္။ သက္ႀကီးပိုင္းမ်ား၊ အထူးသျဖင့္ အသက္ (၆၀) အထက္ အမ်ဳိးသားမ်ားထဲတြင္ကား ဆပ္ျပာတံုး သံုးသူက သိသိသာသာ ပိုမ်ားေနဆဲ ျဖစ္သည္။ လူႀကီးလူငယ္ မ်ဳိးဆက္ ကြာဟမႈ ျပယုဂ္တစ္ခု အျဖစ္လည္း ျမင္ႏိုင္သည္။ ၂၀၁၀ ကတည္းက စတြက္မည္ဆိုလွ်င္ အေမရိကန္ အိမ္ေထာင္စုမ်ားတြင္ ဆပ္ျပာတံုး သံုးစြဲႏႈန္းသည္ ငါးရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီ ျဖစ္သည္။

          ဆပ္ျပာတံုး မသံုးခ်င္ၾကသည့္ အေၾကာင္းရင္းကို စစ္တမ္းေကာက္ၾကည့္ရာ အေမရိကန္ ႏုိင္ငံသား ထက္၀က္နီးပါးက ဆပ္ျပာတံုးသည္ သံုးၿပီးလွ်င္ ဘက္တီးရီးယားမ်ား ကပ္တင္က်န္ရစ္ေနေသာေၾကာင့္ က်န္းမာေရးႏွင့္ မညီဟု ခံစားရေသာေၾကာင့္ဟု ဆိုထားၾကသည္။ အသက္ (၁၈) မွ (၂၄) ၾကားမ်ားထဲတြင္ ထိုအျမင္ရွိသူက ပိုမ်ားသည္။

          ေတာင္ကိုရီးယား ေလ့လာမႈ တစ္ခုကမူ ေစ်းႀကီးေပ့ ဘက္တီးရီးယား ကာကြယ္ေရး လက္ေဆးဆပ္ျပာရည္နဲ႔ ေဆးျခင္းနည္းတူ သာမန္ဆပ္ျပာနဲ႔ ေဆးျခင္းသည္လည္း ဘက္တီးရီးယား ကာကြယ္ေပးႏုိင္စြမ္းခ်င္း တူတူသာ ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရသည္။

          ေနာက္ထပ္ စိတ္၀င္စားစရာ တစ္ခ်က္မွာ ဆပ္ျပာတံုးနဲ႔ မ်က္ႏွာတိုက္လည္း အဆင္ေျပသည္ဟု ခံယူခ်က္ရွိသူက အမ်ဳိးသား(၅၃) ရာခိုင္ႏႈန္း ရွိေနခ်ိန္တြင္ အမ်ဳိးသမီးထဲတြင္ ကား (၃၆) ရာခိုင္ႏႈန္းသာ ရွိျခင္းျဖစ္သည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

ပိုးမွှားကြောက်သည့် လူငယ်မျိုးဆက်များက  ကျန်းမာရေး လက်ဆေး ဆပ်ပြာရည်ဗူးလေးများ သွားလေရာ ဆောင်ထား အသုံးပြုနေသောကြောင့် ဆပ်ပြာတုံးများ ယခင်လောက် မရောင်းရတော့ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။

          အသက်(၁၈)မှ (၂၄)ကြား အမေရိကန် လူငယ်များသည် ဆပ်ပြာတုံးထက် ဆပ်ပြာရည်ကိုသာ ပိုသုံးစွဲကြတော့ကြောင်း လေ့လာသုတေသနက ဖော်ပြသည်။ အမေရိကန်တွင် ၂၀၁၄ မှ ၂၀၁၅ ကာလအတွင်း ဆပ်ပြာတုံးရောင်းအား (၂ ဒသမ ၂) ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုကာလအတွင်း သန့်စင်ခန်းနှင့် ရေချိုးပစ္စည်း ဈေးကွက်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၂ ဒသမ ၇) ရာခိုင်နှုန်း တိုးလာခဲ့သည့်တိုင် ဆပ်ပြာတုံး ရောင်းအားက သိသိသာသာ ကျဆင်းလာခြင်း ဖြစ်သည်။ သုတေသနကို Mintel က ပြုလုပ်ထားခြင်း ဖြစ်သည်။

          လူငယ်များနှင့် အမျိုးသမီးများသည် ဆပ်ပြာတုံးထက် ဆပ်ပြာရည်ကိုသာ အားထားအသုံးပြုကြတော့ကြောင်း တွေ့ရသည်။ သက်ကြီးပိုင်းများ၊ အထူးသဖြင့် အသက် (၆၀) အထက် အမျိုးသားများထဲတွင်ကား ဆပ်ပြာတုံး သုံးသူက သိသိသာသာ ပိုများနေဆဲ ဖြစ်သည်။ လူကြီးလူငယ် မျိုးဆက် ကွာဟမှု ပြယုဂ်တစ်ခု အဖြစ်လည်း မြင်နိုင်သည်။ ၂၀၁၀ ကတည်းက စတွက်မည်ဆိုလျှင် အမေရိကန် အိမ်ထောင်စုများတွင် ဆပ်ပြာတုံး သုံးစွဲနှုန်းသည် ငါးရာခိုင်နှုန်း ကျဆင်းခဲ့ပြီ ဖြစ်သည်။

          ဆပ်ပြာတုံး မသုံးချင်ကြသည့် အကြောင်းရင်းကို စစ်တမ်းကောက်ကြည့်ရာ အမေရိကန် နိုင်ငံသား ထက်ဝက်နီးပါးက ဆပ်ပြာတုံးသည် သုံးပြီးလျှင် ဘက်တီးရီးယားများ ကပ်တင်ကျန်ရစ်နေသောကြောင့် ကျန်းမာရေးနှင့် မညီဟု ခံစားရသောကြောင့်ဟု ဆိုထားကြသည်။ အသက် (၁၈) မှ (၂၄) ကြားများထဲတွင် ထိုအမြင်ရှိသူက ပိုများသည်။

          တောင်ကိုရီးယား လေ့လာမှု တစ်ခုကမူ ဈေးကြီးပေ့ ဘက်တီးရီးယား ကာကွယ်ရေး လက်ဆေးဆပ်ပြာရည်နဲ့ ဆေးခြင်းနည်းတူ သာမန်ဆပ်ပြာနဲ့ ဆေးခြင်းသည်လည်း ဘက်တီးရီးယား ကာကွယ်ပေးနိုင်စွမ်းချင်း တူတူသာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

          နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်မှာ ဆပ်ပြာတုံးနဲ့ မျက်နှာတိုက်လည်း အဆင်ပြေသည်ဟု ခံယူချက်ရှိသူက အမျိုးသား(၅၃) ရာခိုင်နှုန်း ရှိနေချိန်တွင် အမျိုးသမီးထဲတွင် ကား (၃၆) ရာခိုင်နှုန်းသာ ရှိခြင်းဖြစ်သည်။ 


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top