Kantharyar Centre
×

ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရတုိင္ေပေဒသရိွ အထင္ကရလႊတ္ေတာ္အမတ္တစ္ဦးက တိဘက္ ေဒသ ဘာသာေရးေခါင္းေဆာင္ ဒလုိင္းလားမားကုိ လာေရာက္ ရန္ ဖိတ္ေခၚလိုက္ၿပီးေနာက္ ယင္းသိုိ႔ လာေရာက္ခြင့္မေပးရန္ တ႐ုတ္အစိုးရက ဗုဒၶဟူးေန႔တြင္ သတိေပးခဲ့သည္။

ျပည္ပတြင္ တိမ္းေရွာင္ေန ေသာ ဘုန္းေတာ္ႀကီး ဒလုိင္းလား မား (၈၀)ႏွစ္ကုိ တ႐ုတ္အစိုးရက ခဲြထြက္ေရးသမားတစ္ဦးအျဖစ္ ႐ႈ ျမင္ထားသည္။

အကယ္၍ တုိင္ေပခရီးစဥ္ ျဖစ္ေပၚလာပါက တုိင္ေပႏွင့္ တ႐ုတ္ၾကား မေျပလည္ျဖစ္ေန ေသာ ဆက္ဆံေရး ပိုမုိဆုိးရြား သြားေစမည္ျဖစ္သည္။

တ႐ုတ္ျပည္မႀကီးႏွင့္ အနီး ကပ္ စီးပြားေရးဆက္ဆံမႈကုိ သေဘာက်သည့္ တုိင္ေပသမၼတ ေဟာင္း မာရင္က်ိဳးက ၂၀၀၉ တြင္တုိင္ေပသို႔ ဒလုိင္းလားမား လာ ေရာက္ၿပီးေနာက္ အႀကိမ္မ်ားစြာ ၀င္ခြင့္မေပးဘဲထားခဲ့သည္။

၂၀၀၉ က ဒလုိင္းလားမား ကုိ မာရင္က်ိဳးက ျပည္၀င္ခြင့္ေပး ခဲ့ေသာ္လည္း ေတြ႕ဆံုခဲ့ျခင္း မရိွ ေပ။

ဇန္န၀ါရီက ေရြးေကာက္ခံ ရေသာ တုိင္ေပသမၼတသစ္ ဆုိင္ အင္း၀မ္က ၎တို႔အစိုးရအေန ျဖင့္ ဒလုိင္လားမား၏ ခရီးစဥ္ကုိ ခြင့္ျပဳ၊ မျပဳ ေျပာၾကားထားျခင္း မရိွေပ။

ေရြးေကာက္ပြဲတြင္ ဆုိင္အင္း၀မ္ အႏုိင္ရျခင္းကုိ ဒလုိင္းလားမားက မွတ္သားေလာက္ ေသာ ေအာင္ပြဲတစ္ခုအျဖစ္ ခ်ီး က်ဴးဂုဏ္ျပဳခဲ့သည္။

 ဇန္န၀ါရီက လႊတ္ေတာ္အမတ္အျဖစ္ ေရြးေကာက္ခံရ သည့္ ေဘဂ်င္းအစိုးရကုိ ေျပာင္ ေျပာင္တင္းတင္းေ၀ဖန္သူ နာ မည္ႀကီး ဟဲဗီးမက္တယ္ အဆုိ ေတာ္ ဖရက္ဒီလင္းသည္ ၿပီးခဲ့ သည့္ သီတင္းပတ္က ဒလိုင္းလား မားအား အိႏိၵယႏိုင္ငံတြင္ ေတြ႕ ဆံုၿပီး တုိင္ေပသုိ႔ လာေရာက္ရန္ ဖိတ္ၾကားခဲ့သည္။

တ႐ုတ္ႏုိင္ငံရိွ တိုင္ေပေဒသ ေရးရာ႐ံုးမွ ေျပာေရးဆုိခြင့္ရိွသူ မာစီအုိကြန္းက ေဘဂ်င္းၿမိဳ႕တြင္ ျပဳလုပ္ေသာ ပံုမွန္သတင္းစာရွင္း လင္းပြဲတစ္ခု၌ ဒလုိင္းလားမား သည္ ခြဲထြက္ေရးလႈပ္ရွားမႈမ်ား လုပ္ေဆာင္ရန္ ဘာသာေရး အ၀တ္ကုိ ၀တ္ဆင္ထားသူ ျဖစ္ သည္ဟု ေျပာၾကားခဲ့သည္။

ဒလုိင္းလားမား မည္သည့္ပံု စံျဖင့္ လာေရာက္လည္ပတ္သည္ ျဖစ္ေစ မိမိတုိ႔ကန္႔ကြက္သည္ဟု ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်ပေဒေသရှိ အထင်ကရလွှတ်တော်အမတ်တစ်ဦးက တိဘက် ဒေသ ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို လာရောက် ရန် ဖိတ်ခေါ်လိုက်ပြီးနောက် ယင်းသို့ လာရောက်ခွင့်မပေးရန် တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

ပြည်ပတွင် တိမ်းရှောင်နေ သော ဘုန်းတော်ကြီး ဒလိုင်းလား မား (၈၀)နှစ်ကို တရုတ်အစိုးရက ခွဲထွက်ရေးသမားတစ်ဦးအဖြစ် ရှု မြင်ထားသည်။

အကယ်၍ တိုင်ပေခရီးစဉ် ဖြစ်ပေါ်လာပါက တိုင်ပေနှင့် တရုတ်ကြား မပြေလည်ဖြစ်နေ သော ဆက်ဆံရေး ပိုမိုဆိုးရွား သွားစေမည်ဖြစ်သည်။

တရုတ်ပြည်မကြီးနှင့် အနီး ကပ် စီးပွားရေးဆက်ဆံမှုကို သဘောကျသည့် တိုင်ပေသမ္မတ ဟောင်း မာရင်ကျိုးက ၂၀၀၉ တွင်တိုင်ပေသို့ ဒလိုင်းလားမား လာ ရောက်ပြီးနောက် အကြိမ်များစွာ ဝင်ခွင့်မပေးဘဲထားခဲ့သည်။

၂၀၀၉ က ဒလိုင်းလားမား ကို မာရင်ကျိုးက ပြည်ဝင်ခွင့်ပေး ခဲ့သော်လည်း တွေ့ဆုံခဲ့ခြင်း မရှိ ပေ။

ဇန်နဝါရီက ရွေးကောက်ခံ ရသော တိုင်ပေသမ္မတသစ် ဆိုင် အင်းဝမ်က ၎င်းတို့အစိုးရအနေ ဖြင့် ဒလိုင်လားမား၏ ခရီးစဉ်ကို ခွင့်ပြု၊ မပြု ပြောကြားထားခြင်း မရှိပေ။

ရွေးကောက်ပွဲတွင် ဆိုင်အင်းဝမ် အနိုင်ရခြင်းကို ဒလိုင်းလားမားက မှတ်သားလောက် သော အောင်ပွဲတစ်ခုအဖြစ် ချီး ကျူးဂုဏ်ပြုခဲ့သည်။

 ဇန်နဝါရီက လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရ သည့် ဘေဂျင်းအစိုးရကို ပြောင် ပြောင်တင်းတင်းဝေဖန်သူ နာ မည်ကြီး ဟဲဗီးမက်တယ် အဆို တော် ဖရက်ဒီလင်းသည် ပြီးခဲ့ သည့် သီတင်းပတ်က ဒလိုင်းလား မားအား အိန္ဒိယနိုင်ငံတွင် တွေ့ ဆုံပြီး တိုင်ပေသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။

တရုတ်နိုင်ငံရှိ တိုင်ပေဒေသ ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာစီအိုကွန်းက ဘေဂျင်းမြို့တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်း လင်းပွဲတစ်ခု၌ ဒလိုင်းလားမား သည် ခွဲထွက်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန် ဘာသာရေး အဝတ်ကို ဝတ်ဆင်ထားသူ ဖြစ် သည်ဟု ပြောကြားခဲ့သည်။

ဒလိုင်းလားမား မည်သည့်ပုံ စံဖြင့် လာရောက်လည်ပတ်သည် ဖြစ်စေ မိမိတို့ကန့်ကွက်သည်ဟု ၎င်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top