Property Expo
×

က်န္းမာတဲ့ ကိုယ္ခႏၶာျဖစ္ဖုိ႔အတြက္ အေရးပါဆုံးအရာတစ္ခုျဖစ္တဲ့ အဆုတ္ေတြဟာ ပုံမွန္အားျဖင့္  အသက္ရွင္သမွ်ကာလပတ္လုံးအထိ အလုပ္ေကာင္းေကာင္း လုပ္ႏုိင္ေပမယ့္လည္း အတြင္းပိုင္းမွာ ထိခိုက္ပ်က္စီးေအာင္ လုပ္မိၿပီဆုိရင္ေတာ့ အသက္အႏၲရာယ္အတြက္ စိုးရိမ္စရာျဖစ္လာပါတယ္။ ဒီလုိအခ်က္ေတြက အဆုတ္ကို ပ်က္စီးေစႏုိင္တဲ့အတြက္ ေရွာင္ၾကဥ္ရေအာင္လို႔ မွ်ေ၀ေပးလုိက္ပါတယ္။

ေဆးလိပ္ေသာက္ျခင္း - အဆုတ္ပ်က္စီးေအာင္လုပ္မိတဲ့ အျမင္သာဆုံးလုပ္ရပ္ကေတာ့  ေဆးလိပ္ ေသာက္တာပါ။ ေနာက္ၿပီးကိုယ္ တစ္ေယာက္တည္း ထိခိုက္႐ုံတင္ မက ေဆးလိပ္ေငြ႕႐ွဴမိတဲ့ ေဘးပတ္၀န္းက်င္က လူေတြကိုပါ ဒုကၡေပး ႏုိင္ပါတယ္။

ေလထုညစ္ညမ္းျခင္း - ေနထုိင္၊ သြားလာတဲ့ပတ္၀န္းက်င္ဟာ ေလ ညစ္ညမ္းေနရင္လည္း အဆုတ္ကို ဒုကၡေပးႏုိင္တဲ့အတြက္ အိမ္တို႔၊ ႐ုံး တို႔ကေနအျပင္ထြက္တဲ့အခါ ႏွာ ေခါင္းစည္းတပ္ၿပီး သြားလာပါ။

ေလ၀င္ေလထြက္မေကာင္းျခင္း - အိမ္ထဲ၊ ႐ုံးထဲမွာ ေလမသန္႔တာ ဟာ ျပင္ပေလမသန္႔တာထက္ ပို ၿပီးေတာ့ ဆုိးပါတယ္။ ေလ၀င္ေလ ထြက္ ေကာင္းေအာင္လုိ႔ ျပတင္း ေတြဖြင့္၊ အဲကြန္းေတြဖြင့္၊ အိမ္ တြင္းအပင္ေလးေတြစိုက္ၿပီး အ ဆုတ္အတြက္ သန္႔ရွင္းတဲ့ေလရ ေအာင္ ဖန္တီးေပးပါ။

တစ္ခ်ိန္လုံးထုိင္ၿပီး အလုပ္လုပ္ ျခင္း- ဖ်တ္ဖ်တ္လတ္လတ္ ကိုယ္ လက္လႈပ္ရွားရင္ အဆုတ္က်န္း မာေရးအတြက္ ေထာက္ကူၿပီးနာ တာရွည္ေခ်ာင္းဆုိး ရင္က်ပ္ေရာ ဂါမျဖစ္ေအာင္ ကာကြယ္ေပးတဲ့ အတြက္ အခ်ိန္ျပည့္ထိုင္ၿပီး အ လုပ္လုပ္ရသူေတြ သတိထားဖုိ႔ လို ပါတယ္။

ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိရွိတဲ့ အစာမ်ားမစားျခင္း - အသီးအႏွံ ေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြမွာ အဆုတ္အား ေကာင္းေစတဲ့ ဓာတ္ တိုးဆန္႔က်င္ဂုဏ္သတၱိရွိတာမို႔ အ သားခ်ည္းပဲ စားေနတာမ်ဳိး မလုပ္ သင့္ပါဘူး။ အဆုတ္အတြက္ဆုိ ရင္ ပန္းေဂၚဖီစိမ္း၊ ကိုက္လန္၊ ထုိင္၀မ္မုန္ညင္းတုိ႔ကို စားသုံးေပး သင့္ပါတယ္။

သန္႔စင္ေဆးျပင္းမ်ားသုံးျခင္း  -  အိမ္သုံးသန္႔စင္ေဆးအခ်ဳိ႕မွာပါ တဲ့ ခြၽတ္ေဆး၊ အမိုးနီးယား၊ ဓာတု ျဒပ္ေပါင္းေတြက အဆုတ္ကိုဒုကၡ ေပးႏုိင္ပါတယ္။ အိမ္သုတ္ေဆး ဆုိရင္လည္း ဆီေဆးထက္ ေရ ေဆးလုိမ်ဳိးသုံးသင့္ပါတယ္။

လူထူထပ္သည့္ ေနရာသြားလာ ျခင္း - တုပ္ေကြးျဖစ္တဲ့ ရာသီလို မ်ဳိးမွာ အသက္ရွဴလမ္းေၾကာင္း ေရာဂါေတြ မျဖစ္ရေလေအာင္ လူ ေတြမ်ားတဲ့ ေနရာေတြသြားလာ တာမ်ဳိး ေရွာင္ၾကဥ္ဖို႔လိုပါတယ္။ မျဖစ္မေနသြားရၿပီးဆိုရင္လည္း ႏွာ ေခါင္းစည္းနဲ႔ ကာကြယ္တာမ်ဳိး။ လက္ကိုမၾကာခဏ ေဆးေၾကာ တာမ်ဳိး လုပ္ဖို႔လိုပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ကျန်းမာတဲ့ ကိုယ်ခန္ဓာဖြစ်ဖို့အတွက် အရေးပါဆုံးအရာတစ်ခုဖြစ်တဲ့ အဆုတ်တွေဟာ ပုံမှန်အားဖြင့်  အသက်ရှင်သမျှကာလပတ်လုံးအထိ အလုပ်ကောင်းကောင်း လုပ်နိုင်ပေမယ့်လည်း အတွင်းပိုင်းမှာ ထိခိုက်ပျက်စီးအောင် လုပ်မိပြီဆိုရင်တော့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ ဒီလိုအချက်တွေက အဆုတ်ကို ပျက်စီးစေနိုင်တဲ့အတွက် ရှောင်ကြဉ်ရအောင်လို့ မျှဝေပေးလိုက်ပါတယ်။

ဆေးလိပ်သောက်ခြင်း - အဆုတ်ပျက်စီးအောင်လုပ်မိတဲ့ အမြင်သာဆုံးလုပ်ရပ်ကတော့  ဆေးလိပ် သောက်တာပါ။ နောက်ပြီးကိုယ် တစ်ယောက်တည်း ထိခိုက်ရုံတင် မက ဆေးလိပ်ငွေ့ရှူမိတဲ့ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ ဒုက္ခပေး နိုင်ပါတယ်။

လေထုညစ်ညမ်းခြင်း - နေထိုင်၊ သွားလာတဲ့ပတ်ဝန်းကျင်ဟာ လေ ညစ်ညမ်းနေရင်လည်း အဆုတ်ကို ဒုက္ခပေးနိုင်တဲ့အတွက် အိမ်တို့၊ ရုံး တို့ကနေအပြင်ထွက်တဲ့အခါ နှာ ခေါင်းစည်းတပ်ပြီး သွားလာပါ။

လေဝင်လေထွက်မကောင်းခြင်း - အိမ်ထဲ၊ ရုံးထဲမှာ လေမသန့်တာ ဟာ ပြင်ပလေမသန့်တာထက် ပို ပြီးတော့ ဆိုးပါတယ်။ လေဝင်လေ ထွက် ကောင်းအောင်လို့ ပြတင်း တွေဖွင့်၊ အဲကွန်းတွေဖွင့်၊ အိမ် တွင်းအပင်လေးတွေစိုက်ပြီး အ ဆုတ်အတွက် သန့်ရှင်းတဲ့လေရ အောင် ဖန်တီးပေးပါ။

တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ် ခြင်း- ဖျတ်ဖျတ်လတ်လတ် ကိုယ် လက်လှုပ်ရှားရင် အဆုတ်ကျန်း မာရေးအတွက် ထောက်ကူပြီးနာ တာရှည်ချောင်းဆိုး ရင်ကျပ်ရော ဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ အတွက် အချိန်ပြည့်ထိုင်ပြီး အ လုပ်လုပ်ရသူတွေ သတိထားဖို့ လို ပါတယ်။

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အစာများမစားခြင်း - အသီးအနှံ တွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆုတ်အား ကောင်းစေတဲ့ ဓာတ် တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာမို့ အ သားချည်းပဲ စားနေတာမျိုး မလုပ် သင့်ပါဘူး။ အဆုတ်အတွက်ဆို ရင် ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ထိုင်ဝမ်မုန်ညင်းတို့ကို စားသုံးပေး သင့်ပါတယ်။

သန့်စင်ဆေးပြင်းများသုံးခြင်း  -  အိမ်သုံးသန့်စင်ဆေးအချို့မှာပါ တဲ့ ချွတ်ဆေး၊ အမိုးနီးယား၊ ဓာတု ဒြပ်ပေါင်းတွေက အဆုတ်ကိုဒုက္ခ ပေးနိုင်ပါတယ်။ အိမ်သုတ်ဆေး ဆိုရင်လည်း ဆီဆေးထက် ရေ ဆေးလိုမျိုးသုံးသင့်ပါတယ်။

လူထူထပ်သည့် နေရာသွားလာ ခြင်း - တုပ်ကွေးဖြစ်တဲ့ ရာသီလို မျိုးမှာ အသက်ရှူလမ်းကြောင်း ရောဂါတွေ မဖြစ်ရလေအောင် လူ တွေများတဲ့ နေရာတွေသွားလာ တာမျိုး ရှောင်ကြဉ်ဖို့လိုပါတယ်။ မဖြစ်မနေသွားရပြီးဆိုရင်လည်း နှာ ခေါင်းစည်းနဲ့ ကာကွယ်တာမျိုး။ လက်ကိုမကြာခဏ ဆေးကြော တာမျိုး လုပ်ဖို့လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top