Kantharyar Centre
×

ဝိတ္မက်ျခင္းဟာ မ်ိဳးဗီဇနဲ႔ မသက္ဆုိင္ဘူးလို႔ သုေတသနတစ္ခုက ေဖာ္ျပပါတယ္။ မ်ိဳးဗီဇေၾကာင့္ ဝႏုိင္ေပမဲ့ ဝိတ္က်ျခင္းကိုေတာ့ အဆုိပါ မ်ိဳးရိုးဗီဇက တားဆီးႏုိင္ျခင္းမရွိတာ ျဖစ္ပါတယ္။ ဝျခင္းနဲ႔သက္ဆုိင္တဲ့ မ်ိဳးဗီဇ ျဖစ္တဲ့ FTO ဂ်င္း(gene)ရွိသူဟာ  သာမန္ထက္ ၃ ကီလိုေလာက္ပိုဝႏုိင္ျပီး အဝလြန္ႏုိင္ေျခ ၇၀ ရာခိုင္ႏႈန္းရွိတာျဖစ္ပါတယ္။ ဒါေပမဲ့ FTO ဂ်င္းရွိသူေတြဟာ ဝိတ္ခ်တဲ့ေနရာမွာေတာ့ အျခားလူေတြလိုခ်ႏုိင္ျပီး သက္ေရာက္မႈမရွိတာ ျဖစ္ပါတယ္။

သုေတသနကို ျဗိတိန္မွ Newcastle  တကၠသိုလ္က ျပဳလုပ္ခဲ့တာျဖစ္ျပီး မ်ိဳးဗီဇကို အျပစ္တင္လို႔ မရေတာ့ဘဲ အစားအေသာက္ဆင္ျခင္ျခင္းနဲ႔ ရုပ္ပိုင္းဆုိင္ရာလႈပ္ရွားမႈရွိျခင္းဟာ ဝိတ္က်ဖို႔ အေထာက္အကူျဖစ္တယ္လို႔ ဦးေဆာင္ေလ့လာခဲ့သူ ပါေမာကၡဂၽြန္မက္တာက ေျပာၾကားထားပါတယ္။  အဆုိပါေတြ႕ရွိခ်က္ဟာ အသက္အရြယ္နဲ႔ ေယာက်ာ္းမိန္းမကြဲျပားျခင္းမရွိဘူးလို႔လည္း သုေတသနမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ဝိတ်မကျခြင်းဟာ မျိုးဗီဇနဲ့ မသက်ဆိုင်ဘူးလို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ မျိုးဗီဇကြောင့် ဝနိုင်ပေမဲ့ ဝိတ်ကျခြင်းကိုတော့ အဆိုပါ မျိုးရိုးဗီဇက တားဆီးနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။ ဝခြင်းနဲ့သက်ဆိုင်တဲ့ မျိုးဗီဇ ဖြစ်တဲ့ FTO ဂျင်း(gene)ရှိသူဟာ  သာမန်ထက် ၃ ကီလိုလောက်ပိုဝနိုင်ပြီး အဝလွန်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ FTO ဂျင်းရှိသူတွေဟာ ဝိတ်ချတဲ့နေရာမှာတော့ အခြားလူတွေလိုချနိုင်ပြီး သက်ရောက်မှုမရှိတာ ဖြစ်ပါတယ်။

သုတေသနကို ဗြိတိန်မှ Newcastle  တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး မျိုးဗီဇကို အပြစ်တင်လို့ မရတော့ဘဲ အစားအသောက်ဆင်ခြင်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုရှိခြင်းဟာ ဝိတ်ကျဖို့ အထောက်အကူဖြစ်တယ်လို့ ဦးဆောင်လေ့လာခဲ့သူ ပါမောက္ခဂျွန်မက်တာက ပြောကြားထားပါတယ်။  အဆိုပါတွေ့ရှိချက်ဟာ အသက်အရွယ်နဲ့ ယောကျာ်းမိန်းမကွဲပြားခြင်းမရှိဘူးလို့လည်း သုတေသနမှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top