Kantharyar Centre
×

တရားမ၀င္ခုတ္ယူထားေသာသစ္မ်ားအား သစ္ခြဲစက္ျဖင့္ ခြဲေနသည္ကုိ ကသာၿမိဳ႕နယ္အတြင္းေတြ႕ရစဥ္ (ဓာတ္ပုံ-ေအပီ)

ေရွးဘုရင္ေတြ လက္ ထက္တုန္းက ဆိုရင္ေတာ့ စစ္ကိုင္းတိုင္း ေျမာက္ပိုင္းဟာ သစ္ေတာေတြ ထူထပ္စိမ္းညိဳ႕ေနခဲ့တယ္လုိ႔ ဆို  ပါတယ္။ အတိတ္တုန္းကေတာ့ အဲဒီ ေတာႀကီးမ်က္မည္းေတြဟာ ရာဇဝတ္သားေတြ နယ္ႏွင္ခံရတဲ့ ေနရာမ်ိဳးလို႔ ပါးစပ္ရာဇဝင္ေတြ ရွိ ခဲ့တယ္။ ၿပီးေတာ့ ေတာထူထပ္

လြန္းတဲ့အတြက္ နယ္ႏွင္ခံရသူ တိုင္းအတြက္ ေသဒဏ္နဲ႔မျခား ဘူးလို႔လည္း ဆိုတယ္။ ဒီေန႔ေခတ္ မွာေတာ့ တရားမဝင္သစ္ခိုးထုတ္ မႈေတြရဲ႕ အက်ိဳးဆက္ေၾကာင့္ တစ္ခ်ိန္က ေတာႀကီးမ်က္မည္း ထူထပ္ခဲ့တဲ့ ေဒသကို ေတာင္ ကတံုး ခပ္က်ဲက်ဲနဲ႔ ေျပာင္တလင္း ခါေနတဲ့ ေျမျပင္လို ေျပာင္းလဲ သြားခဲ့ပါၿပီ။

ျမန္မာအစိုးရသစ္ဟာ ႏုိင္ငံ အတြင္း သစ္ထုတ္လုပ္မႈေတြကို ယာယီရပ္ဆိုင္းဖို႔ အမိန္႔ထုတ္ျပန္ ခဲ့ေပမယ့္ AP သတင္းဌာနက ေတာ့ လူသူအေရာက္အေပါက္ နည္းပါးရာ သစ္ေတာ ဧရိယာေတြ ထဲမွာ သစ္ခုတ္သမားေတြက လက္က်န္ သစ္ပင္အိုႀကီးေတြကို ခုတ္ထြင္ေနဆဲလို႔ ေဖာ္ထုတ္ႏိုင္ ခဲ့ပါတယ္။ ၿပီးေတာ့ ခုတ္လွဲထား တဲ့ သစ္ေတြကို သစ္ခုတ္သမား ေတြက တရားမဝင္ ခုတ္ျဖတ္စိတ္ ပိုင္းၿပီး ေစ်းကြက္ထဲ တင္ပို႔ေရာင္း  ခ်ေနတယ္လုိ႔လည္း ဆိုပါတယ္။ အစိုးရက အခုလို သစ္တံုးေတြကို ဖမ္းဆီးသိမ္းယူႏုိင္ဖုိ႔ ဥပေဒသတ္ မွတ္ထားေပမယ့္ ရြာသားေတြရဲ႕ အဆိုအရေတာ့ အာဏာပိုင္ေတြ ကို လာဘ္ေပးၿပီး ျဖတ္သန္းသယ္ ယူႏုိင္ဆဲလို႔ သိရပါတယ္။

၂၀၁၁ ကစလို႔ ျမန္မာႏုိင္ငံ မွာ ကြၽန္းသစ္၊ ပိေတာက္နဲ႔ သစ္မာ ပမာဏ အေျမာက္အျမားဟာ တရားမဝင္ ခုတ္လွဲၿပီး ျပည္ပကို တင္ပို႔ေနခဲ့တာ ျဖစ္ပါတယ္။ သစ္ လံုးအမ်ားစုကို စစ္ကိုင္းတိုင္း သစ္ေတာေတြထဲက ထုတ္ယူၿပီး ဧရာဝတီ ျမစ္ေၾကာင္းကေနတစ္ ဆင့္ ပို႔ေဆာင္ပါတယ္။ ေနာက္ ဆံုးမွာေတာ့ အိမ္နီးခ်င္း တ႐ုတ္နဲ႔ အိႏၵိယတို႔ကို ေရာက္သြားေလ့ရွိ တယ္။

ျမန္မာႏုိင္ငံဟာ ၁၉၉၀ ျပည့္ လြန္ႏွစ္ေတြနဲ႔ ယွဥ္ၾကည့္ရင္ သစ္ ေတာဧရိယာ စုစုေပါင္း ေလးပံု တစ္ပံုေလာက္ကို ဆံုး႐ံႈးခဲ့ၿပီး ျဖစ္ ပါတယ္။ ကုလသမဂၢရဲ႕ စာရင္း ေတြအရဆိုရင္ေတာ့ ေျမာက္ပိုင္း ေဒသေတြျဖစ္တဲ့ စစ္ကိုင္းတိုင္း၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္ ေတြမွာ သစ္ေတာေတြ ဆံုး႐ံႈးမႈ အဆိုးဆံုး ျဖစ္ေနတယ္လုိ႔ သိရပါ တယ္။ ၿပီးခဲ့တဲ့ အစိုးရ လက္ထက္ မွာေတာ့ သစ္ေတာျပဳန္းတီးမႈ အ ရွိန္အဟုန္က ပိုျမင့္တက္လာၿပီး ၂၀၁၄ မွာေတာ့ ျပည္ပကို သစ္လံုး ေတြ တရားဝင္ တင္ပို႔မႈကို တား ဆီး ပိတ္ပင္လုိက္ရပါတယ္။

‘‘သစ္ကုမၸဏီေတြက အမ်ား အားျဖင့္ေတာ့ ခြင့္ျပဳထားတဲ့ ပမာ ဏထက္ ပိုၿပီး သစ္ခုတ္ေနၾက တာပါပဲ’’ လုိ႔ လယ္သမားတစ္ဦးနဲ႔ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္း ေရး လႈပ္ရွားေဆာင္ရြက္သူတစ္ ဦးျဖစ္တဲ့ ကိုမင္းမင္းကဆိုတယ္။ သူဟာ တစ္ခ်ိန္တုန္းက တရား မဝင္သစ္ေတြ တင္ပို႔မႈ လုပ္ငန္း ခြင္မွာ ကိုယ္တုိင္ အလုပ္လုပ္ခဲ့ဖူး ပါတယ္။

‘‘ကြၽန္ေတာ့္ အေတြ႕အႀကံဳ အရ ေျပာရရရင္ေတာ့ အစိုးရဟာ သစ္ကုမၸဏီေတြက သူတို႔လိုခ်င္ တဲ့ အရြယ္အစားအတိုင္း သစ္ေတြ စိတ္ႀကိဳက္ခုတ္ေနတာကို အစိုးရ က ဘယ္တုန္းကမွ အေရးယူခဲ့ တာမျမင္ဖူးဘူး’’ လုိ႔လည္း သူက မွတ္ခ်က္ေပးတယ္။

စစ္ကိုင္းက သဘာဝပတ္ ဝန္းက်င္ထိန္းသိမ္းေရးလႈပ္ရွား သူ ေလးေယာက္ေလာက္ကေတာ့ အစိုးရရဲ႕ ယာယီသစ္ထုတ္ လုပ္ခြင့္ တားျမစ္မိန္႔ ရွိေနေပမယ့္ ပမာဏ အေသးစားနဲ႔ သစ္ခုတ္မႈေတြကေတာ့ ဆက္ရွိေန တုန္းပဲလုိ႔ ေျပာပါတယ္။ ဒါက လည္း နိစၥဓူဝ ေတြ႕ျမင္ေနရတဲ့ ထရပ္ကားေပၚ တင္သြားတဲ့ သစ္ လံုးေတြ အေရအတြက္ကို ေတြ႕ ျမင္ေနရတဲ့အေပၚ အေျခခံထား တဲ့ မွတ္ခ်က္ပါ။ ၿပီးေတာ့ အခုက ျမန္မာႏုိင္ငံမွာ မိုးရာသီက်ေရာက္ ေနပါတယ္။ တရားမဝင္သစ္ခိုး ထုတ္သူေတြက ဒီကာလမွာ လုပ္ ငန္း ရပ္ဆိုင္းထားတတ္ၾကပါ တယ္။

သစ္ခိုးထုတ္သူေတြကို ဖမ္း ဆီးရမိရာမွာလည္း တပ္မေတာ္ က အရာရွိေတြ ပါဝင္ေနေလ့ရွိပါ တယ္။ တပ္မေတာ္ဟာ ႏုိင္ငံကို အုပ္ခ်ဳပ္ေနမႈ မရွိေတာ့ေပမယ့္ ဩဇာႀကီးမားေနဆဲ ျဖစ္ပါတယ္။ မၾကာေသးခင္ကေတာ့ စစ္ကိုင္း မွာ စစ္ကားတစ္စီးနဲ႔ သယ္ေဆာင္ လာတဲ့ ပိေတာက္ခြဲသား သံုးတန္ ေလာက္ကို ၾကားျဖတ္ဖမ္းဆီးရ မိခဲ့ေၾကာင္း မီဒီယာေတြက ေဖာ္ ျပခဲ့ပါေသးတယ္။

ဒီႏွစ္ ေႏြရာသီမွာေတာ့ AP ရဲ႕ သတင္းေထာက္ေတြဟာ ရႊံ႕ထူ ေနတဲ့ လမ္းၾကမ္းေတြမွာ ဂ်စ္ကား ေတြ၊ ဆိုင္ကယ္ေတြနဲ႔ နာရီေပါင္း ၂၀ ေလာက္ ခရီးႏွင္ခဲ့တဲ့ေနာက္ စစ္ကိုင္းေျမာက္ပိုင္းက ေက်းရြာ ေတြဆီကို ေရာက္ရွိခဲ့တယ္။ တ ရားမဝင္ သစ္ထုတ္လုပ္သား ေဟာင္းေတြ၊ ေဒသခံရြာသား ေတြ၊ ဆင္ထိန္းေတြနဲ႔ ေတြ႕ဆံုၿပီး စကား ေျပာျဖစ္ခဲ့ပါတယ္။ လူသူ အေရာက္အေပါက္ ခက္ခဲလြန္း တဲ့ ေနရာမ်ိဳးမွာေတာင္ ေတာင္နံရံ ေတြ ကတံုးျဖစ္ေနၿပီး သစ္ေတာ ဧရိယာေတြ ျပဳန္းတီးေနတာကို ေတြ႕ခဲ့ရတယ္လုိ႔ AP က ဆို တယ္။

သက္တမ္း ၁၀ ႏွစ္ဝန္းက်င္ ေလာက္သာ ရွိဦးမယ့္ ပင္ပ်ိဳတခ်ိဳ႕ က ၿပိဳလဲေနတဲ့ သစ္ပင္ေဟာင္း ႀကီးေတြနားမွာ ေပါက္ေရာက္ေန တယ္။ ေျမေပၚလဲေနတဲ့ သစ္ပင္ ႀကီးေတြရဲ႕ လံုးပတ္ကေတာ့ ပင္ပ်ိဳ ေတြနဲ႔ မယွဥ္သာေအာင္ ႀကီးမား ေနပါတယ္။ ေဒသခံရြာသား အ နည္းငယ္ေလာက္ကေတာ့ သက္ တမ္း ရင့္ ေတာႀကီးေတြကို တန္ဖိုး ထား ဖက္တြယ္ထားခဲ့ၾကတယ္။ ဒါေပမဲ့ ဒီအသိုက္အဝန္းမွာေတာ့ အေရအတြက္ အရမ္းနည္းပါ တယ္။

‘‘အရင္တုန္းကဆို အရမ္း ေတာထူေတာ့ ဒီဘက္ကိုလာဖို႔ ကြၽန္ေတာ္တုိ႔ ေၾကာက္ေနတတ္ ၾကတယ္။ အခုေတာ့ၾကည့္ပါဦး။ ေတာင္ကတံုးေတြ ျဖစ္ကုန္ၿပီ။ သစ္ႀကီးဝါးႀကီး ဘာမွမရွိေတာ့ ဘူး။ သစ္ပင္အႀကီးစားေတြ အ ကုန္လံုးကုန္ၿပီ’’ လုိ႔ သဘာဝပတ္ ဝန္းက်င္ ထိန္းသိမ္းေရးလႈပ္ရွား သူ ကိုေအာင္မိုးေက်ာ္က ေျပာပါ တယ္။

စစ္ကိုင္းတိုင္းမွာ သစ္ထုတ္ လုပ္ငန္းေတြကို အစဥ္အလာအရ ေတာ့ ဆင္ေတြအသံုးျပဳၿပီး လုပ္ ကိုင္ေလ့ရွိတယ္။ ဒါေပမဲ့ ဒီေန႔ ေခတ္မွာေတာ့ ဆင္ေတြအသံုးျပဳ မႈ ဆက္ရွိေနေပမယ့္ ဧရာမစက္ ယႏၲရားႀကီးေတြက ပိုၿပီး အစား ထိုး ေနရာယူလာေနပါၿပီ။

‘‘တကယ္လုိ႔ သစ္ထုတ္လုပ္ ငန္းကို အစိုးရက တိုက္႐ိုက္ကိုင္ တြယ္ၿပီး ဆင္ေတြကိုပဲ သီးသန္႔ အသံုး ျပဳေနမယ္ဆိုရင္ သစ္ေတာ ျပဳန္းတီးမႈက ဒီေလာက္ဆိုးမွာ မဟုတ္ဘူး’’ လုိ႔ ဆင္ထိန္းတစ္ ေယာက္ျဖစ္တဲ့ ကိုသံလြင္က ေျပာပါတယ္။

သူက ဆင္စခန္းမွာ ရွိေနတဲ့ ဆင္ေျခာက္ေကာင္အနက္ ႏွစ္ ေကာင္က ငါးတန္ေလာက္ အ ေလးခ်ိန္ရွိမယ့္ ခုတ္လွဲထားတဲ့ သစ္တံုးတစ္တံုးကို ဆြဲယူေနတာ ကို စိတ္လိုလက္ရ လုိက္ျပတယ္။

‘‘သစ္လုပ္ငန္း ကုမၸဏီေတြ ကေတာ့ သူတို႔လိုခ်င္သေလာက္ သစ္အေရအတြက္ကို စိတ္တိုင္း က် ခုတ္ယူၾကတာပါပဲ’’ လုိ႔လည္း သူက ရွင္းျပတယ္။

သိပ္မၾကာေသးခင္တုန္းက စစ္ကိုင္းတိုင္း တစ္နံတစ္လ်ားမွာ တရားမဝင္ ခုတ္ယူသြားတဲ့ သစ္ ေတြက ေဒၚလာသန္းေပါင္း အ ေတာ္မ်ားမ်ား တန္ဖိုးရွိခဲ့ပါလိမ့္ မယ္။ AP သတင္းအဖြဲ႕ ျမင္လုိက္ ရတာကေတာ့ သစ္အမ်ားစုဟာ Rosewood ေတြ ျဖစ္ၾကၿပီး တ႐ုတ္ေတြ သိပ္မက္ေမာတဲ့ သစ္ အမ်ိဳးအစားလို႔ ဆိုပါတယ္။ ဒီ သစ္ေတြဟာ သဘာဝအရ နီျမန္း တဲ့ အေရာင္မ်ိဳး ရွိေနတယ္။

ေလ့လာသူေတြကေတာ့ ဒီ သစ္ အမ်ိဳးအစားဟာ ၂၀၁၅ ေႏွာင္း ပိုင္းကစလုိ႔ ေမွာင္ခိုသမား ေတြဆီမွာ အစိုးရက အမ်ားဆံုး ဖမ္းဆီးရမိတဲ့ သစ္ေတြလို႔ ေျပာပါ တယ္။ ဒါေပမဲ့ တရားမဝင္သစ္ ခုတ္သူေတြကေတာ့ သက္ဆိုင္ ရာ အာဏာပိုင္အဖြဲ႕အစည္းေတြ ကို လာဘ္ေငြေပးၿပီး ဖမ္းဆီး ထိန္းသိမ္းထားတဲ့ သစ္ေတြကို ျပန္ထုတ္ယူသြားႏိုင္တယ္လို႔လည္း ဆိုတယ္။

AP ရဲ႕ သတင္းအဖြဲ႕ဟာ ကသာၿမိဳ႕ျပင္မွာ သစ္ခုတ္သမား ေတြက သစ္ပင္ေတြကို ခုတ္လွဲ ေနတာ မ်က္ျမင္ေတြ႕ခဲ့ပါေသး တယ္။ ကသာဟာ စစ္ကိုင္းတိုင္း ထဲမွာ တည္ရွိၿပီး သစ္လံုးေတြ သယ္ယူ ပို႔ေဆာင္တဲ့ လုပ္ငန္းရဲ႕ ဗဟိုခ်က္ေနရာတစ္ခုလို ျဖစ္ေန တယ္။ AP သတင္းအဖြဲ႕နဲ႔အတူ လုိက္ပါသြားတဲ့ သဘာဝ ပတ္ဝန္း က်င္ ထိန္းသိမ္းေရး လိုလားလႈပ္ ရွားသူ တစ္ေယာက္က အခုလို သစ္ခုတ္ေနတာဟာ တရားမဝင္ ဘူးလို႔ ေျပာပါတယ္။ အဲဒီေနာက္ မွာေတာ့ သစ္ေတာဌာန တာဝန္ရွိ သူေတြနဲ႔ ဆက္သြယ္ခဲ့တဲ့အခါ သစ္ခုတ္သမားေတြကို ဌာနက ဖမ္းဆီးၿပီး သူတို႔ရဲ႕ ပစၥည္းေတြကို သိမ္းယူထားလိုက္ပါတယ္။

သစ္ခြဲတဲ့ လုပ္ငန္းကိုေတာ့ အနီးဆံုး ေက်းရြာနဲ႔ေတာင္ အ ေတာ္ႀကီး အလွမ္းေဝးတဲ့ ေတာင္ ေျခတစ္ေနရာမွာ ေနရာခ်ထား တာပါ။ တရားမဝင္တင္ပို႔တဲ့ ေနရာမွာ သစ္လံုးအၾကမ္းထည္ နဲ႔ သစ္ခြဲသားေတြအေပၚ ဥပေဒရဲ႕ အေရးယူမႈကေတာင္ မတူပါဘူး။ ဒီေတာ့ သစ္ခြဲလုပ္ငန္းကိုလည္း ပုန္းလွ်ိဳးကြယ္လွ်ိဳး လုပ္ေဆာင္ ၾကရေလ့ ရွိတယ္။

ေဒသခံရြာသားေတြက ေတာ့ တရားမဝင္ သစ္ခြဲလုပ္ငန္း ေတြအေၾကာင္း သတင္းစံုစမ္းသိ ရွိလာရင္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူေတြဆီ လက္ဆင့္ကမ္း အသိေပးတတ္ ၾကပါတယ္။ သဘာဝပတ္ဝန္း က်င္ ထိန္းသိမ္းေရး လႈပ္ရွားေနသူ ေတြရယ္၊ သတင္းေထာက္ေတြ ရယ္ သူတို႔လုပ္ငန္းခြင္ဆီ ေရာက္ သြားတဲ့ အခ်ိန္မွာ သစ္ခုတ္အ ဖြဲ႕ ေခါင္းေဆာင္က စိတ္လႈပ္ရွား တုန္လႈပ္ေနပံုေပၚတယ္။ သစ္လံုး ေတြ ဘယ္ကရလာသလဲ ေမးတဲ့ အခါ သူက အစ္ကိုျဖစ္သူက အ သံုးမလုိေတာ့တဲ့ သစ္ေတြကို ေပး သြားတာျဖစ္ေၾကာင္း၊ ဒီသစ္ေတြ ကိုလည္း အိမ္ေဆာက္ဖို႔အတြက္ ပဲ အသံုးျပဳမွာျဖစ္ေၾကာင္း ေျဖ ရွင္းခ်က္ေပးပါတယ္။

ဖြံ႕ၿဖိဳးဆဲ ႏုိင္ငံေတြမွာ တရား မဝင္ သစ္ခုတ္မႈေတြကို တိုက္ဖ်က္ ဖို႔ အကူအညီ ေပးေနတဲ့ ဥေရာပ သမဂၢ သစ္ေတာဆိုင္ရာ တရား ဥပေဒစိုးမိုးေရး၊ စီမံထိန္းသိမ္းေရး နဲ႔ ကုန္သြယ္ေရးအဖြဲ႕လက္ေအာက္ မွာ အလုပ္လုပ္ေနတဲ့ ေဒသခံ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္း ေရး လႈပ္ရွားသူေတြက ခြဲသားသစ္ ေတြဟာ ကသာကေနတစ္ဆင့္ ဧရာဝတီ ျမစ္ေၾကာင္းအတိုင္း ကခ်င္ျပည္နယ္နဲ႔ မႏၱေလးတိုင္း ေတြကို ပို႔ေဆာင္ေလ့ရွိတယ္လုိ႔ ေျပာပါတယ္။ အဲဒီေနာက္မွာ ေတာ့ ျမန္မာနဲ႔ နယ္နိမိတ္ထိစပ္ ေနတဲ့ တ႐ုတ္ႏုိင္ငံ အေနာက္ပိုင္း ယူနန္ေဒသကို ေရာက္သြားေလ့ ရွိတယ္။ လာဘ္ေငြ ေဖာေဖာသီသီ အသံုးျပဳလုိက္တဲ့အခါ တရားဝင္ စစ္ေဆးေရး ဂိတ္ေတြကို အဲဒီသစ္ လံုးေတြ ေအးေအးလူလူပဲ ေက်ာ္ ျဖတ္သြားႏုိင္တယ္လုိ႔လည္း ဆို တယ္။

ကိုမင္းမင္းက တစ္ခါက သူ က်င္လည္ခဲ့ဖူးတဲ့ သစ္ေမွာင္ခုိ လုပ္ငန္း အေတြ႕အႀကံဳကို ေျပာ ျပပါတယ္။ စစ္ေဆးေရး ဂိတ္ တစ္ခုကို သူေရာက္သြားခ်ိန္မွာ သစ္လုပ္ငန္းရွင္ေဟာင္းတစ္ ေယာက္က ရဲေတြနဲ႔ သစ္ေတာ ေရးရာဌာန အရာရွိေတြကို လာဘ္ ေငြေပးဖို႔ ညႇိထားပါတယ္။ ကိုမင္း မင္းတို႔ရဲ႕ သစ္လံုးတင္ထရပ္ကား ေရာက္သြားခ်ိန္မွာ ဂိတ္က အဲဒီအ ရာရွိက စစ္ေဆးေမးျမန္းတာေတြ ဘာမွမလုပ္ဘဲ ျမန္ျမန္ဆန္ဆန္ပဲ ထြက္ခြာခြင့္ေပးခဲ့တယ္။

‘‘လာဘ္ေငြေပးထားေတာ့ အဲ ဒီအရာရွိေတြက ကြၽန္ေတာ္တုိ႔ကို အကာအကြယ္ေပးတယ္။ တစ္ခါ တေလဆိုရင္ ထရပ္ကားေပၚမွာ ေတာင္ လုိက္လာၿပီး ေနာက္ဆံုး ခရီးဆံုးမယ့္ ေနရာထိ ကြၽန္ေတာ္ တို႔ကို ၫႊန္ျပတတ္ေသးတာ’’ လုိ႔ သူက ရွင္းျပတယ္။

သယံဇာတႏွင့္ သဘာ၀ပတ္ ၀န္းက်င္ထိန္းသိမ္းေရး ၀န္ႀကီး ဌာန၊ သစ္ေတာဦးစီးဌာန ၫႊန္  ၾကားေရးမွဴး ဦးမိ်ဳးမင္းကေတာ့ အ စိုးရဟာ အက်င့္ပ်က္မႈေတြကို တိုက္ဖ်က္ဖို႔ အစြမ္းကုန္ အား ထုတ္ေနတယ္လုိ႔ ေျပာပါတယ္။

‘‘တစ္ဦးတစ္ေယာက္ခ်င္း လာဘ္စားတဲ့ ကိစၥေတြကေတာ့ အေတာ္မ်ားမ်ား ရွိေနတယ္။ ဒါေပမဲ့ သစ္ေတာဦးစီးဌာနက ဝန္ထမ္း အားလံုး အက်ံဳးဝင္ေနတာေတာ့ မဟုတ္ပါဘူး။ အတိတ္က လာဘ္ ေငြယူတဲ့ ဝန္ထမ္းေတြကို ကြၽန္ ေတာ္တုိ႔ ေဖာ္ထုတ္အေရးယူခဲ့ပါ တယ္။ အခုလည္း ဒီအေရးယူမႈ ေတြ ဆက္လုပ္ေနဆဲပါ’’ လုိ႔ သူ က ဆိုတယ္။

ျမန္မာႏုိင္ငံ ရဲတပ္ဖဲြ႕က လည္း သစ္ေတာဦးစီးဌာနမွာ လာဘ္ယူမႈေတြ ရွိေနတယ္ဆိုတဲ့ ကိစၥကို စံုစမ္းေနပါတယ္။

ဦးမ်ိဳးမင္းကေတာ့ ဌာနအ ေနနဲ႔ ကသာက ဝန္ထမ္းတခ်ိဳ႕ကို အရင္တုန္းက အေရးယူဖူးတာ ေတြ ရွိခဲ့ဖူးေၾကာင္း ေျပာပါတယ္။ ဒါေပမဲ့ ေဒသဆိုင္ရာ ဌာနခြဲ ၫႊန္ ၾကားေရးမွဴး ဦးစိုးတင့္ကေတာ့ ဌာန အရာရွိေတြဟာ တရားမဝင္ သစ္ခိုးထုတ္သူေတြနဲ႔ ပူးေပါင္း အလုပ္လုပ္ေနတယ္ဆိုတဲ့ စြပ္စြဲ ခ်က္ေတြကို ျငင္းဆိုပါတယ္။

‘‘တ႐ုတ္ေတြက သစ္မာေတြ ကို ေတာင္းဆိုလြန္းေတာ့ လုပ္ ငန္းရွင္ေတြဘက္မွာေတာ့ တရားမဝင္ သစ္ခုတ္သမားေတြနဲ႔ ပူး ေပါင္းေဆာင္ရြက္တာမ်ိဳး ရွိေကာင္း ရွိလိမ့္မယ္’’ လုိ႔ သူက ေျပာတယ္။

ေမးခြန္းကေတာ့ ျမန္မာႏုိင္ငံ မွာ သစ္ေမွာင္ခိုလုပ္ငန္း ဘယ္ ေလာက္ ႀကီးမားေနၿပီလဲဆိုတာ ပါပဲ။ ၂၀၁၁ ကေန ၂၀၁၄ ခုႏွစ္အ တြင္း အၾကမ္းအားျဖင့္ သစ္မာေတြ တင္ပို႔မႈကေန ေဒၚလာ ၂ ဒသမ ၈၃ ဘီလီယံေလာက္ ရရွိခဲ့တယ္ လုိ႔ တရားဝင္ စာရင္းေတြက ေဖာ္

ျပထားတယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံ ရဲ႕ အဓိကကုန္သြယ္ဖက္ေတြက ေတာ့ ျမန္မာႏုိင္ငံက သစ္ေတြ တင္ပို႔မႈဟာ ေဒၚလာ ၅ ဒသမ ၅၇ ဘီလီယံဖိုးေလာက္ ရွိတယ္ လုိ႔ ေျပာပါတယ္။ ဒီေတာ့ တရား မဝင္ သစ္ေမွာင္ခိုလုပ္ငန္းေတြ က တိုင္းျပည္ဘ႑ာ ၂ ဒသမ ၇၄ ဘီ လီယံေလာက္ကို နစ္နာဆံုး႐ံႈးေစ ခဲ့တဲ့ သေဘာပါပဲ။ သစ္ခြဲလုပ္ ငန္းေတြနဲ႔ ပတ္သက္ၿပီး တိက်တဲ့ မွတ္တမ္းမွတ္ရာမ်ိဳးေတြလည္း ရွိမေနဘူး။

အိႏၵိယနဲ႔ တ႐ုတ္တို႔ကေတာ့ ျမန္မာ့သစ္ေတြကို အဓိကတင္ သြင္းတဲ့ ႏုိင္ငံေတြပါ။ ၂၀၁၁ က ေန ၂၀၁၅ ခုႏွစ္ အေတာအတြင္း အဲဒီႏွစ္ႏုိင္ငံက ျမန္မာ့ကြၽန္းသစ္နဲ႔ Rosewood ေတြကို တျခား ကမၻာ့ ႏုိင္ငံ အားလံုးေပါင္းထက္ ေျခာက္ ဆေလာက္ မွာယူတင္သြင္းခဲ့ တယ္လုိ႔ သိရပါတယ္။

‘‘တရားမဝင္ သစ္ခုတ္တဲ့သူ အမ်ားစုကေတာ့ သစ္လံုးေတြကို ကခ်င္ျပည္နယ္က တစ္ဆင့္ တ႐ုတ္ကို တင္ပို႔ၾကတာပါပဲ’’ လုိ႔ ကခ်င္ၿငိမ္းခ်မ္းေရး ကြန္ရက္က မခြန္ဂ်ာက ေျပာပါတယ္။

‘‘တရားမဝင္ သစ္ခုတ္သူ ေတြက တပ္မေတာ္အရာရွိေတြနဲ႔ အရပ္ဘက္အရာရွိေတြကို ဘယ္ လိုဘယ္ပံု လာဘ္ေငြေပးၿပီး တရား မဝင္သစ္ေတြကို ျဖတ္သန္းသယ္ ယူေနၾကတယ္ဆိုတာ ကြၽန္ေတာ္ တို႔ မ်က္ျမင္ပဲေလ။ ႏုိင္ငံအတြက္ ဘယ္ေလာက္ေတာင္ ႀကီးမားတဲ့ ဆံုး႐ံႈးမႈေတြ ျဖစ္မလဲဆိုတာ ေျပာျပစရာ မလိုပါဘူး။ သိပ္ကို တန္ဖိုး ရွိတဲ့ သဘာဝသယံဇာတေတြကို ေစ်းေပါေပါနဲ႔ ေရာင္းေနၾကတာ ပါ’’ လုိ႔လည္း သူက ဆိုပါတယ္။

၂၀၁၀ ကေန ၂၀၁၅ ခုႏွစ္ အေတာအတြင္း ျမန္မာႏုိင္ငံဟာ တစ္ကမၻာလံုးမွာ သစ္ေတာဆံုး႐ံႈး မႈ တတိယအမ်ားဆံုး ႏိုင္ငံျဖစ္လာ တယ္။ အဲဒီအေတာအတြင္း တစ္ ႏွစ္ကို သစ္ေတာေျမဟက္တာ ၅၄၆,၀၀၀ (စတုရန္းမုိင္ ၂,၁၀၀) ေလာက္ ဆံုး႐ံႈးခဲ့တယ္လုိ႔ ကုလ သမဂၢက စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳး ေရး အဖြဲ႕ႀကီးက ေၾကညာခဲ့ပါ တယ္။ ၂၀၁၁ မွာေတာ့ တပ္မ ေတာ္ အစိုးရ အာဏာစြန္႔လႊတ္ၿပီး တပ္မေတာ္က ေက်ာေထာက္ ေနာက္ခံ ျပဳထားၿပီး ဦးသိန္းစိန္ဦး ေဆာင္တဲ့ အရပ္သားတစ္ပိုင္း အစိုးရက ၂၀၁၆ ထိ တာဝန္ယူ အုပ္ခ်ဳပ္ခဲ့ပါ တယ္။

ဦးသိန္းစိန္ရဲ႕ အစိုးရဟာ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈ လုပ္ ငန္းစဥ္ေတြ အေတာ္မ်ားမ်ား အစျပဳခဲ့ၿပီး ျမန္မာႏုိင္ငံကို ဆယ္ စုႏွစ္မ်ားစြာ ႏိုင္ငံတကာ အသိုက္ အဝန္းနဲ႔ ကင္းကြာမႈကို ဖယ္ရွား ႏုိင္ဖုိ႔ အကူအညီ ေပးခဲ့တဲ့အတြက္ အသိအမွတ္ျပဳ ခံခဲ့ရပါတယ္။ ဒါေပမဲ့ ဆက္ဆံေရး ပြင့္လင္းလာ မႈရဲ႕ သိသာတဲ့ ေဘးထြက္ဆိုးက်ိဳး တစ္ခုကေတာ့ ျမန္မာႏုိင္ငံရဲ႕ ႂကြယ္ဝလွတဲ့ သယံဇာတ ရင္းျမစ္ ေတြကို ကိုယ္က်ိဳးရွာထုတ္ယူသံုး စြဲဖို႔ ပိုၿပီး လြယ္ကူလာတာပါပဲ။

‘‘ဦးသိန္းစိန္ အစိုးရ လက္ ထက္ကေတာ့ အဆိုးဆံုးေပါ့ေလ’’ လုိ႔ စစ္ကိုင္းတိုင္းက ေ႐ွ႕ေနတစ္ ဦးျဖစ္တဲ့ ဦးသန္းလိႈင္က မွတ္ ခ်က္ေပးတယ္။

‘‘အစိုးရကိုယ္တုိင္က စီးပြား ေရး လုပ္ငန္းရွင္ေတြနဲ႔ ေပါင္းေနရ တာကိုး။ အဲဒီတုန္းက တရားမဝင္ သစ္ခုတ္လုပ္ငန္းေတြက ေဒသ တစ္ခုလံုး အရမ္းက်ယ္ျပန္႔ေနခဲ့ တာ’’ လုိ႔ သူက ဆိုတယ္။

၂၀၁၄ ကစလို႔ အစိုးရဟာ သစ္႐ိုင္းတံုးေတြ ျပည္ပတင္ပို႔မႈ ကို တားျမစ္ပိတ္ပင္ၿပီး သစ္ေတာ ေတြကို ထိန္းသိမ္းႏုိင္ဖို႔ ႀကိဳးစား လာပါတယ္။ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ ဦးေဆာင္မႈနဲ႔ အာဏာရ လာတဲ့ အစိုးရသစ္ကေတာ့ ေမလ အတြင္းမွာ တစ္ႏုိင္ငံလံုးအတိုင္း အတာနဲ႔ သစ္ခုတ္မႈကို ဒီႏွစ္ ဘ႑ာေရးႏွစ္အတြက္ တားျမစ္ ထားေၾကာင္း သတ္မွတ္ေၾက ညာခဲ့တယ္။ ဘ႑ာေရးႏွစ္တစ္ ႏွစ္ဟာ မတ္လ ၃၁ ရက္မွာ အ ဆံုးသတ္ပါတယ္။

ကသာၿမိဳ႕က သစ္ေတာဦးစီး ဌာနရဲ႕ ၿခံဝင္းကေတာ့ အခုေလာ ေလာဆယ္ ထရပ္ကားေတြ၊ ဘတ္စ္ ကားေတြ၊ ဗင္ကားေတြနဲ႔ စုပံုေန ပါတယ္။ အဲဒီကားေတြဟာ ၿပီးခဲ့ တဲ့ႏွစ္ ေႏွာင္းပိုင္းေလာက္ကစလို႔ အစိုးရက တရားမဝင္သစ္ခိုး ထုတ္သူေတြဆီက ဖမ္းဆီးသိမ္း ယူထားတာေတြ ျဖစ္ပါတယ္။

သစ္ေတာဦးစီးဌာန ၫႊန္ ၾကားေရးမွဴး ဦးမိ်ဳးမင္းကေတာ့ ဧၿပီကေန ၿပီးခဲ့တဲ့လအထိ အစိုးရ အေနနဲ႔ တရားမဝင္ခုတ္ယူထား တဲ့ သစ္တန္ခ်ိန္ ၁၆,၀၀၀ ေက်ာ္ ကို ဖမ္းဆီးရမိထားၿပီလုိ႔ ေျပာျပ ပါတယ္။ အစိုးရသစ္တက္လာၿပီး တဲ့ ေနာက္ပိုင္း သစ္ခိုးထုတ္မႈ ၁,၀၀၀ ေက်ာ္ကို ေဖာ္ထုတ္ထား ႏုိင္ၿပီလုိ႔လည္း ဆိုတယ္။ အစိုးရ ေဟာင္း လက္ထက္က ဒီလုပ္ငန္း စဥ္ေတြကို အစျပဳခဲ့ၿပီး လက္ရွိအ စိုးရက ဆက္လက္အေကာင္အ ထည္ေဖာ္ေနတာ ျဖစ္ပါတယ္။ ၿပီး ခဲ့တဲ့ ဘ႑ာေရးႏွစ္ထဲမွာေတာ့ စုစုေပါင္း တရားမဝင္သစ္တန္ ခ်ိန္ ၃၀,၀၀၀ ေက်ာ္ကို ဖမ္းဆီးရမိ ခဲ့ၿပီး အမႈေပါင္း ၂,၂၀၀ ေက်ာ္ကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္းလည္း သိ ရပါတယ္။

အနည္းဆံုးေတာ့ အဲဒီအမႈ က်ဴးလြန္ၾကသူေတြထဲက တခ်ိဳ႕ ေသာ တရားမဝင္ သစ္ခုတ္သူေတြ ကို စြဲခ်က္တင္ႏုိင္ခဲ့တယ္။ အဲဒီထဲ ကမွ ေထာင္ကလြတ္ၿပီး ဝန္းသိုကို ေရာက္ရွိေနသူ တစ္ေယာက္ကို AP သတင္းအဖြဲ႕က သြားေရာက္ ေတြ႕ဆံုခဲ့ပါတယ္။ သူက ေထာင္ ထဲမွာ ေလးလေလာက္ ေနခဲ့ရ တယ္။

အစိုးရက တရားမဝင္ သစ္ခိုး ထုတ္မႈေတြကို အင္နဲ႔အားနဲ႔ တိုက္ ဖ်က္ဖို႔ လိုလားေပမယ့္ လာဘ္ ေပးလာဘ္ယူမႈ၊ အက်င့္ပ်က္မႈ ေတြက အတားအဆီး အဟန္႔အ တားအျဖစ္ ရွိေနဆဲပါ။

‘‘တကယ္ေတာ့ တရားမဝင္ သစ္ခိုးထုတ္သူေတြဟာ သိပ္ေတာ္ ၿပီး ပေရာ္ဖက္ရွင္နယ္ ဆန္တယ္ လုိ႔ ေျပာရမယ္။ ဒါကလည္း ဒီလုပ္ ငန္းမွာ သူတို႔က အၾကာႀကီး အ ေတြ႕အႀကံဳ ရွိေနၿပီးသားကိုး’’ လုိ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စား လွယ္တစ္ဦးျဖစ္ၿပီး သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္း ေရးဆိုင္ရာ ေကာ္မတီအဖြဲ႕ဝင္ တစ္ဦးျဖစ္တဲ့ ဦးမင္းေနာင္က မွတ္ခ်က္ေပးခဲ့တယ္။

‘‘တရားမဝင္ သစ္ေတြကို ဘယ္အခ်ိန္က်ရင္၊ ဘယ္ေနရာ ကို ဘယ္လိုပို႔ရမလဲ ဆိုတာကို သူတို႔ ေကာင္းေကာင္းသိတယ္။ အစိုးရ ရဲ႕ ေပ်ာ့ကြက္ကို ေသခ်ာ နားလည္ထားတယ္။ အဖမ္းမခံ ရေအာင္ ဘယ္လိုေရွာင္လို႔ လြတ္ မလဲ ဆိုတာကိုလည္း သိၾကတယ္ ေလ’’ လို႔လည္း သူက မွတ္ခ်က္ ေပးခဲ့တယ္။

ဒါ့အျပင္ တခ်ိဳ႕ေသာ ဌာန ဆိုင္ရာ ဝန္ထမ္းေတြက လာဘ္ေငြ နည္းနည္းပဲ ေပးတာကိုေတာင္ လက္ခံေနၾကတယ္လုိ႔ ေျပာပါ ေသးတယ္။ ဒီအပိုင္းကို သစ္ေတာ ဦးစီးဌာနက ထိထိေရာက္ေရာက္ တင္းက်ပ္ႏုိင္စြမ္း မရွိေသးဘူး။

‘‘တရားမဝင္ သစ္ခုတ္ေနတဲ့ ေနရာေတြကို ဝင္ဖမ္းဆီးဖို႔ လံု ေလာက္တဲ့ လူအင္အားမရွိေသး ဘူး။ ၿပီးေတာ့ ဌာနက ဝန္ထမ္း ေတြအတြက္ ဒါမ်ိဳးကလည္း အင္ မတန္ အႏၲရာယ္မ်ားတယ္။ သူတို႔ ဆီမွာ ေဘာပင္ပဲရွိတာ။ ဘာလက္ နက္မွ မရွိဘူး’’ လုိ႔ ဦးမင္းေနာင္ က ဆိုတယ္။

သိပ္မၾကာခင္ကပဲ စစ္ကိုင္း မွာ သစ္ေတာဝန္ထမ္းတစ္ဦးဟာ တရားမဝင္ သစ္ခုတ္သူေတြ လက္ ခ်က္ေၾကာင့္ အသက္ဆံုး႐ံႈးခဲ့ပါ တယ္။

‘‘ဒီလိုကိစၥမ်ိဳးကို ကြၽန္ေတာ္ တုိ႔ ဘာမွလုပ္လုိ႔ မရဘူး။ ကြၽန္ေတာ္တုိ႔ ဝန္ထမ္းတစ္ေယာက္ အ ခုလို ျဖစ္ပ်က္သြားတာကို အရမ္း ဝမ္းနည္းတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ တို႔ သူ႔ကို အကာအကြယ္ မေပးႏုိင္ ခဲ့ဘူး’’ လုိ႔ ဦးမင္းေနာင္က ဖြင့္ဟ ပါတယ္။

သစ္ေတာအရာရွိ တစ္ဦးျဖစ္ တဲ့ ဦးစိုးတင့္ကေတာ့ စစ္ကိုင္းမွာ ဒီလို သတ္ျဖတ္မႈမ်ိဳးက ပထမဆံုး ျဖစ္ေပမယ့္ အရင္ကတည္းက သူ႔ ရဲ႕ ဌာနဝန္ထမ္းေတြကို သစ္ေမွာင္ ခိုသမားေတြက ၿခိမ္းေျခာက္မႈမ်ိဳး ေတြ ရွိခဲ့ဖူးေၾကာင္း ဝန္ခံပါတယ္။ ဒါေၾကာင့္ ရဲအေစာင့္အေရွာက္ အကူအညီကိုပါ ေတာင္းခံရတတ္ ေၾကာင္းလည္း သူက ေျပာျပ တယ္။

ေဒသခံ ရြာသားေတြဟာ တရားမဝင္ သစ္ခိုးထုတ္တဲ့ လုပ္ ငန္းေတြမွာ ပါဝင္ေဆာင္ရြက္မႈ ရွိတတ္ေပမယ့္ ဒီလုပ္ငန္းက ရရွိ လာတဲ့ အက်ိဳးအျမတ္ေတြက ေတာ့ ဆင္းရဲသား ေဒသခံေတြနဲ႔ လားလားမွ မဆုိင္ပါဘူး။ ၿပီးေတာ့စစ္ကိုင္းတိုင္းမွာ လာေရာက္အ ေျခစိုက္ေနတဲ့ တရားမဝင္သစ္ ခုတ္လုပ္ငန္း အႀကီးစားေတြက ေဒသတြင္းက မဟုတ္ၾကဘူး။

အာရွရဲ႕ အဆင္းရဲဆံုး စာရင္းဝင္ ႏုိင္ငံတစ္ခုျဖစ္တဲ့ စံႏႈန္းနဲ႔ ယွဥ္ရင္ေတာင္ စစ္ကိုင္းတိုင္းေျမာက္ ပိုင္းဟာ ျမန္မာႏုိင္ငံရဲ႕ တျခား ေဒသေတြထက္ ပိုၿပီးေခါင္ပါေသး တယ္။ လမ္းေတြက အရမ္းဆိုးၿပီး ပံုမွန္သြားလာဖို႔ ဘယ္လိုမွအဆင္ မေျပဘူး။ ေက်းရြာအမ်ားစုက လယ္ယာလုပ္ငန္းကို အလြန္အ ကၽြံ မွီခိုေနရတယ္။ ဒါေပမဲ့ ဆည္ ေရေပးစနစ္ အေထာက္အပံ့ လည္း မရေတာ့ စိုက္ပ်ိဳးေရးရာသီ မဟုတ္ရင္ အစားအေသာက္ ရိကၡာအတြက္ ေတာေတြကိုပဲ မွီခိုရတယ္။

ရြာသူရြာသားအမ်ားစုဟာ မူလတန္းအဆင့္ အတန္းပညာ ေလာက္ပဲ နီးစပ္တယ္။ ဒီထက္ ပိုၿပီး အဆင့္ျမင့္တဲ့ ပညာေရးဆို တာ ကေလးေတြအတြက္ ေမး ခြန္းထုတ္စရာ မလိုေတာ့တဲ့ ကိစၥ မ်ိဳးပါ။

‘‘တရားမဝင္ သစ္ခိုးထုတ္ သူေတြကို တားဆီးဖို႔ဆိုတာဟာ ကြၽန္ေတာ္တို႔အတြက္ အၿမဲတမ္း အခက္ႀကံဳရတဲ့ ကိစၥပါ။ သူတို႔ ဟာ ရာထူးအဆင့္ဆင့္က ဌာနဆိုင္ ရာ အရာရွိေတြနဲ႔ ေကာင္းေကာင္း အေပးအယူ လုပ္ထားတယ္။ ဒီ လုပ္ငန္းကေန သူတို႔ေတြ အက်ိဳး အျမတ္ ခံစားၾကရတယ္။ ေတာ ေတြနားမွာ မီွတင္းေနထိုင္ရတဲ့ ေဒ သခံ ရြာသူရြာသားေတြကေတာ့ အင္မတန္ ဆင္းရဲၾကရွာတယ္’’ လုိ႔ ကိုေအာင္မိုးေက်ာ္က ေျပာပါ တယ္။

တစ္ခ်ိန္တည္းမွာပဲ အခုဆို ရင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ေတြက တရားမဝင္ သစ္ခိုး ထုတ္မႈကို အေလးထားရမယ့္ ျပႆနာ တစ္ရပ္အျဖစ္ ႐ႈျမင္ လာျခင္းဟာ တိုးတက္မႈ တစ္ရပ္ အျဖစ္ သူက ယူဆပါတယ္။

‘‘တကယ္လုိ႔ အစိုးရသစ္က ဒီသစ္ေတာေတြကို ႏွစ္အနည္း ငယ္ေလာက္ပဲ အကာအကြယ္ ေပးႏုိင္တယ္ ဆိုဦးေတာ့၊ ဒီသစ္ ေတာေတြ ဆက္ၿပီးရွင္သန္ရပ္ တည္ဖို႔ စစ္မွန္တဲ့ အခြင့္အေရး တစ္ရပ္ကို ဖန္တီးေပးရာ ေရာက္ ပါလိမ့္မယ္’’ လုိ႔လည္း သူက ေျပာပါတယ္။

(AP သတင္းဌာနမွ Esther Htusan ၏ Myanmar forest-cutting continues despite government efforts ေဆာင္းပါးကို ဇဲြရဲ၀င့္ ဘာသာျပန္ဆိုသည္။)


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေအပီ

#Unicode Version
တရားမဝင်ခုတ်ယူထားသောသစ်များအား သစ်ခွဲစက်ဖြင့် ခွဲနေသည်ကို ကသာမြို့နယ်အတွင်းတွေ့ရစဉ် (ဓာတ်ပုံ-အေပီ)

ရှေးဘုရင်တွေ လက် ထက်တုန်းက ဆိုရင်တော့ စစ်ကိုင်းတိုင်း မြောက်ပိုင်းဟာ သစ်တောတွေ ထူထပ်စိမ်းညို့နေခဲ့တယ်လို့ ဆို  ပါတယ်။ အတိတ်တုန်းကတော့ အဲဒီ တောကြီးမျက်မည်းတွေဟာ ရာဇဝတ်သားတွေ နယ်နှင်ခံရတဲ့ နေရာမျိုးလို့ ပါးစပ်ရာဇဝင်တွေ ရှိ ခဲ့တယ်။ ပြီးတော့ တောထူထပ်

လွန်းတဲ့အတွက် နယ်နှင်ခံရသူ တိုင်းအတွက် သေဒဏ်နဲ့မခြား ဘူးလို့လည်း ဆိုတယ်။ ဒီနေ့ခေတ် မှာတော့ တရားမဝင်သစ်ခိုးထုတ် မှုတွေရဲ့ အကျိုးဆက်ကြောင့် တစ်ချိန်က တောကြီးမျက်မည်း ထူထပ်ခဲ့တဲ့ ဒေသကို တောင် ကတုံး ခပ်ကျဲကျဲနဲ့ ပြောင်တလင်း ခါနေတဲ့ မြေပြင်လို ပြောင်းလဲ သွားခဲ့ပါပြီ။

မြန်မာအစိုးရသစ်ဟာ နိုင်ငံ အတွင်း သစ်ထုတ်လုပ်မှုတွေကို ယာယီရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန် ခဲ့ပေမယ့် AP သတင်းဌာနက တော့ လူသူအရောက်အပေါက် နည်းပါးရာ သစ်တော ဧရိယာတွေ ထဲမှာ သစ်ခုတ်သမားတွေက လက်ကျန် သစ်ပင်အိုကြီးတွေကို ခုတ်ထွင်နေဆဲလို့ ဖော်ထုတ်နိုင် ခဲ့ပါတယ်။ ပြီးတော့ ခုတ်လှဲထား တဲ့ သစ်တွေကို သစ်ခုတ်သမား တွေက တရားမဝင် ခုတ်ဖြတ်စိတ် ပိုင်းပြီး ဈေးကွက်ထဲ တင်ပို့ရောင်း  ချနေတယ်လို့လည်း ဆိုပါတယ်။ အစိုးရက အခုလို သစ်တုံးတွေကို ဖမ်းဆီးသိမ်းယူနိုင်ဖို့ ဥပဒေသတ် မှတ်ထားပေမယ့် ရွာသားတွေရဲ့ အဆိုအရတော့ အာဏာပိုင်တွေ ကို လာဘ်ပေးပြီး ဖြတ်သန်းသယ် ယူနိုင်ဆဲလို့ သိရပါတယ်။

၂၀၁၁ ကစလို့ မြန်မာနိုင်ငံ မှာ ကျွန်းသစ်၊ ပိတောက်နဲ့ သစ်မာ ပမာဏ အမြောက်အမြားဟာ တရားမဝင် ခုတ်လှဲပြီး ပြည်ပကို တင်ပို့နေခဲ့တာ ဖြစ်ပါတယ်။ သစ် လုံးအများစုကို စစ်ကိုင်းတိုင်း သစ်တောတွေထဲက ထုတ်ယူပြီး ဧရာဝတီ မြစ်ကြောင်းကနေတစ် ဆင့် ပို့ဆောင်ပါတယ်။ နောက် ဆုံးမှာတော့ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ကို ရောက်သွားလေ့ရှိ တယ်။

မြန်မာနိုင်ငံဟာ ၁၉၉၀ ပြည့် လွန်နှစ်တွေနဲ့ ယှဉ်ကြည့်ရင် သစ် တောဧရိယာ စုစုပေါင်း လေးပုံ တစ်ပုံလောက်ကို ဆုံးရှုံးခဲ့ပြီး ဖြစ် ပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်း တွေအရဆိုရင်တော့ မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တွေမှာ သစ်တောတွေ ဆုံးရှုံးမှု အဆိုးဆုံး ဖြစ်နေတယ်လို့ သိရပါ တယ်။ ပြီးခဲ့တဲ့ အစိုးရ လက်ထက် မှာတော့ သစ်တောပြုန်းတီးမှု အ ရှိန်အဟုန်က ပိုမြင့်တက်လာပြီး ၂၀၁၄ မှာတော့ ပြည်ပကို သစ်လုံး တွေ တရားဝင် တင်ပို့မှုကို တား ဆီး ပိတ်ပင်လိုက်ရပါတယ်။

‘‘သစ်ကုမ္ပဏီတွေက အများ အားဖြင့်တော့ ခွင့်ပြုထားတဲ့ ပမာ ဏထက် ပိုပြီး သစ်ခုတ်နေကြ တာပါပဲ’’ လို့ လယ်သမားတစ်ဦးနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး လှုပ်ရှားဆောင်ရွက်သူတစ် ဦးဖြစ်တဲ့ ကိုမင်းမင်းကဆိုတယ်။ သူဟာ တစ်ချိန်တုန်းက တရား မဝင်သစ်တွေ တင်ပို့မှု လုပ်ငန်း ခွင်မှာ ကိုယ်တိုင် အလုပ်လုပ်ခဲ့ဖူး ပါတယ်။

‘‘ကျွန်တော့် အတွေ့အကြုံ အရ ပြောရရရင်တော့ အစိုးရဟာ သစ်ကုမ္ပဏီတွေက သူတို့လိုချင် တဲ့ အရွယ်အစားအတိုင်း သစ်တွေ စိတ်ကြိုက်ခုတ်နေတာကို အစိုးရ က ဘယ်တုန်းကမှ အရေးယူခဲ့ တာမမြင်ဖူးဘူး’’ လို့လည်း သူက မှတ်ချက်ပေးတယ်။

စစ်ကိုင်းက သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှား သူ လေးယောက်လောက်ကတော့ အစိုးရရဲ့ ယာယီသစ်ထုတ် လုပ်ခွင့် တားမြစ်မိန့် ရှိနေပေမယ့် ပမာဏ အသေးစားနဲ့ သစ်ခုတ်မှုတွေကတော့ ဆက်ရှိနေ တုန်းပဲလို့ ပြောပါတယ်။ ဒါက လည်း နိစ္စဓူဝ တွေ့မြင်နေရတဲ့ ထရပ်ကားပေါ် တင်သွားတဲ့ သစ် လုံးတွေ အရေအတွက်ကို တွေ့ မြင်နေရတဲ့အပေါ် အခြေခံထား တဲ့ မှတ်ချက်ပါ။ ပြီးတော့ အခုက မြန်မာနိုင်ငံမှာ မိုးရာသီကျရောက် နေပါတယ်။ တရားမဝင်သစ်ခိုး ထုတ်သူတွေက ဒီကာလမှာ လုပ် ငန်း ရပ်ဆိုင်းထားတတ်ကြပါ တယ်။

သစ်ခိုးထုတ်သူတွေကို ဖမ်း ဆီးရမိရာမှာလည်း တပ်မတော် က အရာရှိတွေ ပါဝင်နေလေ့ရှိပါ တယ်။ တပ်မတော်ဟာ နိုင်ငံကို အုပ်ချုပ်နေမှု မရှိတော့ပေမယ့် ဩဇာကြီးမားနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ စစ်ကိုင်း မှာ စစ်ကားတစ်စီးနဲ့ သယ်ဆောင် လာတဲ့ ပိတောက်ခွဲသား သုံးတန် လောက်ကို ကြားဖြတ်ဖမ်းဆီးရ မိခဲ့ကြောင်း မီဒီယာတွေက ဖော် ပြခဲ့ပါသေးတယ်။

ဒီနှစ် နွေရာသီမှာတော့ AP ရဲ့ သတင်းထောက်တွေဟာ ရွှံ့ထူ နေတဲ့ လမ်းကြမ်းတွေမှာ ဂျစ်ကား တွေ၊ ဆိုင်ကယ်တွေနဲ့ နာရီပေါင်း ၂၀ လောက် ခရီးနှင်ခဲ့တဲ့နောက် စစ်ကိုင်းမြောက်ပိုင်းက ကျေးရွာ တွေဆီကို ရောက်ရှိခဲ့တယ်။ တ ရားမဝင် သစ်ထုတ်လုပ်သား ဟောင်းတွေ၊ ဒေသခံရွာသား တွေ၊ ဆင်ထိန်းတွေနဲ့ တွေ့ဆုံပြီး စကား ပြောဖြစ်ခဲ့ပါတယ်။ လူသူ အရောက်အပေါက် ခက်ခဲလွန်း တဲ့ နေရာမျိုးမှာတောင် တောင်နံရံ တွေ ကတုံးဖြစ်နေပြီး သစ်တော ဧရိယာတွေ ပြုန်းတီးနေတာကို တွေ့ခဲ့ရတယ်လို့ AP က ဆို တယ်။

သက်တမ်း ၁၀ နှစ်ဝန်းကျင် လောက်သာ ရှိဦးမယ့် ပင်ပျိုတချို့ က ပြိုလဲနေတဲ့ သစ်ပင်ဟောင်း ကြီးတွေနားမှာ ပေါက်ရောက်နေ တယ်။ မြေပေါ်လဲနေတဲ့ သစ်ပင် ကြီးတွေရဲ့ လုံးပတ်ကတော့ ပင်ပျို တွေနဲ့ မယှဉ်သာအောင် ကြီးမား နေပါတယ်။ ဒေသခံရွာသား အ နည်းငယ်လောက်ကတော့ သက် တမ်း ရင့် တောကြီးတွေကို တန်ဖိုး ထား ဖက်တွယ်ထားခဲ့ကြတယ်။ ဒါပေမဲ့ ဒီအသိုက်အဝန်းမှာတော့ အရေအတွက် အရမ်းနည်းပါ တယ်။

‘‘အရင်တုန်းကဆို အရမ်း တောထူတော့ ဒီဘက်ကိုလာဖို့ ကျွန်တော်တို့ ကြောက်နေတတ် ကြတယ်။ အခုတော့ကြည့်ပါဦး။ တောင်ကတုံးတွေ ဖြစ်ကုန်ပြီ။ သစ်ကြီးဝါးကြီး ဘာမှမရှိတော့ ဘူး။ သစ်ပင်အကြီးစားတွေ အ ကုန်လုံးကုန်ပြီ’’ လို့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှား သူ ကိုအောင်မိုးကျော်က ပြောပါ တယ်။

စစ်ကိုင်းတိုင်းမှာ သစ်ထုတ် လုပ်ငန်းတွေကို အစဉ်အလာအရ တော့ ဆင်တွေအသုံးပြုပြီး လုပ် ကိုင်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနေ့ ခေတ်မှာတော့ ဆင်တွေအသုံးပြု မှု ဆက်ရှိနေပေမယ့် ဧရာမစက် ယန္တရားကြီးတွေက ပိုပြီး အစား ထိုး နေရာယူလာနေပါပြီ။

‘‘တကယ်လို့ သစ်ထုတ်လုပ် ငန်းကို အစိုးရက တိုက်ရိုက်ကိုင် တွယ်ပြီး ဆင်တွေကိုပဲ သီးသန့် အသုံး ပြုနေမယ်ဆိုရင် သစ်တော ပြုန်းတီးမှုက ဒီလောက်ဆိုးမှာ မဟုတ်ဘူး’’ လို့ ဆင်ထိန်းတစ် ယောက်ဖြစ်တဲ့ ကိုသံလွင်က ပြောပါတယ်။

သူက ဆင်စခန်းမှာ ရှိနေတဲ့ ဆင်ခြောက်ကောင်အနက် နှစ် ကောင်က ငါးတန်လောက် အ လေးချိန်ရှိမယ့် ခုတ်လှဲထားတဲ့ သစ်တုံးတစ်တုံးကို ဆွဲယူနေတာ ကို စိတ်လိုလက်ရ လိုက်ပြတယ်။

‘‘သစ်လုပ်ငန်း ကုမ္ပဏီတွေ ကတော့ သူတို့လိုချင်သလောက် သစ်အရေအတွက်ကို စိတ်တိုင်း ကျ ခုတ်ယူကြတာပါပဲ’’ လို့လည်း သူက ရှင်းပြတယ်။

သိပ်မကြာသေးခင်တုန်းက စစ်ကိုင်းတိုင်း တစ်နံတစ်လျားမှာ တရားမဝင် ခုတ်ယူသွားတဲ့ သစ် တွေက ဒေါ်လာသန်းပေါင်း အ တော်များများ တန်ဖိုးရှိခဲ့ပါလိမ့် မယ်။ AP သတင်းအဖွဲ့ မြင်လိုက် ရတာကတော့ သစ်အများစုဟာ Rosewood တွေ ဖြစ်ကြပြီး တရုတ်တွေ သိပ်မက်မောတဲ့ သစ် အမျိုးအစားလို့ ဆိုပါတယ်။ ဒီ သစ်တွေဟာ သဘာဝအရ နီမြန်း တဲ့ အရောင်မျိုး ရှိနေတယ်။

လေ့လာသူတွေကတော့ ဒီ သစ် အမျိုးအစားဟာ ၂၀၁၅ နှောင်း ပိုင်းကစလို့ မှောင်ခိုသမား တွေဆီမှာ အစိုးရက အများဆုံး ဖမ်းဆီးရမိတဲ့ သစ်တွေလို့ ပြောပါ တယ်။ ဒါပေမဲ့ တရားမဝင်သစ် ခုတ်သူတွေကတော့ သက်ဆိုင် ရာ အာဏာပိုင်အဖွဲ့အစည်းတွေ ကို လာဘ်ငွေပေးပြီး ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သစ်တွေကို ပြန်ထုတ်ယူသွားနိုင်တယ်လို့လည်း ဆိုတယ်။

AP ရဲ့ သတင်းအဖွဲ့ဟာ ကသာမြို့ပြင်မှာ သစ်ခုတ်သမား တွေက သစ်ပင်တွေကို ခုတ်လှဲ နေတာ မျက်မြင်တွေ့ခဲ့ပါသေး တယ်။ ကသာဟာ စစ်ကိုင်းတိုင်း ထဲမှာ တည်ရှိပြီး သစ်လုံးတွေ သယ်ယူ ပို့ဆောင်တဲ့ လုပ်ငန်းရဲ့ ဗဟိုချက်နေရာတစ်ခုလို ဖြစ်နေ တယ်။ AP သတင်းအဖွဲ့နဲ့အတူ လိုက်ပါသွားတဲ့ သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး လိုလားလှုပ် ရှားသူ တစ်ယောက်က အခုလို သစ်ခုတ်နေတာဟာ တရားမဝင် ဘူးလို့ ပြောပါတယ်။ အဲဒီနောက် မှာတော့ သစ်တောဌာန တာဝန်ရှိ သူတွေနဲ့ ဆက်သွယ်ခဲ့တဲ့အခါ သစ်ခုတ်သမားတွေကို ဌာနက ဖမ်းဆီးပြီး သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းယူထားလိုက်ပါတယ်။

သစ်ခွဲတဲ့ လုပ်ငန်းကိုတော့ အနီးဆုံး ကျေးရွာနဲ့တောင် အ တော်ကြီး အလှမ်းဝေးတဲ့ တောင် ခြေတစ်နေရာမှာ နေရာချထား တာပါ။ တရားမဝင်တင်ပို့တဲ့ နေရာမှာ သစ်လုံးအကြမ်းထည် နဲ့ သစ်ခွဲသားတွေအပေါ် ဥပဒေရဲ့ အရေးယူမှုကတောင် မတူပါဘူး။ ဒီတော့ သစ်ခွဲလုပ်ငန်းကိုလည်း ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင် ကြရလေ့ ရှိတယ်။

ဒေသခံရွာသားတွေက တော့ တရားမဝင် သစ်ခွဲလုပ်ငန်း တွေအကြောင်း သတင်းစုံစမ်းသိ ရှိလာရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေဆီ လက်ဆင့်ကမ်း အသိပေးတတ် ကြပါတယ်။ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး လှုပ်ရှားနေသူ တွေရယ်၊ သတင်းထောက်တွေ ရယ် သူတို့လုပ်ငန်းခွင်ဆီ ရောက် သွားတဲ့ အချိန်မှာ သစ်ခုတ်အ ဖွဲ့ ခေါင်းဆောင်က စိတ်လှုပ်ရှား တုန်လှုပ်နေပုံပေါ်တယ်။ သစ်လုံး တွေ ဘယ်ကရလာသလဲ မေးတဲ့ အခါ သူက အစ်ကိုဖြစ်သူက အ သုံးမလိုတော့တဲ့ သစ်တွေကို ပေး သွားတာဖြစ်ကြောင်း၊ ဒီသစ်တွေ ကိုလည်း အိမ်ဆောက်ဖို့အတွက် ပဲ အသုံးပြုမှာဖြစ်ကြောင်း ဖြေ ရှင်းချက်ပေးပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တရား မဝင် သစ်ခုတ်မှုတွေကို တိုက်ဖျက် ဖို့ အကူအညီ ပေးနေတဲ့ ဥရောပ သမဂ္ဂ သစ်တောဆိုင်ရာ တရား ဥပဒေစိုးမိုးရေး၊ စီမံထိန်းသိမ်းရေး နဲ့ ကုန်သွယ်ရေးအဖွဲ့လက်အောက် မှာ အလုပ်လုပ်နေတဲ့ ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး လှုပ်ရှားသူတွေက ခွဲသားသစ် တွေဟာ ကသာကနေတစ်ဆင့် ဧရာဝတီ မြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်း တွေကို ပို့ဆောင်လေ့ရှိတယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ တော့ မြန်မာနဲ့ နယ်နိမိတ်ထိစပ် နေတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း ယူနန်ဒေသကို ရောက်သွားလေ့ ရှိတယ်။ လာဘ်ငွေ ဖောဖောသီသီ အသုံးပြုလိုက်တဲ့အခါ တရားဝင် စစ်ဆေးရေး ဂိတ်တွေကို အဲဒီသစ် လုံးတွေ အေးအေးလူလူပဲ ကျော် ဖြတ်သွားနိုင်တယ်လို့လည်း ဆို တယ်။

ကိုမင်းမင်းက တစ်ခါက သူ ကျင်လည်ခဲ့ဖူးတဲ့ သစ်မှောင်ခို လုပ်ငန်း အတွေ့အကြုံကို ပြော ပြပါတယ်။ စစ်ဆေးရေး ဂိတ် တစ်ခုကို သူရောက်သွားချိန်မှာ သစ်လုပ်ငန်းရှင်ဟောင်းတစ် ယောက်က ရဲတွေနဲ့ သစ်တော ရေးရာဌာန အရာရှိတွေကို လာဘ် ငွေပေးဖို့ ညှိထားပါတယ်။ ကိုမင်း မင်းတို့ရဲ့ သစ်လုံးတင်ထရပ်ကား ရောက်သွားချိန်မှာ ဂိတ်က အဲဒီအ ရာရှိက စစ်ဆေးမေးမြန်းတာတွေ ဘာမှမလုပ်ဘဲ မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာခွင့်ပေးခဲ့တယ်။

‘‘လာဘ်ငွေပေးထားတော့ အဲ ဒီအရာရှိတွေက ကျွန်တော်တို့ကို အကာအကွယ်ပေးတယ်။ တစ်ခါ တလေဆိုရင် ထရပ်ကားပေါ်မှာ တောင် လိုက်လာပြီး နောက်ဆုံး ခရီးဆုံးမယ့် နေရာထိ ကျွန်တော် တို့ကို ညွှန်ပြတတ်သေးတာ’’ လို့ သူက ရှင်းပြတယ်။

သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာန ညွှန်  ကြားရေးမှူး ဦးမျိုးမင်းကတော့ အ စိုးရဟာ အကျင့်ပျက်မှုတွေကို တိုက်ဖျက်ဖို့ အစွမ်းကုန် အား ထုတ်နေတယ်လို့ ပြောပါတယ်။

‘‘တစ်ဦးတစ်ယောက်ချင်း လာဘ်စားတဲ့ ကိစ္စတွေကတော့ အတော်များများ ရှိနေတယ်။ ဒါပေမဲ့ သစ်တောဦးစီးဌာနက ဝန်ထမ်း အားလုံး အကျုံးဝင်နေတာတော့ မဟုတ်ပါဘူး။ အတိတ်က လာဘ် ငွေယူတဲ့ ဝန်ထမ်းတွေကို ကျွန် တော်တို့ ဖော်ထုတ်အရေးယူခဲ့ပါ တယ်။ အခုလည်း ဒီအရေးယူမှု တွေ ဆက်လုပ်နေဆဲပါ’’ လို့ သူ က ဆိုတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လည်း သစ်တောဦးစီးဌာနမှာ လာဘ်ယူမှုတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စကို စုံစမ်းနေပါတယ်။

ဦးမျိုးမင်းကတော့ ဌာနအ နေနဲ့ ကသာက ဝန်ထမ်းတချို့ကို အရင်တုန်းက အရေးယူဖူးတာ တွေ ရှိခဲ့ဖူးကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဒေသဆိုင်ရာ ဌာနခွဲ ညွှန် ကြားရေးမှူး ဦးစိုးတင့်ကတော့ ဌာန အရာရှိတွေဟာ တရားမဝင် သစ်ခိုးထုတ်သူတွေနဲ့ ပူးပေါင်း အလုပ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေကို ငြင်းဆိုပါတယ်။

‘‘တရုတ်တွေက သစ်မာတွေ ကို တောင်းဆိုလွန်းတော့ လုပ် ငန်းရှင်တွေဘက်မှာတော့ တရားမဝင် သစ်ခုတ်သမားတွေနဲ့ ပူး ပေါင်းဆောင်ရွက်တာမျိုး ရှိကောင်း ရှိလိမ့်မယ်’’ လို့ သူက ပြောတယ်။

မေးခွန်းကတော့ မြန်မာနိုင်ငံ မှာ သစ်မှောင်ခိုလုပ်ငန်း ဘယ် လောက် ကြီးမားနေပြီလဲဆိုတာ ပါပဲ။ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အ တွင်း အကြမ်းအားဖြင့် သစ်မာတွေ တင်ပို့မှုကနေ ဒေါ်လာ ၂ ဒသမ ၈၃ ဘီလီယံလောက် ရရှိခဲ့တယ် လို့ တရားဝင် စာရင်းတွေက ဖော်

ပြထားတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ရဲ့ အဓိကကုန်သွယ်ဖက်တွေက တော့ မြန်မာနိုင်ငံက သစ်တွေ တင်ပို့မှုဟာ ဒေါ်လာ ၅ ဒသမ ၅၇ ဘီလီယံဖိုးလောက် ရှိတယ် လို့ ပြောပါတယ်။ ဒီတော့ တရား မဝင် သစ်မှောင်ခိုလုပ်ငန်းတွေ က တိုင်းပြည်ဘဏ္ဍာ ၂ ဒသမ ၇၄ ဘီ လီယံလောက်ကို နစ်နာဆုံးရှုံးစေ ခဲ့တဲ့ သဘောပါပဲ။ သစ်ခွဲလုပ် ငန်းတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ မှတ်တမ်းမှတ်ရာမျိုးတွေလည်း ရှိမနေဘူး။

အိန္ဒိယနဲ့ တရုတ်တို့ကတော့ မြန်မာ့သစ်တွေကို အဓိကတင် သွင်းတဲ့ နိုင်ငံတွေပါ။ ၂၀၁၁ က နေ ၂၀၁၅ ခုနှစ် အတောအတွင်း အဲဒီနှစ်နိုင်ငံက မြန်မာ့ကျွန်းသစ်နဲ့ Rosewood တွေကို တခြား ကမ္ဘာ့ နိုင်ငံ အားလုံးပေါင်းထက် ခြောက် ဆလောက် မှာယူတင်သွင်းခဲ့ တယ်လို့ သိရပါတယ်။

‘‘တရားမဝင် သစ်ခုတ်တဲ့သူ အများစုကတော့ သစ်လုံးတွေကို ကချင်ပြည်နယ်က တစ်ဆင့် တရုတ်ကို တင်ပို့ကြတာပါပဲ’’ လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က မခွန်ဂျာက ပြောပါတယ်။

‘‘တရားမဝင် သစ်ခုတ်သူ တွေက တပ်မတော်အရာရှိတွေနဲ့ အရပ်ဘက်အရာရှိတွေကို ဘယ် လိုဘယ်ပုံ လာဘ်ငွေပေးပြီး တရား မဝင်သစ်တွေကို ဖြတ်သန်းသယ် ယူနေကြတယ်ဆိုတာ ကျွန်တော် တို့ မျက်မြင်ပဲလေ။ နိုင်ငံအတွက် ဘယ်လောက်တောင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်မလဲဆိုတာ ပြောပြစရာ မလိုပါဘူး။ သိပ်ကို တန်ဖိုး ရှိတဲ့ သဘာဝသယံဇာတတွေကို ဈေးပေါပေါနဲ့ ရောင်းနေကြတာ ပါ’’ လို့လည်း သူက ဆိုပါတယ်။

၂၀၁၀ ကနေ ၂၀၁၅ ခုနှစ် အတောအတွင်း မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ သစ်တောဆုံးရှုံး မှု တတိယအများဆုံး နိုင်ငံဖြစ်လာ တယ်။ အဲဒီအတောအတွင်း တစ် နှစ်ကို သစ်တောမြေဟက်တာ ၅၄၆,၀၀၀ (စတုရန်းမိုင် ၂,၁၀၀) လောက် ဆုံးရှုံးခဲ့တယ်လို့ ကုလ သမဂ္ဂက စားနပ်ရိက္ခာနဲ့ စိုက်ပျိုး ရေး အဖွဲ့ကြီးက ကြေညာခဲ့ပါ တယ်။ ၂၀၁၁ မှာတော့ တပ်မ တော် အစိုးရ အာဏာစွန့်လွှတ်ပြီး တပ်မတော်က ကျောထောက် နောက်ခံ ပြုထားပြီး ဦးသိန်းစိန်ဦး ဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရက ၂၀၁၆ ထိ တာဝန်ယူ အုပ်ချုပ်ခဲ့ပါ တယ်။

ဦးသိန်းစိန်ရဲ့ အစိုးရဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ် ငန်းစဉ်တွေ အတော်များများ အစပြုခဲ့ပြီး မြန်မာနိုင်ငံကို ဆယ် စုနှစ်များစွာ နိုင်ငံတကာ အသိုက် အဝန်းနဲ့ ကင်းကွာမှုကို ဖယ်ရှား နိုင်ဖို့ အကူအညီ ပေးခဲ့တဲ့အတွက် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဆက်ဆံရေး ပွင့်လင်းလာ မှုရဲ့ သိသာတဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ သယံဇာတ ရင်းမြစ် တွေကို ကိုယ်ကျိုးရှာထုတ်ယူသုံး စွဲဖို့ ပိုပြီး လွယ်ကူလာတာပါပဲ။

‘‘ဦးသိန်းစိန် အစိုးရ လက် ထက်ကတော့ အဆိုးဆုံးပေါ့လေ’’ လို့ စစ်ကိုင်းတိုင်းက ရှေ့နေတစ် ဦးဖြစ်တဲ့ ဦးသန်းလှိုင်က မှတ် ချက်ပေးတယ်။

‘‘အစိုးရကိုယ်တိုင်က စီးပွား ရေး လုပ်ငန်းရှင်တွေနဲ့ ပေါင်းနေရ တာကိုး။ အဲဒီတုန်းက တရားမဝင် သစ်ခုတ်လုပ်ငန်းတွေက ဒေသ တစ်ခုလုံး အရမ်းကျယ်ပြန့်နေခဲ့ တာ’’ လို့ သူက ဆိုတယ်။

၂၀၁၄ ကစလို့ အစိုးရဟာ သစ်ရိုင်းတုံးတွေ ပြည်ပတင်ပို့မှု ကို တားမြစ်ပိတ်ပင်ပြီး သစ်တော တွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစား လာပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဦးဆောင်မှုနဲ့ အာဏာရ လာတဲ့ အစိုးရသစ်ကတော့ မေလ အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ သစ်ခုတ်မှုကို ဒီနှစ် ဘဏ္ဍာရေးနှစ်အတွက် တားမြစ် ထားကြောင်း သတ်မှတ်ကြေ ညာခဲ့တယ်။ ဘဏ္ဍာရေးနှစ်တစ် နှစ်ဟာ မတ်လ ၃၁ ရက်မှာ အ ဆုံးသတ်ပါတယ်။

ကသာမြို့က သစ်တောဦးစီး ဌာနရဲ့ ခြံဝင်းကတော့ အခုလော လောဆယ် ထရပ်ကားတွေ၊ ဘတ်စ် ကားတွေ၊ ဗင်ကားတွေနဲ့ စုပုံနေ ပါတယ်။ အဲဒီကားတွေဟာ ပြီးခဲ့ တဲ့နှစ် နှောင်းပိုင်းလောက်ကစလို့ အစိုးရက တရားမဝင်သစ်ခိုး ထုတ်သူတွေဆီက ဖမ်းဆီးသိမ်း ယူထားတာတွေ ဖြစ်ပါတယ်။

သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူး ဦးမျိုးမင်းကတော့ ဧပြီကနေ ပြီးခဲ့တဲ့လအထိ အစိုးရ အနေနဲ့ တရားမဝင်ခုတ်ယူထား တဲ့ သစ်တန်ချိန် ၁၆,၀၀၀ ကျော် ကို ဖမ်းဆီးရမိထားပြီလို့ ပြောပြ ပါတယ်။ အစိုးရသစ်တက်လာပြီး တဲ့ နောက်ပိုင်း သစ်ခိုးထုတ်မှု ၁,၀၀၀ ကျော်ကို ဖော်ထုတ်ထား နိုင်ပြီလို့လည်း ဆိုတယ်။ အစိုးရ ဟောင်း လက်ထက်က ဒီလုပ်ငန်း စဉ်တွေကို အစပြုခဲ့ပြီး လက်ရှိအ စိုးရက ဆက်လက်အကောင်အ ထည်ဖော်နေတာ ဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ ဘဏ္ဍာရေးနှစ်ထဲမှာတော့ စုစုပေါင်း တရားမဝင်သစ်တန် ချိန် ၃၀,၀၀၀ ကျော်ကို ဖမ်းဆီးရမိ ခဲ့ပြီး အမှုပေါင်း ၂,၂၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း သိ ရပါတယ်။

အနည်းဆုံးတော့ အဲဒီအမှု ကျူးလွန်ကြသူတွေထဲက တချို့ သော တရားမဝင် သစ်ခုတ်သူတွေ ကို စွဲချက်တင်နိုင်ခဲ့တယ်။ အဲဒီထဲ ကမှ ထောင်ကလွတ်ပြီး ဝန်းသိုကို ရောက်ရှိနေသူ တစ်ယောက်ကို AP သတင်းအဖွဲ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူက ထောင် ထဲမှာ လေးလလောက် နေခဲ့ရ တယ်။

အစိုးရက တရားမဝင် သစ်ခိုး ထုတ်မှုတွေကို အင်နဲ့အားနဲ့ တိုက် ဖျက်ဖို့ လိုလားပေမယ့် လာဘ် ပေးလာဘ်ယူမှု၊ အကျင့်ပျက်မှု တွေက အတားအဆီး အဟန့်အ တားအဖြစ် ရှိနေဆဲပါ။

‘‘တကယ်တော့ တရားမဝင် သစ်ခိုးထုတ်သူတွေဟာ သိပ်တော် ပြီး ပရော်ဖက်ရှင်နယ် ဆန်တယ် လို့ ပြောရမယ်။ ဒါကလည်း ဒီလုပ် ငန်းမှာ သူတို့က အကြာကြီး အ တွေ့အကြုံ ရှိနေပြီးသားကိုး’’ လို့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ဦးဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးမင်းနောင်က မှတ်ချက်ပေးခဲ့တယ်။

‘‘တရားမဝင် သစ်တွေကို ဘယ်အချိန်ကျရင်၊ ဘယ်နေရာ ကို ဘယ်လိုပို့ရမလဲ ဆိုတာကို သူတို့ ကောင်းကောင်းသိတယ်။ အစိုးရ ရဲ့ ပျော့ကွက်ကို သေချာ နားလည်ထားတယ်။ အဖမ်းမခံ ရအောင် ဘယ်လိုရှောင်လို့ လွတ် မလဲ ဆိုတာကိုလည်း သိကြတယ် လေ’’ လို့လည်း သူက မှတ်ချက် ပေးခဲ့တယ်။

ဒါ့အပြင် တချို့သော ဌာန ဆိုင်ရာ ဝန်ထမ်းတွေက လာဘ်ငွေ နည်းနည်းပဲ ပေးတာကိုတောင် လက်ခံနေကြတယ်လို့ ပြောပါ သေးတယ်။ ဒီအပိုင်းကို သစ်တော ဦးစီးဌာနက ထိထိရောက်ရောက် တင်းကျပ်နိုင်စွမ်း မရှိသေးဘူး။

‘‘တရားမဝင် သစ်ခုတ်နေတဲ့ နေရာတွေကို ဝင်ဖမ်းဆီးဖို့ လုံ လောက်တဲ့ လူအင်အားမရှိသေး ဘူး။ ပြီးတော့ ဌာနက ဝန်ထမ်း တွေအတွက် ဒါမျိုးကလည်း အင် မတန် အန္တရာယ်များတယ်။ သူတို့ ဆီမှာ ဘောပင်ပဲရှိတာ။ ဘာလက် နက်မှ မရှိဘူး’’ လို့ ဦးမင်းနောင် က ဆိုတယ်။

သိပ်မကြာခင်ကပဲ စစ်ကိုင်း မှာ သစ်တောဝန်ထမ်းတစ်ဦးဟာ တရားမဝင် သစ်ခုတ်သူတွေ လက် ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ပါ တယ်။

‘‘ဒီလိုကိစ္စမျိုးကို ကျွန်တော် တို့ ဘာမှလုပ်လို့ မရဘူး။ ကျွန်တော်တို့ ဝန်ထမ်းတစ်ယောက် အ ခုလို ဖြစ်ပျက်သွားတာကို အရမ်း ဝမ်းနည်းတယ်။ ဒါပေမဲ့ ကျွန်တော် တို့ သူ့ကို အကာအကွယ် မပေးနိုင် ခဲ့ဘူး’’ လို့ ဦးမင်းနောင်က ဖွင့်ဟ ပါတယ်။

သစ်တောအရာရှိ တစ်ဦးဖြစ် တဲ့ ဦးစိုးတင့်ကတော့ စစ်ကိုင်းမှာ ဒီလို သတ်ဖြတ်မှုမျိုးက ပထမဆုံး ဖြစ်ပေမယ့် အရင်ကတည်းက သူ့ ရဲ့ ဌာနဝန်ထမ်းတွေကို သစ်မှောင် ခိုသမားတွေက ခြိမ်းခြောက်မှုမျိုး တွေ ရှိခဲ့ဖူးကြောင်း ဝန်ခံပါတယ်။ ဒါကြောင့် ရဲအစောင့်အရှောက် အကူအညီကိုပါ တောင်းခံရတတ် ကြောင်းလည်း သူက ပြောပြ တယ်။

ဒေသခံ ရွာသားတွေဟာ တရားမဝင် သစ်ခိုးထုတ်တဲ့ လုပ် ငန်းတွေမှာ ပါဝင်ဆောင်ရွက်မှု ရှိတတ်ပေမယ့် ဒီလုပ်ငန်းက ရရှိ လာတဲ့ အကျိုးအမြတ်တွေက တော့ ဆင်းရဲသား ဒေသခံတွေနဲ့ လားလားမှ မဆိုင်ပါဘူး။ ပြီးတော့စစ်ကိုင်းတိုင်းမှာ လာရောက်အ ခြေစိုက်နေတဲ့ တရားမဝင်သစ် ခုတ်လုပ်ငန်း အကြီးစားတွေက ဒေသတွင်းက မဟုတ်ကြဘူး။

အာရှရဲ့ အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတစ်ခုဖြစ်တဲ့ စံနှုန်းနဲ့ ယှဉ်ရင်တောင် စစ်ကိုင်းတိုင်းမြောက် ပိုင်းဟာ မြန်မာနိုင်ငံရဲ့ တခြား ဒေသတွေထက် ပိုပြီးခေါင်ပါသေး တယ်။ လမ်းတွေက အရမ်းဆိုးပြီး ပုံမှန်သွားလာဖို့ ဘယ်လိုမှအဆင် မပြေဘူး။ ကျေးရွာအများစုက လယ်ယာလုပ်ငန်းကို အလွန်အ ကျွံ မှီခိုနေရတယ်။ ဒါပေမဲ့ ဆည် ရေပေးစနစ် အထောက်အပံ့ လည်း မရတော့ စိုက်ပျိုးရေးရာသီ မဟုတ်ရင် အစားအသောက် ရိက္ခာအတွက် တောတွေကိုပဲ မှီခိုရတယ်။

ရွာသူရွာသားအများစုဟာ မူလတန်းအဆင့် အတန်းပညာ လောက်ပဲ နီးစပ်တယ်။ ဒီထက် ပိုပြီး အဆင့်မြင့်တဲ့ ပညာရေးဆို တာ ကလေးတွေအတွက် မေး ခွန်းထုတ်စရာ မလိုတော့တဲ့ ကိစ္စ မျိုးပါ။

‘‘တရားမဝင် သစ်ခိုးထုတ် သူတွေကို တားဆီးဖို့ဆိုတာဟာ ကျွန်တော်တို့အတွက် အမြဲတမ်း အခက်ကြုံရတဲ့ ကိစ္စပါ။ သူတို့ ဟာ ရာထူးအဆင့်ဆင့်က ဌာနဆိုင် ရာ အရာရှိတွေနဲ့ ကောင်းကောင်း အပေးအယူ လုပ်ထားတယ်။ ဒီ လုပ်ငန်းကနေ သူတို့တွေ အကျိုး အမြတ် ခံစားကြရတယ်။ တော တွေနားမှာ မှီတင်းနေထိုင်ရတဲ့ ဒေ သခံ ရွာသူရွာသားတွေကတော့ အင်မတန် ဆင်းရဲကြရှာတယ်’’ လို့ ကိုအောင်မိုးကျော်က ပြောပါ တယ်။

တစ်ချိန်တည်းမှာပဲ အခုဆို ရင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေက တရားမဝင် သစ်ခိုး ထုတ်မှုကို အလေးထားရမယ့် ပြဿနာ တစ်ရပ်အဖြစ် ရှုမြင် လာခြင်းဟာ တိုးတက်မှု တစ်ရပ် အဖြစ် သူက ယူဆပါတယ်။

‘‘တကယ်လို့ အစိုးရသစ်က ဒီသစ်တောတွေကို နှစ်အနည်း ငယ်လောက်ပဲ အကာအကွယ် ပေးနိုင်တယ် ဆိုဦးတော့၊ ဒီသစ် တောတွေ ဆက်ပြီးရှင်သန်ရပ် တည်ဖို့ စစ်မှန်တဲ့ အခွင့်အရေး တစ်ရပ်ကို ဖန်တီးပေးရာ ရောက် ပါလိမ့်မယ်’’ လို့လည်း သူက ပြောပါတယ်။

(AP သတင်းဌာနမှ Esther Htusan ၏ Myanmar forest-cutting continues despite government efforts ဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)



ဖိုးသူတော် (www.phothutaw.com)
Credit:အေပီ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top