Property Expo
×

       အေပ်ာ္ခရီးထြက္မႈေၾကာင့္ အိမ္ ေထာင္မ်ား ၿပိဳကဲြေနေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပလိုက္ၿပီ ျဖစ္သည္။

          ေႏြရာသီႏွင့္ ေဆာင္းရာသီ အားလပ္ရက္မ်ား ၿပီးေနာက္တြင္ ကြာရွင္းျပတ္စဲမႈႏႈန္း ျမင့္တက္လာတတ္ေၾကာင္း သုေတသန ပညာရွင္မ်ား က ေျပာဆုိခဲ့သည္။ အားလပ္ရက္ အေပ်ာ္ခရီးထြက္မႈမ်ားသည္ ထင္ထားသေလာက္ ေပ်ာ္စရာမေကာင္းျခင္းႏွင့္ အေပ်ာ္ခရီးထြက္ရာတြင္ သတ္မွတ္ထားသည့္ ေငြေၾကးပမာဏထက္ ပိုမုိကုန္က်ျခင္း တို႔ေၾကာင့္ ဇနီးေမာင္ႏွံမ်ားၾကား အခ်င္းမ်ားကာ ကြာရွင္းမႈမ်ား ျပဳလုပ္ၾကျခင္း ျဖစ္ေၾကာင္း ၀ါရွင္တန္ တကၠသိုလ္မွ လူမႈေဗဒပညာရွင္ ပါေမာကၡဂ်ဴလီ ဘရင္းစ္က ေျပာဆုိခဲ့သည္။

          လူမ်ားသည္ ယခင္ႏွစ္မ်ားတြင္ အားလပ္ရက္ေၾကာင့္ စိတ္ပ်က္ခဲ့ရၿပီး ျဖစ္ေသာ္လည္း လာမည့္ အားလပ္ရက္ အပန္းေျဖမ်ား အေပၚ ေမွ်ာ္လင့္ခ်က္မ်ားစြာ ထားရွိတတ္ၾကေၾကာင္း ပါေမာကၡဘရင္းစ္က ေျပာသည္။ ပါေမာကၡဘရင္းစ္ႏွင့္ လုပ္ေဖာ္ကိုင္ဖက္ ဘ႐ိုင္ယန္ ဆဲရာဖီနီတို႔သည္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အတြင္း ၀ါရွင္တန္တြင္ ကြာရွင္းျပတ္စဲလိုေၾကာင္း ေလွ်ာက္ထားမႈမ်ားကို ေလ့လာခဲ့ျခင္း ျဖစ္သည္။

          ကြာရွင္းျပတ္စဲလိုေၾကာင္း ေလွ်ာက္ထားမႈသည္ ေဆာင္းႏွင့္ေႏြရာသီအားလပ္ရက္မ်ား ၿပီးေနာက္ ကာလမ်ား ျဖစ္သည့္ မတ္ႏွင့္ ၾသဂုတ္တို႔တြင္ အျမင့္မ်ားဆံုး ရွိခဲ့ေၾကာင္း ပညာရွင္မ်ား ေတြ႕ရွိခဲ့သည္။ ခရစၥမတ္ အားလပ္ရက္မ်ား၏ ေနာက္ဆက္တဲြ အက်ဳိးဆက္ေၾကာင့္ မတ္တြင္ ကြာရွင္းျပတ္စဲမႈႏႈန္း ျမင့္တက္ခဲ့ရျခင္း ျဖစ္သည္။

          ခရစၥမတ္ေၾကာင့္ ေငြေၾကးမ်ားစြာ ကုန္က်ခဲ့ရျခင္းႏွင့္ ေအးျမေသာ ေန႔ရက္မ်ားေၾကာင့္ လူမ်ားသည္ အိမ္ေထာင္ကို အဆုံးသတ္ရန္ အစီအစဥ္ကို ေႏြဦးအထိ ေရႊ႕ဆုိင္းထားတတ္ၾကသည္။ ေႏြဦးရက္ရွည္မ်ားတြင္ လူမ်ားသည္ ဘ၀သစ္စရန္ ဆံုးျဖတ္တတ္ၾကသည္။ ထို႔ျပင္ေႏြဦးတြင္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈႏႈန္းလည္း ျမင့္တက္ခဲ့သည္။

          အလုပ္အကိုင္မဲ့မႈႏွင့္ အိမ္ၿခံေျမ ေစ်းကြက္ အေျခအေနတို႔ကို ထည့္တြက္ၿပီးလွ်င္ေတာင္ ရာသီအလိုက္ ကြာရွင္းမႈႏႈန္းမွာ ေျပာင္းလဲျခင္း မရွိေၾကာင္း ပညာရွင္မ်ားက ေျပာဆိုခဲ့သည္။       

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

       အပျော်ခရီးထွက်မှုကြောင့် အိမ်ထောင်များ ပြိုကွဲနေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။

          နွေရာသီနှင့် ဆောင်းရာသီ အားလပ်ရက်များ ပြီးနောက်တွင် ကွာရှင်းပြတ်စဲမှုနှုန်း မြင့်တက်လာတတ်ကြောင်း သုတေသန ပညာရှင်များ က ပြောဆိုခဲ့သည်။ အားလပ်ရက် အပျော်ခရီးထွက်မှုများသည် ထင်ထားသလောက် ပျော်စရာမကောင်းခြင်းနှင့် အပျော်ခရီးထွက်ရာတွင် သတ်မှတ်ထားသည့် ငွေကြေးပမာဏထက် ပိုမိုကုန်ကျခြင်း တို့ကြောင့် ဇနီးမောင်နှံများကြား အချင်းများကာ ကွာရှင်းမှုများ ပြုလုပ်ကြခြင်း ဖြစ်ကြောင်း ဝါရှင်တန် တက္ကသိုလ်မှ လူမှုဗေဒပညာရှင် ပါမောက္ခဂျူလီ ဘရင်းစ်က ပြောဆိုခဲ့သည်။

          လူများသည် ယခင်နှစ်များတွင် အားလပ်ရက်ကြောင့် စိတ်ပျက်ခဲ့ရပြီး ဖြစ်သော်လည်း လာမည့် အားလပ်ရက် အပန်းဖြေများ အပေါ် မျှော်လင့်ချက်များစွာ ထားရှိတတ်ကြကြောင်း ပါမောက္ခဘရင်းစ်က ပြောသည်။ ပါမောက္ခဘရင်းစ်နှင့် လုပ်ဖော်ကိုင်ဖက် ဘရိုင်ယန် ဆဲရာဖီနီတို့သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဝါရှင်တန်တွင် ကွာရှင်းပြတ်စဲလိုကြောင်း လျှောက်ထားမှုများကို လေ့လာခဲ့ခြင်း ဖြစ်သည်။

          ကွာရှင်းပြတ်စဲလိုကြောင်း လျှောက်ထားမှုသည် ဆောင်းနှင့်နွေရာသီအားလပ်ရက်များ ပြီးနောက် ကာလများ ဖြစ်သည့် မတ်နှင့် သြဂုတ်တို့တွင် အမြင့်များဆုံး ရှိခဲ့ကြောင်း ပညာရှင်များ တွေ့ရှိခဲ့သည်။ ခရစ္စမတ် အားလပ်ရက်များ၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မတ်တွင် ကွာရှင်းပြတ်စဲမှုနှုန်း မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။

          ခရစ္စမတ်ကြောင့် ငွေကြေးများစွာ ကုန်ကျခဲ့ရခြင်းနှင့် အေးမြသော နေ့ရက်များကြောင့် လူများသည် အိမ်ထောင်ကို အဆုံးသတ်ရန် အစီအစဉ်ကို နွေဦးအထိ ရွှေ့ဆိုင်းထားတတ်ကြသည်။ နွေဦးရက်ရှည်များတွင် လူများသည် ဘဝသစ်စရန် ဆုံးဖြတ်တတ်ကြသည်။ ထို့ပြင်နွေဦးတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းလည်း မြင့်တက်ခဲ့သည်။

          အလုပ်အကိုင်မဲ့မှုနှင့် အိမ်ခြံမြေ ဈေးကွက် အခြေအနေတို့ကို ထည့်တွက်ပြီးလျှင်တောင် ရာသီအလိုက် ကွာရှင်းမှုနှုန်းမှာ ပြောင်းလဲခြင်း မရှိကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။       


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger






 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top