Property Expo
×






 #Unicode Version

ကိုယ်တိုင်သွားစီးဖို့ မဟုတ်ရင်တောင်…. ကြည့်လိုက်တာနဲ့တင် အသည်းတယားယားဖြစ်စေမယ့် ကမ္ဘာ့အမြင့်ဆုံး ဒန်းစီးခုံတွဲတစ်ခု ကို ဥရောပနိုင်ငံ၊ အန်မ်စတာဒန်မှာ တည်ဆောက်ခဲ့တယ်လို့ သိရပါ တယ်။

အမြင့်ပေ ၁၀၀ မီတာကျော်တဲ့ အထပ်မြင့် ၂၂ ထပ်အဆောက် အ အုံ အစွန်းမှာ ချိတ်ဆွဲထားတဲ့ ဒန်းစီးခုံတွဲကို ကမ္ဘာ့လှည့်ခရီးသည် တို့ စီးနင်းနိုင်ဖို့ ဖန်တီးတည်ဆောက်ပေးလိုက်တာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ရှဲလ်တာဝါကို အနုပ ညာဖန်တီးရှင်တစ်ဦးက ၂၀၁၄ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး အန်မ်စတာဒန် ဂီတနဲ့ အကပြခန်းအဆောက်အအုံအဖြစ် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါ တယ်။

လူနှစ်ယောက်သာ စီးနင်းနိုင်တဲ့ ဒန်းတွဲစီးက မိုးမျှော်အဆောက် အအုံရဲ့ အမြင့်ဆုံးအစွန်းမှာ ချိတ်ဆွဲထားတာဖြစ်ပြီး အန်မ်စတာ ဒန်အပါအဝင်တခြားပြည်နယ် မြို့တော်တွေကို အပေါ်စီးကနေရှု မြင်ခံစားနိုင်တာ ဖြစ်ပါတယ်။ ဒီကမ္ဘာ့အမြင့်ဆုံး ဒန်းစီးတွဲကို ဖွင့်လှစ် လို့ ရက်ပိုင်းအတွင်းမှာပဲ လာရောက်စီးနင်းသူတွေနဲ့ ဧည့်သည်တွေ အများအပြားကို စွဲဆောင်နိုင်ခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top