Property Expo
×

ၾသစေၾတးလ်ႏုိင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ရဲ႕ ကေလးေတြအတြက္ တီထြင္မႈတစ္ခု ျပဳလုပ္ေပးခဲ့တဲ့ ဗီဒီယိုတစ္ခုကုိ မွ်ေဝခဲ့ပါတယ္။

အဲ့ဒါကေတာ့ ကေလးေတြေဆာ့တဲ့ကားမွာ မႈတ္စက္သံုးလံုးတပ္ၿပီး ကေလးေတြသြားတဲ့ လမ္းတစ္ေလွ်ာက္က အမိႈက္ေတြကိုပါ တစ္ခါတည္းမႈတ္ထုတ္ၿပီး ရွင္းလင္းေစႏုိင္ခဲ့တာပါ။

Jacob Strickling လုိ႔ေခၚတဲ့ အမ်ိဳးသားဟာ YouTube မွာလည္း သိပၸံနဲ႔ ပတ္သက္တဲ့ ဟာသေတြကုိ တင္တဲ့ Channel ေထာင္ထားၿပီး သူ႔ရဲ႕ သစ္ရြက္ေတြကုိ မႈတ္ထုတ္တဲ့ ကားေလးတည္ေဆာက္တာကုိ တင္ထားခဲ့တာပါ။

ကားေလးရဲ႕ေရွ႕ပုိင္းမွာ သစ္ရြက္မႈတ္စက္ ၃လံုးတပ္ဆင္ေပးထားၿပီး စီးသြားတာနဲ႔ သြားတဲ့လမ္းတစ္ေလွ်ာက္က အမိႈက္ေတြကုိ မႈတ္ထုတ္ေစနုိင္တာေၾကာင့္ တကူးတက သန္႔ရွင္းေရး လုပ္စရာမလုိေတာ့ဘူးလုိ႔ Strikling ကဆုိပါတယ္။

ဒီလုိစိတ္ကူးရခဲ့တဲ့ Strikling ကုိ ဝိုင္းဝန္းခ်ီးမြန္းခဲ့ၾကၿပီး သစ္ရြက္မႈတ္စက္ သံုးလံုးတပ္ထားတဲ့ ကားေလးကလည္း ရယ္ရႊင္ဖြယ္ရာျဖစ္ေစခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


#Unicode Version

သြစတြေးလျနိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ကလေးတွေအတွက် တီထွင်မှုတစ်ခု ပြုလုပ်ပေးခဲ့တဲ့ ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။

အဲ့ဒါကတော့ ကလေးတွေဆော့တဲ့ကားမှာ မှုတ်စက်သုံးလုံးတပ်ပြီး ကလေးတွေသွားတဲ့ လမ်းတစ်လျှောက်က အမှိုက်တွေကိုပါ တစ်ခါတည်းမှုတ်ထုတ်ပြီး ရှင်းလင်းစေနိုင်ခဲ့တာပါ။

Jacob Strickling လို့ခေါ်တဲ့ အမျိုးသားဟာ YouTube မှာလည်း သိပ္ပံနဲ့ ပတ်သက်တဲ့ ဟာသတွေကို တင်တဲ့ Channel ထောင်ထားပြီး သူ့ရဲ့ သစ်ရွက်တွေကို မှုတ်ထုတ်တဲ့ ကားလေးတည်ဆောက်တာကို တင်ထားခဲ့တာပါ။

ကားလေးရဲ့ရှေ့ပိုင်းမှာ သစ်ရွက်မှုတ်စက် ၃လုံးတပ်ဆင်ပေးထားပြီး စီးသွားတာနဲ့ သွားတဲ့လမ်းတစ်လျှောက်က အမှိုက်တွေကို မှုတ်ထုတ်စေနိုင်တာကြောင့် တကူးတက သန့်ရှင်းရေး လုပ်စရာမလိုတော့ဘူးလို့ Strikling ကဆိုပါတယ်။

ဒီလိုစိတ်ကူးရခဲ့တဲ့ Strikling ကို ဝိုင်းဝန်းချီးမွန်းခဲ့ကြပြီး သစ်ရွက်မှုတ်စက် သုံးလုံးတပ်ထားတဲ့ ကားလေးကလည်း ရယ်ရွှင်ဖွယ်ရာဖြစ်စေခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top