Kantharyar Centre
×

ကုိယ္လက္ႏွီးေႏွာခ်င္တဲ့ ဆႏၵကို မလိုက္ေလ်ာေပးလို႔ အမ်ိဳးသမီးတစ္ဦးဟာ ခ်စ္သူရဲ႕ ျပင္းျပင္းထန္ထန္ ႐ိုက္ႏွက္မႈကို ေသလုေျမာပါး ခံစားလိုက္ရပါတယ္။ လြန္ခဲ့တဲ့ ငါးလေလာက္တုန္းက ဒီအျဖစ္အပ်က္ ႀကံဳခဲ့ရတာ ျဖစ္ၿပီး အခုေတာ့ သူမနဲ႔ အဆိုပါအမ်ိဳးသား ဇာတ္လမ္းျပတ္သြားၿပီလို႔ ဆိုပါတယ္။

လိဒ္ၿမိဳ႕မွာ ေနထိုင္တဲ့ စတက္ဖနီ ဆိုသူအမ်ိဳးသမီးဟာ သူ႔ခ်စ္သူရဲ႕ဆႏၵကို ျငင္းဆိုခဲ့မိလို႔ ၄၅ မိနစ္ေလာက္ၾကာေအာင္ အ႐ိုက္ခံခဲ့ရၿပီး သြား ၁၃ ေခ်ာင္းေလာက္ ထိခိုက္ပ်က္စီးခဲ့ရတယ္လုိ႔လည္း ဆိုပါတယ္။ အ႐ိုက္ခံရၿပီးေနာက္ ဖူးေယာင္ေနတဲ့ မ်က္ႏွာကို သူမက ဓာတ္ပံုမွတ္တမ္း တင္ထားခဲ့ၿပီး အခုလူသိရွင္ျပသခဲ့တာျဖစ္ပါတယ္။

သူမကုိ ႐ိုက္ႏွက္ခဲ့တဲ့ ခ်စ္သူေဟာင္းကိုလည္း တရား႐ံုးက ေထာင္ဒစ္ ၁၆ လ က်ခံေစဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္ေပၚမွာ တင္လိုက္တဲ့ ဒီဓာတ္ပံုနဲ႔ ပုိ႔စ္ဟာ ျပန္လည္ေဝမွ်မႈေပါင္း တစ္သိန္းေက်ာ္ ရွိခဲ့ပါတယ္။

" ဒီကိစၥအတြက္ ရွက္ရမယ့္သူက ကၽြန္မမဟုတ္ပါဘူး။ သူက ရွက္ရမွာပါ။ ဒီကိစၥျဖစ္ခဲ့လို႔ ကၽြန္မပုန္းေရွာင္ေနစရာလည္း မလိုပါဘူး" လို႔ စတက္ဖနီက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ကိုယ်လက်နှီးနှောချင်တဲ့ ဆန္ဒကို မလိုက်လျောပေးလို့ အမျိုးသမီးတစ်ဦးဟာ ချစ်သူရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကို သေလုမြောပါး ခံစားလိုက်ရပါတယ်။ လွန်ခဲ့တဲ့ ငါးလလောက်တုန်းက ဒီအဖြစ်အပျက် ကြုံခဲ့ရတာ ဖြစ်ပြီး အခုတော့ သူမနဲ့ အဆိုပါအမျိုးသား ဇာတ်လမ်းပြတ်သွားပြီလို့ ဆိုပါတယ်။

လိဒ်မြို့မှာ နေထိုင်တဲ့ စတက်ဖနီ ဆိုသူအမျိုးသမီးဟာ သူ့ချစ်သူရဲ့ဆန္ဒကို ငြင်းဆိုခဲ့မိလို့ ၄၅ မိနစ်လောက်ကြာအောင် အရိုက်ခံခဲ့ရပြီး သွား ၁၃ ချောင်းလောက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အရိုက်ခံရပြီးနောက် ဖူးယောင်နေတဲ့ မျက်နှာကို သူမက ဓာတ်ပုံမှတ်တမ်း တင်ထားခဲ့ပြီး အခုလူသိရှင်ပြသခဲ့တာဖြစ်ပါတယ်။

သူမကို ရိုက်နှက်ခဲ့တဲ့ ချစ်သူဟောင်းကိုလည်း တရားရုံးက ထောင်ဒစ် ၁၆ လ ကျခံစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ပေါ်မှာ တင်လိုက်တဲ့ ဒီဓာတ်ပုံနဲ့ ပို့စ်ဟာ ပြန်လည်ဝေမျှမှုပေါင်း တစ်သိန်းကျော် ရှိခဲ့ပါတယ်။

" ဒီကိစ္စအတွက် ရှက်ရမယ့်သူက ကျွန်မမဟုတ်ပါဘူး။ သူက ရှက်ရမှာပါ။ ဒီကိစ္စဖြစ်ခဲ့လို့ ကျွန်မပုန်းရှောင်နေစရာလည်း မလိုပါဘူး" လို့ စတက်ဖနီက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top