Kantharyar Centre
×

ကင္ဆာေရာဂါကုိ ငယ္ငယ္႐ြယ္႐ြယ္ခံစားေနရတဲ့ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးအတြက္ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္အသင္းက စတာလင္ေပါင္ ႏွစ္သိန္း လွဴဒါန္းခဲ့ေၾကာင္း သိရပါတယ္။

အဲဗာတန္အသင္းက ဆန္းဒါးလန္းအသင္းကို ၃-၀ ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ ပြဲစဥ္မွာ အဆိုပါကေလးငယ္က ဆန္းဒါးလန္းအသင္းဘက္ကေန ကစားသမားေတြနဲ႔အတူ ကြင္းထဲ ပြဲထြက္လာတဲ့ ကေလးငယ္ျဖစ္ပါတယ္။ ဘရက္ဒေလလို႔ အမည္ရတဲ့ အဆုိပါကေလးငယ္ရဲ႕ ကင္ဆာကို ကုသဖို႔အတြက္ သူ႔ရဲ႕မိသားစုဟာ စတာလင္ေပါင္ ခုႏွစ္သိန္းခန္႔လိုအပ္ေနေၾကာင္း သိရပါတယ္။

ဒီအတြက္ ရန္ပံုေငြ ရွာေနဆဲျဖစ္တဲ့ ဘရက္ဒေလရဲ႕ မိသားစုဟာ ေဘာလံုးပရိသတ္ေတြကိုလည္း အကူအညီေတာင္းခံထားၿပီး စတာလင္ေပါင္ ၁ ေပါင္ကစလို႔  chasethewind.co.uk မွာ ဝင္ေရာက္လွဴဒါန္းႏုိင္ေၾကာင္း ေၾကျငာထားပါတယ္။

ဘရက္ဒေလဟာ ႏွာေခါင္းမွာတပ္ထားရတဲ့ ေဆးပိုက္တန္းလန္းနဲ႔ ဆန္းဒါးလန္း - အဲဗာတန္ပြဲစဥ္ကို ၾကည့္႐ႈအားေပးခဲ့ပါေသးတယ္။ အဲဗာတန္အသင္းက ေပါင္ ႏွစ္သိန္း လွဴဒါန္းခဲ့ၿပီးေနာက္ အခုေတာ့ ဘရက္ဒေလဟာ စုစုေပါင္း အလွဴေငြ စတာလင္ေပါင္ ၅ သိန္းခန္႔ ရရွိထားၿပီးၿပီလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ကင်ဆာရောဂါကို ငယ်ငယ်ရွယ်ရွယ်ခံစားနေရတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအတွက် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက စတာလင်ပေါင် နှစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဲဗာတန်အသင်းက ဆန်းဒါးလန်းအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အဆိုပါကလေးငယ်က ဆန်းဒါးလန်းအသင်းဘက်ကနေ ကစားသမားတွေနဲ့အတူ ကွင်းထဲ ပွဲထွက်လာတဲ့ ကလေးငယ်ဖြစ်ပါတယ်။ ဘရက်ဒလေလို့ အမည်ရတဲ့ အဆိုပါကလေးငယ်ရဲ့ ကင်ဆာကို ကုသဖို့အတွက် သူ့ရဲ့မိသားစုဟာ စတာလင်ပေါင် ခုနှစ်သိန်းခန့်လိုအပ်နေကြောင်း သိရပါတယ်။

ဒီအတွက် ရန်ပုံငွေ ရှာနေဆဲဖြစ်တဲ့ ဘရက်ဒလေရဲ့ မိသားစုဟာ ဘောလုံးပရိသတ်တွေကိုလည်း အကူအညီတောင်းခံထားပြီး စတာလင်ပေါင် ၁ ပေါင်ကစလို့  chasethewind.co.uk မှာ ဝင်ရောက်လှူဒါန်းနိုင်ကြောင်း ကြေငြာထားပါတယ်။

ဘရက်ဒလေဟာ နှာခေါင်းမှာတပ်ထားရတဲ့ ဆေးပိုက်တန်းလန်းနဲ့ ဆန်းဒါးလန်း - အဲဗာတန်ပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ပါသေးတယ်။ အဲဗာတန်အသင်းက ပေါင် နှစ်သိန်း လှူဒါန်းခဲ့ပြီးနောက် အခုတော့ ဘရက်ဒလေဟာ စုစုပေါင်း အလှူငွေ စတာလင်ပေါင် ၅ သိန်းခန့် ရရှိထားပြီးပြီလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top