Property Expo
×

ကားေပၚက်န္ခဲ့သည့္ ရတနာပစၥည္းမ်ားကို ပိုင္ရွင္ထံ ျပန္ေပးခဲ့သူ အငွားယာဥ္ေမာင္း ကိုသန္းထိုက္ေက်ာ္

အစ္ကို အသက္ဘယ္ေလာက္ရွိၿပီ လဲ။ အငွားယာဥ္ (TAXI)ေမာင္းေနတာ ဘယ္ေလာက္ၾကာပါၿပီလဲ။ကိုယ္ပိုင္ယာဥ္ပါလားခင္ဗ်ာ။
အသက္ (၃၀)ပါ။ တကၠစီ ေမာင္းတာက တစ္ႏွစ္ေက်ာ္ပဲရွိ ပါေသးတယ္။ ကိုယ္ပိုင္ကား မဟုတ္ပါဘူး။ အံုနာဆီက ငွား ေမာင္းတာပါ။

ဒီလိုမ်ိဳး အရင္ကေကာ အစ္ကို႔ ကားေပၚမွာ ေမ့က်န္ခဲ့တဲ့ ပစၥည္း ေတြ ရွိခဲ့ဖူးလား၊ ပိုင္ရွင္ေတြကို ျပန္ေပးဖူးပါသလား။
က်န္ခဲ့ဖူးပါတယ္။ ဖုန္းေတြ ဘာေတြ က်န္ခဲ့ၾကပါတယ္။ ကြၽန္ ေတာ္ျပန္ေပးဖူးပါတယ္။

အခုလို အဖိုးတန္ပစၥည္းေတြကို ကိုယ့္ကားေပၚမွာ က်န္ခဲ့တာေတြ႕ေတာ့ ျပန္ေပးရေကာင္းမလား၊ မေပးဘဲေနရင္ေကာင္းမလား ဒြိဟျဖစ္မိပါသလား။
ကြၽန္ေတာ့္မွာ အဲဒီစိတ္တစ္ခုမွ မရွိပါဘူး။ အဲဒီစိတ္ရွိကို မရွိတာပါ။

အခု ဒီကိစၥက လူမႈကြန္ရက္ေဖ့စ္ ဘြတ္ခ္ေတြမွာ ျပန္႔ေနၿပီးေတာ့ အစ္ကို႔ကိုလည္း ခ်ီးက်ဴးဂုဏ္ျပဳ ေနၾကပါတယ္။ အစ္ကို ဘယ္လုိ မ်ိဳးမ်ား ခံစားရပါသလဲ။
ဟုတ္တယ္။ ဟုတ္တယ္။ ကြၽန္ေတာ္လည္း အဲဒါကို ေတာ္ ေတာ္စိတ္ညစ္ေနတာ။ ရွင္းရ လြန္းအားႀကီးလို႔။ ကြၽန္ေတာ္က ကြၽန္ေတာ္ေျပာျပမယ္။ ကြၽန္ေတာ္ေပးလိုက္ၿပီးသြားၿပီ။ ေပးၿပီးသြား တာ ၿပီးသြားၿပီ။ အဲဒီအတြက္ ကြၽန္ ေတာ့္မွာ ဘာေမွ်ာ္လင့္ခ်က္မွမရွိဘူး။ သူမ်ားပစၥည္းကို ကြၽန္ ေတာ္ေပးလိုက္တယ္။ ပိုင္ရွင္စိတ္ ေက်နပ္သြားတယ္ဆုိရင္ ကြၽန္ ေတာ္ၿပီးၿပီ။ ကြၽန္ေတာ္က ဒီ ေလာက္ပါပဲ။

အစ္ကို ပစၥည္းေတြသြားျပန္ေပး ေတာ့ ပိုင္ရွင္ေတြက အစ္ကို႔ကို ပိုက္ဆံတခ်ိဳ႕နဲ႔ ေက်းဇူးဆပ္ခဲ့ တယ္လို႔ သိရပါတယ္။ အစ္ကိုက ျငင္းခဲ့တယ္လို႔လည္း သိရပါ တယ္။ ဘာျဖစ္လုိ႔ ျငင္းပယ္ခဲ့တာ ပါလဲ။ ေနာက္ၿပီး အစ္ကို႔ကို ကား တစ္စီးဝယ္ေပးမယ္လို႔လည္း ပိုင္ ရွင္ေတြက ေျပာပါတယ္။
ဒါကေတာ့ သူတုိ႔အပိုင္း ေလ။ ပိုင္ရွင္ေတြ အပိုင္းေလ။ သူ႔ ဘာသာသူ ဘယ္လိုပဲေျပာေျပာ ကြၽန္ေတာ္ကေတာ့ စိတ္ထဲမထား ဘူး။ အဲဒါေတြက စိတ္ထဲမထား ပါဘူး။ ရွင္းရွင္းေျပာရရင္ ကြၽန္ ေတာ့္အလုပ္ပဲ ကြၽန္ေတာ္ဆက္ လုပ္ေနရမွာပဲေလ။ ဟုတ္တယ္ မဟုတ္လား။ ဒီလိုပါပဲ။ သိပ္အာ႐ံုထဲ မရွိပါဘူး။

ရန္ကုန္မွာ အငွားယာဥ္ေတြကလည္း အရမ္းမ်ားလာသလို အငွားယာဥ္ေမာင္းေတြကလည္း လူ ေပါင္းစံုျဖစ္လာခဲ့တယ္။ အဲဒီထဲ ေတာ့ အငွားယာဥ္ေတြေပၚမွာ က်န္ခဲ့တဲ့ ပစၥည္းေတြကို ျပန္မေပး တာမ်ားလာၿပီး ျပန္ေပးတဲ့သူက ေတာ္ေတာ္နည္းလာတယ္။ အစ္ကိုက တန္ဖိုးႀကီးပစၥည္းေတြကို ပိုင္ရွင္ေတြကို ျပန္ေပးခဲ့သူတစ္ ေယာက္အေနနဲ႔ တစ္ခုခုေျပာေပးပါလား။
ကိုယ္ခ်င္းစာစိတ္ထားၿပီး ေစတနာမွန္မွန္နဲ႔ ထားလုပ္ၾကပါ လို႔ပဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ သိပ္အမ်ားႀကီးေတာ့ မေျပာတတ္ ပါဘူး။ ကြၽန္ေတာ့္စိတ္ထဲမွာရွိတာ ကေတာ့ ကိုယ္ခ်င္းစာစိတ္ေလး ေပါ့ဗ်ာ။ အစ္ကိုလည္း အစ္ကို႔ ပစၥည္းေပ်ာက္သြားလို႔ရွိရင္ အစ္ ကိုမလြမ္းဘူးလား။ အစ္ကိုလြမ္း တာပဲေလ။ ကြၽန္ေတာ္လည္း လြမ္းတာပဲ။ အဲဒီလိုမ်ိဳး ကုိယ္ခ်င္း စာစိတ္ေလးေပါ့ေလ။ တန္ဖိုးႀကီး ႀကီး၊ ေသးေသး လူတုိင္းက ဒါမ်ိဳးပဲေလ။ ကိုယ့္ဟာကိုယ္ တန္ဖိုးထား ၾကတာပဲေလ။ တန္ဖိုးနည္းရင္ လည္း ဟာ.. ငါကားေပၚမွာ က်န္ ခဲ့ၿပီ (ဒါမွမဟုတ္) ေဩာ္.. ငါ ဘယ္ေနရာမွာ ပစၥည္းက်န္ခဲ့ပါ လားလို႔ ျပန္ၿပီးေတာ့ သတိရၾက တာပဲေလ။ ကြၽန္ေတာ္ကေတာ့ အဲဒီစိတ္ပဲ၊ လူတုိင္းသတိရၾကပါ ေပါ့။ အဲဒါေလးပါပဲ။

အခုေနာက္ပိုင္းမွာ မၾကာခဏ ၾကားေနရတာက အငွားယာဥ္ ေမာင္းေတြကို စီးလာတဲ့သူ ပစၥည္းလုယက္တာတုိ႔၊ အငွားယာဥ္ ေမာင္းက စီးလာတဲ့သူကို လုယက္တာမ်ိဳးေတြဆုိေတာ့ အငွားယာဥ္ ေမာင္းေတြနဲ႔ ယာဥ္ငွားစီးမယ့္သူ ေတြၾကား သူ႔ကို ကိုယ္မယံု၊ ကိုယ့္ကို သူမယံုေတြျဖစ္ေနတာ ရွိပါ တယ္။ ဒီလိုမျဖစ္ေအာင္ ဘာေတြ လိုအပ္မလဲ၊ ဘယ္လိုမ်ိဳးယံုၾကည္ မႈ ျပန္တည္ေဆာက္သင့္တယ္လို႔ အစ္ကို ထင္ပါသလဲ။
စီးပြားေရးေတာ့ စီးပြားေရး ေပါ့။ လူတုိင္းကေတာ့ က်ပ္တည္း ေနၾကတာပဲ။ ဒါေပမဲ့ ကိုယ့္လုပ္ အားနဲ႔ကိုယ္ ရွာေဖြစားေသာက္ တာ အေကာင္းဆံုးပါပဲ။ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ပဲ ယံုၾကည္မႈက အေကာင္းဆံုးပါပဲ။ ကိုယ္က်င့္ တရားေပါ့ဗ်ာ။ သူမ်ားဆီက နင္းၿပီးမွ ရတဲ့ဟာႀကီးကေတာ့ ဘယ္ လုိမွ အဆင္ေျပမွာ မဟုတ္ဘူး။ ျပန္ၿပီး ႐ိုက္ခတ္လာမွာပဲ။ ကိုယ့္ လုပ္အားနဲ႔သြားတာ အေကာင္း ဆံုးပါပဲ။ ကိုယ့္ကိုယ္ကိုယ္ ယံုယံု ၾကည္ၾကည္နဲ႔ မွန္ကန္တဲ့အလုပ္ တစ္ခုကို မွန္မွန္ကန္ကန္လုပ္သြားရင္ အဆင္ေျပသြားမွာပါ။ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္။
ေက်းဇူးတင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကားပေါ်ကျန်ခဲ့သည့် ရတနာပစ္စည်းများကို ပိုင်ရှင်ထံ ပြန်ပေးခဲ့သူ အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်

အစ်ကို အသက်ဘယ်လောက်ရှိပြီ လဲ။ အငှားယာဉ် (TAXI)မောင်းနေတာ ဘယ်လောက်ကြာပါပြီလဲ။ကိုယ်ပိုင်ယာဉ်ပါလားခင်ဗျာ။
အသက် (၃၀)ပါ။ တက္ကစီ မောင်းတာက တစ်နှစ်ကျော်ပဲရှိ ပါသေးတယ်။ ကိုယ်ပိုင်ကား မဟုတ်ပါဘူး။ အုံနာဆီက ငှား မောင်းတာပါ။

ဒီလိုမျိုး အရင်ကကော အစ်ကို့ ကားပေါ်မှာ မေ့ကျန်ခဲ့တဲ့ ပစ္စည်း တွေ ရှိခဲ့ဖူးလား၊ ပိုင်ရှင်တွေကို ပြန်ပေးဖူးပါသလား။
ကျန်ခဲ့ဖူးပါတယ်။ ဖုန်းတွေ ဘာတွေ ကျန်ခဲ့ကြပါတယ်။ ကျွန် တော်ပြန်ပေးဖူးပါတယ်။

အခုလို အဖိုးတန်ပစ္စည်းတွေကို ကိုယ့်ကားပေါ်မှာ ကျန်ခဲ့တာတွေ့တော့ ပြန်ပေးရကောင်းမလား၊ မပေးဘဲနေရင်ကောင်းမလား ဒွိဟဖြစ်မိပါသလား။
ကျွန်တော့်မှာ အဲဒီစိတ်တစ်ခုမှ မရှိပါဘူး။ အဲဒီစိတ်ရှိကို မရှိတာပါ။

အခု ဒီကိစ္စက လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်တွေမှာ ပြန့်နေပြီးတော့ အစ်ကို့ကိုလည်း ချီးကျူးဂုဏ်ပြု နေကြပါတယ်။ အစ်ကို ဘယ်လို မျိုးများ ခံစားရပါသလဲ။
ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်တော်လည်း အဲဒါကို တော် တော်စိတ်ညစ်နေတာ။ ရှင်းရ လွန်းအားကြီးလို့။ ကျွန်တော်က ကျွန်တော်ပြောပြမယ်။ ကျွန်တော်ပေးလိုက်ပြီးသွားပြီ။ ပေးပြီးသွား တာ ပြီးသွားပြီ။ အဲဒီအတွက် ကျွန် တော့်မှာ ဘာမျှော်လင့်ချက်မှမရှိဘူး။ သူများပစ္စည်းကို ကျွန် တော်ပေးလိုက်တယ်။ ပိုင်ရှင်စိတ် ကျေနပ်သွားတယ်ဆိုရင် ကျွန် တော်ပြီးပြီ။ ကျွန်တော်က ဒီ လောက်ပါပဲ။

အစ်ကို ပစ္စည်းတွေသွားပြန်ပေး တော့ ပိုင်ရှင်တွေက အစ်ကို့ကို ပိုက်ဆံတချို့နဲ့ ကျေးဇူးဆပ်ခဲ့ တယ်လို့ သိရပါတယ်။ အစ်ကိုက ငြင်းခဲ့တယ်လို့လည်း သိရပါ တယ်။ ဘာဖြစ်လို့ ငြင်းပယ်ခဲ့တာ ပါလဲ။ နောက်ပြီး အစ်ကို့ကို ကား တစ်စီးဝယ်ပေးမယ်လို့လည်း ပိုင် ရှင်တွေက ပြောပါတယ်။
ဒါကတော့ သူတို့အပိုင်း လေ။ ပိုင်ရှင်တွေ အပိုင်းလေ။ သူ့ ဘာသာသူ ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ စိတ်ထဲမထား ဘူး။ အဲဒါတွေက စိတ်ထဲမထား ပါဘူး။ ရှင်းရှင်းပြောရရင် ကျွန် တော့်အလုပ်ပဲ ကျွန်တော်ဆက် လုပ်နေရမှာပဲလေ။ ဟုတ်တယ် မဟုတ်လား။ ဒီလိုပါပဲ။ သိပ်အာရုံထဲ မရှိပါဘူး။

ရန်ကုန်မှာ အငှားယာဉ်တွေကလည်း အရမ်းများလာသလို အငှားယာဉ်မောင်းတွေကလည်း လူ ပေါင်းစုံဖြစ်လာခဲ့တယ်။ အဲဒီထဲ တော့ အငှားယာဉ်တွေပေါ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်မပေး တာများလာပြီး ပြန်ပေးတဲ့သူက တော်တော်နည်းလာတယ်။ အစ်ကိုက တန်ဖိုးကြီးပစ္စည်းတွေကို ပိုင်ရှင်တွေကို ပြန်ပေးခဲ့သူတစ် ယောက်အနေနဲ့ တစ်ခုခုပြောပေးပါလား။
ကိုယ်ချင်းစာစိတ်ထားပြီး စေတနာမှန်မှန်နဲ့ ထားလုပ်ကြပါ လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ သိပ်အများကြီးတော့ မပြောတတ် ပါဘူး။ ကျွန်တော့်စိတ်ထဲမှာရှိတာ ကတော့ ကိုယ်ချင်းစာစိတ်လေး ပေါ့ဗျာ။ အစ်ကိုလည်း အစ်ကို့ ပစ္စည်းပျောက်သွားလို့ရှိရင် အစ် ကိုမလွမ်းဘူးလား။ အစ်ကိုလွမ်း တာပဲလေ။ ကျွန်တော်လည်း လွမ်းတာပဲ။ အဲဒီလိုမျိုး ကိုယ်ချင်း စာစိတ်လေးပေါ့လေ။ တန်ဖိုးကြီး ကြီး၊ သေးသေး လူတိုင်းက ဒါမျိုးပဲလေ။ ကိုယ့်ဟာကိုယ် တန်ဖိုးထား ကြတာပဲလေ။ တန်ဖိုးနည်းရင် လည်း ဟာ.. ငါကားပေါ်မှာ ကျန် ခဲ့ပြီ (ဒါမှမဟုတ်) ေဩာ်.. ငါ ဘယ်နေရာမှာ ပစ္စည်းကျန်ခဲ့ပါ လားလို့ ပြန်ပြီးတော့ သတိရကြ တာပဲလေ။ ကျွန်တော်ကတော့ အဲဒီစိတ်ပဲ၊ လူတိုင်းသတိရကြပါ ပေါ့။ အဲဒါလေးပါပဲ။

အခုနောက်ပိုင်းမှာ မကြာခဏ ကြားနေရတာက အငှားယာဉ် မောင်းတွေကို စီးလာတဲ့သူ ပစ္စည်းလုယက်တာတို့၊ အငှားယာဉ် မောင်းက စီးလာတဲ့သူကို လုယက်တာမျိုးတွေဆိုတော့ အငှားယာဉ် မောင်းတွေနဲ့ ယာဉ်ငှားစီးမယ့်သူ တွေကြား သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံတွေဖြစ်နေတာ ရှိပါ တယ်။ ဒီလိုမဖြစ်အောင် ဘာတွေ လိုအပ်မလဲ၊ ဘယ်လိုမျိုးယုံကြည် မှု ပြန်တည်ဆောက်သင့်တယ်လို့ အစ်ကို ထင်ပါသလဲ။
စီးပွားရေးတော့ စီးပွားရေး ပေါ့။ လူတိုင်းကတော့ ကျပ်တည်း နေကြတာပဲ။ ဒါပေမဲ့ ကိုယ့်လုပ် အားနဲ့ကိုယ် ရှာဖွေစားသောက် တာ အကောင်းဆုံးပါပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်မှုက အကောင်းဆုံးပါပဲ။ ကိုယ်ကျင့် တရားပေါ့ဗျာ။ သူများဆီက နင်းပြီးမှ ရတဲ့ဟာကြီးကတော့ ဘယ် လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ ပြန်ပြီး ရိုက်ခတ်လာမှာပဲ။ ကိုယ့် လုပ်အားနဲ့သွားတာ အကောင်း ဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံယုံ ကြည်ကြည်နဲ့ မှန်ကန်တဲ့အလုပ် တစ်ခုကို မှန်မှန်ကန်ကန်လုပ်သွားရင် အဆင်ပြေသွားမှာပါ။ တစ်ချိန်မဟုတ် တစ်ချိန်။
ကျေးဇူးတင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top