Kantharyar Centre
×

အေပါင္းအသင္းေတြနဲ႔ဆံုလို႔ျဖစ္ျဖစ္ ညစ္ေနလို႔ျဖစ္ျဖစ္ ေသာက္ရင္းမ်ားသြားတဲ့အခါ ေနာက္ေန႔မနက္မွာ ျပႆနာတက္ေတာ့တာပါပဲ။ အမူးလြန္သြားၿပီး ေခါင္းေတြလည္းကိုက္ လူကလည္းၿငီးစီစီျဖစ္ေနတတ္တာမ်ိဳး ၾကံဳဖူးမွာပါ။ အမူးလြန္တာေပ်ာက္ေစတယ္ဆုိၿပီး ၾကားဖူးနားဝ႐ွိတာေတြ လိုက္လုပ္ၾကည့္ရင္း တကယ္တမ္း အမူးမေျပတာေတြလည္း႐ွိပါတယ္။

၁။ ျပန္ျဖည္လုိက္

ညက မ်ားသြားရင္ မနက္က် ျပန္ျဖည္တဲ့အေနနဲ႔ နည္းနည္းထပ္ေသာက္လိုက္ရတယ္ဆုိတာ မဟုတ္ပါဘူး။ ေသာက္တာမ်ားလို႔ ေမွာက္ေနပါတယ္ဆိုမွ ထပ္ေသာက္လုိက္ရင္ ပိုဆိုး႐ံုပဲ႐ွိမွာေပါ့။

၂။ အဆီမ်ားတဲဲ့အစားအစာ

ဆီနဲ႔ေၾကာ္ထားတဲ့အစားအစာေတြနဲ႔၊ ဆီမ်ားမ်ားပါတာေတြ စားလိုက္ရင္ ဗိုက္ထဲမွာက်န္ေနတဲ့ အယ္လ္ကိုေဟာေတြကို စုပ္ယူသြားလိမ့္မယ္ဆုိၿပီး ေလွ်ာက္စားေနရင္ ရင္ပူလာတာပဲ အဖတ္တင္ပါလိမ့္မယ္။ လတ္္ဆတ္တဲ့အသီးေဖ်ာ္ရည္ေသာက္တာ ပိုေကာင္းပါတယ္။

၃။ ကဖင္း

ေကာ္ဖီျပင္းျပင္းေသာက္ရင္ အမူးလြန္လို႔ျဖစ္တဲ့ေခါင္းကိုက္ေဝဒနာ ေပ်ာက္တယ္ဆုိတာလည္း မွားပါတယ္။ ေအာ့ခ်င္အန္ခ်င္သလိုေတာင္ ျဖစ္လာပါဦးမယ္။ အမူးလြန္ျခင္းဟာ ေရဓာတ္ခမ္းေျခာက္သြားျခင္းေၾကာင့္လည္း ပါဝင္ပါတယ္။ ဒီလိုအခ်ိန္မွာ ကဖင္းဓာတ္မ်ားတာေတြ ေသာက္ရမွာမဟုတ္ပါဘူး။

၄။ မအိပ္ခင္ မ်ားမ်ားစားတာ

ေသာက္ခ်င္တုိင္းေသာက္ထားတဲဲ့ အယ္လ္ကိုေဟာေတြကို အစာေတြကစုပ္ယူသြားလိမ့္မယ္အမွတ္နဲ႔ ညမအိပ္ခင္ မတရားသျဖင့္စားေနရင္ အစာမေၾကျဖစ္ၿပီး ပိုအန္ပါလိမ့္မယ္။ ေသာက္ရင္းနဲ႔စားေပးတာကမွ နည္းလမ္းမွန္ျဖစ္ပါတယ္။ အစာမ႐ွိဘဲနဲ႔လည္း မေသာက္သင့္ပါဘူး။

၅။ တစ္ေနကုန္အိပ္ရာထဲလွဲေန

လတ္ဆတ္တဲ့ေလကိုမရတဲ့အျပင္ ကိုယ္ခႏၶာက မလႈပ္႐ွားေတာ့ အမူးလြန္တဲ့ေဝဒနာ သက္သာပါဦးမလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အပေါင်းအသင်းတွေနဲ့ဆုံလို့ဖြစ်ဖြစ် ညစ်နေလို့ဖြစ်ဖြစ် သောက်ရင်းများသွားတဲ့အခါ နောက်နေ့မနက်မှာ ပြဿနာတက်တော့တာပါပဲ။ အမူးလွန်သွားပြီး ခေါင်းတွေလည်းကိုက် လူကလည်းငြီးစီစီဖြစ်နေတတ်တာမျိုး ကြုံဖူးမှာပါ။ အမူးလွန်တာပျောက်စေတယ်ဆိုပြီး ကြားဖူးနားဝရှိတာတွေ လိုက်လုပ်ကြည့်ရင်း တကယ်တမ်း အမူးမပြေတာတွေလည်းရှိပါတယ်။

၁။ ပြန်ဖြည်လိုက်

ညက များသွားရင် မနက်ကျ ပြန်ဖြည်တဲ့အနေနဲ့ နည်းနည်းထပ်သောက်လိုက်ရတယ်ဆိုတာ မဟုတ်ပါဘူး။ သောက်တာများလို့ မှောက်နေပါတယ်ဆိုမှ ထပ်သောက်လိုက်ရင် ပိုဆိုးရုံပဲရှိမှာပေါ့။

၂။ အဆီများတဲ့အစားအစာ

ဆီနဲ့ကြော်ထားတဲ့အစားအစာတွေနဲ့၊ ဆီများများပါတာတွေ စားလိုက်ရင် ဗိုက်ထဲမှာကျန်နေတဲ့ အယ်လ်ကိုဟောတွေကို စုပ်ယူသွားလိမ့်မယ်ဆိုပြီး လျှောက်စားနေရင် ရင်ပူလာတာပဲ အဖတ်တင်ပါလိမ့်မယ်။ လတ်ဆတ်တဲ့အသီးဖျော်ရည်သောက်တာ ပိုကောင်းပါတယ်။

၃။ ကဖင်း

ကော်ဖီပြင်းပြင်းသောက်ရင် အမူးလွန်လို့ဖြစ်တဲ့ခေါင်းကိုက်ဝေဒနာ ပျောက်တယ်ဆိုတာလည်း မှားပါတယ်။ အော့ချင်အန်ချင်သလိုတောင် ဖြစ်လာပါဦးမယ်။ အမူးလွန်ခြင်းဟာ ရေဓာတ်ခမ်းခြောက်သွားခြင်းကြောင့်လည်း ပါဝင်ပါတယ်။ ဒီလိုအချိန်မှာ ကဖင်းဓာတ်များတာတွေ သောက်ရမှာမဟုတ်ပါဘူး။


၄။ မအိပ်ခင် များများစားတာ

သောက်ချင်တိုင်းသောက်ထားတဲ့ အယ်လ်ကိုဟောတွေကို အစာတွေကစုပ်ယူသွားလိမ့်မယ်အမှတ်နဲ့ ညမအိပ်ခင် မတရားသဖြင့်စားနေရင် အစာမကြေဖြစ်ပြီး ပိုအန်ပါလိမ့်မယ်။ သောက်ရင်းနဲ့စားပေးတာကမှ နည်းလမ်းမှန်ဖြစ်ပါတယ်။ အစာမရှိဘဲနဲ့လည်း မသောက်သင့်ပါဘူး။

၅။ တစ်နေကုန်အိပ်ရာထဲလှဲနေ

လတ်ဆတ်တဲ့လေကိုမရတဲ့အပြင် ကိုယ်ခန္ဓာက မလှုပ်ရှားတော့ အမူးလွန်တဲ့ဝေဒနာ သက်သာပါဦးမလား။


ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top