Property Expo
×



Credit : Trend Myanmar

#Unicode Version

ချစ်တဲ့သူအတွက်ဆို လိုအပ်တာတွေကို မမောမပန်းနိုင် ဖြည့်ဆည်းပေးချင်ပေမဲ့ တကယ် မချစ်တဲ့သူတစ်ယောက်အတွက်တော့ ဟန်ဆောင်ပြုံးပြရတာတောင် ပင်ပန်းတယ်လို့ ခံစားရပါတယ်။ ကိုယ့်ကိုချစ်တဲ့သူ တစ်ယောက်ဟာ ကိုယ့်အတွက် အချိန်တွေ၊ တန်ဖိုးရှိတဲ့အရာတွေကို မနှမြောတတ်ပေမဲ့ မချစ်တဲ့သူကတော့ ဝတ္တရားကျေရုံ ဆင်ခြေလေးတွေနဲ့ နှစ်သိမ့်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ကို တကယ်မချစ်တဲ့ ယောက်ျားတစ်ယောက်ဆီက ကြားရတဲ့ ဆင်ခြေစကားတွေကို သိထားရင် ဒီယောက်ျားက ကိုယ့်ရဲ့ လက်တွဲဖော်အစစ်ဟုတ်မဟုတ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။

(၁) မင်းဆီငါစာမပို့မိတာက ငါကစာရိုက်ရတာ ပျင်းတဲ့သူတစ်ယောက်မို့ပါ။
(၂) ငါ အလုပ်အရမ်းရှုပ်နေလို့ပါ။
(၃) ငါအခု အချစ်ရေးအတွက် အဆင်သင့်မဖြစ်သေးဘူး။
(၄) ငါဘာကိုမျှ အလျင်စလိုမဆုံးဖြတ်ချင်တော့ဘူး။
(၅)ငါ့ကြောင့် မင်းကို ထိခိုက်စေမှာစိုးတယ်။
(၆) ငါက မင်းနဲ့ထိုက်တန်တဲ့သူတစ်ယောက် မဖြစ်နိုင်ပါဘူး။
(၇)ငါ့အတွက် အချိန်တစ်ခုလိုတယ်။
(၈)ချစ်သူတစ်ယောက်ထားဖို့ ငါ့မှာ အချိန်တကယ်ကို မရှိဘူး။
(၉)ငါအခု မိသားစုကိစ္စဖြေရှင်းစရာတွေရှိသေးတယ်။
(၁၀) ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုကို ပူလောင်တဲ့အချစ်တစ်ခုနဲ့ မဖျက်ဆီးချင်ဘူး။
(၁၁) မင်းကငါ့အပေါ် ကောင်းလွန်းနေတော့ ငါက မင်းနဲ့ မတန်ပါဘူး။
(၁၂)ငါအခုအလုပ်ပေါ်မှာ အာရုံစိုက်ထားရမယ့်အချိန်ဖြစ်နေလို့ပါ။
(၁၃)ငါကအခုမှ စိတ်ပျက်စရာကောင်းတဲ့ အချစ်ရေးကနေရုန်းထွက်လာကာစဖြစ်လို့ အချစ်ရေးဆိုတာကို စိတ်ကုန်နေတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top